ကျွန်တော့်အဖေ(၃)

Uncle MyoJuly 19, 20121min13614

ဒီလူကြီးရွာထဲရောက်လာပီး ပျောက်ချက်သားကောင်းနေလိုက်တာ

ဘာတွေများကြိတ်ကြံနေတာလဲလို့တွေးမိကြမလားမသိဘူး

မေ့တောင်မေ့နေဘီထင်ပါရဲ့

ဘယ်မှမသွား ဘာမှမလုပ်နိုင်လို့အိမ်ထဲမှာဘဲအညောင်းမိနေရပါတယ်။

ကျောင်းသားဘဝတုံးကလဲ ပထမနှစ်မှာ တရုပ်ဗမာအရေးအခင်း၊
ဒုတိယနှစ်မှာကျောင်းသားတစ်ယောက်က်ို

စစ်တပ်ကကားနဲ့ကျောင်းရှေ့အဝင်ဝမှာဘဲ တိုးမိပီးဆုံးပါးသွားလို့ဆူပူခဲ့တဲ့(ပုသိမ်)အရေးအခင်း၊

တတိယနှစ်မှာသီရိဆောင်အရေးအခင်း၊ စတုတ္ထနှစ်မှာကျွန်းဆွယ်အရေးအခင်းတွေကြုံခဲ့ရပီး

ကျောင်းသားဘဝလွန်မြောက်လာပီးတဲ့နောက်သားငယ်သမီးငယ်တွေ ဘုစုခရု လူဖြစ်စမှာ

(၈၈)အရေးအခင်းကိုထပ်ကြုံရတော့ ခေတ်ပျက်တယ်၊လူတွေသေကြကြေကြတယ်

ကျီးလန့်အစာစားနေကြရတယ်၊ တနေရာကတနေရာကိုသွားရေးလာရေးခက်ခဲခဲ့တယ်

စီးပွါးရှာစားဘို့ခက်ခဲခဲ့တယ်၊

ခုအသက်အရွယ်မှာ မြေးငယ်ကလေးနဲ့ဖြစ်နေပြန်ပြီိဆိုတော့  ရခိုင်အရေးအခင်းလဲပေါ်လာရော ခေတ်များပျက်ခဲ့ရင်  ဆိုတဲ့

အတွေးနဲ့ မအေးနိုင်ခဲ့တာလဲပါတာပေါ့လေ-

ဒို့ကိုတောမှာမွေးပါတယ်၊ လွတ်လပ်ရေးမရခင်ကပေါ့၊ပထမဆုံးဝမ်းလျှားမှောက်တဲ့နေ့ ဖေဖေနဲ့မေမေ

ဝမ်းသာပျော်ရွှင်နေကြတဲ့အချိန်မှာ ရေဒီယိုကသတင်းမှာ ဗိုလ်ချုပ်တို့ကျဆုံးတယ်ဆိုတဲ့သတင်းကြားကြရလို့

စိတ်သောကရောက်ကြရတယ်လို့ဖေဖေနဲ့မေမေပြန်ပြောပြဘူးတယ်၊

အဲဒီနောက်  ဖေဖေမြို့ကိုလာပီး( ၈ မိုင်လောက်ဝေးပါတယ်)ဓါတ်ပုံပညာသင်ပါတယ်။အရင်ကပြောခဲ့ဘူးတယ်နော်

တစ်ပတ်လောက်

ဖေဖေ့ဆရာက ဦးမောင်သစ် ပါတဲ့။မောင်သစ်ဓါတ်ပုံဆ်ိုင် ဆိုပီးဓါတ်ပုံဆိုင်ဖွင့်ထားတယ်။ သူ့ကို ဆရာသစ် လို့ခေါ်ပါတယ်။

