တမူးမြို ့တွင် လူစီး နှင့် ကုန်တင်ယာဉ်များ တခြားမြို ့များသို ့ ပြေးဆွဲခြင်းမပြုပဲ ဆန္ဒပြရပ်ဆိုင်းနေ

ta muJuly 20, 20121min1119

စစ်ကိုင်းတိုင်းဒေသကြီး၊တမူးမြို ့တွင် လူစီး နှင့် ကုန်တင်ယာဉ်များ တခြားမြို ့များသို ့ ပြေးဆွဲခြင်းမပြုပဲ ရပ်ဆိုင်းထားကာ ဂိတ်ပိုင်ရှင်များနှင့် ကားဆရာများ ဆန္ဒပြနေကြကြောင်းသတင်းရရှိပါသည်။

အဆိုပါဆန္ဒပြမှု ့ကို ၂၀.၇.၂၀၁၂ မှစတင်ကာ ၂၂.၇.၂၀၁၂ အထိ (၃)ရက်တိုင်တိုင် ကားများမပြေးဆွဲပဲ ရပ်ဆိုင်းထားမည်ဟု သိရပါသည်။ အဓိကကတော့ အခွန်အခတွေ သတ်မှတ်ထားတဲ့ နှုန်းထားထက် ပိုကောက်တာတွေ၊ လမ်းခရီးတလျှောက်လုံးမှာ ရဲ ၊မူးယစ် ၊အကောက်ခွန်က ဝန်ထမ်းတွေကို ပစ္စည်းပါသည်ဖြစ်စေ ၊မပါသည်ဖြစ်စေ ပေးရတဲ့ လဘက်ရည်ဖိုးတွေက  မတန်တစများလွန်းနေတာကြောင့် ဆန္ဒပြရတာပါဟု ကားပိုင်ရှင်တစ်ဦးက ပြောပြပါသည်။

“ဒီလိုကားတွေ ရပ်ဆိုင်းထားတော့ ကျမတို ့ကုန်စိမ်းသည်တွေက အဓိက ဒုက္ခရောက်ရတာပေါ့။ ကုန်စိမ်းတွေကို အချိန်မှီမပို ့နိုင်တော့ ပုတ်ကုန်တာပေါ့။အရင်တောင် ရတော့မှာ မဟုတ်ဘူး။ အသား၊ ငါးဈေးတွေလဲ တက်ကုန်ပြီလေ “ဟု နန်ဖါလုံဈေးရှိ ဈေးသည်တစ်ဦးက ပြောပြခဲ့ပါသည်။

9 comments

  • Wai Phyoe

    July 20, 2012 at 4:02 pm

    ကောင်းတယ် ချ…….ဒါမျိုးတော့အားပေးတယ်

  • etone

    July 20, 2012 at 4:29 pm

    နေရတာကာမှာ အဲ့ဒီလို ယူနီဖောင်းအားကိုးနဲ့ ဂွင်ဖန်တောင်းတဲ့ စိတ်ဓါတ်နိမ့်ဝန်ထမ်းတွေ ရှိနေတတ်တော့လည်း …. ဘယ်လို ပြောရမှန်းတောင် မသိပါဘူး ။
    တကယ်ပါ .. အစိုးရအနေနဲ့ ထိထိရောက်ရောက် စောင့်ကြည့်အရေးယူတာတွေ လုပ်ဖို့ကောင်းနေပါပြီ ။ မွေးရာပါ ရောဂါတစ်ခုလိုပဲ … ဂွင်ဖန်တောင်းတဲ့ အကျင့်တွေ ဝန်ထမ်းတွေ စိတ်ထဲ စွဲကပ်လာခဲ့လျှင် …. ဘယ်လိုမှတိုင်းပြည်ကောင်းစားဖို့မမြင်ပါဘူး … ။

    ကျွန်မတို့တွေ ဘွဲ့ရတော့ အလုပ်ခွင်ဝင်တဲ့အခါမှာ သူငယ်ချင်းအတော်များများက .. ကာစတမ်ဘက်ကို စာမေးပွဲတွေဖြေပြီး .. (အရည်းချင်း အစစ်လားအတုလား .. ဒါထားပါ ) ဝင်ခွင့်ရခဲ့ကြတယ် … ။ ၁၀၅ မိုင်ဘက်မှာ တာဝန်ကျတဲ့သူလည်း ကျ ၊ အေးရှာဝေါမှာ ကျတဲ့လူကလည်း ကျနဲ့ …. သူငယ်ချင်းတွေ ပြန်ဆုံတော့ ….. အားလုံး ပြောင်းလဲ နေတာ .. အံ့ဩမိပါတယ် … ။
    ကျွန်မတို့က ထီးဖြူဖိနပ်ပါး အလုပ်လုပ်ရတဲ့ ခပ်နွမ်းနွမ်းဘဝမှာ … သူတို့တွေကတော့ ကိုယ်ပိုင်တိုက်ခန်းဝယ်ထားသူက ဝယ်ထား ၊ ကားထည်လဲ စီးသူကစီးနဲ့ .. အတော့်ကို ဟန်ကျကျ ၊ အခြေကျကျဖြစ်နေကြပြီ ….. ။ ဘွဲ့ရခဲ့တာချင်း အတူတူရယ် . ရွေးချယ်တဲ့ လုပ်ငန်းခွင်ကိုလိုက်ပြီး …. ကာလအပိုင်းခြားတစ်ခုအတွင်း သူတို့ ကြီးပွားကုန်ကြတယ် ….. တရားသောနည်းနဲ့ ကြီူးပွားတာဆိုလျှင်တော့ … မုဒိတ္တာဖြစ်မိမှာပါ … အခုဟာက 🙄

