မိမိအသက်ကို ပဓာနမထားကြသူများ

ခင္ခJuly 20, 20121min1268

တိုင်းပြည်တိုင်း တိုင်းပြည်တိုင်း မှာ တပ်မတော်(စစ်တပ်)ဆိုတာရှိကြပါတယ်။ အဲဒီတပ်မတော်ထဲဝင်ရောက် တာဝန်ထမ်းဆောင်ကြတဲ့ အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သား စသည့် စစ်သည်တွေအားလုံးဟာ တိုင်းပြည်အတွက်အရေးကြုံလာတဲ့အခါ မိမိအသက်ကို ပဓာနမထားကြဘဲ အသက်ကိုစွန့်လွှတ်စွန်စား တိုက်ပွဲဝင်ကြတဲ့ သူရဲကောင်းတွေဖြစ်ကြမှာပါ၊ အဲဒီလို မိမိအသက်ကို ပဓာနမထားဘဲ တိုင်းပြည်အတွက်စွန့်လွှတ်စွန့်စားသည် စစ်သည် သူရဲကောင်းတွေကို တိုင်းပြည်ကအသိမှတ်ပြုချီးကျူးကြတာကိုလည်း သတင်းတွေ၊ မီဒီယာတွေနဲ့ ရုပ်ရှင်တွေ ဇာတ်လမ်းတွေမှာ တွေ့မြင်ကြပါလိမ့်မယ် ထင်ပါတယ်။

အခုဟာက ဖော်ပြခဲ့တဲ့ စစ်သည်တွေတော့မဟုတ်ပါဘူး မိမိအသက်ကိုပဓာနမထားကြသူတွေကတော့ မန္တလေးမှာ ယာဉ်စည်းကမ်းမလိုက်နာဘဲ ဆိုင်ကယ်စီးရင် ဆိ်ုင်ကယ်စီးဦးထုပ်မဆောင်းဘဲ သွားလာကြသူများဖြစ်ပါတယ်၊ များသောအားဖြင့် လူငယ်လူရွယ်တွေများသလို တစ်ခါတရံလူကြီးပိုင်းတွေပါ တွေ့ရတတ်ပါတယ်၊ ကျွန်တော်တော့ ဘယ်လိုမှစဉ်းစားမရဘူး၊ မတော်တဆဆိုတာ ကြိုတင်ဖုန်းဆက် အကြောင်းကြားပြီးမှ တွေ့ရတဲ့ကိစ္စမဟုတ်ဘူးလေ၊ မနေ့က ကိစ္စရှိလိုညနေခင်းလောက် မြို့ထဲကားနဲ့ရောက်လာရင်လှမ်းတွေ့လိုက်ရတဲ့ မြင်ကွင်းက  ၇၃လမ်း နဲ့ ၃၂ လမ်းထောင့်မှာ ၇၃လမ်းအတိုင်း တောင်ဘက်မှမြောက်ဖက်သို့မောင်းလာတဲ့ ဆိုင်ကယ်တစ်စီးပေါ်မှာ ဆိုင်ကယ်စီးဦးထုပ်မဆောင်းထားတဲ့ လူငယ်မိန်းခလေး(၂)ယောက် အရှိန်နဲ့ မောင်းလာနေတုံး ၃၂လမ်းကထွက်ပြီး အရှေ့ကနေအနောက်တည့်တည့် ၇၃လမ်းကိုဖြတ်မယ့် လူငယ်ကောင်ကလေးတစ်ယောက် မောင်းလာတဲ့ ဆိုင်ကယ်တို့ မတော်တဆ တိုက်ကြပါလေရော၊ လူငယ်ကောင်ကလေးလည်း ဆိုင်ကယ်စီးဦးထုပ်မပါဘူးလေ၊ ဆိုင်ကယ်(၂)စီးတိုက်ပြီး လွင့်စင်လဲသွားကြတော့ လူငယ်ကောင်ကလေးက ခေါင်းနဲ့လမ်းဘေးပလပ်ဖောင်းနဲ့ တိုက်မိပြီးခေါင်းကသွေးတွေစီးလို့ သတိမေ့နေတယ်၊ လူငယ်မိန်ခလေးတစ်ယောက်က နဖူးမှာသွေးတွေထွက် နေတယ်၊ ကျန်တစ်ယောက်ကတော့ လက်တွေမှာပွန်းလို့ပေါ့၊ ကျွန်တော်ပြောချင်တာက တပ်မတော်ထဲဝင်တဲ့သူတွေက တိုင်းပြည်အတွက်အသက်ကို ပဓာနမထားကြတာတော့ဟုတ်ပါပြီ အခုလိုမတော်တဆဆိုတာ ကြိုသိနိုင်တဲ့အရာမဟုတ်တော့ ဆိုင်ကယ်စီးရင် ဆိုင်ကယ်ဦးထုပ်တော့ ဆောင်းပေးစေချင်ပါတယ်၊ တစ်ချို့ကရှိသေးတယ် ဦးထုပ်ကိုဆောင်းတော့ဆောင်းတယ် မေးသိုင်းကြိုးမတတ်ဘူး၊ ဒါလဲမဆောင်းတာနဲ့ ဘာမှမထူးပါဘူး လေပြင်းတိုက်ရင်တောင် လွင့်ကျတတ်တာ ဆိုင်ကယ်တိုက်လိုလဲမှတော့ လူတခြား ဦးထုပ်တခြားဖြစ်ပြီပေါ့၊ အခုဟာက လမ်းပေါ်မှာ ဆိုင်ကယ်တွေကလည်း လိုင်စင်လုပ်ပေးနေတော့ အရင်ကထက်ပိုများပြားရှုပ်ထွေးနေပြီလေ။ ဒါကြောင့်ကျွန်တော်နေတဲ့ မန္တလေးမှာ  ဆိုင်ကယ်စီးကြပြီး မိမိအသက်ကို ပဓာနမထားကြသူများ များစွာတွေ့မြင်နေရပါကြောင်း သူတို့က စစ်သည်၊စစ်သားမဟုတ်ဘူးနော်၊ အကယ်၍ မန္တလေးကိုတစ်ခေါက်တစ်ခါအလည်ရောက်ကြရင်ဖြင့် ကျွန်တော်ပြောတဲ့ ဆိုင်ကယ်စီးသူရဲကောင်းတွေ( အသက်ကိုပဓာနမထားလို့ တင်စားတာပါ)တွေ့ကြပါလိမ့်မယ်လို့ ပြောလိုက်ပါရစေ။