မီးရထားလမ်းက လှည်းလမ်းဂုံးကျော်ကိုဖြတ်အကူးမှာလိမ့်ကျပေါင်ရင်းကကျိုးသွားလို့ ဒုတ်ကောက်အားကိုးပြီးလမ်းလျှောက်
သွားနေပုံကို မြင်ယောင်နေမိပါသေးတယ်
ဖေဖေနဲ့မေမေ ပြန်ပြောပြခဲ့ကြတဲ့အထဲမှာ မှတ်မှတ်ရရလေးတွေကတော့ ဓါတ်ပုံ (ပုံဖေါ်ဆေး)ဆေးစပ်တဲ့နည်းကို
သင်ယူမှတ်သားခဲ့ရတဲ့အခါမှာ အလေးမရှိလို့ ဆေးတစ်မယ်ခြင်းရဲ့ အချိုးအဆ အလေးချိန် ကို
ဆန်စေ့လေးတွေနဲ့ ချိန်စက်ပီး မှတ်ခဲ့ရတယ်တဲ့။ ဂရမ်လား၊ ဂရိမ်လား၊ ဒြမ်လား မသိပါ
အဲဒီဘဝကစခဲ့တဲ့ ဓါတ်ပုံသမား ကျွန်တော့်အဖေဟာ ဓါတ်ပုံပညာနဲ့ပါတ်သက်ပြီး ဂုဏ်ထူးဆောင်လက်မှတ်နဲ့
ငွေဖလားဆုတွေ ရခဲ့တာနော် ကြွားခြင်လို့မဟုတ်ပါ။ ရွာထဲမှာလဲ ဓါတ်ပုံဆရာတွေရဲ့ လက်စွမ်းနဲ့ ပညာခန်း တွေကို မြင်ရ ဖတ်ရတော့ ဖေဖေတို့စခဲ့ရတဲ့ ဓါတ်ပုံသမား ဘဝနဲ့ နှိုင်းစာရင် အဆ(၁၀၀)မကသာလွန်နေကြပီမို့ ရွာထဲကဓါတ်ပုံဆရာတွေ (မင်းတို့ပြောတဲ့ဝါသနာရှင်တွေ) ရဲ့
ပညာ နဲ့ သဘာကိုလုံးဝလေးစားပါတယ်၊ ဒို့လဲ ဖတ်၊မှတ်ပြီး ပညာယူနေရပါတယ်၊ မကြာခင်မှာ ဒို့ရွာထဲက ကမ္ဘာကျော် ဓါတ်ပုံဆရာတွေ
ပေါ်ထွက်လာမယ်ဆိုတာ ရဲရဲကြီးပြောရဲပါတယ်
(ခေတ်မှီ ခေတ်ပေါ်) ဓါတ်ပုံပညာလေ့လာတတ်ကြွမ်းသူတွေ ကလဲ ပညာလေးဖြန့်ဝေပေးကြပါ
ဖတ်၊မှတ် လေ့လာခြင်လို့ပါ။
ဖေဖေ့အကြောင်းရေးရင်းနဲ့ ဖေဖေတို့ဓါတ်ပုံပညာသင်ခဲ့ရပုံတွေ
တွေ့ရတဲ့ အခက်အခဲလေးတွေ အသုံးပြုခဲ့ရတဲ့ဓါတ်ပုံပစည်းတွေ ဖြေရှင်းခဲ့တဲ့နည်းလမ်းလေးတွေ
အကြောင်းကို (ခေတ်ဟောင်း-ခေတ်ဆွေး ပေါ့ကွာ)ပြောပြခြင်ပါတယ်။
စကားမစပ်ပြောရအုံးမယ်-
ချစ်စရာ့အရွယ်မှာ မနေနိုင်လို့
ရှိပီးသားဓါတ်ပုံတစ်ပုံ တင်လိုက်ပါတယ်၊ပြောခြင်တာလေးတွေရှိလို့ပါ။ဒါပေမဲ့
ဓါတ်ပုံကမကောင်းလို့ စိတ်ဝင်စားသူမရြှိဖစ်ပြီး ဘယ်သူကမှအရေးတယူ ဝေဖန်မှု
အကြံပေးမှု(သာမန်-သုံးသပ်ချက်ကလေးကလွဲလို့ပေါ့လေ)မရှိတာနဲ့
ချန်ထားခဲ့ပါတယ်။ ဒို့ပုံကို မဲပေးခဲ့သူများကိုလဲ ကျေးဇူးတင်ပါတယ် ခင်ဗျား-
ဝန်ခံချက်-
ဒီတစ်ပါတ်မှာ ဘယ်ပုံမှ မဲမပေးခဲ့ပါ(ကိုယ့်ပုံဝင်ပြီးပြထားလို့)
အချစ်ဆုံးရွေးပေးရမယ်ဆိုရင် ကျောပိုးထဲက ကလေးလေးနဲ့
ခွေးလေးကိုချစ်ပြနေတဲ့ ကလေးငယ်လေးပါဘဲ( ၄၊ ၂၄ )
အပစ်ကင်းတဲ့ကလေးငယ်အားလုံး ချစ်စရာကောင်းပါတယ်
ရွှင်လန်းချမ်းမြေ့ကြပါစေ-

