အိမ်စာမှန်မှန်လုပ်ပါသည်

ムラカミJuly 19, 20122min19834

ငရဲ ကလာတော့ ပြာပူမကြောက် ဆိုသလို …

ခိုးလို့ရတဲ့ ပစ္စည်း ကို သုံးပြီး ညာထားကြည့်တာ …

 

လူကြားကောင်းအောင် ..အိမ်စာ လုပ်တယ် ဘာညာ သာရေးထားရတယ်.. ဂယ်တော့ … ဂယ်တော့ …

 

😀

 

 

အလကားနောက်တာပါ သည်နေ့ နေ့တွက်မစီ သေးလို့ ပိုက်ပိုက် လာရှာတာပါ….

 

တကယ်ပြောတာပါ. ..

ဘယ်လို လုပ်ထားသလဲ သိချင်ရင် ပြောပြပါ့မယ် ….

 

ခိခိ…

 

.

.

.

.

.

.

.

.

.

 

 

 

 

 

အင်းအင်း..

ဖြစ်သလိုလေး ထမင်း ဝိုက်လိုက်ဦးမယ်ဗျို့ ….

 

သုံးဆောင်ပါဦး…

 

မသေထမင်းမသေဟင်း…

 

 

 

 

Lonely Ghi is reading @ a riverside

 

 

ဘာမှမဟုတ်ပါဝူးဗျာ …ထိပ်ဆုံး ၁ပုံက အဲ့ဒါဂျီးနဲ့ လုပ်ထားတာပါလို့ ဖြောင့်ချက်ပေးတာပါ …

ဒုတိယပုံ တတိယပုံနဲ့ ..ဟောသည့် အောက်က စတုတ္ထပုံကိုတော့

 

အမြင့်ပျံ

 

 

 

၁၀၀% မိတ်အင် ဟိုအပြားကြီး ပါ.. Nik ကပဲထုတ်တဲ့

Snapseed

 

 

 

 

ဒီအပ္ပလီ သုံးပီး တို့ထားကြောင်း …

လက်တို့လိုက်ပါတယ်…

 

 

တော်သေးဘီ

ခင်တဲ့

ဂီ

 

34 comments

  • အရီးခင်လတ်

    July 19, 2012 at 6:27 pm

    ကျုပ်ဘဲ တုံးသလား။
    Before နဲ့ After ဘာကွာလဲ ဆိုတာ လုံးဝ (လုံးဝ) မသိပါရှင့်။ 🙄

    အဲဒီ ထမင်း ဟင်း တွေ နဲ့ အဲဒီလူကြီး က တော့
    အဲဒါတွေ ကို မကြည့်ခင် Before မှာ စိတ်က ဒီအတိုင်းဘဲ။
    ကြည့်ပြီး After မှာ တော့ နဲနဲ လွမ်းသွားတယ်။ 😛

    ဒါထက် အခုဘဲ ဖတ်ခဲ့ ရတဲ့ quote of the day!
    ဘာမှ မဆိုင်ပေမဲ့ ကြုံတုန်းလေး။

    ကျွန်မ အမြင်မှာတော့ အာဇာနည် စိတ်ဓာတ်ကို အများက မြင်တာက သတ္တိရှိခြင်းနဲ့ပဲ ဆိုင်တယ်လို့ မြင်ကြတာ များတယ်။ သတ္တိရှိတာကို အာဇာနည် စိတ်ဓာတ်ပေါ့ ၊ ရဲရဲရင့်ရင့်နဲ့ လုပ်ရဲ ကိုင်ရဲတာကို အာဇာနည် စိတ်ဓာတ်လို့မြင်ကြတယ်။ ကျွန်မကတော့ ဒီလိုပဲ ကြည့်လို ့မဖြစ်ဘူးပေါ့နော်။ အာဇာနည်ဆိုတဲ့ စကားကတော့ သက္ကတ ဘာသာကနေပြန်ကြည့်မယ် ဆိုရင် မြင့်မြတ်တဲ့မျုးိရိုးကို ဆိုလိုတာပါ။ ဒါပေမယ့် ဒီခေတ်က မျိုးရိုးကိုကြည့်တဲ့ခေတ် မဟုတ် တော့ ပါဘူး။ ဒီတော့ မြင့်မြတ်တဲ့မျုးိရိုး အစား မြင့်မြတ်တဲ့စိတ်ဓာတ်လို့ပဲ ကျွန်မပြောချင် ပါတယ်။ အဲဒီတော့ မြင့်မြတ်တဲ့ စိတ်ဓာတ်ကို အခြေခံမှ အာဇာနည် စိတ်ဓာတ်လို့ အခေါ်ခံရ မှာပါ။ သတ္တိရှိတယ်ဆိုတာလည်း မြင့်မြတ်တဲ့စိတ်ဓာတ်ကို အခြေခံတဲ့သတ္တိမျိုး ဖြစ်ရပါမယ်။ သတ်ရဲဖြတ်ရဲတိုင်း သတ္တိ မဟုတ်ပါဘူး။ တိုက်ရဲ ခိုက်ရဲတိုင်းလည်း အာဇာနည် မဟုတ်ပါဘူး။ အာဇာနည် စိတ်ဓာတ်ရဲ့ အခြေခံက မြင့်မြတ်တဲ့ စိတ်ဓာတ်လို့ ကျွန်မ ပြောချင်ပါတယ်။
    (ဒေါ်အောင်ဆန်းစုကြည် – ၁၉ ဇူလိုင် ၂၀၁၂)

