ငါပြောချင်တဲ့ ငါ့အကြောင်း Self-story

၁။ ဟိုးအမြင့်ကြီး ရောက်ဖူးတယ်။ ၁၉၆၃ခုနှစ်မှာ ပြင်သစ်က ကမာ္ဘ့အဦးဆုံး အာကာသကြောင် Felicette အား အာကာသသို့ လွှတ်တင်ခဲ့သည်။ သူမ၏ ကိုယ်အစိတ်အပိုင်း လှုပ်ရှားဆောင်ရွက်မှုများသာမက ခံနိုင်ရည်စွမ်း ရှိမှုပါ မှတ်ကျောက်တင်ပြသည်။ (ကြေးမုံဂျီးအမျိုး တရုတ်ကြီးက မနေ့တနေ့ကမှ အာကာသထဲရောက်တာ..။)

အာကာသထဲ ငါးမရှိလို့ ထပ်မသွားဂျင်တော့ပါ။

၂။ တနေ့အချိန်၂/၃ စက်တော်ခေါ်တယ်။ သချာင်္တွက်ကြည့်ရင်တော့ ၉နှစ်သားကြောင်ရဲ့ ၆နှစ်တာအချိန်ဟာ အိပ်မောကျခြင်းဖြင့် ကုန်လွန်သည်။ ကြောင်နှစ်သက်တဲ့ နေရာတခု သတ်သတ်မှတ်မှတ်ရှိပြီး အဲဒီနေရာမှာ အိပ်တတ်တာမို့ သင့်ဘော်ဒါကြီးနေရာကို သန့်သန့်ရှင်းရှင်းနဲ့ လုံခြုံဘေးကင်းအောင်ထားပါ။ အမြင့်ကကျလို့ ဒဏ်ရာရတာရှားပေမဲ့ ခပ်နိမ့်နိမ့်အပေါ်ပိုင်းလို နေရာမျိုးကနေ လိမ့်ကျတတ်တယ်။ အိပ်ပျော်တုန်း ဖြစ်တဲ့အခါ လှလှပပကြောင်ကျ မကျတာတွေလည်းရှိတယ်။ (အောင်မလေးဗျ…ဘုန်း…အင့် ခွီး ဂရား..။)
၃။ လူတွေလိုပဲ အသဲနဲ့ပါ။ သူတို့မှာ လူဦးနှောက်နဲ့ တူညီချက်တွေ ရှိတယ်။ ကျွမ်းကျင်သူများအကြား လက်ခံနိုင်မှုအတိုင်းအတာ ကွဲပြားနေဂျသေးပေမဲ့ ကြောင်တွေရဲ့ခံစားမှုသည် လူတွေနဲ့ မတူညီဘူးလို့ မပြောနိုင်ဂျောင်း သဘောတူတယ်။ ကြောင်စိတ်ဆိုးအောင် လုပ်မိခဲ့ရင်တော့ ကုလားထိုင်ကြောင်သေးပန်း ခံရခြင်း၊ စက္ကူလိပ်များ တစစီဆုတ်ဖြဲခံရခြင်း၊ ပန်းကန်ခွက်ယောက်များ ကျကွဲပျက်ဆီးခြင်း အပြစ်ဒဏ်များ ကြုံတွေ့ရနိုင်တယ်။ (ကြောင်ကြီးခြစ်မိ အပြစ်ရှိသည်..။)
၄။ ကြောင်ကိုက်ခံရတာ ပေါ့သေးသေးမဟုတ်။ ကြောက်ကိုက်တဲ့အနာမှ အဆိပ်သင့်တဲ့အထိ အန္တရာယ် ကြီးနိုင်တယ်။ အမေရိကန်နိုင်ငံမှာ တနှစ်ကို ခန့်မှန်းခြေ လူလေးသောင်းလောက်အထိ ကြောင်ကိုက်ခံရတယ်။ အကိုက်ခံရတဲ့အခါ ပန်နီစလင်လိုမျိုးနဲ့ အလွယ်ကုသနိုင်ပေမဲ့ ဂရုမစိုက် ပြစ်ပယ်ထားတဲ့အခါ ကူးစက်ပိုးမွှား ဝင်တတ်တယ်။ အထူးသဖြင့် သက်ကြီးရွယ်အို၊ ကိုယ်ခံအားနည်းသူဆို အခန့်မသင့်ရင် သေလောက်အောင်ကို ဖြစ်နိုင်တယ်။ ကြောင်ကိုက်ခံရလျင် ဆရာဝန်ဆီ ချက်ခြင်းသွားပြတာ အကောင်းဆုံးပါပဲ။ ( ကြောင်ကိုလူရိုသေ၊ လူကိုကြောင်ရိုသေ၊ မှတ်ပါမသွေ ဤနှစ်ထွေ..။)
၅။ အမြင့်ကြီးလည်းခုန်နိုင်တယ်။ တချက်ခုန်ရင် သူ့ကိုယ်ပိုင်အရပ် ငါးဆအမြင့်ရောက်တယ်။ ကြောင်မွေးထားသူများ ကွဲလွယ်ရှလွယ်တဲ့ ပစ္စည်းပစ္စယများကို အလွယ်တကူအမြင့်မှာ မထားဂျပါနဲ့။ ကက်ဘိနက်၊ ပန်းကန်စင်များကို တံခါးရွက်၊ အဖုံးများနဲ့ ကိုယ်ဖော့ပညာရှင်ကြောင်လက်ချက်မှ ကာကွယ်ပါ။ ( ရှောင်လင်၊ ဝူတန်း၊ ခွန်းလွန်း၊ ခုံးတုံး… သိုင်းဂိုဏ်းကြီး ခုနှစ်ဂိုဏ်းရဲ့ဘိုးအေ ကျားဆရာကြောင်ကြီးကွ..။)
၆။ ကြောင်ပုံတူပွားနိုင်တယ်။ ပိုက်ဆံပေါနေသူများအတွက် မိမိကြောင်ကို ကလုံးပုံတူမျိုးပွားထားလို့ရတယ်။ ၂၀၀၄ခုနှစ်မှာ နစ်ကီလေးအမည်ရှိ ပထမဆုံးစီးပွားဖြစ် ပုံတူမျိုးပွားခဲ့သည်။ သေသွားတဲ့ကြောင် ဒီအန်အေ မျိုးဗီဇကနေ ကြောင်ပွားခဲ့တာ ဒေါ်လာငါးသောင်းကုန်ကျခဲ့ပြီး ကြောင်သစ် ကြောင်ဟောင်း နှစ်ကောင်စလုံးရဲ့ အမူအကျင့်များ သောက်ကျိုးနဲ တူညီကြောင်း ပိုင်ရှင်ဖြစ်သူမှ အတည်ပြုသည်။ ( နောင်မဆုံး ကြောင်ကလုန်း တောင်ပြုံးသွားဖို့ မလိုတော့ပါ..။)
မယုံရင် နာဆာအဖွဲ့ကို ဖုံးဆက်မေးကြည့်ဗျာ။

