အားလုံးအတွက် အမှတ်တရ

ဖိုးထောင်July 20, 20123min44022

မြို့မန္တလေး နဲ့ဝန်းကျင်ပုံလေးတွေ အမှတ်တရ တင်ပေးလိုက်ပါတယ်

ကျုံးရေပြင် မြို့ရိုးနဲ့ ရှမ်းရိုးမ အလှ

တိမ်တွေက အုံ့ဆိုင်း မှုန်မှိုင်းလို့နေသည် မန္တလာမဟီ

အမြဲတမ်းလန်းဆန်း ကျုံးဘေးလမ်း

စပါးတစ်စေ့ ဖန်တီးကြသူများ

တင်တတ်မယ်ဆိုရင် အမှန်တကယ် ကျေးဇူးရှင်

ရှုမဆုံးတော့ပြီ စိမ်းလဲ့လဲ့ခင်းဆီ

လယ်ကွင်းတွေက တမျှော်တခေါ် စိုပြေလွင် ရိပ်သိမ်းချိန်ဆိုပြန်ရင်

တောက်… သွားရည်တောင်ကျလာပြီ

ဦးခိုင်ဆီကရတဲ့ ဆွဲပြားရောင်းရငွေ ဖွတ်ကလိဒင်္ဂါး ၁၀၀ဝ နဲ့ ချပြီကွာကဲ……..

ပုံလေးတွေအကုန်ကြည့်တဲ့အတွက် ကျေးဇူးပါ

22 comments

  • မောင်ပေ

    July 20, 2012 at 7:06 pm

    အလို
    ဆီးနဲ ့ကျောက်ကပ် အဖို ့ရာ
    အကောင်းဆုံး အားဆေးရည်တွေပါကလား
    သောက်ချင်စမ်းပါဘိ

  • မဟာရာဇာ အံစာတုံး

    July 20, 2012 at 7:12 pm

    ဂလု …
    နာလည်း ဆွဲချင်လိုက်ဒါနော် ..
    တံတွေးကို မနည်း မြိုချရတယ် …
    ဦးခိုင်ဆီက ရတဲ့ တစ်ထောင်နဲ့ဆိုတော့
    နာ့လည်း နည်းနည်းတော့ မျှပါအုံးလားကွယ် ..
    😀

  • အရီးခင်လတ်

    July 20, 2012 at 8:31 pm

    ဘယ်ပုံ အကြိုက်ဆုံးလဲ လို့ ကြည့်လာတာ အောက်ဆုံး ပုံ အကြိုက်ဆုံး။
    အိုးထဲ က ထန်းရည်လား?
    အဲဒါပြီး ရင် ဒုတိယပုံ ကြိုက်ပါတယ်။ 🙂
    ကြည့်ရတာ စိတ်ထဲ မှာ တစ်ခုခုကို ဂုဏ်ယူသလို၊ ဝမ်းနည်းသလို။ နဲ့။

  • MaMa

    July 20, 2012 at 9:07 pm

    မိုက်လဒယ်… ဦးပေါက် ညီ ဦးထောက် ရဲ့ ပုံလေးတွေက။
    တော်ပါပေတယ် ရွာသားပီသတယ်။ ဦးခိုင်ဆီက ၁၀၀ဝ ရတာနဲ့ ရွာထဲမှာ ချကျွေးတော့တာပဲ။
    ဒါပေမယ့် မကျေနပ်ဘူး။
    ရွာသားတွေကို မျက်နှာလိုက်လို့။ :angry:

  • မိုးတိမ်

    July 20, 2012 at 10:05 pm

    ဓါတ်ပုံတွေဆို ကိုယ်က ဘာမှမသိလို့ ဘာမှဝင်ရောက်မပြောပါ၊(သိမှမသိတာကိုး)
    သို့သော် ကိုဖိုးထောင်ရဲ ့ sky beer ကိုတော့ အတော်လွမ်းကြောင်းပါ။
    ဦးပိန်တံတား ဟိုဘက်က ထရေကတော့ စွန်ပါဘူးဗျာ။ဘာမှအရောနှောမရှိရင်သိပ်ကောင်းမှာဗျ။
    ကျောင်းသားတွေကများတော့လဲ ရှိစေတော့၊ရှိစေတော့။ခုတော့လဲ ဘာမှသောက်ရတော့ဘူး။
    လတ်လတ်ဆတ်ဆတ် ငါးရောင်းတဲ့ကလေးတွေ၊ လာလာတောင်းတတ်တဲ့ အဘိုးကြီးလဲ သတိရသဗျ။
    အထူးသဖြင့် နန်းရှေ ့ဘက်က (တရားရုံးလမ်းဒေါင့်က ဘီယာဆိုင်ကို သတိရသဗျ)