    • Solid_Sn@ke

      July 19, 2012 at 7:07 pm

      သည်လိုပါ အရီးရေ …
      ၁။ နောက်ခံ ကျောက်ပြားတွေကို နှိုင်းယှဉ်ကြည့်ရင်
      ၂။ ပုံရဲ့ ညာဘက်ခြမ်းက လာတဲ့အလင်း ကျပုံ ..(ပန်းရုံချင်း ယှဉ်ကြည့်ရင်)
      ၃။ ဘယ်ဘက် က ထောင်ထားတဲ့ ဘီးတွေ ရဲ့ ..structure ပီပြင်မှု ယှဉ်ကြည့်ရင်..
      ၄။ ဒါတွေ သည်လို hightlight လုပ်ပေမယ့် main subject ထိခိုက်မှု မရှိတာ ကို ကြည့်ရင် …

      ပုံက သည့်ထက်ကြီးကြီးတင်လို့ရရင် …noise ကိစ္စပါ ပိုကြည့်လို့ရမယ် ထင်ပါရဲ့ ..
      ခုတော့ သိပ်မသိသာသလို …

      အားပေးတာအတွက်ရော..
      ကုတ်ဒ်အော့သီဒေး အတွက် ပါ ကျေးကျေးပါချင့်…

    • Solid_Sn@ke

      July 19, 2012 at 7:01 pm

      installous ထည့်လိုက်လေ bro
      ပီး အဲ့က နေ အပ္ပလီ နာမည်ပြန်ရှာပြီးဒေါင်း
      ခင်တဲ့
      ဂီ

        • ကြောင်ဝတုတ်

          July 21, 2012 at 6:52 am

          http://apptrackr.org
          ကိုသွားပြီး Search လုပ်
          ပေးထားတဲ့လင့်ကနေ ဒေါင်းလို့ရပါကြောင်း
          ပြီးရင် http://www.ifunbox.com မှ freeware လေးဖြင့်
          Install လုပ်နိုင်ကြောင်း ငါ့တယ်လီဖုန်းဖြင့် မန့်သည်

          ခင်မင်လျက်
          ကြောင်ဝတုတ်

  • MaMa

    July 19, 2012 at 6:48 pm

    မသေထမင်း မသေဟင်းတဲ့လားးးးးးးးးး
    အဲလောက်ကြီး စားနိုင်မှတော့ သေနိုင်ပါရိုးလား လေဘာတီရယ် 😀

    မလတ်ပြောသလိုပဲ- အနုပညာမျက်စေ့မရှိလို့လား မသိဘူး။
    Before & After ကို ဘာမှန်း မသိဘူး။

    နောက်ဆုံး အမြင့်ပျံကိုတော့ ကြိုက်တယ်။

    ပြောရမယ်ဆိုရင်…….
    riverside လေး ရိုက်ပြလိုက်ရင်လည်း ဂွတ်မှာပဲ။ 🙂

    • Solid_Sn@ke

      July 19, 2012 at 7:09 pm

      မြစ်ကမ်း က မိုးရွာထားရင် ရေနောက်တယ်..ခည…
      ရေကြည်ပြန်တော့ ရုံးဆင်းတာနောက်ကျလို့ .မှောင်ပြီ …
      ပုံမှန်ရုံးဆင်းချိန်ကျတော့.. တအားလင်းလွန်းနေသေး..
      စာဖတ်ပီး ဆည်းဆာ စောင့်မယ်လေ ဆို စောင့်တုန်း…
      မိုးချ လာလို့ ..ဒရောသောပါး ပြေးခဲ့ရပါကြောင်း …

