တိုင်းပြည်တိုင်း တိုင်းပြည်တိုင်း မှာ တပ်မတော်(စစ်တပ်)ဆိုတာရှိကြပါတယ်။ အဲဒီတပ်မတော်ထဲဝင်ရောက် တာဝန်ထမ်းဆောင်ကြတဲ့ အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သား စသည့် စစ်သည်တွေအားလုံးဟာ တိုင်းပြည်အတွက်အရေးကြုံလာတဲ့အခါ မိမိအသက်ကို ပဓာနမထားကြဘဲ အသက်ကိုစွန့်လွှတ်စွန်စား တိုက်ပွဲဝင်ကြတဲ့ သူရဲကောင်းတွေဖြစ်ကြမှာပါ၊ အဲဒီလို မိမိအသက်ကို ပဓာနမထားဘဲ တိုင်းပြည်အတွက်စွန့်လွှတ်စွန့်စားသည် စစ်သည် သူရဲကောင်းတွေကို တိုင်းပြည်ကအသိမှတ်ပြုချီးကျူးကြတာကိုလည်း သတင်းတွေ၊ မီဒီယာတွေနဲ့ ရုပ်ရှင်တွေ ဇာတ်လမ်းတွေမှာ တွေ့မြင်ကြပါလိမ့်မယ် ထင်ပါတယ်။

အခုဟာက ဖော်ပြခဲ့တဲ့ စစ်သည်တွေတော့မဟုတ်ပါဘူး မိမိအသက်ကိုပဓာနမထားကြသူတွေကတော့ မန္တလေးမှာ ယာဉ်စည်းကမ်းမလိုက်နာဘဲ ဆိုင်ကယ်စီးရင် ဆိုင်ကယ်စီးဦးထုပ်မဆောင်းဘဲ သွားလာကြသူများဖြစ်ပါတယ်၊ များသောအားဖြင့် လူငယ်လူရွယ်တွေများသလို တစ်ခါတရံလူကြီးပိုင်းတွေပါ တွေ့ရတတ်ပါတယ်၊ ကျွန်တော်တော့ ဘယ်လိုမှစဉ်းစားမရဘူး၊ မတော်တဆဆိုတာ ကြိုတင်ဖုန်းဆက် အကြောင်းကြားပြီးမှ တွေ့ရတဲ့ကိစ္စမဟုတ်ဘူးလေ၊ မနေ့က ကိစ္စရှိလိုညနေခင်းလောက် မြို့ထဲကားနဲ့ရောက်လာရင်လှမ်းတွေ့လိုက်ရတဲ့ မြင်ကွင်းက  ၇၃လမ်း နဲ့ ၃၂ လမ်းထောင့်မှာ ၇၃လမ်းအတိုင်း တောင်ဘက်မှမြောက်ဖက်သို့မောင်းလာတဲ့ ဆိုင်ကယ်တစ်စီးပေါ်မှာ ဆိုင်ကယ်စီးဦးထုပ်မဆောင်းထားတဲ့ လူငယ်မိန်းခလေး(၂)ယောက် အရှိန်နဲ့ မောင်းလာနေတုံး ၃၂လမ်းကထွက်ပြီး အရှေ့ကနေအနောက်တည့်တည့် ၇၃လမ်းကိုဖြတ်မယ့် လူငယ်ကောင်ကလေးတစ်ယောက် မောင်းလာတဲ့ ဆိုင်ကယ်တို့ မတော်တဆ တိုက်ကြပါလေရော၊ လူငယ်ကောင်ကလေးလည်း ဆိုင်ကယ်စီးဦးထုပ်မပါဘူးလေ၊ ဆိုင်ကယ်(၂)စီးတိုက်ပြီး လွင့်စင်လဲသွားကြတော့ လူငယ်ကောင်ကလေးက ခေါင်းနဲ့လမ်းဘေးပလပ်ဖောင်းနဲ့ တိုက်မိပြီးခေါင်းကသွေးတွေစီးလို့ သတိမေ့နေတယ်၊ လူငယ်မိန်ခလေးတစ်ယောက်က နဖူးမှာသွေးတွေထွက် နေတယ်၊ ကျန်တစ်ယောက်ကတော့ လက်တွေမှာပွန်းလို့ပေါ့၊ ကျွန်တော်ပြောချင်တာက တပ်မတော်ထဲဝင်တဲ့သူတွေက တိုင်းပြည်အတွက်အသက်ကို ပဓာနမထားကြတာတော့ဟုတ်ပါပြီ အခုလိုမတော်တဆဆိုတာ ကြိုသိနိုင်တဲ့အရာမဟုတ်တော့ ဆိုင်ကယ်စီးရင် ဆိုင်ကယ်ဦးထုပ်တော့ ဆောင်းပေးစေချင်ပါတယ်၊ တစ်ချို့ကရှိသေးတယ် ဦးထုပ်ကိုဆောင်းတော့ဆောင်းတယ် မေးသိုင်းကြိုးမတတ်ဘူး၊ ဒါလဲမဆောင်းတာနဲ့ ဘာမှမထူးပါဘူး လေပြင်းတိုက်ရင်တောင် လွင့်ကျတတ်တာ ဆိုင်ကယ်တိုက်လိုလဲမှတော့ လူတခြား ဦးထုပ်တခြားဖြစ်ပြီပေါ့၊ အခုဟာက လမ်းပေါ်မှာ ဆိုင်ကယ်တွေကလည်း လိုင်စင်လုပ်ပေးနေတော့ အရင်ကထက်ပိုများပြားရှုပ်ထွေးနေပြီလေ။ ဒါကြောင့်ကျွန်တော်နေတဲ့ မန္တလေးမှာ  ဆိုင်ကယ်စီးကြပြီး မိမိအသက်ကို ပဓာနမထားကြသူများ များစွာတွေ့မြင်နေရပါကြောင်း သူတို့က စစ်သည်၊စစ်သားမဟုတ်ဘူးနော်၊ အကယ်၍ မန္တလေးကိုတစ်ခေါက်တစ်ခါအလည်ရောက်ကြရင်ဖြင့် ကျွန်တော်ပြောတဲ့ ဆိုင်ကယ်စီးသူရဲကောင်းတွေ( အသက်ကိုပဓာနမထားလို့ တင်စားတာပါ)တွေ့ကြပါလိမ့်မယ်လို့ ပြောလိုက်ပါရစေ။

ဒီပိုစ့်လေးက မန္တလေးဒေသနဲ့ပက်သက်တာလေးပါ။

ဖတ်ရှု့အားပေးသူအပေါင်းကျေးဇူးပါ။

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..