အဟုတ်တကယ်တီးလို့ကောင်းတဲ့………….. အိုဘယ့် တရုပ်ဇီးသီး……………….

1-တရုပ်ဇီးသီး အပင်မှတွဲလွဲခိုနေတာ
2တရုပ်ဇီးသီးပင်လေးပါ
3 ငှက်တွေလာစားတတ်လွန်းတော့ အိတ်စွပ်ပေးထားရတယ်
4 အိတ်ကိုစွတ်ပြီးလေဝင်အောင်အပေါက်ဖောက်ပေးရပါတယ်။

 

5 အပင်ပိုင်ရှင်တွေပြောတာ ဒီနှစ်အလုံးသေးပြီး အသီးကျဲတယ် ရာသီဥတုမကောင်ုးလို့တဲ့

 

6 တစ်ချို့ကတော့ အသီးလှီတာနဲ့ အိပ်မစွပ်ဘဲထားလိုက်ပါသတဲ့
7 ဖြူဖြူလေးက ခွာထားတာ ညိုညိုလေးက မခွာရသေးတာ
8မဝရင်ထပ်စားလို့ရအောင် လို့………………….
9လွှင့်ပစ်ရမယ့်အခွံနဲ့အစေ့
10 လမ်းဘေး က အသီးသည် ပိဿချိန်နဲ့ရောင်းတာပါ(ကွယ်နေတာ မဒမ်ပေါက်လေ)
11 စားချင်စဖွယ.်
12အခိုင်လိုက်ကလေး စားအုံးနော်
13 အနီးကပ်

 

“အဟုတ်တကယ်တီးလို့ကောင်းတဲ့………… အိုဘယ့် တရုပ်ဇီးသီး……………….ံ”

 

 

ဒီနေ့ မနက်စစ်ကိုင်းဘက်ကို ရောက်သွားပါတယ်။

အဓိက ကတော့တရုပ်ဇီးသီးဝယ်ချင်လို့ပါ။

နှစ်တိုင်းနှစ်တိုင်း ဒီအချိန်ရောက်ရင်သွားဝယ်နေကျပါ။

ဒီအသီးလေးတွေကို တရုပ်ဇီးသီးလို့ခေါ်ပေမယ့် နာမယ်အရင်းကနှင်းသီးဖြစ်ပါတယ်။

အသီးအရသာက အရမ်းချိုပါတယ်။

လွန်ခဲ့သော ဆယ်နှစ်လောက်က ထိ ဒီအသီးကို လူသိနည်းပါတယ်။

စစ်ကိုင်းမြို့နဲ့စစ်ကိုင်းတိုင်းအထက်ပိုင်းလောက် ကလူများသာ နှစ်သက်စွာစားကြပါတယ်။

2000ခုနှစ်ပိုင်းမှာတော့ မြန်မာပြည်ကို မြောက်ပိုင်းကလူတွေအနေများလာပါတယ်။

အဲတော့လဲဒီအသီးတွေက တရုပ်တန်းဈေးထဲကိုရောက်လာတော့တာပေါ့။

အဲတော့မှ မြန်မာတွေလဲစားရကောင်းမှန်းသိလာတာပေါ့။

ဒီတော့လဲ ဒီအသီးလေးက ဈေးကွက်ဝင်လာတာပေါ့။

 

စစ်ကို်င်းမြို့က အိမ်တိုင်းလောက်မှာ ဒီတရုပ်ဇီးသီးပင်ရှိပါတယ်။

ဒီအပင်က အကြမ်းအတမ်းခံပါတယ်။

အသီးပေါ်ချိန်မှာတော့ အသီးတွေကို စက္ကူအိပ်နဲ့စွပ်ထားရပါတယ်။

အသီးကချိုတော့ ငှက်တွေလင်းဝက်တွေအရမ်းကြိုက်တော့ အုပ်မထားရင် အကုန်စားပစ်တတ်ပါသတဲ့။

ကျနော်ကြိုက်မှန်းသိတော့ စစ်ကိုင်းကမိတ်ဆွေတွေက အမြဲပို့ပေးပါတယ်။

သူတို့မပို့သေးခင်စားချင်တော့ သွားပြီးဝယ်စားပါတယ်။

 

