ရတနာသိုက် ရှာပုံတော် – ၂

ရတနာသိုက် ရှာပုံတော် – ၂

ရတနာသိုက် ရှာပုံတော် အပိုင်း (၁) အား ဖော်ပြခဲ့ပြီး ဖြစ်ပါ၏။ ဖတ်ရှုလိုသူများ အနေဖြင့် လင့်ခ်ပေါ်တွင် ကလစ်နှိပ်၍ ဖတ်ရှုနိုင်ပါကြောင်း …

လူရွယ်တစ်ယောက် ရောက်လာခြင်း

အထက်ပါ အဖြစ်အပျက်များ ဖြစ်ပွားပြီး နှစ်ရက်ခန့်အကြာတွင် အကောင်းစားဟု ဆိုနိုင်ဖွယ်ရှိသော အနက်ရောင် ကားလေးတစ်စီးသည် အဆိုပါ လက်ဖက်ရည်ဆိုင်လေးရှေ့သို့ လာရောက် ရပ်တန့်လိုက်သည်ကို တွေ့ရလေ၏။ အဆိုပါ ကားအတွင်းမှ ဒရိုင်ဘာ ဖြစ်သူသည် ပြာပြာသလဲ အမူအယာဖြင့် ကားပေါ်မှဆင်းပြီးလျှင် ကားနောက်ခန်းတံခါးအား ဖြည်းညှင်းစွာ ဆွဲ၍ ဖွင့်လိုက်လေ၏။

လက်ဖက်ရည် ထိုင်နေသူများနှင့် လမ်းသွားလမ်းလာ များမှာ အဆိုပါ ဖြစ်ရပ်အား ငေး၍ ကြည့်ရှုနေသည့် အခိုက်မှာပင် ကားပေါ်မှ လူတစ်ယောက် ဆင်းလာသည်ကို တွေ့ရလေ၏။ ကားပေါ်မှ ဆင်းလာသူမှာ နက်ပြာရောင် ဥရောပဝတ်စုံကို သေသပ်စွာ ဝတ်ဆင်ထားလေ၏။ ဒေါင်ကောင်း၍ ယောက်ျားပီသသော ခန္ဓာကိုယ် အချိုးအစားကြောင့် ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်ဟုပင် တင်စားရလောက်သော ရုပ်ရည်ရှိသူ လူရွယ်တစ်ယောက် ဖြစ်သည်ဟု ခန့်မှန်းမိလေတော့၏။

ထိုလူရွယ်သည် ပတ်ဝန်းကျင်အား အနည်းငယ် အကဲခတ်ပြီးနောက် လက်ဖက်ရည်ဆိုင်အတွင်းသို့ ဝင်သွားလေ၏။ ကားဒရိုင်ဘာ ဖြစ်သူမှာ လူရွယ်နောက်မှ လိုက်သွားပြီးလျှင် လူရွယ်ထိုင်မည့် ထိုင်ခုံအား ၎င်း၏ ပုခုံးထက်၌ တင်ထားသော အဝတ်စနှင့် သုတ်ပေးလေ၏။

လူရွယ်အား ကြည့်နေသူများမှာ အစပထမတွင် လူရွယ်အား ငေးကြည့်နေကြသော်လည်း ယင်းသို့ ဒရိုင်ဘာမှ ထိုင်ခုံအား သုတ်ပေးနေသည်ကို တွေ့သောအခါတွင် အမြင်ကတ်သွားသည့် အမူအယာများသို့ ပြောင်းလဲ သွားသည်ကို တွေ့ရလေ၏။ လူရွယ်သည် ထိုင်ခုံတွင် ထိုင်လိုက်သည့်အခါ စားပွဲထိုးလေးမှ “ဘာသောက်မလဲ” ဟူ၍ လာရောက် မေးမြန်းလေ၏။

ထိုအခါ ဒရိုင်ဘာဖြစ်သူမှ “ဟေ့ကောင် စားပွဲထိုး၊ မင်းတော်တော် ရိုင်းပါလား၊ နောက်အခါ ငါ့ဆရာကို ဆရာ ဘာသောက်မလဲခင်ဗျ လို့ မေး” ဟူ၍ ပြောလေရာ စားပွဲထိုးလေးမှ ဒရိုင်ဘာဖြစ်သူအား ‘ဒီလူကဘာတုံး’ ဟူသော အကြည့်ဖြင့်ကြည့်နေလေ၏။ စားပွဲထိုးလေး ကဲ့သို့ပင် လက်ဖက်ရည် သောက်နေသူများမှလည်း ဒရိုင်ဘာအား မကြည်ကြည့်ဖြင့် ကြည့်နေကြလေရာ ဒရိုင်ဘာမှာ မနေတတ် မထိုင်တတ် ဖြစ်သွားလေတော့၏။

ထိုအခါ လူရွယ်မှ “ငါ့ညီ … အကို့အတွက် လက်ဖက်ရည် စိမ့်စိမ့်လေး တစ်ခွက်ဖျော်ပေးပါကွာ” ဟူ၍ ပြောလိုက်လေရာ ပတ်ဝန်းကျင်မှ လူများ၏ အကြည့်မှာ ရုတ်ချည်းဆိုသကဲ့သို့ပင် ပြောင်းလဲသွားပြီး “ဒရိုင်ဘာကသာ ပိုနေတာပါကွာ၊ လူရွယ်ကတော့ မွန်မွန်ရည်ရည်ပါပဲ” ဟု အချင်းချင်း တီးတိုး ပြောဆိုနေကြလေတော့၏။

စားပွဲထိုးလေးမှ လူရွယ်ထံသို့ လက်ဖက်ရည် လာရောက်၍ ချပေးသောအခါတွင် လူရွယ်မှ စားပွဲထိုးလေးအား “ငါ့ညီကို မေးခွန်းလေး နည်းနည်းလောက် မေးလို့ ရမလားကွ” ဟူ၍ ပြောလေရာ စားပွဲထိုးလေးမှ “မေးပါ အကိုကြီး” ဟူ၍ ပြန်လည် ပြောလိုက်လေ၏။