      တနေ့တော့ ရိုက်ဖြစ်မယ် ထင်ပါကြောင်း…
      ဟို၂ပုံကိစ္စက အန်ကယ်လတ်ကို ရှင်းပီးဖြစ်လို့ ..ထပ်မရေးတော့ပါကြောင်း…
      😀

      ထမင်းကိစ္စက အောက်က အူးပေ ကို ပြန်မန့်တဲ့နေရာမှာ ဖတ်စေချင်ပါကြောင်း…

  • မောင်ပေ

    July 19, 2012 at 7:05 pm

    ဆရာမ ဝင်းပြုံးမြင့် ရေးပြထားလို ့ငါးပိ ဆိုတာ စားဖို ့မသင့်တော့တဲ့ အရာမှန်း သိခဲ့ပေမယ့်လဲ ၊ ငွေရေးကြေးရေးအခြေအနေအရ ငါးပိထောင်းနဲ ့တွယ်နေရပါတယ်ဗျား….

    • Solid_Sn@ke

      July 19, 2012 at 7:18 pm

      အူးပေရေ ….

      အနှီ ထမင်းဗူးက ယန်း၃၀ဝ (ဗမာငွေ -၃၀၀၀) ပေးရတယ်ဗျို့ …
      ကြွားပြီးတင်ထားတာ လုံးဝ မဟုတ်ရပါဘူး … သည်က ထမင်းဗူးတွေထဲမှာ ဈေးအချိုဆုံး ပါ ….
      (အဲ … ရုံးက ထမင်းဗူး ကန်ပနီနဲ့ ..ချိတ်ဆက်ပီး သက်သာချောင်ချိရေး ) ဆိုပီး သည်ဈေးနဲ့ ရောင်းပေးလို့
      ဝယ်စားနိုင်တာဗျို့ …အမှန်က သူ့ထဲမှာပါတဲ့ အမယ်နဲ့သာ တွက်ရင် ..၅၀ဝ (၅၀၀ဝကျပ်လောက်)
      ကျမယ့် အမျိုးဗျာ…

      နည်းနည်းလေး တူးဆွကြည့်ရင် … ရုံးတွေ အလုပ်တွေ ဟာ ကိုယ့်ဝန်ထမ်း
      သက်သာချောင်ချိရေးနည်းနည်း လုပ်ပေးသင့်တယ် မဟုတ်လားဗျာ..
      ရန်ကုန် အဆင့်- ၃၅ ရလို့ …အဆင့် ၁ဝ ရောက်နေတဲ့ မြို့ က ငတိတကောင် နည်းနည်းတူးဆွကြည့်မိတာပါ…
      (ရန်ကုန်မှာလည်း …fast food chain ပေါ်လာတော့မလား မပြောတတ်. .. )

      ကျုပ်အဖြစ်က …အိမ်ပြောင်းတော့ မသယ်နိုင်လို့ …ရှိသမျှ မီးဖိုချောင်သုံးပစ္စည်း သူများပေးပစ်ခဲ့…
      ရောက်တဲ့နေရာမှာလည်း အသစ် မထူထောင်နိုင် …(initial cost ကို မခံနိုင်)
      ခံနိုင်လို့ .. ချက်စားပြန် ထမင်းဗူး ထုပ် ပြန်တော့လည်း ..
      အိပ်ချိန်ကလွဲလို့ ကိုယ်ပိုင်အချိန် မကျန်တော့ …

      ဆိုတော့ …သည်လို သက်သာချောင်ချိရေး ထမင်းဗူးလေးတွေဟာ
      တကယ်ပဲ မသေအောင် အသက်ဆက်ပေးတဲ့ မသေထမင်း မသေဟင်းလေးတွေပါဗျာ …

      ပိတ်ရက်တွေဆို အိမ်နားမှာ စူပါ မားကတ် တခုရှိရဲ့ …
      အဲ့သည့်မှာ ဆိုင်ပိတ်ခါနီးမှ သွားဝယ် ယူလာ ပီး ..စားဖြစ်တယ်…
      ဘာလို့လဲဆို …ဆိုင်ပိတ်တော့မှာမို့ ..(နောက်နေ့ အထားမခံမယ့်အတူတူ)
      ၃၀% တို့ တဝက်တို့ စသည်ဖြင့် ဈေးလျှော့ရောင်း တာကိုး ..