အသီးကိုအခွံခြောင်အောင်တစ်ရက်လောက်ထားလိုက်ရင်ပိုချိုပါတယ်၊

အသားကနည်းနည်း အစေ့ကကြီးကြီး ။

ချိုတော့လဲစားဖြစ်ပါတယ်။

ဒီအသီးပေါ်ချိန်မှာဆိုရင် စစ်ကိုင်းတောင်သွားတဲ့လမ်းတစ်လျောက်ဒီအသီးသည်တွေတန်းစီနေတာပါဘဲ။

ဒီနေ့ဝယ်တော့ တစ်ပိဿာကို သုံးထောင်ပါတဲ့။

ဆစ်လိုက်တော့ နှစ်ပိဿာကို ငါးထောင်နဲ့ရခဲ့ပါတယ်။.

ကဲ မြည်း…………..ကြည့်…………………ပါ…………………အုံး……………………….

 

 

ကိုပေါက်လမ်းသလားနေသည်

(19-7-2012)

 

 

35 comments

  • မောင်ပေ

    July 20, 2012 at 9:08 am

    တရုတ်ဆီးသီး
    ကျုပ်အမြဲမြည်း
    ဖြုတ်ဆွဲအသီး
    တရုတ်ဖရဲငရွှီး

  • mamanoyar

    July 20, 2012 at 9:13 am

    လိုင်ချီးသီးနဲ့ဆင်တယ်နော်
    လေးပေါက်
    တစ်ခါမှမမြင်ဖူးဘူး ပုံထဲကတစ်ခိုင်လောက် ခိုးယူသွားတယ်နော်
    စားအောင်လို့

  • Moe Z

    July 20, 2012 at 9:28 am

    လေးပေါက်ရေ တစ်ကျောင်းတစ်ဂါထာပါပဲ
    အဲဒီအသီးကို မြဝတီဘက်မှာ လမ်းများသီးလို့ခေါ်ကြတယ်
    နှင်းသီးကတော့ ပန်းရောင်လေး အရည်ရွှမ်းတယ်
    အခွံမပါဘူး အရွယ်အစားကြီးတယ် ..

  • ကြောင်ကြီး

    July 20, 2012 at 9:32 am

    ကြေးမုံဂျီးကို နောက်ဝံ့သလော…။

  • amatmin

    July 20, 2012 at 9:35 am

    အရသာချဉ်တဲ့ ကနစိုသီး နဲ့လည်းအတော်ဆင်သဗျ..
    လေးပေါက်ရေ..မခိုင်က လက်ဆောင်ပေးမယ်ဆို သယ်ပေးနိုင်တယ်ဆိုလားပဲ.. 😛
    မြည်းကြည့်ချင်လို့ပါဗျာ.. 🙂

  • ညလေး

    July 20, 2012 at 9:41 am

    လေးပေါက်ရယ်……တဝကြီးစားသွားတယ်နော်…….
    ဘေဘေးအတွက်ပါပါဆယ်ထုပ်သွားမယ်နော်….

    • ster

      July 20, 2012 at 12:37 pm

      ဟုတ်တယ်ဗျ၊ ရန်ကုန်မှာတော. လုံဂန်သီး ဆိုပြီး ရောင်းတယ်။

      • water-melon

        July 21, 2012 at 9:10 am

        တော်သေးတာပေါ့ လုံဂန်သီးလို့ခေါ်တာ
        လုံခြုံသီးဆိုရင် မလွယ်ဘူး

  • pan pan

    July 20, 2012 at 9:56 am

    ရန်ကုန်မှာတော့ လိုင်ချီးလို့ပဲခေါ်သလားလို့ 🙄
    တကယ့်လိုင်ချီးသီးက ပန်းရောင်အခွံလေးနဲ့နော်
    တရုပ်ဇီးသီးလို့ရေးထားတာ ရုတ်တရက် တရုပ်ငြုတ်သီးလို့ဖတ်မိသွားတယ်
    ပြာကလက်စိန်တာလေ :mrgreen:

  • Ma Ei

    July 20, 2012 at 10:58 am

    ဒီအသီးကလဲ နာမည် အမျိုးမျိုးနော်…
    လုံကန်သီး လို့ကျမတို့သိတာရယ်…
    အရသာချိုချိုလေးမို့ စားကောင်းလှပါတယ်…
    အစေ့ပစ်ထားတာ အပင်ပေါက်ပြီး 3 ပေလောက်ရှိနေပြီ…

  • ဦးဦးပါလေရာ

    July 20, 2012 at 11:33 am

    ရန်ကုန်မှာရတော့ရတယ်
    သိပ်လဲမချိုဘူး..
    ဈေးတော့ ကြီးမှကြီး…

    အဲဒီအပင်မျိုးတပင် ကျွန်တော့်မိဘများအိမ်မှာရှိတယ် ကိုပေါက်ရဲ့..
    ဘယ်လိုနည်းပညာနဲ့စိုက်ထားသလဲမသိဘူး
    ကျွန်တော့်တသက် တစ်ခါမှကို မသီးဘူး…
    ကြည့်ရတာ အပျိုကြီးပင်ဖြစ်မယ်…. 😀

  • ဇောက် ထိုး

    July 20, 2012 at 11:52 am

    စားရတဲ့ အရသာတော့ ကြိုက်ပါတယ်။ ဒါပေမယ့် အစေ့က ကြီးတယ်။ အပေါ်ယံအနှစ်က နဲနေသလိုပဲ။
    ဟုတ်တယ် စကိုင်းမှာတော့ အတော်ပေါတယ်နော်…

  • ကောင်းတယ်မကောင်းဘူးဆိုတာက ကြိုက်တယ် မကြိုက်ဘူးဆိုတဲ့အပေါ်မူတည်ပါ၏။
    ဒီချိုစိစိအရသာကို ကြိုက်တဲ့သူက ကြိုက်မှာပါဘဲ။

  • မဟာရာဇာ အံစာတုံး

    July 20, 2012 at 1:10 pm

    အဲ …
    တရုတ် ဇီးသီးကို
    စားဖူးဘူးရယ် ..
    ခုမှ မြင်ဖူးတာ .. ကျေးဇူးဖေဂျီး ..

  • may flowers

    July 20, 2012 at 4:24 pm

    စိမ်းရွှေရွှေနံ့ နံတယ်ထင်လို့သိပ်မကြိုက်ပေမဲ့ လေးပေါက်အလကားကျွေးတာ ဆိုတော့…စားသွားပါတယ်

    လေးပေါက်ရေ။

  • shwe kyi

    July 20, 2012 at 4:45 pm

    လေးပေါက်ရေ မြင်ဘူးသွားပြီကျေးဇူး။ နှင်းသီးလို့ပဲခေါ်တော့မယ်နော်။

  • aye.kk

    July 20, 2012 at 6:02 pm

    ကိုပေါက်ရေ..
    ဒီဘက်ကလူတွေက
    အဲဒီအသီးကိုအရမ်းနှစ်သက်ကြတယ်…
    အခေါ်ဝေါ်ကတော့..
    ရှမ်းနဲ ့ဒေသခံတွေကယိုးဒယားတွေခေါ်သလိုလန်းမြားသီးပဲခေါ်ကြတယ်…
    ကျမကအချိုကြိုက်တော့နှစ်နှစ်သက်သက်စားတယ်..
    အစ်ကိုရဲ ့ခြံထဲမှာစိုက်ထားတော့…
    အသီးပေါ်ရင်အစ်ကိုကယူလာပြီးကျွေးလေ့ရှိတယ်..
    တအားစားရင်အပူကန်တော့…
    စားပြီးရင်ရေများများချိုးဘို ့အစ်ကိုကမှာတယ်…
    ဒီမှာကအသားများပြီးအစေ့သေးသေးတွေဘဲများတယ်..
    မျိုးကောင်းတယ်…
    စီးပွားရေးအဖြစ်ခြံစိုက်စားတဲ့သူတွေက…
    ဆေးဖြန်းပြီးစိုက်တော့၊အစ်ကိုကမဝယ်စားခိုင်းဘူး…
    ဒီမှာအသီးပေါ်ချိန်ဆို၁ကီလိုကိုဆယ်ဘတ်ဘဲပေးရတယ်…
    အဲဒီအသီးကိုတာရှည်အထားခံအောင်ပေါင်းခံပြီးအခြောက်လုပ်ပြီးရောင်းကြတယ်။။