“ဒီလို ငါ့ညီရဲ့၊ ပြီးခဲ့တဲ့ ရက်ပိုင်းကပေါ့ကွာ၊ ငါ့ညီတို့ဆိုင်ကို လူကောင်ကြီးကြီးနဲ့ မျက်နှာစိမ်းတစ်ယောက် လာထိုင်သေးလားကွ” ဟူ၍ မေးမြန်းလေရာ စားပွဲထိုးလေးမှ သူ၏ ခေါင်းအားကုတ်ရင်း “မသိဘူး အကိုကြီးရ” ဟူ၍ ပြောလိုက်လေ၏။ ထိုအခိုက်တွင် လူရွယ်နှင့် ကပ်ရပ် ဝိုင်းတွင် ထိုင်နေသော လူကြီးတစ်ဦးမှ “လာသွားတယ် မောင်ရင်၊ မှတ်မှတ်ရရ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကပဲ၊ စာတစ်စောင်ဖတ်ပြီး ‘တောက်’ တောင် အကျယ်ကြီး ခေါက်သွားသေးတယ်ကွ” ဟူ၍ ပြောလေရာ လူရွယ်မှ “ကျေးဇူးပါပဲ ဦးကြီးရေ၊ ကျနော်လည်း ဒါလေး သိချင်လို့ လာလိုက်တာပါ၊ ခုတော့ ဦးကြီးကြောင့် ဟန်ကျသွားပြီဗျို့” ဟူ၍ ပြောလိုက်လေ၏။

ယင်းနောက်တွင် လူရွယ်သည် လက်ဖက်ရည်အား ဆတ်ခနဲ မော့ချကာ သောက်လိုက်ပြီး ထိုင်ခုံမှထကာ ၎င်း၏ ဒရိုင်ဘာဖြစ်သူအား “ငတိုး လဖက်ရည်ဖိုးကို ဟိုက ဦးလေးကြီးဝိုင်းအတွက်ပါ ရှင်းပေးခဲ့” ဟူ၍ ပြောဆိုပြီး ကားဆီသို့ ထွက်ခွာသွားလေ၏။ ငတိုးဟူသော ဒရိုင်ဘာမှာလည်း လက်ဖက်ရည်ဖိုးအား ရှင်းပေးပြီးနောက် ကားဆီသို့ အပြေးသွားကာ တံခါးအား ဖွင့်ပေးလိုက်လေ၏။ ယင်းနောက် ကားလေးသည် လက်ဖက်ရည်ဆိုင်ရှေ့မှ ထွက်ခွာ သွားလေတော့၏။

X X X X X X X X

အကြံအစည်

သင်္ဃန်းကျွန်းဘူတာ အနီးရှိ အိမ်ကြီးတစ်အိမ်တွင် ဦးခိုင်ဟူသော လူကြီးနှင့် မောင်အောင်ပု ဟူသော လူရွယ်တို့သည် စကားပြောလျှက် ရှိသည်ကို တွေ့ရလေ၏။

ပု – “ဘယ်လိုလဲ ဦးခိုင်ရဲ့၊ ကျုပ်တို့ ရထားတဲ့ ဆွဲပြားလေးနဲ့ ဘာဆက်လုပ်ကြရမှာလဲ”

ခိုင် – “ဒီတစ်ခုတည်းနဲ့တော့ ဘာမှ ဆက်လုပ်လို့ ရသေးမှာ မဟုတ်ဘူး မောင်အောင်ပုရေ၊ နောက်ထပ် သုံးခုရအောင် ရှာရဦးမယ်ကွ”

ပု – “နောက်သုံးခုကို ဘယ်လို ရှာကြမလဲဗျာ၊ ကျုပ်တော့ဖြင့် ရတနာတွေကို မြန်မြန်လိုချင်လှပြီ”

ခိုင် – “ခေါင်းအေးအေးထားပါ မောင်အောင်ပုရယ်၊ ဒါကို ကျုပ်လည်း ကြံနေပါတယ်၊ အခု ကျုပ် စဉ်းစားမိတာ တစ်ခုတော့ ရှိတယ်”

ပု – “ပြောဗျာ”

ခိုင် – “ဒီလို မောင်အောင်ပုရေ၊ ကျုပ်ရထားတဲ့ သတင်းတွေအရ ဆိုရင် ဆွဲပြားလေးရဲ့ ကျန်တဲ့ သုံးပိုင်းထဲက တစ်ပိုင်းကို ကြောင်ကြီးဆိုတဲ့ လူကြီးတစ်ယောက်က ရထားတယ်ဗျ၊ နောက်တစ်ပိုင်းကိုတော့ မောင်ဂီဆိုတဲ့ လူရွယ်တစ်ယောက်က ရထားပြီး၊ ကျန်တဲ့ တစ်ပိုင်းကတော့ ဘယ်ဆီမှာမှန်း မသိသေးဘူး၊ ဒီတော့ ကျုပ်တို့ အနေနဲ့ ကြောင်ကြီးနဲ့ မောင်ဂီရဲ့ လက်ထဲကနေ အပိုင်းနှစ်ပိုင်းကို အရင်ဆုံး လုယူရလိမ့်မယ်၊ ဒါပေမယ့် ဒီလူတွေက ခေသူတွေ မဟုတ်တော့ တယ်တော့ မလွယ်ဘူးရယ်”

ပု – “လွယ်တာ မလွယ်တာ ထားပါဦး၊ ဦးခိုင် စဉ်းစားမိတာကို အရင်ပြောဗျာ”

ခိုင် – “ကျုပ် စဉ်းစားမိတာကို ပြောရရင်၊ ကျုပ်တို့အနေနဲ့ ကြောင်ကြီးဆီက တစ်ပိုင်းကို အရင်လုရမယ်ဗျ၊ ဒီတော့ကာ ကျုပ် ကြံထားတာက …” ဟူ၍ မောင်အောင်ပု၏ အနီးသို့ကပ်ကာ တီးတိုး ပြောလိုက်လေတော့၏။

ထိုအခါတွင် မောင်အောင်ပုမှ “ဒီလိုဆိုရင်တော့ ဟုတ်ပြီ၊ ရတနာတွေနဲ့ နောက်ခြေတစ်လှမ်း နီးဖို့အတွက် ခု ကျုပ်လည်း ခြေလှမ်းလိုက်ဦးမယ်ဗျာ” ဟူ၍ ပြောကာ ဦးခိုင်အား နှုတ်ဆက်ပြီး အိမ်ကြီးအတွင်းမှ ထွက်သွားလေတော့၏။