ဒီပိုစ့်လေးက မန္တလေးဒေသနဲ့ပက်သက်တာလေးပါ။

ဖတ်ရှု့အားပေးသူအပေါင်းကျေးဇူးပါ။

8 comments

  • mamanoyar

    July 20, 2012 at 4:31 pm

    အခုလိုသတိပေးတာကျေးဇူးတင်ပါတယ်
    ဆိုင်ကယ်စီးရင် ဦးထုပ်တကယ့်ကို ဆောင်းသင့်ပါတယ်

  • မောင်ပေ

    July 20, 2012 at 7:50 pm

    ဆိုင်ကယ်စီးရင် ဦးထုပ်မဖြစ်မနေဆောင်းသင့်တာ အမှန်ပါဘဲ…
    မန်းတလေးမြို ့လို
    စက်ဘီး ဆိုက်ကား ဆိုင်ကယ် ကား
    အကုန်နီးပါး ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဆိုတာကို မေ့ထားတဲ့အနေအထားမှာ
    ဦးထုပ်ဆောင်းခြင်း မဆောင်းခြင်း ဟာ သိပ်မထူးတော့သလိုပါဘဲ…
    သိပ်မကြာသေးမှီအချိန်က ၊ ရွာထဲက ရွာသားတစ်ဦး ဆိုင်ကယ်ဦးထုပ်ဆောင်းပြီး သူ ့ဟာသူ ပုံမှန်လေး ဆိုင်ကယ်မောင်းနေတာကို တစ်ဘက်က ဆိုင်ကယ်က ဝင်တိုက်လို ့ခံလိုက်ရတာ လက်တွေ ့ပါ။
    စကားမစပ် ဆိုင်ကယ်မောင်း/စီးတဲ့သူတွေ ဆိုင်ကယ်ဦးထုပ်မဆောင်းရင် ဒဏ်ငွေ၃သိန်းကျပ် အထိ ဆောင်ခိုင်းမယ်ဆိုလို ့၊ ကျုပ်ကတော့ ဆောင်းနေရပါတယ်ခင်ဗျ။

