အသက် ၄ဝအရွယ်တဲ့

snow whiteJuly 21, 20121min18316

(စေတနာနဲ့ပြန်လည်ဝေမျှလိုက်တာပါ  သိပြီးတဲ့သူလည်းရှိသလိုမသိသေးတဲ့သူလည်းရှိမယ်ထင်လို့ ဒီပို့စ်လေးတင်ပေးလိုက်တာပါ   ။။။)

အသက် ၄ဝ အရွယ် ရောက်လာလျှင် အရွယ် လတ်ပိုင်းသို့ ဝင်ရောက်လာပြီ ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာ အမျိုးသမီးလေးတွေဟာ ဘာမှ မလိမ်းဘဲ နေထိုင် တတ်ပါတယ်။
၄ဝ အရွယ်နား ရောက်လာပြီ ဆိုရင်ဖြင့် ငယ်ငယ်ကလို ငယ်ဂုဏ် မရှိတော့တဲ့ အတွက် ဘာမှ မလိမ်းခြယ်ဘဲ ကြည့်ကောင်းစွာ စတိုင်ကျကျ တင့်တယ်စေဖို့ အတွက် Skin Care တစ်မျိုးမျိုးကို ရွေးချယ ်သုံးစွဲဖို့ အချိန် ရောက်လာပြီလို့ သတိပေး နိုးဆော်ချင်ပါတယ်။

Skin Care အလှဆီကို လိမ်းမယ်ဆိုရင် မိမိရဲ့ အသားအရေ အမျိုးအစားကို ပထမဦးဆုံး ဘယ်လို အမျိုးအစား ဖြစ်သလဲ ဆိုတာကို အရင်ဆုံး သိဖို့ လိုအပ်ပါတယ်။ (ဥပမာ- အဆီပြန်တတ် သလား။ ခြောက်သွေ့သလား စသည်ဖြင့်) အဲဒါကို သိပြီးတဲ့နောက် ကိုယ်နဲ့ လိုက်ဖက်မယ့် အမျိုးအစား Normal, Dry, Oily စသဖြင့် ရွေးချယ် ဝယ်ယူရပါမယ်။

ကိုယ့်ရဲ့ အသားအရေက ခြောက်နေရင် အစိုဓာတ် ဖြည့်ပေး ရမယ်။ အဆီပြန် နေရင်တော့ အဆီ မပြန်တာမျိုးကို ရွေးလိမ်း ရတဲ့ သဘောပါ။
Skin Care ကို လိမ်းပုံ လိမ်းနည်းကတော့ မနက် ရေချိုးစဉ်မှာ မျက်နှာကို Facial Foam (သို့မဟုတ်) Cleanser နဲ့ သစ်ရပါမယ်။ မျက်နှာပြင် ပေါ်ရှိ ဆဲလ် အသေနှင့် အညစ်အကြေး များကို Cleanser က ထိရောက်စွာ ဖယ်ရှားပေးရုံ သာမကဘဲ ဆဲလ် အသစ်များကို ထပ်မံ တိုးပွားစေပါသည်။ Extract နှင့် Cherry Extract တို့ ပါဝင်မှုကြောင့် အသားအရေကို နူးညံ့ ချောမွေ့ စေပါသည်။ နေ့ည မျက်နှာ သစ်ရာမှာ အသုံး ပြုနိုင်ပါသည်။ (ဥပမာ) GARNIER မှ Age Lift Foam Cleanser ကို အသုံးပြု နိုင်ပါတယ်) ပြီးရင် အရင်ဆုံးToner ကို သုတ်လိမ်းပါ။