X X X X X X X X

ပြန်လည် မွေးဖွားလာခဲ့သူ

တစ်နေ့သ၌ အင်းစိန် အကျဉ်းထောင်ကြီး၏ ရှေ့တွင် အသက် (၂၅) နှစ်အရွယ်ခန့်ရှိ လူရွယ်တစ်ဦးသည် ရှမ်းဘောင်းဘီအား ဝတ်ဆင်ထားပြီး ရှမ်းလွယ်အိတ်ကြီးအား လွယ်ထားလျက် တစ်စုံတစ်ယောက်အား စောင့်မျှော်နေလျှက်ရှိသည်ကို တွေ့ရလေ၏။

ထိုအခိုက်တွင် ခပ်နွမ်းနွမ်း အဝတ်များကို ဝတ်ဆင်ထားသည့် လူတစ်ယောက်သည် ထောင်ကြီးအတွင်းမှ ထွက်လာသည်ကို တွေ့ရလေ၏။ ထိုအခါ လူရွယ်မှ –

“ဟက်လို … ကိုရင်မောင်” ဟူ၍ လှမ်းပြောလိုက်လေရာ ကိုရင်မောင် ဆိုသူမှ “ဟာ … မောင်ပေ ပါလား” ဟူ၍ ဆိုကာ ဝမ်းသာအားရ ပြေး၍ ဖက်လေ၏။ ကိုရင်မောင်မှ “ငါ ဒီနေ့ လွတ်မယ်ဆိုတာ မင်း သိနေတယ်ပေါ့ ဟုတ်လား” ဟူ၍ ပြောလေရာ မောင်ပေ ဆိုသူမှ “ကိုရင်မောင်ရယ် .. ကျုပ်မှာက ဟောဒီနားနှစ်ဖက်တင် ရှိတာ မဟုတ်ဘူးလေဗျာ” ဟူ၍ ၎င်း၏ နားနှစ်ဖက်အား ကိုင်ပြရင်း ခပ်ပြုံးပြုံးဖြင့် ပြောလိုက်လေ၏။

ရင် – “ငါ သိပါတယ် မောင်ပေရယ်၊ ငါက အမှတ်တမဲ့ မေးလိုက်တာပါကွ”

ပေ – “ဒါနဲ့ အကြွေးတွေ အကုန်ဆပ်ခဲ့ပြီ မဟုတ်လားဗျာ”

ရင် – “ဆပ်မှတော့ ကျေပြီပေါ့ မောင်ပေရယ်၊ ခုဆို ငါက ဒိုဘီဆိုင်က ထွက်လာတဲ့ အဝတ်ဖြူလေးတစ်ထည်ပေါ့ .. ဟဲဟဲ”

ပေ – “ကြိုက်တယ် ကိုရင်မောင်ရေ၊ အချို့ဆို ထောင်က ထွက်လာရင် ထောင်ထွက်ဆိုပြီး စွာကျယ်စွာကျယ် လုပ်တတ်တယ်၊ အချို့က ငါ ထောင်ထွက်တစ်ယောက်ပဲ ဆိုပြီး မျက်နှာ ပြရမှာ ရှက်တတ်တယ်၊ စိတ်အားငယ်တတ်တယ်၊ ကိုရင်မောင် ကြည့်ရတာဖြင့် ဒီလို မဟုတ်ဘူး၊ လောကကြီးထဲမှာ အသစ်တစ်ဖန် မွေးဖွားလာတဲ့ လူတစ်ယောက်လိုပဲ”

ရင် – “ဒါတော့ လွန်ပြီထင်တယ် မောင်ပေ”

ပေ – “မလွန်ပါဘူးဗျာ၊ ကျုပ်က အရှိကို အရှိအတိုင်း ပြောတာပဲ”

ရင် – “မဟုတ်ပါဘူး လွန်ပါတယ်ကွ”

ပေ – “ဘာကိုလဲဗျ”

“မနက်စာ စားချိန်ကိုလေ” ဟူ၍ ကိုရင်မောင်မှ ပြောလိုက်လေရာ မောင်ပေ ဆိုသူ လူရွယ်မှာ “ဟုတ်တယ်၊ ဒါတော့ တော်တော်ကို လွန်တယ်” ဟူ၍ ခပ်ပြုံးပြုံး ပြောဆိုရင်း ရီမောလိုက်လေရာ ကိုရင်မောင်မှာလည်း မောင်ပေ ဆိုသူ လူရွယ်နှင့်အတူ ရီမောလိုက်လေတော့၏။

“ဟား … ဟား … ဟား”

X X X X X X X X

ကြိုးစားလျှက်

အံစာတုံး

54 comments

  • Solid_Sn@ke

    July 20, 2012 at 1:44 pm

    သများဆီက ဟိုအပြား ကို အူးခိုင် လာမလုအောင် လုံခြုံစွာ သိမ်းထားပါတော့မယ်ချင့်
    :mrgreen:

    • kai

      July 21, 2012 at 3:36 am

      တကယ်တမ်းက.. ရုပ်တွေလည်းဖြစ်ပြီးပျက်တာပဲ..
      ဖြစ်၊ရပ်၊ပျက်.. ဥပါဒ်ဌီဘင် -1 0 +1 သုံးမျိုးနဲ့အလုပ်လုပ်နေတာ…
      ကွန်ပျူတာ.. 01 ထက်.. နည်းနည်းပိုပြီးရှုပ်ထွေးတာပဲ ရှိတယ်..။

      ဆိုတော့..
      Xigit နည်းပညာနဲ့.. လုမည်ဖြစ်ကြောင်း. ကြိုတင်သတိပေးပါတယ်.. :mrgreen:

  • amatmin

    July 20, 2012 at 1:47 pm

    ဘိုအံရေ..
    အတော်လေး မိုက်သဗျ..
    ဖတ်ရတာတော့ အားမရဘူးဗျာ..တိုနေလား လို့…
    လောလောဆယ်တော့ ဂလောက်ပဲ
    မန့်တတ်သေးတယ်ဗျာ. 😛