  • TTNU

    July 20, 2012 at 10:08 pm

    ကျောင်းသားတွေ အတန်းဆင်းရင် ဦးထုပ်ဆောင်း၊ဦးထုပ်ဆောင်း၊
    မေးသိုင်းကြိုးတပ်၊မေးသိုင်းကြိုးတပ်…. ဂါထာရွတ်သလိုကို လိုက်ပြော
    ဖြစ်ပါတယ်။ 🙂

  • kai

    July 21, 2012 at 12:25 am

    ကယ်လီဖိုးနီးယားမှာ မော်တော်ဆိုင်ကယ် ခေါင်းဆောင်းမပါရင်…အများဆုံး၂၅ဝဒေါ်လာပေးရမယ်တဲ့..။ စက်ဘီးမှာခေါင်းဆောင်းမပါရင်.. ၂၅ဒေါ်လာလို့ကြားဖူးတယ်..။
    အောက်မှာဥပဒေ..။ ကော်ပီလုပ်ပြီး တကယ် သုံးဆွဲနိုင်စေ..။

    California Motorcycle Helmet Law

    STATUTE:

    California Vehicle Code, Division 12, Chapter 5, Article 7, Section 27803.

    “(a) A driver and any passenger shall wear a safety helmet meeting requirements established pursuant to Section 27802 when riding on a motorcycle, motor-driven cycle, or motorized bicycle. “(b) It is unlawful to operate a motorcycle, motor-driven cycle, or motorized bicycle if the driver or any passenger is not wearing a safety helmet as required by subdivision (a). “(c) It is unlawful to ride as a passenger on a motorcycle, motor-driven cycles, or motorized bicycle if the driver or any passenger is not wearing a safety helmet as required by subdivision (a). “(d) This section applies to persons who are riding on motorcycles, motor-driven cycles, or motorized bicycles operated on the highways. “(e) For the purposes of this section, ‘wear a safety helmet’ or ‘wearing a safety helmet’ means having a safety helmet meeting the requirements of Section 27802 (see :Standards” below) on the person’s head that is fastened with the helmet straps and that is of a size that fits the wearing person’s head securely without excessive lateral or vertical movement. “(f) In enacting this section, it is the intent of the Legislature to ensure that all persons are provided with an additional safety benefit while operating or riding a motorcycle, motor-driven cycle, or motorized bicycle.”

    FINE:

    In California . . . it depends on who you ask.

    The LAW says (in pertinent part):

    Section 40303.5:
    “Whenever any person is arrested for any of the following offenses, the arresting officer shall permit the arrested person to execute a notice containing a promise to correct the violation in accordance with the provisions of 40610 unless the arresting officer finds that any of the disqualifying conditions specified in the subdivision (b) of Section 40610 exist: . . . (d) Any infraction involving equipment set forth in Division 12 (commencing with Section 240000) . . . (Note: which includes section 27803, the helmet law.)”

    Section 40610(b) states:
    “Pursuant to subdivision (a), a notice to correct violation shall be issued as provided in this section . . . unless the officer finds any of the following:
    “(1) Evidence of fraud or persistent neglect.
    “(2) The violation presents an immediate safety hazard.
    “(3) The violator does not agree to, or cannot, promptly correct the violation.”

    Therefore, a violation of California’s helmet law is — as a matter or Law according to the language of the statutes — an equipment violation, and carries with it only a need to show “proof of correction” and the payment of a $10 fine. However, . . .

