” ပုံပြောကောင်းတဲ့ ကောင်ကလေး “

နင် ကအရင်လိုမဟုတ်တော့ဘူး…
င့ါ အတွက်ဆိုပြီး……
နင် နည်းနည်းလေးတောင် အချိန်မပေးနိုင်တော့ဘူးနော်…
အကြောင်းပြချက်တွေ တိုးလာခဲ့တယ်…။

နင် ညာပြောတတ်နေပြီ…
ပြောင်းလဲခြင်းတွေ အစပြုလို့…
ရိုးမယ်ဖွဲ့ခဲ ့တဲ့ စကားလုံးများစွာနဲ့…
ချစ်ခြင်းတေးသွား ကဗျာအလင်္ကာတွေ…
ဆိပ်သုဉ်းမသွားအောင် နင် ပြောခဲ့ဖူးတဲ့ ချစ်တယ်ဆိုတာ….
လေဆိုင်ရာ လက်လွှဲ……….
ဟိုးးးးးးးးးးးအဝေးဆုံးထိအောင် လျှောက်လွှဲချက်ကောင်းကောင်းနဲ့…
ရှောင်ပြေးသွားတာ နင်ပြောခဲ့ဖူးတဲ့ အချစ်တွေလား….။

ငါကချစ်ပါတယ်ဆိုတော့လည်း နင်ကမယုံဘူး…
နင့် ကိုယုံပါတယ်ဆိုတော့ နင်ကဥပေက္ခာတွေပဲပေးတယ်…
လွယ်လိုက်တာဟာ နင့် ပါးစပ်ဖျားကပြောခဲ့တဲ့….
“ချစ်တယ်” ဆိုတာ င့ါကိုပြောဖို့….
တာဝန်တစ်ခု အနေနဲ ့များ သတ်မှတ်ထားခဲ့သလား ချစ်သူရယ်…။

နင် င့ါကိုချစ်ခဲ့တုန်းက ရိုးသွားစွာချစ်ခဲ့လား….
ငါသေချာမသိပေမယ့်…..
နင် မချစ်တော့ဘူးဆိုရင် ရိုးသားစွာဝန်ခံစေချင်ခဲ့တာပါ…
ဒါပေမယ့်……………
ဝိုးတိုးဝါးတားနဲ့ မသေချာမရေရာတဲ့ မျှော်လင့်ခြင်းတွေကို ငါမုန်းတယ်…
ငါကလည်း အသွေးအသားနဲ့ ဖွဲ့စည်းထားပြီး…
ခံစားချက်တွေနဲ့ တည်ဆောက်ထားတဲ့ သူတစ်ယောက်ပါ…
င့ါမှာ ခံစားတတ်တဲ့ နှလုံးသားတစ်စုံနဲ့လေ…
နင်သတိမထားမိလိုက်တာလား ချစ်သူရယ်….။

ဟိုအရင်အချိန်က နင် ပြောခဲ့တဲ့ စကားသံလေးတွေ…
ငါ အမြဲနားထောင်ခဲ့ရတယ်နော်…
အခု အရင်အချိန်တွေက …
ပုံပြင်တွေလား မှတ်ယူရတော့မယ် ချစ်သူ…
ပုံပြောကောင်းတဲ့ နင်က…
ပုံပြင်ကြိုက်တဲ့ င့ါကို..
ပုံပြင်ထဲမှာပဲ ထားသွားခဲ့တယ်နော်…
ပုံပြင်တွေကိုလည်း မုန်းးးးးးးးးးတယ်…
ပုံပြောကောင်းတဲ့ နင့်ကလည်း ငါကြောက်မိတယ်…
ဒါပေမယ့်လေ…ပုံပြင်တွေကို မုန်းးးးးးးးပေမယ့်…
ပုံပြောကောင်းတဲ့.. နင့်ကို ငါဘာဖြစ်လို့များ မမုန်းးးးးးးးမိပါလိမ့် ချစ်သူရယ်…။

(မှတ်ချက်။ ။ ပုံပြင်ဆိုတဲ့ စကားလုံးတော်တော်များများကို သိလိမ့်မယ်လို့ ထင်ပါတယ်နော်..
သီးခံပြီးတော့ နားလည်ပေးစေချင်ပါတယ်ရှင် )
ခင်မင်လျှက်။။။။။။။။မိုက်လေး

20 comments

  • ခပ်မိုက်မိုက် ကောင်မလေး

    July 21, 2012 at 11:55 am

    ပုံပြောကောင်းတဲ့ နင့်ကိုလည်း ငါကြောက်မိတာပါ..
    ( အဲ့နားမှာ မှားသွားလို ့)…မှားသွားတာ ခွင့်လွှတ်ပါ…:p