  • weiwei

    July 20, 2012 at 1:48 pm

    ဒီတစ်ခါ အရင်ဆုံး ဖတ်သွားလိုက်ပြီ … 😛

    • Moe Z

      July 20, 2012 at 2:07 pm

      အယ် .. မမဝေညာတယ်
      အရှေ့မှာ ၂ယောက်တောင်ဖတ်ပြီးသွားပြီ 😛

      အူးလေးအံချာဒုံးရေ နောက်တစ်ပိုင်းကို ရှည်ရှည်ရေးဗျ

      • Solid_Sn@ke

        July 20, 2012 at 2:23 pm

        ဟုတ်တယ်ဗျို့ … အရပ်တို တာ ..၆လက်မ ဒေါက်နဲ့ ဖြေရှင်းလို့ ရပေမယ့် ..
        ပိုစ့် တိုတာက ဖတ်ကောင်းတုန်း ဆန့်ငင်ဆန့်ငင် ဆိုတော့ ရင်ထဲကျလိကျလိ (ခွက်ဒစ်တူ ပန်ပန်)
        ဟီဟိ…
        :mrgreen:

        • မဟာရာဇာ အံစာတုံး

          July 20, 2012 at 7:03 pm

          ဟုတ်ကဲ့ ..
          နောက်တစ်ပိုင်းကိုတော့
          အတတ်နိုင်ဆုံး ရှည်ရှည်ရေးပါ့မယ်ဗျ …
          ကြိုးစားနေပါဒယ် (နှစ်ထုံးကုန်သွားပီ) 😀

  • မဟာရာဇာ အံစာတုံး

    July 20, 2012 at 2:00 pm

    @ကိုဂီ
    သိမ်းလည်း သိမ်းထားဗျာ ..
    ပြီးတော့ အူးခိုင်လာရင်
    ဖိုက်လွှတ်ရအောင်လည်း အသင့်ပြင်ထားဦးဗျာ .. 😀
    ကျေးဇူးပါ ..

    @ကိုမတ်
    ကိုမတ်ရေ ..
    ကျနော်လည်း ရေးပြီးသလောက်
    တင်လိုက်တာပါဗျာ ..
    ဆက်လက် ကြိုးစားပြီးလည်း ရေးသားပါဦးမယ် ..
    ခုလို လာရောက် အားပေးဖတ်ရှုတာကို ကျေးဇူးပါနော့ ..

    @မဝေဝေ
    အဟီးးးးးး
    ဂျီးဒေါ် ကလည်း … 😀
    ဖတ်ရှုတာကို ကျေးဇူးပါ …

    ခင်မင်စွာဖြင့်
    အံစာတုံး

    • မိုက်ကယ်ဂျော်နီအောင်ပု

      July 20, 2012 at 2:06 pm

      ဇာတ်ဆရာဂျီး
      ဇာတ်ကွက်ကြည့်ရတာ ကျုပ်က ဇာတ်လိုက်ကစ်လို့ ဘေးကျိုးမဲ့ပုံပေါ်နေဒယ်
      ဘာဘဲဖြစ်ဖြစ်
      ကျုပ်က ဇာတ်လိုက်ကို စိတ်ရှိလက်ရှိအပီကြွေး ဇာတ်လိုက်က
      လိမ့်နေအောင်ခံရ
      ဇာတ်လိုက်ဂ သေလုသေမြောပါးကျမှ လက်ထဲဂို ဘဒင်းဂန်းဂျီးရောက်ချင်သလိုရောက်လာပြီး
      ကျုပ်ကိုမွှေ့
      ကျုပ်ကလည်း တစ်ချက်ထဲမသေဘဲ
      ခုလိုအသေခက်တာကတော့ မြန်မာ့ငပိ ကိုစားလို့ဖစ်ဘာဒယ်
      ဆိုပီး
      ဒရန်တန်တန်ပေါ့ဗျာ

      • မဟာရာဇာ အံစာတုံး

        July 20, 2012 at 7:06 pm

        ဦးအောင်ပုတို့များ သေဒါတောင်မှ
        ဇာတ်လိုက်ကို အပီအပြင် ဆွဲပြီးမှ သေချင်ဒါဂိုး .. 😀
        တစ်ချက်ထဲနဲ့ မသေချင်ရင်တော့
        တော်တော် ခံရမယ်နော် .. ချင်းချားဘာအုံး .. အဟိ ..
        😀

  • mamanoyar

    July 20, 2012 at 2:00 pm

    ဒါနဲ့ မောင်ပေရဲ့ပုံသဏ္ဍာန်က မဲမဲ ပုပု ပိန်ပိန် ရုပ်ဆိုးဆိုး လေးမဟုတ်လားဟင်
    ဟဲဟဲ
    ဝတ္တုကတော့ မိုက်တယ် နောက်အဆက်တွေစောင့်နေမယ်နော်
    မြန်မြန်တင်ပေး

    • pan pan chit

      July 20, 2012 at 2:29 pm

      ကပေက အရပ် ၆ပေရှိတဲ့ လူ့ဘီလူးကြီး
      ဘယ့်နှယ် ပုပုပိန်ပိန်ရမှာလဲ
      အဲ့…ရုပ်ဆိုးတာတော့ဟုတ်တယ်
      ဟိုလေ..ဟိုမင်းသား ဗေကြီးကို ဇွန်းဆွဲကြည့် ဟိဟိ :mrgreen:

      • မောင်ပေ

        July 20, 2012 at 8:31 pm

        သူဘဲ
        ကျုပ်ဖေ့ဘုတ်မှာတင်ထားတဲ့
        ဓါတ်ပုံတွေကို
        တစ်နေ ့၁ဝခေါက်လောက် ဝင်ဝင်ကြည့်နေပီး
        အခုမှ… ဟွန်း
        တော်ဘီ ၊ ကျုပ် ဓါတ်ပုံတွေကို ပရိုက်ဗေဆီ လုပ်ပစ်လိုက်ပြီ
        🙂

  • ဘဲဥ

    July 20, 2012 at 2:28 pm

    တစ်ခါတည်း အားရပါးရဖတ်ချင်တာ
    အထုကျတော့ ဆန့်ငင်ဆန့်ငင်နဲ့ မျှော်လိုက်ရတာအေ
    ကိုယ့်စော်ကိုယ်တောင် အဲ့လောက် မမျှော်ဖူးဘူး 😆

    • မဟာရာဇာ အံစာတုံး

      July 20, 2012 at 7:09 pm

      ဟဲ့ .. ဘဲဥမ
      နင်ဂ ဆော်ရှိဂျောင်း ကြွားလိုက်ဒါပေါ့လေ ..
      ဟွင်း .. ဟွင်း .. နာမသိ ခက်မယ် ..
      😀 😀