၇။ မြေပုံလမ်းညွှန် ဂျီပီအက်စ်စနစ် ကိုယ်ပိုင်ရှိသည်။ ကြောင်များ ကိုယ့်အိမ်ကိုယ့်ယာ ရှာဖွေပြန်နိုင်တယ်။ ပညာရှင်များကတော့ နေအလင်းရောင်၊ ကမာ္ဘမြေသံလိုက်စက်ကွင်းနဲ့ အခြားသော စွမ်းရည်များစုပေါင်း အသုံးပြုတဲ့ ပီအက်စ်အိုင် ခရီးသွားခြင်းလို့ အမည်ပေးတယ်။ ဘာပဲဖြစ်ဖြစ် ကြောင်အဖို့ ဝေးလံခက်ခဲလှတဲ့ အိမ်အပြန်ခရီးဆိုတာ မဖြစ်နိုင်တဲ့အရာ မဟုတ်ကြောင်း မှတ်တမ်းမှတ်ရာများစွာရှိတယ်။ (မယုံကြည်သူ ရွာသူအပျိုချောဂလေးများ ကြောင်ကြီးကိုအဖေါ်ပြု နှစ်ကိုယ်တည်း ခရီးထွက်ကြည့်ဂျပါ၊ ညဖက်သေချာပေါက် အသုံးဝင်မည်၊ မှတ်ချက် – ကြောင်မျက်လုံးအစွမ်းကြောင့်တည်း။)
၈။ အသင့်လုပ်တံခါးပေါက် အသုံးပြုနိုင်တယ်။ အဝင်အထွက်လုပ်ဖို့ တံခါးပေါက်အသေး ထားပေးတာလောက် သူတို့အဖို့ အဆင်ပြေတာ မရှိဘူး။ ကမာ္ဘကျော် ရူပဗေဒပညာရှင်ကြီး အိုင်ဆက်နယူတန် အဲဒီအကြံရခဲ့တာ။ သူအမှောင်ခန်းထဲမှာ အလင်းနဲ့ သိပ္ပံစမ်းသပ်မှုလုပ်နေတုန်း သူမွေးထားတဲ့ကြောင်တကောင်က မကြာခဏ အခန်းတံခါးဖွင့်ပေးဖို့ အနှောက်အယှက်ပေးတယ်။ သူ့အလုပ်လည်းအဆင်ပြေ၊ ကြောင်လည်း လွတ်လပ်စွာ ဝင်ထွက်သွားလာလို့ရအောင် တံခါးအောက်ခြေမှာ မလွယ်ပေါက်အသေးလေး လုပ်ပေးလိုက်တယ်။ အဲဒီကနေ ကာလလွင့်မျောလာတော့ ယနေ့သိဂျတဲ့ ကြောင်တိုးပေါက် ဖြစ်လာတယ်။ ဒါကို ကြားကနေ ခွေးစုတ်တွေက အချောင်ဝင်သုံးဂျတာပေါ့လေ။ (အေပေးတွေ မူပိုင်ခွင့်နဲ့ တရားစွဲပစ်မယ်..။)
၉။ အမွှေးအမျှင် ထူသဗျ။ ကြောင်ကိုယ်ခန္ဓာ စတုရန်းပတ်လည်တလက်မကို ခန့်မှန်းခြေ တသိန်းသုံးသောင်း အရည်အတွက်ရှိ အမွှေးအမျှင်များနဲ့ ဖုံးအုပ်ထားတယ်။ သဟာကြောင့် ကြောင်ရှိတဲ့ အိမ်ခန်းနေရာအနှံ့မှာ ကြောင်မွှေးများ တွေ့နေရတာပေါ့။ မလိမ်ညာတမ်းပြောရရင် သန့်ရှင်းရေးလုပ်ရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး။ ပိုကောင်းတဲ့နည်းလမ်းကတော့ ကြောင်ကိုနေ့စဉ် ဘရပ်ရှ်တိုက်၊ ပုံမှန်လေမှုတ် သန့်စင်ပေးပါ။ (နှိပ်ပေးရင် ပိုတောင်ကောင်းသေး..ဂွတ်ဒ်ထ ဂွတ်ဒ်ထ၊ အဟေ..ဟေး.ဟေး..။)
၁၀။ အိမ်သာသုံးတတ်သလို ရေလည်းဆွဲချနိုင်တယ်။ ကြောင်လေ့ကျင်ရေး ဆရာများကို အင်တာဗျူးတော့ သူတို့က ကြောင်အီးပုံး မလိုဘူးတဲ့။ ရေဆွဲအိမ်သာ အသုံးပြုစေဖို့ ကြောင်များကို သေချာပေါက် လေ့ကျင့် သင်ကြာပေးလို့ရကြောင်း အာမခံဆိုတယ်။ (ဆောင်ကြောင့်ထိုင် ရေလောင်းအိမ်သာ ဟုတ်ဘူးနော်၊ ဘိုထိုင် ဘိုထိုင်..။)