Toner ဆိုတာ အသားအရေကို ကြည်လင်စေသည့် လိမ်းဆေး (သို့) ကျန်းမာ သန်စွမ်း စေသော လိမ်းဆေး ဖြစ်ပါတယ်။Tonerက မျက်နှာပေါ်မှာ ရှိတဲ့ အညစ် အကြေးတွေကို ဖယ်ရှားပြီးတဲ့ နောက်မှာ ချွေးပေါက်တွေကိုလည်း ကျဉ်းစေပါတယ်။ နောက်တစ်ဆင့် အနေနဲ့ အရေပြားရဲ့ အစိုဓာတ်ကို ထိန်းသိမ်း ပေးနိုင်တဲ့ “မွိုင်ချာရိုင်ဇာ” (Moisturizer) တစ်မျိုး လိမ်းရပါတယ်။ နေ့ခင်းဘက်မှာ လိမ်းဖို့ကတော့ နေရောင်ကာ ဓာတ်ပါတဲ့ Dry Cream အမျိုးအစား လိမ်းသင့်ပါတယ်။ Age Lift Day Cream Moisturiser ဟာ အသားအရေ အတွက် လိုအပ်တဲ့ ရေဓာတ် ပမာဏကို ပြည့်ဝစွာ ဖြည့်ဆည်း ပေးပြီး အသားအရေ ပေါ်မှာ လိုင်းများနှင့် အရေး အကြောင်းများကို သိသာစွာ ဖယ်ရှား ပေးစေပါသည်။ အမည်းစက်များ ဖြစ်ပေါ်ခြင်းမှ ကာကွယ် ပေးနိုင်တဲ့ UV Filters SPF 15 ပါဝင်တဲ့ Age Lift Day Cream ကို နေ့စဉ် Cleansing ပြုလုပ်ပြီးတိုင်း သုံးစွဲ သင့်ပါတယ်။

မျက်ဝန်းတစ်ဝိုက် မျက်သားများ ဇရာကြောင့် ဖောင်းအိ ကျမလာ စေရန် ယခု ၄ဝ အရွယ်မှ စတင်၍ မျက်ဝန်း အတွက် သီးသန့် ဖော်စပ်ထားတဲ့ မျက်ဝန်းဆေး Eye Cream ကို စတင် လိမ်းသင့်ပါတယ်။ မျက်နှာရဲ့ အနူးညံ့ဆုံး ဧရိယာဟာ မျက်လုံး ဖြစ်လို့ အိုမင်းခြင်း လက္ခဏာကို ကာကွယ်နိုင်ရန် အတွက် GARNIERမှာ ထုတ်လုပ်တဲ့ Age Lift Eye Cream ကို မျက်ဝန်း ဧရိယာတစ်ဝိုက် နေ့ည မှန်မှန် လိမ်း၍ သုံးစွဲနိုင်ပါတယ်။ ပြီးနောက် မိတ်ကပ် (သို့) ခရင်ပတ်နှင့် သနပ်ခါး စသည့် မိမိ လိမ်းနေကျ ကြိုက်နှစ်သက်ရာကို လိမ်းပေးနိုင်ပါတယ်။ လည်ပင်း အတွက် Neck Creamကို လိမ်း၍ ခြေလက်တို့ကိုတော့ Body Lotion ကို မှန်မှန် လိမ်းသင့်ပါတယ်။

ညနေဘက်မှာတော့ တစ်နေ့လုံး လိမ်းခြယ် ထားတာတွေကို ဖယ်ရှား သန့်စင်နိုင်ရန် အတွက် Cleansing Cream လိမ်းပြီး ဖျက်စေ ချင်ပါတယ်။ မျက်ဝန်း၊ နှုတ်ခမ်းနီ အတွက်တော့ Eye & Lip Remover ကို အသုံးပြုရပါမယ်။ ညအိပ်ရာ ဝင်ခါနီး အချိန်၌ ရေချိုး သန့်စင်ပြီးလျှင် နောက်ဆုံးအကြိမ် အဖြစ် အိပ်စက် အနားယူခြင်း မပြုမီ အာဟာရဓာတ် ပြည့်ဝတဲ့ Age Lift Night Cream ကို လိမ်းခြင်းအားဖြင့် သင့်ရဲ့ အသားအရေကို ပျိုမြစ်မှု ရှိစေရန် ဖန်ဆင်းပေးမှာ ဖြစ်ပါတယ်။ အသားအရေကို ပြန်လည် တင်းရင်း စေတာကြောင့် နုပျို လင်းလက်သော အသွင်အပြင်ကို ပေးစွမ်းနိုင်မှာ ဖြစ်တယ်။ ညစဉ် Cleansing နှင့်Treatment ပြုလုပ်ပြီးတိုင်း Night Cream ကို ညစဉ် မှန်မှန် လိမ်းရမှာ ဖြစ်ပါတယ်။ Toner, Moisturizer (Night Cream) Eye Cream, Body Lotion ကို အထက် ဖော်ပြသကဲ့သို့ အသုံးပြုစေ လိုပါတယ်။ ဒါတွေကတော့ အသက်၄ဝ ဝန်းကျင် လူလတ် အမျိုးသမီးတို့ အသားအရေ အတွက် မသုံးမဖြစ် စတင် သုံးစွဲစေ ချင်တဲ့ Skin Care အသုံးပြုပုံ အဆင့်ဆင့် ဖြစ်ပါတယ်။ လိမ်းလိုက် မလိမ်းလိုက် လုပ်လို့တော့ မရပါဘူး။ နေ့စဉ် ပုံမှန်ပြုလုပ် သွားစေချင်ပါတယ်။

