ကျောက်ဆည်မြို့ ကျက်သရေဆောင် ရွှေသာလျောင်းတောင်

thihayarzarJuly 20, 20124min21612

ရွှေသာလျောင်းတောင်ပေါ်တွင်ရှိသောစေတီပုထိုးများ ဖြစ်ပါတယ်။

ဗုဒ္ဓပေါင်းပြည့်စေတီ
လွမ်းမြေ့စေတီ
ဆရာတော်ဦးဝိသုဒ္ဓ လွမ်းမြေ့စေတီ
ဉာဏ်တော်ပေ ( ၈ဝ ) ရှိ အဘယမုဒြာ မြတ်စွာဘုရားကြီး [caption id="attachment_139046" align="alignleft" width="600"] လက်ယာရံ ရဟန္တာငါးပါး
[/caption]
လက်ဝဲရံ ရဟန္တာငါးပါး
ဦးဝိသုဒ္ဓကန်တော်
ကန်တော်အတွင်းပိုင်း
နဂါးရုံဘုရား
ဗုဒ္ဓဂါယာမှ မဟာဗောဓိပင်နှင့် ရှစ်မျက်မှာ ဘုရား
ဆရာတော်ဦးဝိသုဒ္ဓ ပုံတူရုပ်ကလပ်တော်
ဆရာတော် အရှင်ကေဝသ ပုံတူ ရုပ်ကလပ်တော်
ဓာက်တော်ကြွင်းကျန်တော်မူသော ဆရာတော်သုံးပါး

မိသားစုသုံး ကင်မရာ အစုက်လေးနဲ့ ရိုက်ထားတာပါ။ သိစေချင်သော ဆန္ဒတစ်ခုတည်းပါ။ ပုံများကိုဆက်လက်တင်ပြပါဦးမည်။

12 comments

  • ဇောက် ထိုး

    July 20, 2012 at 7:32 am

    ရဟန္တာရုပ်တုတွေက လက်အမျိုးမျိုးတွေနော်….. မျက်နှာတော်တွေက တည်နေသေးတယ်။
    ကျွန်တော်က သက်ဝင်လှုပ်ရှားနေတဲ့ ပုံတော်တွေဆို အရမ်းသဘောကျတာ….
    ခုလို ဖူးတွေ့ရတာ ကျေးဇူးပါ

  • မောင်ပေ

    July 20, 2012 at 9:20 am

    ရာဇာကြီးရဲ့ စေတနာတွေကြောင့်
    ဖူးမျှော် ကြည်ညိုရပါသည်။

  • mamanoyar

    July 20, 2012 at 9:29 am

    အခုလို တင်ပြပေးတာ ကျေးဇူးတင်ပါတယ်ရှင်
    ဖူးမျှော်သွားပါတယ်

  • ညလေး

    July 20, 2012 at 9:48 am

    ကိုယ်တိုင်မရောက်နိုင်ပေမယ့် အဝေးကနေ ..
    ဖူးမျှော် ကြည်ညို သွားပါတယ်ရှင်…….

  • eipu

    July 20, 2012 at 10:52 am

    ကျောက်ဆည်မြို့ကို ပြန်သတိရပါတယ်

  • Ma Ei

    July 20, 2012 at 11:09 am

    မန္တလေးဘုရားဖူးအပြန် ကျောက်ဆည် ရွှေသိမ်တော်ဘုရား
    ဖူးရင်း တောင်ပေါ်ဘုရားတွေကိုဖူးချင်လို့ မျှော်ဖူးခဲ့ရတယ်…
    ခုလို ပုံတော်တွေတင်ပေးလို့ ကျေးဇူးပါနော်…
    လွမ်းမြေ့စေတီတော်က ကျောက်တောင်ကိုမေးတင်တည်ထားတာနဲ့တူရဲ့
    ဖူးပါရစေလို့ ဆုတောင်းထားတယ်…

  • YingLamp

    July 20, 2012 at 2:43 pm

    အားပါးးးး ကျောက်ဆည်ကို ဖြတ်သွားဖြတ်လာပဲ .. ဒီ ဘုရားဝင်းကြီးရှိတာ လုံးဝမသိတာ .. တော်တော်လှလှပပရှုခင်းပဲဗျ ..