  • မောင်ပေ

    July 20, 2012 at 2:48 pm

    ဟဲဟဲ
    ဒီအပိုင်းကို ဖတ်အပြီး
    ဒီညနေအတွက်
    ၂၅ ကို အပီဆော်လိုက်မယ်
    အောင်လို့ကတော့
    နိုရာလေးရယ်
    မိုးဇက်ကလေးရယ်နဲ့
    ဗိုလ်ချုပ်ဈေးမှာ
    အပြတ်ကဲမှာနော….
    pooch နဲ့ snow white ရယ်
    ဝှူဝှူးတို့ကိုလဲ ခေါ်အုန်းမှာ
    မဟာအံကြီးရေ ရှဲရှဲဘာနော

    • Moe Z

      July 20, 2012 at 3:03 pm

      ကိုယ်တိုင်တောင် ဇရပ်မှာနေပြီးဈေးရောင်းနေရတာကို ကိုပေရယ်
      ဒါတွေကြောင့်လည်း မိန်းမက အိမ်ပေါ်ကနှင်ချထားတာ
      နဲတောင်နဲသေးတယ် …

      • mamanoyar

        July 20, 2012 at 4:13 pm

        ဟုတ်ပါ့ မိုးဇက် ရယ် ပြောလိုက်စမ်းပါ

        • မောင်ပေ

          July 20, 2012 at 8:04 pm

          အောင်မြတ်မင်း
          မဟာအံဂျီးရဲ ့
          ၄၅ နှစ်လို ့ဒဲ့ပြောလိုက်ရင် ရရဲ ့သားနဲ ့ဟာကို
          အခုတော့ ၂၅ဆိုလို ့၂၅ ကို ထုလိုက်တာ ပလုံသွားပေါ့
          နိုရာလေး နဲ ့မိုးဇက်လေးတို ့ရေ
          ကိုပေ့ကို လာထွေးကူလှည့်ပါအုန်း…ဟုံးဟုံး….
          ဟီဟိ

        • မဟာရာဇာ အံစာတုံး

          July 20, 2012 at 8:08 pm

          အဲ့ဒီမှာ တွေ့တာပဲ …
          ကျုပ်က ခင်ဗျားကို
          ဘယ်အရွယ်မှန်း မလိုဘူးလေဗျာ …
          ဇာတ်ကောင်ကို အလန်းတွေ ဖြစ်စေချင်လို့ ..
          ၂၅ လို့ တီးထည့်လိုက်တာကို … 😀
          ဒါပေမယ့် စိတ်ဓါတ် မကျပါနဲ့ဦး …
          နောက်တစ်ပတ် ဆက်ကစ်ကြည့်လိုက်ဦးပေါ့ .. ဟီဟိ .. 😀

  • Novy

    July 20, 2012 at 3:02 pm

    ရတနာစောင့် နတ်သမီးလေး နိုဗွီ ဆီကတော့ လာမလုနဲ့နော်
    ဆွဲထားတဲ့ ကြိုးလေး ့မြန်မြန်သိမ်းမှ

  • shwe kyi

    July 20, 2012 at 3:29 pm

    ကိုအံစာတော်ချက်။
    ဆက်ပါဦးရှင့် ကားပေါ်ကဆင်းလာတဲ့ကိုယ်တော်က ဘယ်သူများဖြစ်လေမလဲမသိ။
    ကိုရင်မောင်တော့ ထောင်ထွက်ဖြစ်သွားရှာပေါ့။ 😀

    • zarzarhtwe

      July 21, 2012 at 3:05 am

      ထင်တာတော့ ဖားသက်ပြင်း လေ
      ဟုတ်လား ကိုအံ

  • ညလေး

    July 20, 2012 at 3:54 pm

    ဖတ်ရတာ..အရမ်းစိတ်ဝင်စားလာပြီဗျို……
    အဆက်ကလေးမြန်နိုင်သလောက်မြန်အောင်တင်စေချင်ပါတယ်…….
    အံစာတုံးလေးရယ်………

  • may flowers

    July 20, 2012 at 4:27 pm

    နောက်အပိုင်းမျှော်နေပါတယ်…………မြန်မြန်လေးတင်ပေးပါဗျို့။ စိတ်ဝင်စားစရာမို့ စောင့်မျှော်နေပါတယ်

    ကိုအံစာရေ..။

  • ကိုရင်မောင်

    July 20, 2012 at 4:49 pm

    ကဲ….ဇာတ်လမ်းထဲ ပါဘူးသွားပြီ..
    ထောင်ထွက်ဖြစ်လဲ ကိစ္စမရှိပါဘူးလေ..
    ဒါပေမဲ့ မဟုတ်မဟတ် အမှု့နဲ့တော့
    ထောင်ထွက် မလုပ်နဲ့နော် ကောင်လေး..
    ဦးကရှက်တတ်တယ်….ဟိ….

  • etone

    July 20, 2012 at 4:53 pm

    စိတ်ဝင်စားလာပြီ … ။
    ဒါနဲ့ … ဟိုလူရည်မွန်လေးက .. ခြောက်မျက်နှာတော့ မဟုတ်လောက်ဘူးထင်ပါရဲ့ …. ။
    ကိုရင်မောင်ရဲ့ ….. ယင်နားစာတွေ မစားပါနဲ ့ .. အပြင်စာတွေ မစားပါနဲ့လို့ မမယ်မက မှာခဲ့တာ … တော်က နားမထောင်ဘူးကိုး ……. ။ အခုတော့ ထောင်ကျခံခဲ့ရပြီမို့လား … ခွိခွိ 😛

    • ကိုရင်မောင်

      July 20, 2012 at 9:50 pm

      အမယ် အီတုန်ရဲ့ သူများဇာတ်လမ်းထဲစောစောပါလာတာ
      မနာလိုဖစ်နေပြီ ထောင်ကျတာက ဟိုချည်ဖတ် ဖားမင်းဆွေကို
      ချောင်းရိုက်လိုက်လို့ထောင်ကျသွားတာ အီတုန်ရဲ့ ဟုတ်တယ်နော်
      အံစာတုန်းလေး…(ကိုယ်ရိုက်ချင်တာကိုပြောတာ…ဟီးးး)

      • htoosan

        July 20, 2012 at 10:36 pm

        ကိုရင်မောင်ရေ .. ဖားမင်းဆွေ ထက် ရိုက်ချင်တဲ့သူတွေ့လိုက်မယ် ။ http://www.facebook.com/ElevenMediaGroup မှာလမ်းတစ်ခြမ်းကြီး ပြောထားတာလေး သွား ဖတ်ကြည့် ။ ရိုက်ရုံတင်မက အသေသတ်ချင်လိမ့်မယ် ။ …

        • htoosan

          July 20, 2012 at 10:44 pm

          ဆောဒီး ကိုသန်းထွဋ်ဦးလည်း တင်ထားပါသည် .

