1 ဥမင်သုံးဆယ်အဝင်မုဒ်ဦး

2ဘုရားစောင်းတန်းက လက်ကိုင်အိတ်ဆိုင်လေး(ဘောစကိုင်းအစေ့နဲ့လုပ်ထားတာ)

3 အကွေ့အဝိုက်လေးတွေနဲ့လှပနေတဲ့ ဥမင်သုံးဆယ်အပြင်တန်း

4 ရှေးရှေးကလို အဖြူအမဲနဲ့ဆော်ကြည့်တာပါ

5 ဥမင်သုံးဆယ်လှိုဏ်အတွင်းကစေတီတော်

6 အရှေ့ဘက်က ဆင်းတုတော်များ

7မျက်နှာတော်များ

9အနောက်မှအရှေ့သို့အကြည့်………………….

10 အလင်းများနဲ့ဆော့ကစားခြင်း………………တစ်

11 အလင်းများနှင့်ဆော့ကစားခြင်းနှစ်

12 အမှောင်တွင်းမှအလင်းသို့ လှမ်းကြည့်မိခြင်း

13 အလင်းသို့ အကြည့်……………

14 အနောက်မှအရှေ့သို့…………………….

15 အဝေးကိုလှမ်းမျှော်………………………..

17 မြန်မာ့လက်ဖြစ်ပစ္စည်းလေးတွေပါ

18 စောင်းတန်းအဆင်းကိုလှမ်းကြည့်မိခြင်း

19 အဝင်ဝက ဈေးသည်လေးတွေ

20 ဘုရားဖူးလာတဲ့ ဆရာကလေး

21 ပြန်အထွက်မှာသမင်လည်ပြန်

 

“ဥမင်သုံးဆယ်…..”

 

 

ခါတိုင်းနှစ်တွေမှာအာဇာနည်နေ့ရောက်တိုင်း မေမြို့တက်တာများပါတယ်။

သူများတွေ  ပြင်ဦးလွင်သွားမယ်လို့ပြောသံကြားရင်ကျနော်နားထဲမှာခပ်ထောင့်ထောင့်။

ငယ်ကတည်းက မေမြို့တက်မယ်ပြောနေကျဖြစ်နေတာကိုးဗျ။

ဒီနှစ်တော့စစ်ကိုင်းသူနဲ့အိမ်ထောင်ကျသွားတဲ့ကိုယ့်လုပ်ဖော်ကိုင်ဖက်က “ဆွမ်းဦးပုညရှင်”

သွားရအောင်လို့ပြောလာပါတယ်။

ဒါနဲ့ဘဲမနက်ကိုးနာရီလောက်မှာ မနက်စာစားပြီး စစ်ကိုင်းဘက်ထွက်လာခဲ့ပါတယ်။

ကန်ပါတ်လမ်းရောက်တောွဧရာဝတီမြစ်ရေနည်းနည်းပြန်ကျသွားတာကိုတွေ့ရပါတယ်.။

ကန်ပါတ်လမ်းတောင်ဘက်အဆုံးရေထိန်းတံခါးနားမှာတော့ရေတွေရောက်တော့

သစ်ဖောင်တွေဆိုက်ထားတာတွေ့ရပါတယ်။

ဆယ်နာရီမထုးိခင်မှာ သူတို့နေတဲ့နန္ဒဝန်ရပ်ကွက်ကိုရောက်သွားပါတယ်.။

အဲဒီ အရပ်က ရှေးကတော့ ဘုရင်အတွက်အသီးအနှံတွေဆက်သရတဲ့ဥယျာဉ်တော်ဖြစ်ပါသတဲ့။

သူတို့အိမ်ရှေ့ရောက်တော့ ငုချယ်ရီစပ်လဲခေါ် ဖွားဖက်တော်ပန်းလို့လဲခေါ်တဲ့အပင်က အပွင့်တွေကို

မြင်တော့ မြန်မာပန်းလေးတွေစုနေတယ်ဆိုတဲ့ မာမီအတွက်သတိတရ ပန်းတွေကို ဓါတ်ပုံရိုက်ဖြစ်ပါတယ်။

နောက်တော့ ဆိုင်ကယ်တစ်စီးစီနဲ့စစ်ကိုင်းတောင်ပေါ်ကိုချီတက်ခဲ့ကြပါတယ်။

တောင်တက်လမ်းမှာရှိတဲ့သီတဂူစေတီတော်ကတော့ရောက်ထားတာမကြာသေးလို့ မဝင်တော့ပါဘူး။

တောင်တက်လမ်းမစခင်လေးမှာဖြတ်သန်းခကောက်ပါတယ်။

ဆိုင်ကယ်တစ်စီး 200ကျပ်။

တောင်အတက်လမ်းက ပြေပေမယ့် နည်းနည်းလေးမတ်စောက်တဲ့နေရာ နှစ်နေရာမှာတော့

နံပါတ်ဝမ်းဂီယာနဲ့တက်မှအဆင်ပြေပါတယ်.။

ဒါနဲ့ဥမင်သုံးဆယ်ဘုရားကိုရောက်တော့ တောင်ခြေမှာဆိုင်ကယ်ထားပြီးဘုရားပေါ်ကိုတက်ခဲ့ကြပါတယ်။

အရှေ့ဘက်ခြမ်းကနေတက်ရင်တော့ဆိုင်ကယ်ကားတက်လို့ရပါတယ်။

ဒါပေမယ့် အတက်လမ်းက နည်းနည်းလေးမတ်စောက်တော့ အန္တရာယ်များပါတယ်။

ကျဉ်းမြောင်းတဲ့လှေကားလေးအတက်မှာတော့ ဘောစကိုင်းအစေ့လေးတွေနဲ့လုပ်ထားတဲ့ မိန်းမလက်ကိုင်အိတ်အရောင်းဆိုင်လေးတွေကိုတွေ့ရပါတယ်။

ဆယ်မိနစ်လောက်တက်လိုက်တာနဲ့အပေါ်ရောက်သွားပါတယ်။

ဆင်းတုတော်တွေကိန်းဝပ်နေတဲ့ နေရာက အရှေ့အနောက်အလျားလိုက်ရှိနေပါတယ်။

အထဲမှာတော့ စေတီတော်တွေတန်းစီလို့တည်ထားတာကိုတွေ့ရပါတယ်။

ကျောင်းတော်ရဲ့နံရံမှာဖောက်ထားတဲ့ တံခါးများနေတိုးဝင်လာတဲ့အလင်းရောင်တွေကြောင့် ပိုမိုသပ္ပါယ်လှပါတယ်။

ဒီဥမင်သုံးဆယ်ဘုရားကို ဓါတ်ပုံဆရာတွေအတော်သဘောကျပါတယ်။

ထူးဆန်းတဲ့အလင်းပေါက်တွေရလို့ပါ။

ကျနော်တစ်ယောက်ထဲ စိတ်တိုင်းကျပုံတွေရိုက်နေတုန်း ဖုန်းဝင်လာပါတယ်။

ကျနော့်အတူလာသူတွေက ဘုရားအနောက်ဘက်မန်းကျည်ပင်နားက လှေခါးကနေ

အပေါ်တက်ဘို့လှမ်းခေါ်တာပါ။

အပေါ်စီးကကြည့်ရင် အရမ်းလှတဲ့မြင်ကွင်းတွေသူတို့ မြင်နေရတယ်ဆိုဘဲ…………………….

 

 

ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ

(22-7-2012)

 

 

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1612 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။