အဲဒီလို မိမိရဲ့ အသားအရေ ကို Skin Care ရဲ့ အကူအညီနဲ့ နေ့စဉ်မှန်မှန်Take Care လုပ်သွား ရပါမယ်။ အပြင် ထွက်ခါနီး ဘာမှ မလိမ်းခြယ်ချင်ဘူး ဆိုရင်တောင် Skin Care လိမ်းပြီး အပေါ်က ကြိုက်ရာ တမျိုးမျိုး လိမ်းပေး နိုင်ပါတယ်။ မျက်နှာ ဖုန်ဖုန်လေးနဲ့ လှလည်း လှစေနိုင်ပါတယ်။

16 comments

  • မောင်ပေ

    July 21, 2012 at 12:33 pm

    စနိုးလေးကို ကိုပေ သေချာလိမ်းပေးပါမယ်ကွယ်
    ဟီဟိ

    • မဟာရာဇာ အံစာတုံး

      July 21, 2012 at 7:30 pm

      ဟေ့လူဂျီး …
      မဒမ်ပေနဲ့ တိုင်ကြောလိုက်မှာနော် ..
      စနိုးလေး အဲ့ဒီ နဖူးပြောင်ပြောင်နဲ့ ဘူးဂျီးချကားကို ယုံနဲ့နော် ..
      အနော့်စကားကိုပဲ ယုံ .. သိလား .. ဟီဟိ .. 😀

  • shwe kyi

    July 21, 2012 at 2:08 pm

    အလှပြင်ပစ္စည်းတွေလည်းများလှပါတယ်ရှုပ်နေတော့တာပါပဲ စနိုးရယ်။ နားမလည်တာနဲ့ မျက်နှာသစ်ဆေးကလွဲရင်ဘာမှကိုမသုံးဖြစ်။
    ဖုန်းလည်းလိုင်းတွေများလွန်းလို့နားမလည်တာနဲ့ မသုံးဖြစ် (ဟဲ ဟဲ မဝယ်နိုင်လို့မဟုတ်ဘူးနော်)

  • ma haw

    July 21, 2012 at 2:35 pm

    မျက်နှာလိုက်တယ်…သားတို့လိုကောင်ထီးတွေအတွက်ဘယ်လိုလုပ်ပေးရမှာလဲလို့…:P

  • mayjuly

    July 21, 2012 at 2:35 pm

    အယ် ..အဲ လောက် အများကြီးးဝယ်လိမ်းနိုင်ပါဘူးတော် ….

    နဂိုရှိမှ နဂိုင်းထွက်တာပါအေ ….. 😀 😛

  • Foreign Resident

    July 21, 2012 at 3:09 pm

    အမှန်တော့ အရှည်ကြီး ဖြစ်နေလို့ပါ ။ လိုရင်းက ။

    ၁ ။ မျက်နှာစင်အောင် Facial Cleanser / Transparent soap နှင့်ဆေးပါ ။
    အဓိက က မျက်နှာပေါ်မှာ ဆပ်ပြာရဲ့ Residue မကျန်စေတဲ့ ဆပ်ပြာ အကောင်းစား သုံးပါ ။
    Transparent soap ကို Recommend ပေးပါတယ် ။ ဈေးကြီးပြီး ၊ ရှားပါတယ် ။