  • snow white

    July 21, 2012 at 12:20 pm

    မိုက်လေးရယ် လူတိုင်းအချစ်ဒဏ်ရာတွေတော့ခံစားဖူးမယ်ထင်ပါတယ် တကယ့်ကို အချစ်ဆိုကြောက်တယ် ပုံပြောကောင်းတဲ့သူတွေကို ပိုလို့တောင်ကြောက် တယ် အချစ်မရှိရင် လူသားဖြစ်ရတာ မပျော်ရွှင်ဘူးလို့လူတော်တော်များများပြောပေမယ့် အချစ်ကစပိုင်းဘဲချစ်ရတာပျော်ဖို့ကောင်းတယ် နောက်ပိုင်းလမ်းခွဲ ပြတ်ဆဲသွားရင် ရင်ထဲမှာဒဏ်ရာတွေသာကျန်ရစ်ခဲ့ပါတယ် ။။။

  • ko khin kha

    July 21, 2012 at 3:01 pm

    အဖိုးကလည်းအဖွားကို ချစ်တယ်ပြောမှာဘဲ
    အဖေကလည်းအမေ့ကို ချစ်တယ် ချစ်တယ်တဲ့
    ကျွန်တော်ကလည်းသူကို ပြောပါတယ် ချစ်တယ်။

    သီချင်းတပုဒ်ရဲ့စာသားလေးပါ။

  • ညလေး

    July 21, 2012 at 3:19 pm

    မိုက်လေးရယ်..နာမည်နဲ.လိုက်အောင်တော်တော်မိုက်မိုက်လေးတွေရေးတတ်ပါပေ့……
    အားပေးနေပါတယ်မိုက်လေးရယ်…….
    “နင် င့ါကိုချစ်ခဲ့တုန်းက ရိုးသွားစွာချစ်ခဲ့လား….
    ငါသေချာမသိပေမယ့်…..
    နင် မချစ်တော့ဘူးဆိုရင် ရိုးသားစွာဝန်ခံစေချင်ခဲ့တာပါ…”ဒီစကားလုံးလေးကတော့……
    ထိထိမိမိပါပဲ….

  • မဟာရာဇာ အံစာတုံး

    July 21, 2012 at 8:40 pm

    အော် ..
    မိုက်လေးရယ် ..
    ဝိုင်ဝိုင်းရဲ့ သီချင်းကို ကြားဖူးသလားကွယ် ..
    “မင်းမျက်ရည် .. မင်းမျက်ရည်” ဆိုတဲ့ သီချင်းလေးလေ ..
    အဲ့ဒီသီချင်းထဲက ဘေးနားမှာ သာနေတဲ့ လဟာ ကိုယ်ပါပဲကွယ် ..
    မိုက်လေးရဲ့ ဘေးနားမှာပေါ့ .. အဟိ .. 😀
    (ဟိုလူဂျီး မလာခင် ကြိုကစ်ထားတာ .. )

  • မောင်ပေ

    July 21, 2012 at 9:23 pm

    အော် မိုက်လေးရယ်
    လုပ်ရက်ပါပေ့
    မျက်ရည်တွေ တောက်တောက်ကျရပါပေါ့လား

  • ဘဲရှုပ်

    July 21, 2012 at 9:32 pm

    ချစ်သူမဟုတ်တဲ့ရည်းစားသဘောက
    ငါ့အတွေးအတွက် ပေါ့ပျက်ပျက်နဲ့
    တွဲလက်ဆိုတာ ခဏတာမို့
    သူ့အပေါ်ဂရုမထား တွဲလက်များခဲ့သည်…….

    အလေးမထား ဘေးစကားမယုံ
    စုံလုံးကမ်းပုံနဲ့ သူ့အချစ်
    နာကျင်ခံစား ရင်မှာဝှက်ထားရင်း
    ရွှန်းလဲ့မျက်ဝန်း မျက်ရည်အိုင်ထွန်း
    ကျိတ်ပြီးလွမ်းမှ သေချာသိလိုက်ရတဲ့သူ့အချစ်…..

    ခွင့်လွှတ်ပါ…….. ကိုယ် မင်းအချစ်နဲ့ မတန်ပါဘူး……
    —————————
    CreateMe Kayu

  • ဖိုးထောင်

    July 21, 2012 at 11:41 pm

    ခေါင်း……လောင်း………သံ…. တညံညံပေး…………..တဲ့ ………….
    ကိုပေ ပုဆိုးဝတ်တဲ့နေ့တွေ……………ပြေးမြင်..မိရင်……….. ကောင်းလိုက်တဲ့ တွံတေးသိန်းတန်သီချင်း

  • cherry nwe

    July 22, 2012 at 12:08 am

    ညလေးတော့ခံစားဘူးသေးဘူး

    • မဟာရာဇာ အံစာတုံး

      July 22, 2012 at 12:41 pm

      ညလေ .. အဲ .. ချယ်လေး ..
      ဘယ်ခံစားဘူးမလဲကွယ် ..
      ချယ်လေးဂို အဲ့လို မခံစားရအောင်လို့လည်း
      တိုဂ အဂျစ်ဂျီး ဂျစ်ခဲ့ဒါဘော့လို့ .. 😀
      မှတ်ချက် ။ ။ နောက်ဒါဘာ ..