Source http://shine.yahoo.com/pets/ten-fascinating-facts-cats-175300214.html
Ten Fascinating Facts About Cats
By Networx.com | Pets By David Aaron Moore, Networx

People love their pets. Be it a cat, dog, hamster or goldfish, most U.S. residents have some kind of non-humanoid companion sharing their home. According to a survey by the American Pet Products Manufacturers Association (APPMA), however, cats win hands down when it comes to the sheer numbers that reside in American abodes.
Ken Hubbard is an antique dealer with the company 2wice As Nice in Wheat Ridge, CO, a suburb of Denver. He’s also the owner of two cats pictured above: both black American Shorthairs, one is known as Lace (left) and the other is Bear.
“Cats can be fun, intuitive and loving. But they can also have an evil side,” Hubbard chuckles. “They have their routines and they can be very demanding. Mine will torment me in the morning until they get me out of bed, with lots of stalking around the room and covers and a lot of meowing.”
“Having them in your life can be rewarding, but with certain cats you have to be careful. Sometimes they can be temperamental and unpredictable. It’s important you get to know them well,” said Hubbard.
If you’re a cat lover you’ve certainly experienced both sides of the coin. For your reading pleasure, we’ve pulled together a handful of interesting facts about cats:
1. Cats can reach great heights.
In 1963, France sent the first cat in to space. Known as Felicette, she was also dubbed “Astrocat” by the press. Via implanted electrodes, Felicette’s vitals were constantly monitored and she successfully returned to Earth. Granted, shooting your cat into the cosmos via rocket is probably not the best of ideas, but it does attest to their durability. Rest assured a fall from a high shelf, the top of a refrigerator or a tree branch is probably very little threat to their well-being.
2. Felines sleep two thirds of the day.
On average, the facts about cats confirm they generally sleep about two thirds of every day. If you do the math, it means your nine-year-old kitty has pretty much slept away about six years of life. Chances are, they’ll find a particular place they enjoy and it becomes their favorite napping spot.Keep it clean for your feline friend and free of a build-up of fur and pet dander. It’s also a good idea to make sure it’s safe and stable. Although injuries in falls for most cats are rare, they are more likely to occur in very short distance slips. When combined with the sleeping state, some cats don’t always have the time to right themselves and land on all fours.
3. Cats have human-like emotions.
A cat’s grey matter shares some remarkable similarities to a human brain. Although experts disagree on the depth and range, all confirm that kitties feel emotions not that dissimilar from people. Happiness, excitability, playfulness, depression and anger. Any cat lover will agree — they’ve witnessed all that and more in their quadruped BFF. Watch out for that last emotion – an unhappy cat can leave you with a urine soaked chair, shredded rolls of toilet paper strewn about or even broken dishes.
4. Cat bites are dangerous.
It’s true – the bite from a cat can be toxic and dangerous. According to the existing facts about cats and their owners, approximately 40,000 individuals are bitten by cats in the United States every year. “It is a serious danger,” says Peter Muller, a Doctor of Veterinary Medicine and the owner of Briarcliff Animal Hospital in Atlanta. “A cat bite can result in a serious bacterial infection of Pasteurella multocida,” Muller explains. “It can be treated very easily with penicillin, but left unchecked, especially in the elderly or those with compromised immune systems, it can potentially grow underneath your skin, spread throughout your lymph system, and, in some rare cases, lead to death. That’s why it’s always a good idea to see a doctor right away after a cat bite.”
5. Cats can jump high.
Did you know that some cats can jump up to five times their own height in just one leap? It’s true. What does that mean for a cat owner? Make sure fragile breakables are stored out of harm’s way: opt for china cabinets with closing doors or enclosed display cases to protect heirlooms and collectables from an acrobatic cat.
6. Cats can be cloned.
Have a favorite cat with the best personality ever and a lot of extra money to spend? Have ’em cloned! Yes, the technology exists and is accessible if you have the dough to fork out. “Little Nicky” was born in 2004 and was the first commercially cloned feline. Reportedly produced from the DNA of a deceased Maine Coon, the owner doled out $50,000 to replicate a new version of an old friend and claims the personalities of the two cats are strikingly similar.
7. Cats have internal GPS systems.
Lost cats really can find their way home. Various experts point to sunlight angles, the earth’s magnetic fields and another capability referred to as PSI Traveling. Whatever the case, recorded facts about cats confirm their often long and arduous journeys to reach home and a favored human companion.
8. Cats can use pet doors.
For families that maintain indoor-outdoor cats, nothing’s more convenient than a pet door. Know who came up with the idea? Gravity King Sir Isaac Newton! According to various tales passed down over the years, Newton was experimenting with light in a darkened room and one of his most prized cats (reportedly named “Spithead”) kept opening the door and disrupting the experiment. To keep his work intact and allow the cat free roam, he cut a small hole in the door and covered it with cloth. That evolved into what is today known as a pet door, suitable for both cats and dogs.
9. Cats have a lot of hair.
A cat’s body is covered with approximately 130,000 hairs for each square inch. Everybody knows what that means for your house or apartment: hair, hair, everywhere! Let’s be honest – there is nothing you can do that will ever get rid of all of those feline follicles. However, you can minimize the impact with daily brushings, and, of course, regular vacuuming. For clothing, try a lint brush and a pair of tweezers.
10. Cats can use the toilet…and they can flush.
I interviewed cat-training experts and they claim that there’s no need for kitty litter. You can definitely train your cat to use the toilet.

19 comments

  • မောင်ပေ

    July 20, 2012 at 9:52 am

    ပြာသိုလရောက်ရင် အသံသေး အသံညောင်နဲ့ ချစ်စခန်းထကြတယ်။ လေးခွနဲ့ ဂေါ်လီဆောင်ကြဘာ။
    ဒီနေ့မြန်မာကြောင်တွေလဲ ခေတ်မှီလာပုံများကတော့
    အထီးချင်းချင်းလဲ ဆော်လဘန်တေကြတယ်
    အူးကြောင် ဒီကို ပြန်ရောက်ရင် အနောက်ဘေးကို သတိပြုဘာ
    ဟီဟိ

  • Moe Z

    July 20, 2012 at 10:16 am

    အိမ်က ဝလုံးကတော့ မပြောချင်တော့ဘူး
    ဧည့်ခန်းကဆိုဖာ အသစ်လဲပြီးနောက်နေ့ပဲ ကုတ်ခြစ်ထားလိုက်တာများ
    နှမျောပေမယ့် ဒင်းကိုလည်းမရိုက်ရက်
    လိုက်ဘရီကငှားထားတဲ့စာအုပ်တွေ ဒင်းလုပ်လို့လျော်ရတာ နှစ်ခါ
    အော်လိုက်ရင် သူမဟုတ်သလိုနဲ့
    ကြောင်ဆိုတဲ့အမျိုးက မမွေးတာအကောင်းဆုံးပဲ … 🙁