      ကျုပ် မြင်းသား အစိမ်း ကလွဲရင် ကျန် တာ အသားရောငါးပါ ..အကျက် အစိမ်း အကုန် ကျလိန်းလို့ရလို့
      နည်းနည်းခံသာတာဗျ … ဒါပေမယ့် တခါတလေတော့ဗျာ …
      ကိုယ့်ဆြာပြောတဲ့ ငါးပိထောင်း စားချင်သား …

      အိမ်က ပို့ခိုင်းရအောင်ကလည်း ..အင်း ..ကျနော့်မှာ ဇွန်း၁ချောင်းတောင် အပိုင်မရှိဘူးဗျ…
      ဒယ်အိုးဒယ်ခွက်ဝေးလို့
      ဟီး …
      :mrgreen:

      • မောင်ပေ

        July 19, 2012 at 8:03 pm

        စောနကမှ
        ညနေပိုင်းကနေ စထွက်ပြီး ည၁၂နာရီ ၁ ချက်လောက်အထိ
        လမ်းဘေးမှာ တွန်းလှည်းလေးတွေနဲ ့ဖွင့်ရောင်းတဲ့
        နနွမ်းဝါထမင်းကြော်အိုးပူတိုက် ကို ငါးကြော်နဲ ့
        သူရို ့ဆိုင်ကပေးတဲ့ ငါးပိထောင်း အတို ့အမြှပ် ချဉ်ရေ တစ်ခွက်နဲ ့
        တစ်ပွဲကို ၇၀ဝကျပ်
        ထမင်းလိုက်ပွဲ ၁ ပွဲ ၁၀ဝ ကျပ်
        ပေါင်း၈၀ဝ ကျပ် ဖိုး
        အဝတီးခဲ့ပြီးမှ
        အပေါ်က ကွန်မင့် ကို မန် ့ခြင်း ဖြစ်ပါကြောင်း

        • Moe Z

          July 19, 2012 at 9:27 pm

          မဒမ်ပေကခရီးသွားနေလို့လား ဒါမှမဟုတ်ကိုပေ့ကို အိမ်ပေါ်ကမောင်းချထားတာလားဟင်င်င်…. :mrgreen:

        • pooch

          July 19, 2012 at 9:42 pm

          သူက နှင်ချခံထားရတာ မိုးစက်ရေ။ ယောက္ခမကို ဝမ်းနှုတ်ဆေးနဲ့ ဝမ်းပိတ်ဆေး မှားတိုက်မိလို့ ။
          အခု သုဓမ္မာဇရပ်မှာ နေနေတာ။ အတွဲလည်း ချောင်းရင်း ဈေးလည်း ရောင်းရင်း။
          အတင်းလည်းပြောရင်း… :mrgreen:

        • မောင်ပေ
          31-32ကြား 77လမ်းက အာဆင်နယ် ပိုဈေးသက်သာတယ်။
          အသားကြော်နဲ့ထမင်းတစ်ပုဂံ ဗမာငွေခြောက်ရာ ငါစားနေကျဆိုင်ဘဲ

        • myanmarcitizen

          July 20, 2012 at 4:02 pm

          မှုးနေရင်တော့ ငါးကြော်နဲ့ သွားမစားနဲ့နှော်။ ငါးရိုးမျက် နေမှာ ဒွတ်ခဖြစ်နေမယ် ပေပေရဲ့

      • Foreign Resident

        July 20, 2012 at 5:01 am

        အရမ်း တန်ပါတယ်အေ ။
        အဲလောက်စုံ ၊ အဲလောက်များတဲ့ ထမင်းဟင်းကို ၊
        ဩဇီ ၄ ဒေါ်လာ ( ၃၄၀ဝ ကျပ် ) လောက်နှင့် ရတယ် ။
        ( အသားတော့ နဲ ပုံပဲ )

        ဟိုတစ်နေ့က Sushi Train မှာသွားစားတာ ၊
        ဆူရှီ နှစ်တုံးပဲ ပါတဲ့ ခွက်တစ်ခုစီကို ဩဇီ ၂.၅ဝ ဒေါ်လာ တဲ့ ၊
        ဩဇီ မှာ ဂျပွန်စာက ဈေးကြီးတယ် ။