        • ကိုရင်မောင်

          July 21, 2012 at 4:50 pm

          ဟုတ်ပ….ကိုထူးဆန်းရေ…

  • J@ckal

    July 20, 2012 at 6:26 pm

    လူကောင် ကြီးကြီးနဲ့ တောက် အကျယ်ကြီး ခေါက်သွားတယ် ဆိုတာ…..
    အင်း တန်တော့
    သိမ်ဖြူတကျော ဟုန်းဟုန်းတောက် ကျော်ကြားတဲ့ တောင်ညွန့်လူမိုက် ကိုအာဂကြီးများလား မသိ 🙂
    ဒီလူကြီးက ဂမီ္ဘရတွေ ရတနာသိုက်တွေ လွှတ်စိတ်ဝင်စားတယ် ဆိုဘဲ ……………………………….
    ဟိုတလောကလဲ သူယောင်သီးရတယ် ဆိုပီး နာမည်ကြီးသွားသေးတယ်။ ဒါပေသိ တကယ့်တကယ်
    ကျတော့်မှ သူယောင်သီး မဟုတ်ဘဲ နွယ်သီးကြီး ဖြစ်နေတယ် ဆိုဘဲ :mrgreen: ကြားတာပြောတာ။

  • မဟာရာဇာ အံစာတုံး

    July 20, 2012 at 7:23 pm

    @မမနိုရာ
    လာရောက် ဖတ်ရှုအားပေးတာ
    ကျေးဇူးပါဗျာ ..
    ကိုပေရဲ့ ပုံစံကတော့ဖြင့်
    အောက်က ပန်ပန် ပြောထားလို့
    သိတွားပီ မဟုတ်လားဟင်င် … 😀

    @ရောင်းရင်းကြီး
    ၂၅ ကို အပီဆော်လိုက်ဒါ
    ဘီလို ဖစ်သွားဒုံးဟင်င်င် .. 😀
    ဖတ်ရှုအားပေးတာ ကျေးဇူးပါဗျာ

    @မနိုဗွီ
    ဂျီးဒေါ်က ဆွဲကြိုးကို
    ဆွဲတောင်ထားပါလားဗျ ..
    အဟီး …
    ဖိုးထောင်တော့ ဆွဲထားလို့ ပါသွားပီဗျို့ … 😀

    @ကိုနာဂ
    ကိုနာဂ ကလည်းဗျာ ..
    ခုမှ အစပဲ ရှိသေးတာလေဗျာ …
    နောက်တော့ ပါလာမှာပေါ့လို့ ……
    သူဂလည်း ဇွတ် .. 😀

    @မရွှေကြည်
    ဆက်ဦးမှာပါဗျာ …
    ကားပေါ်က ဆင်းလာတဲ့ ကိုယ်တော်ကို
    မရွှေကြည် ခိုက်သွားပီလားဗျ .. ဟီးဟိ
    😀

    @မမေဖလားဝါး
    ဟုတ်ကဲ့ပါ ခင်ဗျာ ..
    မြန်မြန်လေး တင်ပါ့မယ် ..
    စိတ်ဝင်စားတယ် ဆိုလို့လည်း ကျေးဇူးပါနော့ ..

    @ကိုရင်မောင်
    ကိုရင်မောင်ရေ ..
    အဲ့အခန်းကို စရေးမယ်လုပ်တဲ့ အချိန်မှာ
    နာမည်ကို စဉ်းစားလိုက်တော့
    ကိုရင်မောင် ဆိုတာကြီးကလည်း ပေါ်လာသဗျို့ ..
    ဒါနဲ့ ထူးပါဘူးလေဆိုပြီး ကစ်ထည့်လိုက်တာ ..
    တော်ဒေးတာပေါ့ဗျာ ..
    ကိုရင်မောင်က စိတ်မဆိုးလို့ .. အဟီးးးး 😀

    @မအိတုံ
    အဟမ်း .. ဟမ်း ..
    ဟိုလူရည်မွန်လေး ချိုဒါ …. 😀
    ပေါ်လာပါလိမ့်မယ်ဗျာ ….

    @J@ckal
    ဟုတ်ကဲ့ပါ ခင်ဗျာ ..
    ခုလို လာရောက် အားပေးသွားတာ
    ကျေးဇူးပါဗျို့ ….
    ______________________

    ခုလို လာရောက်၍
    ဖတ်ရှု အားပေးသွားကြပါကုန်သော
    ချစ်စွာသော ရွာသူားအပေါင်းအား
    ကျေးဇူး အထူးတင်ရှိပါကြောင်း ………

    ခင်မင် လေးစားစွာဖြင့်
    အံစာတုံး

  • အရီးခင်လတ်

    July 20, 2012 at 7:55 pm

    ဦးခိုင် နဲ့ မောင်အောင်ပု က အဓိက ဇာတ်လိုက် တွေ ထင်ပါရဲ့။
    မောင်ပေ့ မှာ နားရွက် ၂ခု မက ရှိမှန်း အခု မှ သိတော့ တယ်။ 😆

    • မဟာရာဇာ အံစာတုံး

      July 20, 2012 at 8:10 pm

      အရီးရေ ..
      ခုမှ ဇာတ်က ပျိုးတုန်းဆိုတော့
      ဟိုအကွက်၊ ဒီအကွက်ကို
      အရင် လိုက်ပြနေရတယ်ဗျို့ …
      လာရောက် ဖတ်ရှုအားပေးတာ ကျေးဇူးပါ ခင်ဗျာ ..