  • ဦးဦးပါလေရာ

    July 20, 2012 at 11:15 am

    ကြောင်မှာ အသိဉာဏ်၊ ခံစားမှု့နဲ့ အရွယ်အလျှောက် ရင့်ကျက်မှု့တွေရှိကြောင်း ကျုပ်တော့ သေသေချာချာယုံတယ်..။
    နှိပ်ပေးတတ်တဲ့ကြောင်၊ နမ်း(kiss)တတ်တဲ့ကြောင်၊ အစားအသောက်စုဆောင်းတတ်တဲ့ကြောင်၊ လူကိုပြန်ပြီး ဟိန်းဟောက်မာန်မဲကွန်ပလိန်းတက်တတ်တဲ့ကြောင်တွေကို ကြုံဘူးတယ်။
    ကြောင်ပေးတဲ့ဒုက္ခတွေလဲ တော်တော်ခံရဘူးတယ်…။
    ဥပမာ ကျောင်းသားဘဝမှာ နေ့စဉ်လှန်ကြည့်နေရတဲ့ ဒစ်ရှင်နရီကြီးကို သေးနဲ့ပန်းသွားလို့ အင်္ဂလိပ်စာကို ကြောင်သေးနံ့နေ့စဉ်ရှုပြီး သင်ကြားခဲ့ရတာမျိုး…။(အဲဒါကြောင့်ကျုပ်အင်္ဂလိပ်စာညံ့တာဖြစ်မယ်:()

    ဒါပေမယ့်လဲ ကိုယ်အားတဲ့အချိန်မှာ ပွတ်သီးပွတ်သပ်လာလုပ်ပြီး အသံစာစာလေးနဲ့လာချွဲတဲ့အခါမတော့ အဲဒီဒုက္ခတွေအားလုံးကို မေ့သွားပါတော့တယ်…။

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 20, 2012 at 11:27 am

    ( ၇။ မြေပုံလမ်းညွှန် ဂျီပီအက်စ်စနစ် ကိုယ်ပိုင်ရှိသည်။ )
    ကြောင်တွေကို တစ်အိမ်အိမ်ကိုသယ်သွားခြင်ရင် အနှီးကြောင်တွေအနေနှင့် ပတ်ဝန်းကျင်ကို
    မမြင်ရအောင် စီမံထားရဘာဒယ်။
    ကျောင်တွေမှာ အဲ့သည်သဘာဝလေးက အံ့ဩစရာတော့အကောင်းသား
    တော်ရုံအဝေးလောက်ဆိုရင်တော့ အမြင်မှတ်သားမှု့လားမပြောတတ် အိမ်ကိုရောက်အောင်ပြန်ကြတာဘဲ
    ကျုပ်အိမ်က ကြောင်နာတစ်ကောင်ကတော့ 😀 နှစ်အိမ်ကျော်က အပျိုဂျီးတစ်ယောက်အိမ်မှာ
    ဘယ်လို အပေးယူမျှသွားဒယ်မပြောတတ် ကျုပ်အိမ်ကိုမှတ်မိယုံတင်မဟုတ်ဘူး
    လှမ်းကြည့်လို့မြင်နေရတာတောင် ပြန်မလာဘူး ကျုပ်ကိုယ်တိုင် သွားပြန်ခေါ်ဒါတောင်
    ပြန်လာပြီးခဏဘဲ အပျိုးဂျီးနှင့်ဘဲနေဒေါ့မယ်ဆိုတဲ့သဘောပေါ့ 👿
    ( သူနှစ်သက်တဲ့ ဒေသကိုမှီဝဲတတ်တဲ့သဘော )
    ( ပြောရအုန်းမယ် ရွာမှာဒုန်းဂ ဦးရှောင်အိမ်ဂကြောင်ဒဂေါင် လယ်တောစပ်ထိခြေရှည်ပြီး ကြွက်သွားချောင်းတာ
    အိမ်ပြန်လမ်းမှတ်မိဘို့ မပြောနဲ့ ထန်းရည်ချနေတဲ့အဖွဲ့နဲ့တိုးပြီး အိမ်ပြန်စရာတောင်မလိုတော့ဘူး
    ဖြစ်သွားဘူးဘာသှ်။ ) ( စဂါးချပ် )
    ( ၈။ အသင့်လုပ်တံခါးပေါက် အသုံးပြုနိုင်တယ်။ )
    တစ်ခါဘယ်နေရာလည်းမသိ ပြောဘူးဒယ် ထပ်ပြောဘာဒယ် ( အိပ်စကျူးမီ )
    ကြောင်တွေဟာ အပေါက်ဒဘောက်ကိုတိုတော့မယ်ဆိုရင် အနှီးအပေါက်ကို နှုတ်ခမ်းမွှေးနဲ့
    တိုင်းကြည့်ဂျဒယ်လို့တော့ပြောဂျဒါဘဲ
    အဲ့ဒါကြောင့် ခင်ဗျားတို့အနေနှင့် အပေါက်တိုးတဲ့ကြောင်တွေကို နည်းနည်းအမြင်ကပ်နေရင်
    နှုတ်ခမ်းမွှေးသာ ညှပ်ပလိုက် နောက်ဆို အပေါက်မတိုးတော့ဘူး
    ကြောင်နှုတ်ခမ်းမွှေးကို ဖြတ်လိုက်ရင်ကြောင်တွေ သွားလာခက်တယ် ( ဝဋ်လိုက်လိမ့်မယ် )
    ( ဒါကတော့ ကြောင်တွေကို နှုတ်ခမ်းမွှေးမီးရှို့တာဝါသနာပါတဲ့ ကလေးတွေကို လူဂျီးဒွေ
    ခြောက်သလား မပြောတတ် )
    အမှန်လည်း ကြောင်တွေကို တစ်ခုခုလုပ်မိရင် ဝဋ်လိုက်တတ်တဲ့ ဂမ္ဘီရဆန်ဆန် သဘောလေးတွေလည်းရှိသပေါ့
    ပုံ
    ကြောင်အရေးကြိမ်းကျင်သူ
    မစ္စတာ ဂိန်ညောင်ညောင်