    The CHP (California Highway Patrol) says:

    CHP Enforcement Bulletin #42, issued in May, 1994, states that a violation of CVC 27803 constitutes an “immediate safety hazard” and is therefore not correctable as provided in Section 40303.5 (see above). The California Judicial Council affirmed this edict, and for the most part the California courts pretty much disregard everything but the wishes of the CHP . . . and that includes disregarding the Law.

    So, the fine for violation of California’s helmet law can be anything from $10 and “proof of correction” up to $250.00 and one year’s probation. It all depends on who you ask!

    STANDARDS:

    California Vehicle Code, Division 12, Chapter 5, Article 7, Section 27802.

    “(a) The department may adopt reasonable regulations establishing specifications and standards for safety helmets offered for sale, or sold, for use by drivers and passengers of motorcycles and motorized bicycles as it determines are necessary for the safety of those drivers and passengers. The regulations shall include, but are not limited to, the requirements imposed by Federal Motor Vehicle Safety Standard No. 218 (49 C.F.R. Sec. 571.218) and may include compliance with that federal standard by incorporation of its requirements by reference. Each helmet sold or offered for sale for use by drivers and passengers of motorcycles and motorized bicycles shall be conspicuously labeled in accordance with the federal standard which shall constitute the manufacturer’s certification that the helmet conforms to the applicable federal motor vehicle safety standards. “(b) No person shall sell, or offer for sale, for use by a driver or passenger of a motorcycle or motorized bicycle any safety helmet which is not of a type meeting requirements established by the department.”

    COURT DECISIONS:

    ” . . . it is clear the law requires only that the consumer wear a helmet bearing a certification of compliance.” Buhl v. Hannigan 16 Cal.App. 4th 1612 (1993).

    ” . . . the statement in Buhl that consumer compliance with the state law only requires the consumer to wear a helmet bearing the DOT self-certification sticker does not apply when a helmet has been shown not to conform with federal standards and the consumer has actual knowledge of this fact.” Bianco v. California Highway Patrol, 24 Cal.App. 4th 1113 (1994).

    “The courts held that citations should only be issued in two situations: (1) when a helmet was not certified by the manufacturer at the time of sale or (2) when a rider wearing a helmet certified by the manufacturer at the time of sale has actual knowledge of a showing of a determination of non-conformity with federal standards. . . . or (3) Other competent objective evidence from independent laboratory testing that the helmet does not meet FMVSS 218.” Easyriders v. Hannigan (887 F.SUPP. 240).

  • water-melon

    July 21, 2012 at 9:08 am

    မနေ့ညက ရထိုက်ရှေ့မှာတောင်
    တိုက်သေးတယ်ဗျ
    တိုက်တဲ့သူက မောင်းပြေးသွားတယ်
    အတိုက်ခံရတဲ့သူက အဘိုးကြီး
    အရိုးကျိူးသွားတယ်
    မိန်းထဲကတော့ ပြောမနေနဲ့တော့
    ဘယ်လိုမောင်းနေမှန်းကို
    မသိတာ
    ဆိုင်ကယ်တွေလိုင်စင်ချပေးတော့ပိုဆိုးတာပေါ့
    နောက်ဆို သံချပ်ကာအကျီနဲ့ဆိုင်ကယ်မောင်းရမယ်

  • ko khin kha

    July 21, 2012 at 9:22 am

    သူကြီးရေ၊ ဒီမှာလည်းဒါဏ်ငွေသတ်မှတ်ထားပေမယ့် စစ်ဆေးရေးအဖွဲ့ရှိရင်သာ အဲဒီရှေ့ဖြတ်မောင်းတုံး ဆောင်းကြတာ၊ ကျန်တဲ့နေရာမှာ မဆောင်းတာက ခပ်များများပါဗျာ။ကိုယ်ဖြစ်ရင် ကိုယ်ခံရမှာကို ကြို မတွေးကြဘူးထင်ပါတယ်။
    သူကြီးတို့ဆီကတော့ လိုက်နာကြမယ်ထင်ပါ၏။

Leave a Reply