    • မမအေးရေ
      ဒီမှာတော့ အိမ်မှာတစ်နိုင်စိုက်သူကဆေးမဖျန်းဘူး
      စီးပွားဖြစ်သမားကတော့ချိုအောင်ဆေးဖျန်းပါတယ်

  • KoNyeinChan

    July 20, 2012 at 10:21 pm

    မလေးရှားနဲ ့အင်ဒိုနီးရှားမှာတော့ (Mata Kucing မာတ ကူကျင်း- ကြောင်မျက်လုံးသီး) လို ့ခေါ်ကြပါတယ်.. အရမ်းချိုတယ်.. အားနည်းချက်က အညှာကြွေပြီးတဲ့အလုံးတွေဟာ ရေထိပြီးရင် ကြာကြာမခံဘဲ အပုပ်လွယ်တာပါ..

  • Par Lay Yar Ko

    July 20, 2012 at 10:24 pm

    ae dar Longan lo khor par dal

  • တေလေငှက်

    July 21, 2012 at 2:40 am

    ကျနော် တို့နယ်မှာ ဒါကို တရုတ် ဇီးသီး လို့ မခေါ် ပါဘူး။ တရုတ် ဇီးသီး ဆို တာ Lychee ကိုခေါ် ပါ တယ်။ ကို ပေါက် ပုံ ထဲ က အသီး ကို သမင် မျက်လုံး သီး လို့ခေါ်ပါတယ်။ တရုတ် နာမည် ကို တိုက်ရိုက်ဘာသာပြန်ရင် နဂါး မျက်လုံးပေါ့။

  • အရီးခင်လတ်

    July 21, 2012 at 3:46 am

    ကျွန်မ က တရုတ်ဆီးသီး ဆိုတာ အစိမ်းရောင်အလုံးကြီးကြီးဆီးသီး လို့ဘဲ သိခဲ့တာ။
    အဲဒါက လိုင်ချီးစ် နဲ့လဲ ဆင်တယ်။
    တစ်ချို့ က လဲ Apricot ကို တရုတ်ဆီးသီး တဲ့။
    အခေါ်အဝေါ်တွေက တစ်နယ် နဲ့ တစ်နယ်၊ တစ်မြို့နဲ့တစ်မြို့ မတူကြတာ သေချာတယ်။
    အများကြီး စားသွားတယ် ကပေါက်ကြီး။
    ကျေးဇူးပါ။ 🙂

  • water-melon

    July 21, 2012 at 9:13 am

    စစ်ကိုင်းလား အမရပူရထဲလား
    တစ်နေရာတော့ တစ်နေရာဘဲ
    ဒါနဲ့ အန်တီပေါက် ၁ပိသာ ၆၀ဝလားတော့

  • မြန်မာပြည်မှာတော့ ကိုယ့်အရပ်နဲ့ကိုယ်ဇာတ်တစ်နေရာအခေါ်တစ်မျိူးပါဘဲ။
    မန္တလေးမှာ ခဲလန်ချောင်း တစ်နေရာရောက်တော့ကောက်ညှင်းကျည်တောက် နောက်တစ်နေရာမှာ
    ပေါင်းတင်း တဲ့။
    မန်းလေးအခေါ် အင်ဥ တဲ့ ကသာဘက်မှာ မိူဥတဲ့။
    မန်းလေးက ခေါပုတ်တဲ့ ကောလင်းဘက်ကျတော့ ခေါစီတဲ့။
    အဲလိုအခေါ်အဝေါ်ကွာတာလေးတွေ စာရင်းလုပ်ပြီးတင်ပေးရင်ကောင်းမယ်နော် ။
    ဗဟုသုတရတာပေါ့။

    • MaMa

      July 21, 2012 at 8:49 pm

      အခေါ်အဝေါ်ကွာတာလေးတွေပြောရင် ….