  • etone

    July 20, 2012 at 2:27 pm

    တင်းတယ်အေ … ခုနက သူများရေးထားတာတွေ အများကြီး ….. ဘယ်ရောက်သွားပြီလဲ မသိဘူး … ။ 🙁
    ကိုးနတ်ချင်လေး အပြောင်းလဲဖြစ်လို့ … ADSL နဲ့ ဘရော့ဘမ်းလေး ပြောင်းချိတ်လိုက်တုန်း…. မျက်လှည့်ပြသွားတယ် … မုန်းထှာအေ … 👿

  • YingLamp

    July 20, 2012 at 2:40 pm

    ဦးကြောင်လဲ တနေ့အချိန်၂/၃ စက်တော်ခေါ်သလားဗျ .. ဒီလိုဆိုတော့ မဒမ်ကြောင်ကတော့ မသက်သာဘူး … ( စကားချပ်။ စာတွေးတွေးပါရန် ) 😀

  • manawphyulay

    July 20, 2012 at 2:52 pm

    နာဆာမှာ ဦးကြောင်က ခေါင်းဆောင်လား ခေါင်းစောင်းလား…. …

    နေတိုးအဖွဲ့မှာကော ပါသေးလား….

  • Wai Phyoe

    July 20, 2012 at 3:59 pm

    ကြောင်က ဘိုထိုင်အိမ်သာမှာ အီးအီးပါတတ်တယ် ဆိုတော့ အာကာသသွားတုန်းကကော ဘယ်လိုအီးအီးပါလဲ သဲလဲထည့်သွားလို့မရတော့ တောကြာ ကြောင်ချီးတုံးတွေ အာကာသထဲ ဝဲနေအုံးမယ်
    ကြောင်ချီးက နံကနံနဲ့

    • mamanoyar

      July 20, 2012 at 4:37 pm

      အဲ ဟုတ်တယ်နော် ဦးကြောင်က ချစ်စရာကြီး
      ခန့်တယ်
      ဦးကြောင်နော် စတာ ချိတ်ချိုးရဝူးးးးးးးးးးးး

  • Uncle Myo

    July 20, 2012 at 5:27 pm

    မိုးဇက်ပြောသလိုဆိုရင် ကြောင်ဝလုံး လဲရှိတယ်ပေါ့နော်-
    ငါ့မြေးတယောက်ဘဲရှိတယ်မှတ်ထာ-ရွာထဲမှာ မှားကုန်တော့မှာဘဲ

    • Moe Z

      July 20, 2012 at 7:25 pm

      အန်ကယ်မျိုးရေ မိုးစက်ရဲ့ ဝလုံးအကြောင်း ပို့စ်အနေနဲ့ရေးဖူးသေးတယ်
      အရမ်းချစ်စရာကောင်းတဲ့ကြောင်လေးပါ လမ်းလျှောက်ရင် ဗိုက်ကအမွေးတွေကြမ်းပြင်နဲ့တိုက်လောက်အောင် ဝပြီးလုံးနေလို့ အဲဒီနာမည်ပေးထားတာ 🙂

  • မဟာရာဇာ အံစာတုံး

    July 20, 2012 at 7:37 pm

    တစ်နေ့က ဂါဖီးလ် ဆိုတဲ့
    ကြောင်ဇာတ်ကား ကြည့်ဖြစ်တယ် ..
    အမယ် .. မခေပါလားလို့ တွေးမိဒယ် ..
    ဘိုးဘိုးကြောင်ကိုတောင် သတိရလိုက်မိသေးရဲ့ ….