    ၂ ။ သိပ် စင်ကြယ် သွားတဲ့ အတွက် ချွေးပေါက်တွေပါ ပွင့်သွားပြီ ။
    Toner လူးချင်းက ချွေးပေါက်တွေ ကိုပြန်ကျဉ်းပေးတယ် ၊ ထပ်ပြီးလည်း သန့်စေတယ် ။

    ၃ ။ Facial Cleanser / Transparent soap နှင့် Toner သုံးပြီး ရှင်းလိုက်ရင် ၊
    မျက်နှာပေါ်မှာ အဆီမှန်သမျှ ပြောင်သွား ၊ ခြောက်သွားပြီ ။
    အဆီ မရှိရင် wrinkle ဖြစ်မယ် ၊ အိုမယ် ၊ အသားအရေပျက်မယ် ။
    ဒါကြောင့် Moisturizer လူးပြီး ရေ + ဆီ ပြန်ဖြည့်တယ် ။

    အဲဒီ ၃ ဆင့်ပြီးရင် အမှန်က အခြေခံ အားဖြင့် လုံလောက်သွားပြီ ။ ဒါပေမယ့် ။

    ၄ ။ နေ့အခါမှာ နေရောင် နှင့်တွေ့မှာမို့ အပေါ်က Sun Screen / Block ထပ်အုပ်မယ် ။
    SPF ၂၅ နှင့်အထက် ။ Heavy Metal ( Eg, Titanium ) မပါတာ ရွေးဝယ်ပါ ။

    ၅ ။ ညမှာ အသားအရေကို ပြန်အားဖြည့်ရအောင် Replenishment Night Cream သုံးမယ် ။

    ၆ ။ တကယ်လို့ မျက်နှာ အသားအရေ ထူနေရင် မွှေးညင်းပေါက် လမ်းရှည်ပြီး ၊
    အဲဒီလမ်းမှာ အဆီပိတ်ပြီး ဝက်ခြံဖြစ်ပြီး ရောင်ရမ်းနိုင်လို့ ၊
    Alpha Hydroxy Acid ( အက်စစ် အပျော့စား ) လူးပေးဖို့ လိုလိမ့်မယ် ။

    ဒါလေးပါပဲ ။

    • Foreign Resident

      July 21, 2012 at 3:19 pm

      အဘ ရန်ကုန်မှာ Transparent soap ရှာဝယ်ဘူးပါတယ် ။
      မွှေး ဆပ်ပြာတုန်း တစ်ဝက်ပဲရှိတဲ့ အရွယ်ကို ၊
      ၈၀၀ဝ ကျပ် ပေးရပါတယ် ။

  • ညလေး

    July 21, 2012 at 3:39 pm

    အဘရယ်…..ရှင်းပြပေးလို.ကျေးဇူးပါနော်…..
    မမစနိုးကိုလည်းကျေးဇူးတင်ပါတယ်…..

  • နေဝန်းနီ

    July 21, 2012 at 8:14 pm

    အင်း…… သူလည်း MRTV ကို အားကျတယ်ထင်ပါ့…..။ ကြော်ညာ သွားလိုက်တဲ့ ပစ္စည်း အမယ်တွေ များလိုက်တာ……….။ ကျော်ညာ ခ ဘယ်လောက်ရသလဲ ဟင်………. 😛 😛 😛

  • ဘဲရှုပ်

    July 21, 2012 at 9:58 pm

    အတက် ၄ဝ ပြောသမို့ နာတို့ အတွက်များလားလို့
    ဟွင့် ဟုတ်လဲ ဟုတ်ဖူး

  • ကြောင်ကြီး

    July 22, 2012 at 3:25 am

    အမေ အသက်လေးဆယ်မှာ ကျုပ်ကောင်းကောင်းဂျီး သိတတ်နေပီ ဒီတော့ အသက်လေးဆယ်အရွယ် အပျိုဂျီး၊ အာပြိုဂျီး အားလုံးကို ဤနေရာမှ ကန်တော့ပါသည်။ 😮