  • မိုးတိမ်

    July 20, 2012 at 8:33 pm

    သူကြီးကို နာနာနှိပ်ဗျ။ဒီလူကြီးက လစ်ဘရယ် ဆိုတော့ လူဆိုးလုပ်ရင်သူချည်းခံရမှာ။ဟိဟိ
    ကျုပ်ကတော့ လစ်ဘရယ် မဟုတ်ဘူးဗျ။အဲ လစ်ဘရယ် မဟုတ်တော့ လူဆိုးတော့လုပ်ချင်သား။
    ပြီးရင် ကိုယ်ကချည်းပဲ ဗျင်းချင်တယ်ဗျာ။နောက်ဆုံးမှာ လူဆိုးကသေရမယ်ဆိုရင်တောင် သေနတ်မှန်ပြီး
    ဖြုတ်ကနဲသေ အေးရော။

    P.S ရှည်ရှည်ရေးမရတာနားလည်ပါတယ်။ခံစားချက်ပေါ်မှ ချက်ချင်းကောက်ရေးလို့ရတာကိုး။
    ဒီတော့ အတင်းအကြပ်မတောင်းဆိုလိုပါ။ကိုအံစာတုံးကြီး အားမှရေးပါ စောင့်ဖတ်ဖို့က အနော့တာဝန်ကိုးဗျ။
    ကြိုက်တော့လဲတတ်နှိုင်ပါဘူးလေ။ကိုအံစာတုံးကြီး အမြဲ ၁ ပေါက်ကျပါစေဗျားးးးးးးးး

    • မဟာရာဇာ အံစာတုံး

      July 20, 2012 at 8:58 pm

      ဘာတုန်းဗျ ..
      အမြဲ ၁ ပေါက်ကျပါစေ ဆိုတာ ….
      နားလည်ဝူးရယ် … 🙄

      ကိုမိုးတိမ်ရေ ..
      ကျနော်က စာရေးတဲ့အခါ
      ခံစားချက်ပေါ်တာနဲ့ ကောက်ရေးတဲ့အခါလည်း ရေးလိုက်တယ်ဗျ ..
      ကောက်ရိုးမီး လက်သွားနဲ့ ရေးတတ်တာကတော့ အများဆုံးပါဗျာ ..
      အရေးကြီးတာက စ,ဖြစ်ဖို့ပဲဗျ …
      ဟုတ်ဟုတ် မဟုတ်ဟုတ် နည်းနည်းလောက် စလိုက်တာနဲ့
      နောက်ပိုင်းဟာတွေက အော်တိုထွက်လာတော့တာပဲ …
      ခုဆို ကိုမိုးတိမ် အပါအဝင် ရွာထဲက ရွာသူားတွေက အားပေးဖတ်ရှုကြတော့ ကျနော်မှာ ရေးဖို့ မပျင်းတော့ဘူးပေါ့ဗျာ …
      နို့မို့ဆို အကျင့်က တန်းလန်းကြီး ဖြစ်ဖြစ်သွားတတ်တာရယ် .. 😀
      ဒီအတွက်လည်း ရွာသူားတွေကို အများကြီး ကျေးဇူးတင်ရတယ်ဗျို့ ….
      စာရေးတဲ့အခါ ညဘက် လူခြေတိတ်ချိန် တစ်ယောက်တည်းဆို
      အလွန်ရေးလို့ကောင်းတယ်ဗျ …
      ခုလို ဖတ်ရှုအားပေးသွားတာ ကျေးဇူးပါ …

  • MaMa

    July 20, 2012 at 8:57 pm

    ရုပ်သေးစကားနဲ့ ပြောရရင် ခုမှ ကမာ္ဘတည်တုန်းဆိုတော့…..
    မဟာရာဇာရေ- ရွာသူားတွေ နာမည်မို့လို့ပဲ တော်တော့တယ်။
    နို့မို့ဆို သိုင်းဝတ္ထုတွေလို ရှေ့ဆုံးစာမျက်နှာမှာ ဇာတ်လိုက်တွေရဲ့ နာမည်နဲ့ ကိုယ်ရေးအကျဉ်းလေးတွေပါ ရေးပေးထားမှရမယ်။ [:))]

    • မဟာရာဇာ အံစာတုံး

      July 20, 2012 at 9:02 pm

      အန်တီမမရေ ..
      ရွာသူားတွေ များများပါနိုင်အောင်လို့ …
      ဇာတ်ကို ဆွဲဆန့်ထားရတာဗျို့ (ဝန်ခံတာ) …
      ခုထိ တည်နေတာတောင် “မမ” “အရီးလတ်” ဆိုတဲ့ အစွမ်းထက်တဲ့ အမျိုးသမီး ဇာတ်ကောင်တွေတောင် ပါသေးဘူးရယ် …. 😀
      ဒါနဲ့ စကားမစပ် ..
      အန်တီဆူး တစ်ယောက် ပျောက်နေသလားလို့ .. 🙄

      • ဆူး

        July 21, 2012 at 3:00 pm

        ဆူး ဆီမှာ အင်တာနက် မကောင်းလို့ ရွာထဲ သိပ်မဝင်ဖြစ်နေတာပါ။
        ဝင်တဲ့ အခါ နှေးလွန်းလို့ အသံမထွက်တာပါ။ ကိုယ်ပြောတာ အချိန်နဲ့ တပြေးညီ မဖြေရှင်းနိုင်မှာ စိုးလို့.. တိတ်တိတ်လေး နေနေတာပါ။ အလုပ်မအားတာလည်း ပါတယ်။
        ဂျီတော့လည်း သုံးမရဘူး ဖေ့ဘွတ်လေး လှုပ်စိ လှုပ်စိ နဲ့တော့ တက်သလိုတော့ ရှိတယ်။ တခြား ဟာတော့ မနက်ကနေ ညနေအထိ ဖွင့်မှ စာမျက်နှာ တခုပွင့်တယ်။
        နောက်ပိုင်း အလုပ်တွေ အားမှ ပြန်လာခဲ့မယ်။
        ရတနာ သိုက်ရှာပုံတော် ဇတ်ကောင်ထဲမှာ နာမည် မပါချင်သေးဘူးနော်..
        တိတ်တိတ်လေး နေချင်သေးလို့။

  • MaMa

    July 20, 2012 at 9:11 pm

    အန်တီဆူး မအားလို့ ရွာထဲ သိပ်မဝင်ဖြစ်ဘူး။
    အပြင်ကနေ လက်ထောက်ချလိုက်မယ်။
    ရတနာသိုက် ရှာပုံတော်မှာ မပါလိုက်ရင် ဝေစုမရလိုက်မှာစိုးလို့။