  • TTNU

    July 20, 2012 at 10:11 pm

    ကိုကြီးကြောင်…
    (အိမ်သာသုံးတတ်သလို ရေလည်းဆွဲချနိုင်တယ်)
    ဟုတ်ရဲ ့လားဟယ်။ အဲဒီလို ကြောင်ဆိုရင် မွေးထားချင်ပါတယ်။
    ကြောင်မမွေးတာ ရှူးစော်နံလို့။

  • pooch

    July 21, 2012 at 12:35 am

    ရန်စလိုက်အုန်းမယ်.. ဟီး

    ၁။ ကြောင်မွှေးက ပန်းနာရင်ကျပ်ရှိတဲ့ သူတွေနဲ့ မတည့်ဘူး။

    ၂။ ကြောင်ချီးက အလွန်နံတယ်။

    ၃။ နောက် ကြောင်ချီးထဲမှာ ပါတဲ့ ( Toxoplasma gondii ) လို့ခေါ်တဲ့ ကပ်ပါးရောဂါပိုးက အလွန်ဆိုးတယ်။

    မတော်တဆ အဲ့ဒီကြောင်ချီးဟာ လူတွေ စားသောက်နေတဲ့ အစားအစာတွေ အသားငါးတွေကို တနည်းနည်းနဲ့ ကပ်ပါပြီး လူ့ကိုယ်ခန္ဓာထဲ ရောက်သွားမယ် ဆိုရင် ( Toxoplasmosis ) လို့ခေါ်တဲ့ ရောဂါ ဖြစ်လာနိုင်တယ်။

    အဲ့ဒီရောဂါ ရတဲ့ တချို့လူတွေဆို တုပ်ကွေးဖျားနဲ့ ဆင်တူတဲ့ အဖျားမျိုး ဖြစ်တတ်တယ်။ အကျိတ်အဖုကလေးတွေလည်း ထွက်တတ်တယ်။ တချို့ ရှားရှားပါးပါး ရောဂါပြင်းထန်တဲ့သူတွေ ဆိုရင် ဦးနှောက်အမြှေးပါး ရောင်တာ တို့ မျက်စိအမြင်အာရုံ ထိခိုက်တာတို့ အထိပါ ဖြစ်နိုင်တယ်။

    ပိုကြောက်စရာကောင်းတာက ရင်သွေးလွယ်ထားရတဲ့ ကိုယ်ဝန်ဆောင်ဆိုရင် အထဲမှာ ကလေးပျက်ကျ သေတဲ့အထိ ဖြစ်တတ်တယ်။ ဒီရောဂါပိုးက ဦးနှောက်ကို အကြီးအကျယ် ထိခိုက်သွားစေနိုင်တာမို့ မွေးလာတဲ့ကလေးက ခေါင်း ကြီးတာ ခေါင်းသေးတာ နောက် ဉာဏ်ရည်မပြည့်ဝပဲ ကျပ်မပြည့်တဲ့ ကလေးအဖြစ် မွေးလာနိုင်ပါတယ်။

    နောက် ဆွံ့အနားမကြား တဲ့ ကလေးအဖြစ်လည်း မွေးလာနိုင်ပါတယ်။ ရောဂါပိုးက မျက်စိကို သွားပြီး ထိခိုက်တာဆိုရင်တော့ မျက်စိကန်းတဲ့ အထိ ဒုက္ခပေးနိုင်ပါတယ်။

    Ref: Dr. စိုးလွင် ( မေးချင်ရာမေး )

    ( ဒီနေရာမှာ စကားစပ်လို့ ပြောရရင် ဆွံ့အနားမကြားမွေးလာတဲ့ ကလေးအမေတွေကို ဆာဗေးလေး တခုလောက်လုပ်ကြည့်ရင် ပိုသိသာလာမလားပဲ )

    နောက်တခုက

    pooch benefits : ဆိုတာပဲ ရှိတယ် ။ cat benefits : ဆိုပြီး မရှိဘူး 😆

    pooch benefits :

    1. Man’s best friend
    2. Allergy aid
    3. Mood booster
    4. Heart health
    5. Stable weight

    ၁။ ခြုံပြောရရင် ခွေးမွေးခြင်းအားဖြင့် တနေ့ကို နာရီဝက်လောက် ခွေးနဲ့ အတူလမ်းလျှောက်ထွက်ပေးရင် ကျန်းမာရေးကို အထောက်အကူပြုတယ်။

    ၂။ ခွေးတွေနဲ့ လက်ပွန်းတတီးနေခြင်းအားဖြင့် တော်ရုံတန်ရုံ အလာဂျစ်ကို ကလေးတွေ ခံနိုင်ရည်ရှိလာတယ်။