  • manawphyulay

    July 20, 2012 at 3:02 pm

    မွေးနေ့မှာ ကျောက်ဆည်မြို့ရဲ့အထင်ကရ ဘုရားတွေ ဖူးမြော်ရတာ ရင်ထဲကို တကယ်ပဲ အေးချမ်းမှုကိုဖြစ်စေပါတယ်ရှင်။

  • ကျနော်ဖြတ်တော့သွားတယ်ခဏခဏ
    1980ခုနှစ်က တောင်ပေါ်တစ်ခေါက်ရောက်တယ်
    အခုပြန်သွားချင်လိုက်တာ
    တက်နိုင်ပါအုံးမလားမသိဘူး………………………….

  • မဟာရာဇာ အံစာတုံး

    July 20, 2012 at 8:47 pm

    လူကိုယ်တိုင်က မရောက်ဖူးတော့
    ကျနော်တို့မှာ ရောက်ဖူးတဲ့သူတွေ တင်ပေးတဲ့ ပုံတွေကိုကြည့်ရင်း ..
    ကြည်လည်း ကြည်နူးရ၊ ရောက်ဖူးသလိုလည်း ခံစားလိုက်ရ …
    ခုလည်း ကိုသီဟရာဇာ တင်ပေးတဲ့ ပုံတွေကို
    ကြည်နူးစွာ ဖူးမြော်သွားပါကြောင်း …
    ပုံတွေအတွက် ကျေးဇူးတင်ရှိပါကြောင်းပါဗျာ …..

  • TTNU

    July 20, 2012 at 10:20 pm

    ကျေးဇူးတင်ပါတယ်။
    ကျွန်မ ရောက်ခဲ့တုန်းက ရိုက်ခဲ့တဲ့ ပုံတွေ
    ပျက်သွားလို့ စိတ်မကောင်းဖြစ်နေတာ။
    အခုလိုပုံတွေ ဖူးရတာ စိတ်ချမ်းသာသွားတာပါပဲ။
    ကူးလိုက်တယ်နော်။

    ကျေးဇူးပါ။ 🙂

  • thihayarzar

    July 22, 2012 at 12:14 am

    လက်ယာရံ သာဝကငါးပါး မှာ အရှင်သာရိပုတ္တရာ ( ဉာဏ်ပညာကြီးခြင်း)၊ အရှင်အညာသိကောဏ္ဏ ( ရတ္တညူ – ဝါရင့်ခြင်း)၊ အရှင်မဟာကသာပ ( ဓုတင်ဆောင်ခြင်း )၊ အရှင်အနုရုဒ္ဓါ ( ဒိဗ္ဗစက္ခုအဘိဉာဉ်ရခြင်း )၊ အရှင်အာနန္ဒာ ( အကြားအမြင်ကောင်းခြင်း၊ သတိကောင်းခြင်း၊ ဉာဏ်ကောင်းခြင်း၊ လုံးလကြီးခြင်း၊ အလုပ်အကျွေးကောင်းခြင်း)
    လက်ဝဲရံ သာဝကငါးပါး မှာ အရှင်မဟာမောဂ္ဂလာန် ( တန်းခိုးကြီးခြင်း )၊ အရှင်ကာဠုဒါယီ ( ဆွေတော်မျိုးတော်တို့ကို ကြည်ညိုစေခြင်း)၊ အရှင်ပိလိန္ဒဝစ ္ဆ( နတ်တို့ချစ်မြတ်နိုးခြင်း)၊ အရှင်ဗာကုလ ( ကျန်းမာရေးပြည်စုံခြင်း) ၊ အရှင်ပုဏ္ဏ ( ဓမ္မကတိကအရာ၌တရားဟောကြားခြင်း)

Leave a Reply