  • cobra

    July 20, 2012 at 7:16 pm

    ကောင်းတယ် အားလည်းပေးတယ်
    ဒါမျိုးတွေများများလုပ်ပေးမှ
    လူလိုနားလည်လာကြမှာ။

  • မောင်ပေ

    July 20, 2012 at 7:58 pm

    မန်းတလေး-မူဆယ် / မူဆယ်-မန်းတလေး ပြေးနေတဲ့ ကုန်ကားပိုင်ရှင်တွေ လဲ
    လုံးဝတွက်ချေမကိုက်လို ့တဲ့… ရပ်နားထားကြကြောင်းပါ။

  • မဟာရာဇာ အံစာတုံး

    July 20, 2012 at 8:03 pm

    မြန်မာပြည်မှာ အချို့ ခရီးတွေ သွားရတာ
    တော်တော် ဆိုးတယ်လို့ ထင်မိတယ်ဗျ ..
    ဘာကြောင့်လဲဆိုတော့
    သူတောင်းစား လမ်းတွေက ပေါနေလို့ပဲ …
    ကျုပ်လည်း အဒေါ်တွေရှိတဲ့ မြဝတီဘက်ကို သွားဖူးပါတယ် ..
    သံလွင်တံတားက စလို့
    မှတ်ပုံတင် ပါပါ မပါပါ သိမ်းသွားပြီဆို လာထား ငါးရာ တစ်ထောင်ပဲ …
    အောင်မာ .. စပါယာက အော်လိုက်သေးတယ် ..
    လာမယ့် ဂိတ်က ငါးရာ မရဘူး၊ တစ်ထောင်ပေးမှ ရမှာတဲ့နော် …

  • မာလိန်မှုူး

    July 20, 2012 at 9:41 pm

    ဘယ်လိုပဲ စဉ်းစားကြည့် ကြည့် ကျနော်တို့ နေကြတာ သူတောင်းစား (ကယ်ပါ)
    တိုင်းပြည်ကြီးထဲမှာ နေနေကြရတာကလား ။
    အော် အနိစ္စ ။

  • Oo Oo

    July 20, 2012 at 11:00 pm

    တွန့်ကြေနေတဲ့ စိတ်ဓါတ်တွေနဲ့
    ခေါက်ရိုးကျိုးနေတဲ့ အကျင့့်ဆိုး ဝန်ထမ်းတွေရဲ့
    မရှက်တတ်တဲ့ မျက်နှာတွေ ရှိနေသေးတာဟာ
    စစ်မှန်တဲ့ ဒီမိုကရေစီကို ပြည်သူတွေမရသေးဘူးဆိုတာထင်ရှားပါတယ်။

  • AKKO

    July 21, 2012 at 9:53 am

    စိတ်ဓါတ်တွေ မပြင်သရွေ့တော့ ရှေ့ဆက်ဘယ်ခေတ်ရောက်ရောက် ဒီအဖြစ်တွေရှိနေဦးမှာပါပဲ ။
    အကျင့်ပျက်ခြစားတဲ့ ဝန်ထမ်းတွေကို စစ်ဆေးမှုတွေလုပ်ပြီး အရေးယူသင့်ပါတယ် ။ ပူးစား ၊ ပေါင်းစားတာတွေကို ရှင်းထုတ်မှ တိုင်းပြည်တိုးတက်မှာပါ ။
    အစိုးရအလုပ်တွေ လခက ကုမ္ပဏီတွေလခလောက်မများလို့ အောက်စိုက် ရှရတာပါဆိုလျှင်တော့ ၊ အစိုးရလခစားမလုပ်ပဲ ကုမ္ပဏီမှာပဲ အလုပ်ဝင်သင့်တာပေါ့ ။ အစိုးရ အရည်ချင်းစစ်စာမေးပွဲတွေခေါ်ကတည်းက ဘယ်လစာနှုန်းထား ဘယ်လိုခ ံစားခွင့်ဆိုတာ ပါပြီးသားပါ ။ အဲ့ဒါထက်ကို ဂွင်ဖန်လို့ရမယ့် ငွေကို တွေးပြီး အလုပ်လုပ်ခဲ့တာ လိပ်ပြာသန့်ရဲ့လား ။
    လူ့ဘဝမှာ သိက္ခာနဲ့ ကိုယ်ကျင့်တရားဆိုတာ ၊ ငွေထက်အများကြီးတန်ဖိုးရှိတယ်ဆိုတဲ့ အသိမျိုး မရှိကြလို့၊ မထားတတ်ကြလို့ပဲ ဖြစ်ရမယ် ။

Leave a Reply