  • သန်းထွဋ်ဦး

    July 20, 2012 at 10:21 pm

    ဆေးလိပ်ဗူးလေး မြင်တော့ ဘာလိုလိုနဲ ့ဆေးလိပ်ဖြတ်လိုက်တာ တစ်နှစ်ပြည့်သလို၊
    ထန်းရည်စစ်စစ်မသောက်ရသည်မှာ မကွေးသို ့မရောက်ဖြစ်သော လများးးးးးး

  • ဖိုးထောင်

    July 21, 2012 at 1:26 am

    အန်ကယ်ကြီး ဦးပေနဲ့ ဦးတောက်တဲ့တို့အား လှိုက်လှဲစွာဖိတ်ခေါ်ပါ၏ (အဲဒါ ဦးတောက်တဲ့ ပိုက်ပိုက်မို့ပါ)
    အရီးလတ် အဲဒါထန်းရည်မစစ်ရင် ဖါးပြုတ်ဖြစ်ရပါစေရဲ့တဲ့(ဆိုင်ရှင်ပြောတာ ဖါးပြုတ်ရည်သေချာသလောက်)
    တစ်နေ့နေ့ တစ်ချိန်ချိန်တော့ မြန်မာ့ဂုဏ်ရောင် ထွန်းရှိန်ပြောင်ဦးမှာပါ အရီးရယ် အရီးဝမ်းနည်းရင် သားသားငိုမိမှာပေါ့နော်
    အန်ကယ်ဦးမိုးတိမ်က တရားရုံးထောင့်က ဘီယာဆိုင်ကိုသတိရတာလား ဘီယာနဲ့တွဲပြီး ရောင်းတဲ့ ……… ဟာလေးတွေကို သတိရတာလားဟင်
    ဦးသန်းထွတ်ဦး ထန်းရည်စစ်စစ် သောက်ချင်ရင် လာခဲ့ ဖိတ်ခေါ်ပါတယ်

  • ဇောက် ထိုး

    July 21, 2012 at 6:42 am

    မူးရစ်သေစာ သောက်စားခြင်းမှာ ရှောင်ကြည်ပါ၏ဘုရား…ဟဲ

  • water-melon

    July 21, 2012 at 8:54 am

    အူးလေးအူးလေး မဲမဲအိုးထဲက အရည်တွေက ဆန်ဆေးရေတွေလားဗျ
    အနော်တို့က မမြင်ဘူးလို့ပါနော်
    ဒါနဲ့မနေ့က font ကြီးအောင်လုပ်ပေးရတဲ့ လက်ခလေး
    အဟဲ့ အဟဲ့ 😆

  • mamanoyar

    July 21, 2012 at 9:04 am

    မန်းလေးရှုခင်းအရမ်းလှတာပဲ
    စပါးခင်းတွေကလည်း စိမ်းနေတာပဲ
    ပြောရင်းနဲ့ ရွာတောင်လွမ်းလာပြီ

  • AKKO

    July 21, 2012 at 11:38 am

    တကယ့်ရွာကိုသွားလည်နေရသလိုခံစားရပါတယ် ။
    ထန်းရည်နဲ့ ကြက်ကြော် သံပုရာသီးလေးကလည်း မွှေးနေတာပဲ ။ အသုတ်လေးကလည်း ခရမ်းချဉ်သီး နန်းကျင်းနဲ့ မြင်ရတဲ့လူ သွားရေကျသွားပြီ ။
    တောဆိုလို့ ပြန်စရာမရှိတာကြောင့် ထန်းရည် အရသာ တစ်ခါမှ မြည်းစမ်းခွင့်မရခဲ့ပါဘူ ။ ဓါတ်ပုံလေးမြင်တော့မှပဲ ဒီလိုစားရ သောက်ရပါလားသိတယ် ။
    တစ်ခါတစ်လေ မြို့ပြနေ မွန်းကြပ်တဲ့ ဘဝထဲက ရုန်းထွက်ပြီး တစ်ခါလောက် အဲ့လိုလေးနေပစ်လိုက်ချင်တယ် ။

    စကားမစပ် အစကတော့ ဖရဲတို့ စိန်ဗိုက်ဗိုက်နဲ့ ရွယ်တူထင်ထားတာ 😛 တွေ့ရတာ ဝမ်းသာပါတယ်ဗျာ ။