14 comments

    • Uncle Myo

      July 19, 2012 at 6:59 pm

      အနိစသဘောထဲပါသွားဘီလို့မထင်တာဘဲတော်ပါသေးရဲ့

  • ဝလုံး လေး

    July 19, 2012 at 7:04 pm

    အန်ကယ်မျိုးရေ……..
    အားပေးနေတယ်ဗျို့
    စာဖတ်ရတာ အားမရဘူး။ စာရှည်ရှည်ရေးပါဦး။ မျှော်ဖတ်နေပါတယ်။ ဒါနဲ့ အန်ကယ်မျိုးလည်း အဖေ့ဆီက ဓါတ်ပုံပညာအမွေရလိုက်သေးလား….. အခု ဘယ်ဌာနေမှာတုန်း …. စပ်စုတယ်မထင်နဲ့နော် … ကျွန်တော့် ဖေဖေ ၊ ကျွန်တော့်မေမေ ပြီးတော့ ကျွန်တော့် မဒမ်မျိုး အကြောင်းတွေပါ စောင့်ဖတ်နေကြောင်းပါ……. ခင်တဲ့ ဝ လုံးလေး

  • မောင်ပေ

    July 19, 2012 at 7:08 pm

    အန်ကယ်မျိုး အဖေ ရိုက်ခဲ့တဲ့ ပုံတွေ ရှိသေးရင်
    ပြန်ရှဲ ပေးပါဗျို ့။

  • Uncle Myo

    July 19, 2012 at 7:25 pm

    ဝလုံးဆိုတာ ငါ့ အချစ်ဆုံး မြေးလေးပါကွာ နေ့သင့် နံသင့်နဲ့ ၊ ဝမရှိရင် ဝိလုပ်လို့ မရတဲ့ အတွက် မြေးလေးကို အခြေခံ အုတ်မြစ်ခိုင်အောင် ” မောင်ဝလုံး ” လို့ ချစ်စနိုး ခေါ်ပါသဗျား………….

    • ဝလုံး လေး

      July 19, 2012 at 7:53 pm

      တိန် …………… ဒါဆိုလည်း ရွာထဲက ဝလုံးလေးကိုလည်း ခင်ပါနော်။ Wa Lone Lay လေးကိုလည်း မြေးလေးလိုပဲ သဘောထားပြီး မုန့်တွေကျွေးခြင်း ၊ ကစားစရာများပေးခြင်းများကို ပြုလုပ်နိုင်ပါကြောင်း………….

  • Uncle Myo

    July 19, 2012 at 8:02 pm

    ဓါတ်ပုံဆိုင်မှာမွေးပီး ဓါတ်ပုံဆိုင်မှာကြီးခဲ့ရသူလို့ပြောနိုင်တာမို့ လုပ်နည်းကိုင်နည်းကိုတော့မစိ်မ်းပါ။
    ဒါပေမဲ့ ကျောင်းသားဘဝနဲ့သာပညာရှာတဲ့အရွယ်ကိုဖြတ်သန်းခဲ့ရပါတယ်။ဘွဲ့ရလာတော့မြို့တော်ကြီး
    ကပြန်လာတဲ့ ခေတ်မှီ အမြင်ကျယ်တဲ့သူအဖြစ်နဲ့ အိမ်ကပုံတွေကို စိတ်ကြိုက်ဟိုလိုကူး၊ ဒီလိ်ုကူးပီး
    ဒီလိုမှပုံကကောင်းတာဖေဖေရ လို့မပြောသော်လဲ ပြောဘိသကဲ့သို့ ဖေဖေကိုပြလိုက်ပါတယ်၊
    ပုံတွေကိုယူကြည့်ပီး – တိုတိုပြောရရင်ဗျာ-မကောင်းဘူးပေါ့။ဘယ်စက်ကူနဲ့၊ဘယ်ဆေးနဲ့ ဘယ်လိုပြောင်းကူးပါ
    လို့ပြောတဲ့အခါမှာ-လုံးဝမကျေနပ်ဘူး-
    လုံးဝမကျေနပ်ခဲ့ဘူး၊ ခုမှသိရတယ် ဒို့ကြိုက်ခဲ့တဲ့ပုံအရည်အသွေးက လမ်းဘေးမှာ ဒို့ခေတ်ကရောင်းတဲ့
    တစ်ကျပ်တန် ပို့စကပ်လောက်အရည်အသွေးသာရှိပီး ဖေဖေပြောပြခဲ့တဲ့ အရည်အသွေးက ပြတိုက်မှာ
    ပန်းချီဆရာကြီးတွေရေးဆွဲပြသထားတဲ့လက်ရာကောင်းဆီဆေး၊ရေဆေးကားကြီးတွေလိုအဆင့်အတန်း
    ရှိတယ်ဆိုတာ တွေ့ဘူး၊မြင်ဘူးမှ သိလာရပါတယ်။
    အားပေးလို့ကျေးဇူးတင်ပါတယ်၊ဆက်ပြီးတော့လဲ သိမှီသမျှ တင်ပြပါအုံးမယ်။ စိတ်ဝင်စားမှုရှိအောင်
    ရေးပြနိုင်အောင်လဲ ကြိုးစားရပါသေးတယ်