    ၃။ ခွေးတွေနဲ့ အတူနေထိုင် လမ်းလျှောက်ထွက်ပေးခြင်းအားဖြင့် အထီးကျန်တာတွေ စိတ်ကျတာတွေ မဖြစ်စေနိုင် ဘူး ။ လျော့နည်းစေနိုင်တယ်တဲ့။

    ၄။ နှလုံးရောဂါ ရှိတဲ့သူတွေ ခွေးမွေးရင် တခြားရောဂါသည်တွေထက် အသက် ၁ နှစ်ပိုရှည်တယ် ဆိုပဲ။

    ၅။ ခွေးတွေနဲ့ လမ်းလျှောက်ထွက်ခြင်း ကစားပေးခြင်းအားဖြင့် ကိုယ်အလေးချိန်ကိုလည်း ထိန်းသိမ်းနိုင်တယ်တဲ့ ။

    Ref : Health Smart ( RD Feb 2012 )

    ဒါကြောင့်မို့ အိမ်မှာ ခွေးပဲ မွေးတယ် ။ ကြောင်မမွေးဘူး။ :mrgreen:

  • အရီးခင်လတ်

    July 21, 2012 at 3:28 am

    ၁၁။ ကြောင်သည် ဘတ်စကား ကို လဲ စီး ပြီး ခရီး သွားတတ်သည်။

    တကဲ့ဇာတ်လမ်းအမှန် ပါ။
    အဲဒီကြောင်လေး နာမည်က Casper တဲ့။ အင်္ဂလန်၊ ပလိုင်းမောက်သ် ဆိုတဲ့ အရပ်မှာ နေခဲ့ပါတယ်။
    ၂၀၀၉ လောက်မှာ ဘတ်စကား စီးတဲ့ ကြောင်လေး ဆိုပြီး အတော် နာမည်ကြီး ပါတယ်။

    ထူးဆန်းတာက သူ့အိမ်နားက ကားဂိတ် မှာ အချိန်မှန် လူတွေ နဲ့ရောပြီး တန်းစီ နေတာ၊ ကားပေါ်တက်လဲ အလှည့် ကျမှတက်တာ၊ သူ့ထိုင်ခုံ နေရာ ကို သတ်သတ်မှတ်မှတ် ထား ထိုင်တာ၊ ပြီးတော့ မြို့လည် မှတ်တိုင် ကျ ရင်ဆင်း၊ အဲဒီ က ဆိုင်တွေ ကို ဝင်လိုက် ထွက်လိုက်၊ ပြီးတော့ ဘတ်စကား စီးပြီးပြန်။ ဒီတော့ ဘတ်စကားဂိတ် မှာ “အဲဒီ မှတ်တိုင်မှာ ကြောင်လေးတစ်ကောင် တက်တယ်။ သူ့ကို စောင့်ရှောက်ကြပါလို့” ဆိုပြီး စာတောင် ကပ်ပေးထားတယ်။
    ဒီတော့ ကားဒရိုင်ဘာ တွေကလဲ အဲဒီ အချိန် အဲဒီ မှတ်တိုင်နား ရောက်လို့ ကြောင်လေး ထိုင်မဲ့ ခုံ မှာ တစ်ယောက်ယောက် ထိုင်နေရင် တောင်းပန်ပြီး နေရာပြောင်းခိုင်း ဆိုဘဲ။
    သူနဲ့ ခရီးဖော် တွေ အားလုံး ကို စိတ်ပျော်ရွှင်မှု ပေးတယ်တဲ့။

    ဘီဘီစီ သတင်းမှာတောင် ဗီဒီယိုကလစ်လေး ကြည့်လို့ရတယ်။
    http://news.bbc.co.uk/1/hi/england/devon/8174850.stm

    http://en.wikipedia.org/wiki/Casper_%28cat%29

    ၂၀၁ဝ မှာ သူ့သတင်းလေး ထပ်ပါတယ်။
    ကားတိုက်မိပြီး ဆုံးသွားရှာသတဲ့။ 🙁
    http://news.bbc.co.uk/1/hi/england/devon/8467255.stm

  • Wow

    July 21, 2012 at 1:35 pm

    ကြောင်က ဘိုထိုင်နဲ့သွားတတ်တယ်ဆိုတာ ဟုတ်လောက်တယ်။ အိမ်ကကြောင်က လူမျက်နှာသစ်တဲ့ လက်ဆေးကြွေဗေစင်မှာ အပေါ့သွားတော်မူတယ်၊ အီးအီးကတော့ ဘယ်မှာပါလဲမသိဘူး မြင်ကို မမြင်ရဘူး…

  • အလင်းဆက်

    July 21, 2012 at 6:45 pm

    ရပ်ကွက်ထဲက လူငယ်လေးတွေ..ပြောသလိုပြောရရင်..
    ဦးကြောင်…က မိုက်…..တယ်..ဗျာ..။

Leave a Reply