ကျွှန်တော်မန္တလေးသတင်းစာတွင် ပထမဆုံးရေးဖြစ်သည့်စာမှာ change we do ဆိုသည့်ခေါင်းစဉ်နှင့်ပင်ဖြစ်ပါသည်။အမှန်တိုင်းပြောရလျှင် ထိုသို့စာရေးဖို့ ကိုကျွှန်တော်တွေးမထားမိဖူးပါ။မန္တလေးသတင်းစာဆိုသည်ကိုလည်း သိခဲ့သည်မှ ကြာလှသေသည်မဟုတ်ပါ။ကျွှန်တော်စာရေးဖြစ်ရသည့်အကြောင်းမှာ ကျွှန်ဧ။်အကျင့်(ကောင်းသည်၊ဆိုးသည် မသိပါ)တစ်ခုကြောင့်သာဖြစ်ပါသည်။ထိုအကျင့်သည်ကျွှန်တော်တွေ့မြင်နေသော(မျက်စိဖြင့်မြင်သမျှ၊နားဖြင့်ကြားသမျှ)အကြောင်းအရာတို့ အပေါ်ကန့်လန့်မြင်တက်သော်(သို့)နောက်ပြောင်တက်သော အကျင့်လေးတစ်ခုကြေင့်သာဖြစ်ပါသည်။သို့ဖြစ်ပေမယ့် ကျွှန်တော်ထို့သို့ ပြုမိသည်မှာ အမြဲတစေအရာအားလုံးပေါ်သို့ ပြုမိခြင်းမဟုတ်ပါ၊မြင်ဖို့ ပြောဖို့ နောက်ပြောင်ဖို့ အကြောင်းဖန်လာမိသော ဂွကျကျ အရာများပေါ်ကိုသာပြောဆိုပြုမူမိခြင်းဖြစ်ပါသည်။2010ခုနှစ်မှာ အမေရိကန်သမ္မတ အိုဘားမားနာမည်ကြီးလာသည်နှင့်သူဧ။်မဲဆွယ်ကလ အတွင်းသုံးခဲ့သော change we want ဆိုသောစကားမှာတစ်ကမ္ဘာလုံးသို့ပျံ့နှံ့သွားရာ..ကျွှန်တော်လို နူတ်ဆော့လွန်းသည့်လူဧ။်နားထဲသို့ ရောက်လာရာကြားတာကိုကြားသည့်အတိုင်းမပြောဘဲ …သူငယ်ချင်းတွေထဲမှာတစ်ဦးတစ်ယောက်ကများ တစ်ခုခုလိုချင်တယ်လို့ကိုယ့်ရှေ့မှာပြောမိတယ်ဆိုရင်”ညီလေး…want မနေ နဲ့ do”လို့ စနောက်နေတက်ပါသည်။ယခုလိုရေးပြလိုက်ခြင်းအတွက်” change we do “နှင့်”မင်္ဂလာပါ chat “ဆိုသည့်စာလေးနှစ်ပုဒ်ရေးသူသည် အထိုက်အလျောက်တော့ဖြင့် စဉ်းစားတွေးခေါ်သူဖြစ်လိမ့်မယ်ထင်ထားသောထင်မြင်ချက်များမှာ(ထိုသို့ထင်ချင်မှလည်းထင်ပါလိမ့်မည်) ယခုစာကြောင့်အဖက်ဆယ်စရာရှိလိမ့်မည်မဟုတ်တော့ပါကလဲ မတက်သာ…လူအတော်များများသည်မိမိကို ယုံကြည်လေးစားခြင်းခံယူချင်ကြသူများသာ ဖြစ်ပါလိမ့်မည်၊ကျွှန်တော်လည်း လူသားတစ်ယေက်မို့ ထိုသို့ ခံယူချင်ပါသည်။သို့ ပေမယ့်ကိုယ်မဟုတ်တာကြီးကို တစ်ခြားသူများမသိဘဲ လေးစားနေမှု(သို့)ယုံကြည်နေမှုကိုခံရသည်မှာ ကျွှန်တော်လို လူတစ်ယောက်ဖို့ အဆင်ပြေသည့်ကိစ္စတော့မဟုတ်ပါ။ချီးမွမ်းတာခံချင်ပေမယ့်onlineမှာ အမည်မသိပညာရှိများဝေဖန်တာမခံရခင်ကိုယ့်အမှားကိုယ် ၀န်ခံတာက အပြစ်သေးလိမ့်မည်လို့ တွက်ဆပြီး ယခုလိုအထုပ်ဖြေရခြင်းပင်ဖြစ်ပါသည်။ထို့ကြောင့်ယခုစာ ကိုရေးသားရခြင်းလည်းဖြစ်ပါသည်။နောက် အကြောင်းတစ်ခုလည်းရှိပါသေးသည်၊ ကျွှန်တော်သည်စာရေးဆရာတစ်ယောက်မဟုတ်သည့်အတွက် စာသည်မပြည့်စုံ၊ကိုယ်ပြောချင်သောသဘောကို စာဖတ်သူတစ်ဦးဖြစ်စေ၊နှစ်ဦးဖြစ်စေ ဖတ်မိပြီး တစ်မျိုးတစ်ဖုံ ထင်မြင်သွားကကျွှန်တော့်တွင် အပြစ်ရှိသလိုခံစားရပါလိမ့်မည်၊ဒီလိုအတွေးမျိုးကို စာရေးပြီးနောက်တစ်နေ့ ကိုယ့် Post မှာ comment ပေးထားတာတဲ့ စာကိုဖတ်ပြီးချိန်မှာ ရလိုက်တဲ့အတွက် comment ရေးသူကို ကျေးဇူးတင်နေမိပါသည်။ ကျွန်တော်စာဆက်ရေးချင်စိတ်ကိုလည်း ဖြစ်ပေါ်လာစေပါတယ်။ Chang we do လို့ ခေါင်းစဉ်ပေးရေးသားထားတဲ့ စာရဲ့ ရည်ရွယ်ရင်းမှာ လူတစ်ဦးတစ်ယောက်ချင်းပေါ်မှာရှိတဲ့ လူ့ကျင့်ဝတ်နှင့် တိုင်းတာသောအခါ ရှိအပ်သော တာဝန်များကို ပိုပြီးတက်ကြွသည့် အမြင်ဖြင့် သိမြင်စေလိုခြင်းကြောင့် ရေးမိတဲ့စာလို့ ရိုးသားစွာဝန်ခံပါရစေ။ ပြသနာအရပ်ရပ်တို့အတွက် ကောင်းမွန်တဲ့အဖြေရဖို့ ဆွေးနွေးပွဲပေါင်းများစွာ လုပ်နေကြတာကို ဒါဟာပြသနာရဲ့ အဖြေကိုပေးနိုင်တဲ့ အရာမဟုတ်လို့ ပြောဆိုခြင်းမဟုတ်ပါ။ ဆာလောင်ငတ်မွတ်သူတို့အတွက် စားနပ်ရိက္ခာပို့ဆောင်ရာမှာ ခွင့်ပြုမိန့်တစ်ချို့ကို စောင့်ဆိုင်းရတာမျိုး ဖြစ်နေတတ်ပါတယ်။ ဆာလောင်သူတို့ကို ပိုပြီးဂရုဏာထားဖို့ ၊ စာနာဖို့၊ စားနပ်ရိက္ခာအမြန်ရောက်ဖို့ဟာ အရေးကြီးတယ်ဆိုတာမျိုးကို ရည်ရွယ်ရေးသားတာဖြစ်သော်လည်း စာဖတ်သူအနေနဲ့ တစ်မျိုးတစ်ဖုံ သဘောလွဲ နားလည်သွားခဲ့သည်ရှိသော် စာရေးသူကျွန်တော်၏ ညံ့ဖျင်းမှုသာ ဖြစ်ပါလိမ့်မယ်….။   ။

About minnetkha

minnet kha has written 3 post in this Website..

alway try to best ....but