  • Uncle Myo

    July 19, 2012 at 8:11 pm

    သားဦး မြေးဦး ဝမ်းတွင်းရူးကိုရော ဝလုံးလေးကိုရော အားလုံးလိုတာရစေရမယ်-

    ဘဘ(ခ)ဖို်းဖိ်ုး

  • ဦးဦးပါလေရာ

    July 19, 2012 at 8:45 pm

    အရင် ပိုစ့် ၂ပုဒ်ပြီးကတည်းက ထပ်မတွေ့ရတော့တာ…
    ရွာထဲပြန်လာတာ ကျေးဇူးတင် ဝမ်းမြောက်ပါတယ် ကိုကြီးမျိုးရေ…

  • Mလုလင်

    July 20, 2012 at 2:09 am

    ဝါသနာတူ တွေမို့ လေးလေးစားစား ဖတ်ပါတယ် ဦး ရေ ..
    ကျွန်တော် တို့ ဓာတ်ပုံ ရိုက်တယ်ဆိုတာက … လက်မပေ တဲ့ photographer တွေမို့ … အတွေ့အကြုံ တွေ လိုချင်ပါတယ် …။
    လေးစားစွာဖြင့်
    Mလုလင်

  • အရီးခင်လတ်

    July 20, 2012 at 4:40 am

    အန်ကယ်မျိုးရှင့်

    မနေနိုင်လို့ ဝင် စပ်စု ခွင့်ပြုပါ။
    တင်ထားတာ ဘယ်ပုံလေးပါလဲ။
    ဓာတ်ပုံဆရာကြီး ရဲ့ သားမို့ ခေ မဲ့ပုံတော့ မဟုတ်လောက်ဘူး။
    မပြောချင်လဲ ကိစ္စမရှိပါဘူး။
    စိတ်ထဲမှာ မထားပါနဲ့။
    ကျွန်မ ကလဲ ဝါသနာ အရ စပ်စု ကြည့်တာပါ။ 😆

  • Uncle Myo

    July 20, 2012 at 8:10 am

    အမ်လုင်ရေ-
    ခေတ်မှီ ပညာလေးတွေနဲ့၊မှန်ဘီလူးအကြောင်း၊ဒီဂျစ်တယ်ကင်မရာတွေရဲ့အကြောင်းလေးတွေကို
    မျှော်လင့်နေပါတယ်၊ဒို့သိတာကခေတ်ဦးပိုင်း(ဖလင် ဖြူ/မဲ)တွေအကြောင်းပါ။ပညာယူဘို့စောင့်နေပါတယ်
    နော်။

  • Uncle Myo

    July 20, 2012 at 8:21 am

    အရီးရေ-
    ပြောခြင်တာလေးတွေရှိလို့၊(တင်ပြခြင်တာ)သာရှိတဲ့ပုံလေးကိုတင်လိုက်ရတာပါ။ဘယ်ပုံလဲဆိုတာ
    မပြောခြင်ပါဘူး၊သုံးဆယ့်သုံးဆိုရင်သိသွားမှာပေါ့၊ဘယ်တော့မှမပြောဘူး၊စိတ်မဆိုးနဲ့နော်

Leave a Reply