    ပြောလက်စနဲ့ ပြောရဦးမယ်….
    ဦးခိုင်နဲ့ မောင်အောင်ပုဇာတ်ရုပ်က အပြင်သဘာဝနဲ့ နီးစပ်တယ်နော်။ :mrgreen:

  • ဇောက် ထိုး

    July 20, 2012 at 10:31 pm

    သိပ်ပြီး ပြန်ပြောမနေနဲ့ဗျာ…. ရှေ့ဆက်ပြီး မြန်မြန်လုပ်…..
    ဒုက္ခဆိုတာထဲမှာ ကိုယ်ကြိုက်တာကို စောင့်ရတာလဲ ဒုက္ခဆင်းရဲပဲ….
    ကိုးရီးယားကားတောင် စောင့်ရမှာကြောင့် မကြည့်ခဲ့ဘူး…..
    ခုမှ လာမိနေပြီ……

  • Gipsy

    July 21, 2012 at 9:02 am

    ဟုတ်တယ်ဗျ … ကိုရီးယားကိုစိတ်မရှည်လို့ နေပါတယ်ဆိုပါမှ …
    ရတနာသိုက် မှာ အငိုက်မိရပလေတယ် …
    ကို ၆ မျက်နှာရေ ဆန့်တငံ့ဖြစ်အောင် တမင်လုပ်ရေလျော့သလား…
    ရွာသူားတွေ တဝကြီးဖတ်ရအောင် ရှည်ရှည်လေး လုပ်ပေးဇမ်းဘာ…..။

  • ကြောင်ကြီး

    July 21, 2012 at 9:20 am

    ငလုလို့ရမလားကွ၊ တမင်ဂလာ အလုခံလိုက်တာပဲရှိမယ်..သမီးဒေါ်ဂလေးမျက်နှာနဲ့..။ ကိုယ့်ကိုယ်ကို သိပ်ဟုတ်လှပီမထင်နဲ့ သဂျီးရေ… ယောက္ခမလောင်းဂျီးနဲ့ စောစောစီးစီး ရန်မဖြစ်ချင်လို့ အလျှော့ပေးလိုက်တာ၊ နောက်ဆုံးတော့ သဂျီးဘယ်လောက်ရှာရှာ စည်းစိမ်အကုန်လုံး သမီးဒေါ်ဂလေးဆီ ရောက်မှာပဲ မဟုတ်လား။ ကြောင်သားမက်လေးဆီက ဟောဒီဆောင်ပုဒ် မှတ်ထားလိုက် ယောက္ခမဂျီးရေ…”Work smarter, not harder.” 😎

    • MaMa

      July 21, 2012 at 4:38 pm

      “Work smarter, not harder.”
      တစ်ခွန်းဆို တစ်ခွန်း မှတ်သားလောက်ပါပေတယ်

  • aye.kk

    July 21, 2012 at 10:12 am

    ရှာပုံတော်-၂ကို…
    ဝင်ဖတ်သွားပါတယ်…။
    ဖတ်ပြီးတော့၊အောင်ပုကိုကူညီဖို ့
    အနောက်ကနေလိုက်ပေးသွားမိပါ၏။။

  • AKKO

    July 21, 2012 at 10:41 am

    မင်းသိက္ခာ တပည့်ရင်းလားမှတ်ရအောင် ရေးတတ်တယ် ။
    နောက်အပိုင်းတွေကိုဆက်လက်အားပေးဖို့ စောင့်နေပါတယ်နော် ။

  • Wow

    July 21, 2012 at 2:06 pm

    ကအောင်ပုက ဒီထဲမှာတောက်တိုမယ်ရပေါ့နော်… 😛
    ကဲအပြားတွေရအောင် ဆက်ရှာလိုက်ဦး…. 😀

  • အလင်းဆက်

    July 21, 2012 at 6:50 pm

    ကိုရင်မောင်..က ထောင်ထဲက ထွက်လာတယ်.. ။ အဟိ ။

    တော်သေးတယ်…သား… ထောင်ထဲ မရောက်လိုက်လို ့ ။
    ဘုရား.သိကြားမ..လို ့…. ပျိုတိုင်းကြိုက်တဲ ့ နှင်းဆီခိုင်..လ.ို နေရာမျိုးပဲ…ပါ ပါရစေ..။

    အဟိ ။

  • manawphyulay

    July 21, 2012 at 6:59 pm

    ကိုရင်မောင်က ပြန်လာပြီး ထောင်ထဲအလည်သွားနေတာလား… ပြန်လာတာတောင်မသိလိုက်ဘူး။

  • nature

    July 21, 2012 at 10:04 pm

    ဇာတ်လမ်းလေးကတော့စိတ်ဝင်စားပျော်ရွှင်ဖွယ်ရာလေးပဲ။ ရတနာမြေပုံကို ကြောင်ကြီးဆီကလုချင်ရင် ငါးကြောင်တကောင်ယူသွား။ ကြောင်ကြီးကိုလွယ်လွယ်တော့လျှော့တော့မတွက်နဲ့ တော်ကြာသူကပြန်လုထားမှ ဟုတ်ပေးဖြစ်နေဦးမယ်။ 🙂
    မောင်ဂီဆီကလုချင်ရင်တော့ စိုင်ကလေးတွေခေါ်သွား။စိုင်ပစ်နေတုန်းဈာန်ဝင်နေတုန်းလုပြေး ။ 🙂

    ပြီးရင်အခုတည်းကဝေစုခွဲဖို့ရှင်းရှင်းလင်းလင်းလုပ်ထား။ကျပ်ငွေနဲ့ဝေစုခွဲမှာလား။ ဒေါ်လာနဲ့ဝေစုခွဲမှာလား ။ ပွိုင့်နဲ့ဝေစုခွဲမှာလားဆိုတာ ။ 🙂

  • ကြောင်ဝတုတ်

    July 24, 2012 at 9:39 am

    လူထွားကြီးဆိုတိုင်း…. စိတ်ထဲထင့်နေတယ်…
    ဘယ်တော့များ ကူလီထမ်းရပါလိမ့်…

    ဝဋ်လည်တာတော့သေချာနေပြီ…
    ကြောင်ဝတုတ်

  • Khaing Khaing

    July 25, 2012 at 2:50 pm

    ဒုတိယပို့စ်ကို ယနေ့မြန်မာစံတော်ချိန် 2 နာရီ 50တွင်ဖတ်ရူပြီးစီးပါကြောင်း ………

Leave a Reply