  • ဇောက် ထိုး

    July 22, 2012 at 7:36 am

    ဝတ်စားလိုက်တာ ကော့လို့ …ပျံလို့….. ရာကျော်တန် ထီးနဲ့ဖိနပ်….လက်သဲနီက ရောင်စုံမက….
    ဆံပင်ကောက်လို့ အလှပြုပြင်ပြန်တယ်….. ဈေးကြီးလိုက်တာနော်……နောက်ဆုံးပေါ် သူတို့တဝတ်စာ….
    မိန်ကပ်ပေါင်ဒါ နှုတ်ခမ်းနီဗူးပါ………
    လခထုတ်ရင် မျက်ခုံးလှုပ်လို့နေ… ရွှေတိဂုံရှင်တော်ဘုရား….တပည့်တော်အားကယ်တော်မူပါ… ဥုံဟရီ ဟရိ ဂါထာသရဇယ် အသုံးအဖြုံးကြီးတဲ့ စာရေးမနဲ့လွဲရပါစေ….လွဲရပါစေ…

  • ahnyartamar

    July 22, 2012 at 1:22 pm

    အသက် ၄ဝအရွယ်၊ ကိုကို ကာလသားတွေ အတွက်ကျ မပါဘူး၊ မတရားဘူး။

  • Wow

    July 22, 2012 at 7:35 pm

    အသားအရေထိမ်းတာလဲ ထိမ်းတာပေါ့ အဓိကက ကံ၊စိတ်၊ဥတု၊အာဟာရတဲ့ ဒီလေးမျိုးမျှအောင်နေ ဘာ ကော့စမစ်တစ်မှမလို….
    ဟီး…ဟီး.. မတူတဲ့ အမြင်နဲ့မန့်ကြည့်ဒါ… 😀

  • Mr.Know-All

    July 22, 2012 at 7:46 pm

    mahaw နဲ့ ahnyartamar တို့ရေ
    မပူပါနဲ့ဂျာ Mr.Know-All က ခင်ဗျားတို့ အတွက်အထူးသီးသန့် ဆိုင်ဖွင့်ထားပါတယ်
    အရင်ဆုံးမျက်နှာကို ချေးစင်အောင် ကော်ပတ်စားပေးပါတယ်
    ဒုတိယအဆင့်အနေနဲ့ မျက်နှာလေး ဖြူစင်ဝင်းပလာအောင် ဖူဂျီနဲ့လျှော် အဲလေ ဆေးပေးပါတယ်
    နောက် ချွေးပေါက်လေးတွေကျယ်လာမှာစိုးလို့ အိုင်အိုဒင်းဆားနဲ့ Spa ဝန်ဆောင်မှုပေးပါတယ်
    စတုတ္ထအဆင့် အနေနဲ့ကတော့ ရေဓါတ်ဆုံးရှုံးမှုမှ ကာကွယ်ဖို့ အက်စစ်နည်းနည်း (အဆီပိတ်ပြီး ဝက်ခြံဖြစ်မှာစိုးလို့ပါ ဟီး)ကို အဆုံးသတ် Revelon မြေဖြူမုှန့် မရိုက်ခင်မှာ တို့ပေးပါတယ်
    ကဲ ကိုကိုတို့ ဦးကြီးတို့ အတွက် သီးသန့်ဝန်ဆောင်မှုပေးတဲ့ Mr.Know-All ရဲ့ ညင်ညင်သာသာ ဘူးသီးဇလုံက ကြိုဆိုပါတယ်ဗျာ………
    ( ဆိုင်ဖွင့်ပွဲ အမှတ်တရ မာဆတ် အထူးခန်းမှာ ခြေထောက်တစ်ဖက်ကို ဆင်တစ်ကောင်နှုန်းဖြင့် အထူး ဝန်ဆောင်မှု ပေးနေပါပြီ)

  • south thal

    July 22, 2012 at 8:21 pm

    သားသားအသက်က ခုမှ ၅၃ဆိုတော့ သူပြောတာ က အသက်၄ဝ အရွယ်ဆိုတော့ သားသားတို့အတွက်မပါဘူး။။။

Leave a Reply