ဖုန်းဘီလ်စနစ်မှ ငွေဖြည့်ကဒ်စနစ်သို့ ပြောင်းလဲအသုံးပြုနေသော မိုဘိုင်းဖုန်းကဒ်အချို့၏ ညဘက် (၁၁) နာရီ ကျော် ဖုန်းခေါ်ဆိုခမှာ (၂၅)ကျပ ်မဟုတ်ပဲ ကျပ်ငွေ (၅၀)အပြည့် ပေးဆောင်နေရတယ်လို ့ သုံးစွဲသူများထံက သိရှိရကြောင်း သတင်းများထွက်နေပါတယ်။

အရင်တစ်ခါကလည်း MISS CALL  ကိုငွေကျပ် (၃၀၀) ဖြတ်တာလည်းဖြစ်ခဲ့ဘူးတယ်။

အမှားကိုဝန်ခံတောင်းပန်တာလည်းမရှိခဲ့ဘူး။အခုလည်း သတင်းစာကနေ တရားဝင်မရှင်းသေးဘူး။

 

GSM ဖုန်းတွေ အင်တာနက်သုံးလို ့ရအောင် (၁၀၀၀၀)ကျပ် သွင်းရတယ်။

ပြင်ပဆိုင်ကိုလုပ်ခိုင်းရင်(၁၁၀၀၀)ကျပ်ပေးရတယ်။ ၃ရက်ကြာမှလိုင်းဖွင့်ပေးတယ်။

တစ်ချို ့ဆိုင်က (၁၇၀၀၀)ကျပ်ပေးရတယ်။နေ ့ချင်းလိုင်းဖွင့်ပေးတယ်။

 

၂သိန်းတန် GSM ဖုန်းတွေ က 3G ရပြီး၊ ဝ၉-၅၀—— နဲ ့အရင် GSM ဖုန်းတွေ က 3G မရဘူး။

လုံးဝမဖြစ်သင့်ပါဘူး။အစကတည်းက လုပ်ပေးနိုင်အောင် ကြိုတင်ပြင်ဆင်သင့်ပါတယ်။

မြန်မာ့ဆက်သွယ်ရေးက လုပ်ပေးရမှာ နည်းပညာမလွယ်လို ့လား။

အနိုင်ကျင့်လို ့ရတယ် ဆိုတဲ့ သဘောလား။

ပြောမှ၊ တောင်းဆိုမှ၊ ဆန္ဒပြမှ၊ သမ္မတကြီးဆီစာရေးတင်မှလုပ်ပေးမှာလား။

 

လုပ်ပေးနိုင်ရဲ့သားနဲ ့ လုပ်မပေးတာဆိုရင်တော့

မြန်မာ့ဆက်သွယ်ရေးရဲ့ “ ခေါင် ” ကိုလည်းအနားပေးပြီး

လုပ်ပေးနိုင်မဲ့သူတစ်ယောက် ပြောင်းသင့်နေပြီ။

About the best

the best has written 40 post in this Website..