  • ဖိုးထောင်

    July 21, 2012 at 1:33 pm

    ဟုတ်ကဲ့ အန်ကယ်ဖရဲ ဆန်ဆေးရေရောထားတဲ့ ထန်းရည်လေးတွေပါ spy လောက်တော့မကောင်းပါဘူး font ပြောင်းခက Tango ပေးပြီးပြီလေ အန်ကယ်ဖရဲအတွက်က အနော် ပဲပုတ်ချက်လေးနဲ့ အန်ကယ် ကိုအောင်ပု ပုံလေးတွေစီစဉ်ပေးထားတယ် း)
    အန်ကယ်ကြီး AKKO ရေ မန္တလေးကိုလာလည်ဖို့ ဖိတ်ခေါ်ပါတယ် (တစ်ယောက်တည်းလာနော် အဟိ)
    ဟုတ်တယ် တားတားက ဖရဲထက် ၃ နှစ်ငယ်တယ် စိန်ဗိုက်ဗိုက်က သားထက် ၂ နှစ်ကြီးတယ် အဟင့်

  • ဖိုးထောင်

    July 21, 2012 at 1:43 pm

    မမနိုရာလိုပဲ ရွာကိုလွမ်းလို့ အလွမ်းပြေတင်ကြည့်တာပါ

  • Zu

    July 21, 2012 at 1:45 pm

    တောက်.
    ပဲခြမ်းသုတ် ပန်းကန်မြင်ပြီး သွားရည်တောင် ကျတယ်ကွာ..ရှလွတ်.

  • ဖိုးထောင်

    July 21, 2012 at 2:01 pm

    မမရေ အနော်က မျက်နှာမလိုက်တတ်ပါဘူးခင်ဗျ လိုက်မယ့်လိုက် လူကိုယ်တိုင်ကို လိုက်ပလိုက်တာ….

  • myanmarcitizen

    July 21, 2012 at 2:11 pm

    အေ့ .. အေ့ .. ကိုဖိုးထောက် ကသူများလေထအောင်လာလုပ်နေတယ်။ ထန်းရေကလဲကောင်း အမြည်းကလဲ ကောင်း မယ့်ပုံပဲ။ ဇရက်မင်းစီးစိမ်ဆိုတာ ဒါမျိုးနေမှာ။ သောက်လိုက် ဖွာလိုက် တော်ကီပွားလိုက်နဲ့ ဟင်း … ပြောရင်းနဲ့

  • ဘဲဥ

    July 21, 2012 at 3:40 pm

    ကဖိုးထောင် သများကို သမာဓိပျက်အောင်လုပ်နေဒါလား
    များဒို့ဂ စိတ်ခိုင်တာဟုတ်ဘူးရယ် အဲ့ဒါမျိုးမြင်ရင် မသောက်ဘဲကို မနေနိုင်တာ ဂလု(တံတွေးမြိုချသံ)
    ဂေ့…………..

  • ပင်လယ် ပျော်

    July 21, 2012 at 5:25 pm

    ညီလေးဖိုးထောင် …….. မန်းလေးမှာညီလေးတို့ ပြုစုခဲ့တဲ့အတွက် အစ်ကိုကြီးတို့ မောင်နှံအရမ်းကို ကျေးဇူးတင်ပါတယ်ခင်ဗျား ……. နောက်လည်း အခုလို အစ်ကိုကြီးတို့ကို ပြုစုနိုင်ပါစေလို့ ……ညီလေးထောင်ပုံတွေကို အားပေးရင်းသွားရည်ကျပြန် တမ်းတမိပါ ကြောင်း..

    ဟိုညီလေး ကိုပေ ကိုပေါက်နှင့် မဒန်ချယ်ရီ ကိုဥ ကိုဖရဲ ကိုရွှေမင်းသား အားလုံးကိုကျေးဇူးတင်စွာဖြင့်

    ပင်လယ်ပျော် ဇနီးမောင်နှမနှင့် တူမလေး

  • manawphyulay

    July 21, 2012 at 6:35 pm

    အပေါ်က ပုံလေးတွေတော့ စိတ်ဝင်စားပါတယ်။ သေရည်သေရက် မသောက်စားသင့်ဘူး။ ဘယ်လိုဖြစ်ပြီး ဆွဲဆောင်ထားတဲ့ပုံတွေပါလိမ့်….

  • ဖိုးထောင်

    July 21, 2012 at 10:31 pm

    တကယ့်ကို ဇရက်မင်းစည်းစိမ်အပြည့်ပါဗျား အစားကောင်းလေးစားရတော့ မိတ်ဆွေတွေကိုသတိရလို့ပါ Myanmarcitizen ခင်ဗျ
    ဘဲဥမရေ ဘီယာထက်ကောင်းတာတော့ အမှန်ဗျို့
    ဦးဦးပင်လယ်ပျော်ရေ အနော်တို့ မန်းသားတွေက သီချင်းထဲကလိုပါပဲ ဧည့်သည်လာရင်ကိုပျော်နေတာပါ ဧည့်သည်ပြန်ရင်လည်းလွမ်းတတ်ပါတယ် အဟင့် ပြောရင်းနဲ့ ငိုချင်လာပြီ ရွှတ်ရွှတ်ရွှတ်

Leave a Reply