      ကျမတို့မြို့မှာ မျက်နှာသုတ်ပုဝါကို ဖူးစောင် လို့ခေါ်ကြတယ်။
      ဖူးစောင်လို့ပြောတော့ တခြားလူက နားမလည်ဘူး။

      ကျမတို့က မစားနိုင်တော့ဘူးဆိုရင် ဗိုက်ပြည့်ပြီ။ ဗိုက်ဝပြီလို့ ပြောတာကို…
      သူများမြို့ရောက်တော့ ဗိုက်မကာတော့ဘူး ဆိုတော့ ရီလိုက်ရတာ။ [:D]

      • မဟာရာဇာ အံစာတုံး

        July 21, 2012 at 8:55 pm

        အဟမ်း .. ဟမ်း ..
        ကျုပ်လည်း ဝင်တီးလိုက်ဦးမှ .. 😀
        ကျုပ်တို့ရွာမှာဆို
        ဆံပင်ညှပ်တာကို ဆံပင်ကိုက်တယ်လို့ ခေါ်သဗျ ..
        ထမင်းစားတာကို ထမင်းခဲတယ်လို့ ခေါ်သဗျ …
        ဟေ့ကောင် မင်း ခဲပြီးပြီလားလို့ မေးရင် ..
        မခဲရသေးဘူးကွ .. မင်းရော လို့ ပြောတတ်တယ်ဗျ …

  • metallic

    July 21, 2012 at 9:42 pm

    ဓာတ်ပုံလေးကြည့်ပီး စာမဖတ်ရသေးခင်ကတည်းက စစ်ကိုင်းမြို့လို့ထင်နေတာ

    စစ်ကိုင်းမြို့အိမ်တိုင်း ခြံတိုင်းလိုလိုမှာ တရုတ်ဇီးသီးပင်တွေရှိတတ်တယ်
    အရသာချိုရဲလွန်းတယ်နော် အများကြီးမစားနိုင်ဘူး

  • ဒေသယိက စကားကတော့ကွာကြပါတယ်။.

    ပခုက္ကူဘက်က ကလေးတစ်ယောက်က တံခါးလေးလှပ်စမ်းပါ လို့ပြောတာ ကျနော်ကမသိဘူး။
    တံခါးဖွင့်တာကို လှပ်တယ်လို့သုံးတာလေ။
    အောက်ဖက်ကလူတစ်ယောက်က တော့ ပိုက်ဆံတွေဘာလို့ ပလားထားတာလဲမေးတာကျနော်မသိဘူး။
    ပလားတယ်ဆို တာ ဖြန့်ကျဲထားတာကို ဆိုလိုတာလေ။
    ကသာသွားတော့ နင်မြို့ပြန်ရင် ငါနဲ့ညားရအောင်လေဆိုတော့ ပျော်သွားတာ ပြောတဲ့အမကြီးကလှတာကိုး
    ကံကောင်းလို့ပါးအနှက်မခံရတယ်
    ညားတယ်ဆိုတာ ခရီးအတူသွားတာကိုပြောတာပါတဲ့။
    ကဲသိသူတွေပွားကြပါအုံးနော်

  • KoNyeinChan

    July 23, 2012 at 8:18 am

    ဒီ မလေးမှာရှိတဲ့ Longan သီးဆိုတာက မြန်မာပြည်က ကနစိုသီး အကြီးစားလိုပါ.. အထဲမှာ နှစ်မွှာ သုံးမွှာပါပါတယ်.. အသားများတယ် ကနစိုသီးလို ဝမ်းမလျှောပါဘူး..
    အခုပုံပါကတော့ ကြောင်မျက်လုံးသီးပါ.. သကြားအရသာလို ချိုပါတယ်..

  • ဟုတ်ပါတယ်ကိုငြိမ်းချမ်းရေ။
    ဒီအသီးအပေါ်ခွံက နည်းနည်းမာတယ်။
    ကနစိုးသီးကပျော့တယ်။
    ကနစိုးသီးကအချဉ်ဓါတ်များပြီး
    ဒီအသီးက အချိုုဓါတ်များပါတယ်။
    ကျနော်ကတော့ ကြိုက်တယ်

Leave a Reply