  • ခပ်မိုက်မိုက် ကောင်မလေး

    July 23, 2012 at 9:39 am

    မိုက်လေး ဒီတစ်ခါရေးတာတွေမှာ…
    နည်းနည်းမှားသွားတယ်နော်…
    နောက်ပြီး ရေးလိုက်တာ အလျှင်စလိုနဲ့မို့…
    သိပ်ပြီး အဆင်မပြေလိုက်ဘူး…
    ဒါပေမယ့် အခုလို သီးခံဖတ်ပေးသွားတဲ့…
    မန်းဂေဇက်မှ သူငယ်ချင်းများအားလုံးကို…
    မိုက်လေး အထူးကျေးဇူးတင်ပါတယ်ရှင်…။

  • mamanoyar

    July 23, 2012 at 9:46 am

    မိုက်မိုက်ရေ အားပေးသွားတယ်နော်
    အရမ်းခံစားနေရတယ်ထင်တယ်
    အလွမ်းတွေရေးတာများတယ်နော်

  • ခပ်မိုက်မိုက် ကောင်မလေး

    July 23, 2012 at 10:12 am

    အင်း…..ဟုတ်ယ်နော်…
    မိုက်လေး လည်းသိပါတယ်…
    ရေးသမျှတွေက အလွမ်းနဲ ့ အချစ်ပဲများနေတယ်…
    အလွမ်းမင်းသမီး ပဲလုပ်ရတော့မလားလို့…
    ကျန်တာကျတော့လည်း မိုက်လေး ရေးတတ်ဘူးလေ…
    ဟဲ………..:P

  • ဘုဂလန့်

    July 23, 2012 at 10:28 am

    သောက်ကျိုးနဲ မိုက်လိုက်တဲ့စာသား ကော်ပီကူးထားတဲ့အတိုင်းဘဲ

    • မောင်ပေ

      July 23, 2012 at 11:13 am

      မျက်ရည်တွေ ထပ်ပြီးတောက်တောက်ကျမိတယ်
      ဟီဟိ

  • ခပ်မိုက်မိုက် ကောင်မလေး

    July 23, 2012 at 10:53 am

    အဲ…ဘုဂလန့်…
    ဘယ်လိုမျိုးလဲဟင်….
    ကော်ပီကူးပါဘူးဗျ…..
    တကယ်ခံစားချက်ပါဗျာ…
    (မှတ်ချက်။ ။ထဲမှာလည်း ပါတယ်လေဗျာ ပုံပြင်ဆိုတဲ့ စာသားကိုတော့ ကြားဖူးကြလိမ့်မယ်လို့…
    မိုက်လေး ဝန်ခံထားပါတယ်ဗျ…)

  • Naing Ngan Kyaw

    August 31, 2012 at 4:23 pm

    ခပ်မိုက်မိုက်ကောင်မလေး……….
    မိုက်လေးဆိုတဲ့ ခပ်မိုက်မိုက်ကောင်မလေး………..
    မင်းရဲ့ ပို့စ်ကို ပထမဦးဆုံးပဲ Comment ပေးဖူးတာပါ
    ပထမဦးဆုံးပဲ ဖတ်လိုက်ရတဲ့ ကဗျာလေးက အံဩစရာကောင်းလောက်အောင်ကို …………
    ဒို့နဲ့ တိုက်ဆိုင်မှုတွေရှိနေတယ်……….
    အဲဒီအတွက် ကိုယ့်ခံစားမှုတွေကို ရေးပေးနေသလားတောင်အောက်မေ့မိတယ်…………..
    ကျေးဇူးတင်ပါတယ် ခပ်မိုက်မိုက်ကောင်မလေးရယ်………..
    မင်းကို အမြဲတမ်းအားပေးနေမယ်နော်
    ပြီးတော့ ရှေ့ဆက်ပြီးတော့လည်း အောင်မြင်အောင်ကြိုးစားပါလို့………
    ကိုယ်ဆုတောင်းပေးနေမယ်နော်……….ခပ်မိုက်မိုက်ကောင်မလေး.။။။။။။။

  • ခပ်မိုက်မိုက် ကောင်မလေး

    September 1, 2012 at 9:03 am

    ကျေးဇူးတင်ပါတယ်နော်…။

Leave a Reply