      • Foreign Resident

        July 20, 2012 at 5:14 am

        ” ချက်စားပြန် ထမင်းဗူး ထုပ် ပြန်တော့လည်း
        အိပ်ချိန်ကလွဲလို့ ကိုယ်ပိုင်အချိန် မကျန်တော့ ”

        ” ဆိုင်ပိတ်ခါနီးမှ သွားဝယ် ယူလာ ပီး ..စားဖြစ်တယ်…
        ဘာလို့လဲဆို …ဆိုင်ပိတ်တော့မှာမို့ ..(နောက်နေ့ အထားမခံမယ့်အတူတူ)
        ၃၀% တို့ တဝက်တို့ စသည်ဖြင့် ဈေးလျှော့ရောင်း တာကိုး ”

        ဖြစ်မှဖြစ်ရလေ ဂီဂီ ရယ် ။
        ကြားရတာ စိတ် မကောင်းလိုက်တာကွယ် ။

        • Solid_Sn@ke

          July 20, 2012 at 1:26 pm

          ဟိုမြို့ က အဆင့် -၁
          ဒီမြို့ က အဆင့် -၁ဝ လေ အဘရယ်…
          ဂလောက်တော့ ရှိပေမပေါ့ …
          🙁

        • manawphyulay

          July 20, 2012 at 4:17 pm

          ဒါတောင် မြန်မာပြည်က ၃၅ အဆင့်မှာတဲ့နော်… လေးလေးဖော….

        • Foreign Resident

          July 20, 2012 at 4:29 pm

          သိပ်မထူးလှပါဘူး မောင်ဂီရယ် ။
          မောင်ဂီ့ နာဂိုရာက အဆင့် ၁ဝ ။
          အဘ ဆစ်ဒနီက အဆင့် ၁၁ ။

          ကံဆိုးလွန်းလို့သာ အဘ တို့ ဒီလိုဈေးကြီးတဲ့ မြို့တွေမှာ ၊
          နေနေရတာပေါ့ ။ ဟင့် ၊ ငိုချင်လာဘီ ။

  • မဟာရာဇာ အံစာတုံး

    July 19, 2012 at 7:35 pm

    မသေထမင်း မသေဟင်း ဆိုတာ
    ဂယ်ဂျီးလားဟင်င်င် … 😀
    ဒါဆိုရင်တော့ စားလို့ကိုက်ဘူး
    ခုတောင် တော်တော်ပျင်းဖို့ကောင်းနေဒါ ..
    (ဘာလို့လဲ သိဒယ် မဟုတ်လား .. 😀 )

  • pooch

    July 19, 2012 at 8:08 pm

    ကိုထွဋ် သီချင်းကို သတိရတယ် ။ အမြင်ပျံကို မြင်တော့။

    “ဟိုး…… အမြင့်ပျံ ကမ်းရိုးတန်းရဲ့ အလွန်ဆီ…..
    နိမ့်မြင့်တက်ကျ ရေလှိုင်းများ …….
    အမြဲတမ်း စီးဆင်း မရပ်မနား သွား ..ဆိုလား ဘာဆိုလား ဘလာဘလာ…. 😀

  • pan pan

    July 20, 2012 at 8:53 am

    ဟိုရောက်တော့ ဇွန်းတောင်မရှိတော့ဘူးလား ကိုဂီရယ်
    ဒီမှာတော့ ရုံးလာရင် လေးဆင့်ချိုင့်ကြီးနဲ့ (၄ဆင့်):lol:
    စိတ်တော့မကောင်းဘူး ကိုဂီရေ
    သူများဆီမှာ ပိုဈေးကြီးမှာ အသေအချာပဲ
    အနော်ဆို အကော်ဒီယံအရိုး(အကော်ဒီယံတွေရေးလိုက်ရတဲ့ စက်ရုပ်အရိုးလေး)နဲ့ ထမင်းစားရင် လိုက်ပွံ၄ပွဲလောက်တီးတာတောင် ဂလောက်ပိုက်ပိုက်မကုန် :mrgreen:

    • Solid_Sn@ke

      July 20, 2012 at 1:25 pm

      ဟိုနေ့ကပြောတဲ့ အိုနာစာ ရံပုံငွေ အတွက် ..ဂလိုပဲ ..ဆွဲရတာပေါ့အေ…
      အော်… လက်ပကျွတ်အစား …မေးစေ့အကွဲလေးကိုများ ..
      တနေ့ ၁၆နာရီ ဒဇိမ့်ဇိမ့် ကျိ ရလို့ကတော့ ..
      ကတောက် …
      🙁

  • ကြောင်ကြီး

    July 20, 2012 at 10:11 am

    အပေါ်ဆုံးပုံက ဂျပန်အခြောက်ကြီး ရှုရှုးပေါက်နေတဲ့ပုံလား…. တန်ဖိုးကြီး ကီမိုနိုဝတ်စုံမှ အားမနာ။ 😀

    • Solid_Sn@ke

      July 20, 2012 at 11:07 am

      ကိုရီးယားက ကားမော်ဒယ် ရိုက်တဲ့ ဆြာ နဲ့ တလေသံထဲပဲ …
      ကြုံဖူးတယ်ထင်ရဲ့ ..
      :mrgreen:

  • ညလေး

    July 20, 2012 at 10:40 am

    အမ်း……..မသေထမင်းမသေဟင်းတဲ့…ဒီလိုများလား….
    ဒါကြောင့် ……စဉ်းစားသင့်တယ်…..စဉ်းစားသင့်တယ်…..
    တစ်ယောက်ထဲဘဝက ဒီလိုများလား……

    • Solid_Sn@ke

      July 20, 2012 at 11:06 am

      1) Define 2.0
      – Measure – in manual mode
      – Reduce 1.1 Contrast Noise
      – Reduce 1.2 Color Noise

      2) Color Efex Pro 4
      – Landscape > Pro Contrast Filter >
      – > Detail Extractor>
      – > Bleach Bypass >

      3) Histogram – Modified S-Curve
      4) Levels- Mid-tone 1.2
      5) Dublicated Layer Opi 30% Blending Mode Highlight
      .
      .
      .
      (some modifications)

  • Shwe Ei

    July 20, 2012 at 1:41 pm

    အမြင့်ပျံရိုက်ချက်သဘောကျထှာအေ။ တော်လိုက်တဲ့ ဂီဂီ။ ဒါတောင် မသေထမင်းစားပြီးရိုက်နေရလို့။ ကြယ်ငါးလုံး အဆင့်ရှိတဲ့ ဟိုတယ်တက်စားရရင် ညဉ်းလက်ရာ ကဘာကျော်လောက်တယ်အေ့။ ခွိခွိ

  • etone

    July 20, 2012 at 3:20 pm

    ပြောတော့ မသေထမင်း မသေဟင်းတဲ့ …….. ဟွန်း … မပြောလိုက်ချင်ဘူး … ထမင်းတွေထည့်ထားတာ မနည်းမနောပဲ … ။
    သူများ ညမနက်စာတောင်စားလို့ရတယ် …. အဟိ 😛 😛

  • myanmarcitizen

    July 20, 2012 at 4:01 pm

    သူပြောတဲ့ မသေထမင်း မသေဟင်း ကို ဒို့များနေ့တိုင်းစားချင်ပါရဲ့ကွယ်။ သေချင်သေပါ့စေ့လေ ဟွန့် 🙂

  • manawphyulay

    July 20, 2012 at 4:11 pm

    ဂျပန်မလေးရဲ့ နောက်ခံက ကျောက်ပြားတွေကို သေချာ ခွဲခြမ်းစိတ်ဖြာကြည့်ရင်း မျက်ရည်ပူကျလာလို့ နောက်မှ လာပြန်ကြည့်ဦးမယ် ဓာတ်ပုံပညာရှင်ကြီးရယ်….

    • Solid_Sn@ke

      July 20, 2012 at 4:46 pm

      ပြန်မလာနဲ့ …အခု မွေးနေ့လက်ဆောင်ပို့မလို့ လုပ်နေ်တာ …
      သည်ပုံပါ တခါတည်း ပို့လိုက်မယ်..

      သည်ကပဲ ဆုတောင်းလိုက်ပါတယ် အာပျိုရီး စိတ်ဖွေးပိစိရယ်….
      ကြိတ်ကြိတ်ပီးတောင်းတဲ့ ဆုဒွေ ပြည့်ပါဇေတော် …..
      :mrgreen:

Leave a Reply