အညာမှာ စာသင်တုန်းက

Mg OggaJuly 2, 20101min570
35841_1502118559676_1435564019_1304480_5107419_n

န ္တလေး ဖောင်တော်ဦး ဘုန်းတော်ကြီးသင် အထက်တန်းကျောင်းက ဆရာမလေး အိအိဖြိုးလွင်(ကစ်စတီ) ရေးထားတဲ့ ခရီးသွားမှတ်တမ်းလေးပါ ကျွန်တော်ရဲ့ ရဲဘော်ရဲဘက် တေဖော် တေဖက် ဖြစ်တဲ့ ညီမလေး ကျွန်တော်တို့ သွားခဲ့ရတဲ့ ခရီးစဉ် အကြောင်းလေး ကို တင်ပြဝေမျှ လိုက်ပါတယ်။ စာရေးပေးတဲ့ ညီမလေးကို လည်း ကျေးဇူးပါ။

အညာမြေဆိုတာကိုမချစ်တတ်တဲ့ ကျွန်တော့်အတွက်အညာသွားဖို့အကြောင်းကဖန်လာတယ်…

ဖန်လာပုံကဒီလိုဗျ..ကျွန်တော်တို့ဗုဒ္ဓဘာသာသူငယ်ချင်းတစ်စုလိုအပ်နေတဲ့ရွာတွေကပရဟိတကျောင်း
တွေမှာစာလိုက်သင်ဖို့သဘောတူခဲ့ကြတယ်..လူဆယ့်နှစ်ယောက်ပါဝင်တဲ့ကျွန်တော်တို့သူငယ်ချင်းတစ်စု
က ရွာ(၇)ရွာကိုဦးတည်လိုက်ကြပါတယ်..ကရင်ပြည်နယ်(နောင်ယားဖေးရွာ၊ပိနéဲတောရွာ၊လှိုင်ကော့ဖျာရွာ)၊
ရှမ်းမြောက်(ပန်လော့ရွာ)၊ချင်းပြည်နယ်(လုံဟော)၊ဆားလင်းကြီးမြို့နယ်(ကုန်းကြီးရွာ)၊
ကျွန်တော်တာဝန်ကျတာကကျွန်တော်မခံစားတတ်တဲ့အညာမြေကကုန်းကြီးကျေးရွာပါ။ကျွန်တော်နဲ့  အတူရဲဘော်ရဲဘက်ကရန်ကုန်က ကိုဥဂ္ဂါ ၊နောက်ဘားအံက ကရင်မလေးနန်းကျော့ကေခိုင်။
နွေရာသီခေါင်ခေါင်မှာအညာကိုမခံစားတတ်ပေမယ့်လည်းကလေးတွေမျက်နှာမြင်ယောင်ပြီးအား
ကြိုးမာန်တက်ချီတက်မိတာပါပဲ။
မုံရွာကိုပထမဆုံးရောက်တယ်..ပြီးတော့ကိုဥဂ္ဂါသူငယ်ချင်းအိမ်မှာအိတ်တွေ
ခဏထားပြီးမုံရွာအနှံ့လည်လိုက်ကြသေးတယ်။
နွေရာသီနေမင်းကြီးကြည့်ပြီးငိုချင်သလိုလိုတော့ဖြစ်မိသားဗျ။လျှောက်လည်ပြီးမုံရွာမှာတစ်ညအိပ်ကြသေးတယ်။ ရင်တော့ခုန်မိသားစာသွားသင်ရင်ဘယ်လိုကြုံတွေ့ရမယ်ဆိုတာကိုလေ..နောက်နေ့မနက်ဇက်နဲ့ချင်းတွင်းမြစ်တစ်ဘက်ကမ်းကူးကြရတယ်။
ဟိုဘက်ကမ်းလည်းရောက်ရောကုန်းကြီးရွာကဦးလေးကြီးတစ်ယောက်နဲ့ဆရာမနှစ်ယောက်လာကြိုကြတယ်။
အညာသူအညာသားဆိုတော့စကားပြောပွင့်လင်းပြီးခင်ဖို့တော့အကောင်းသားဗျ။လမ်းတစ်လျှောက်မှာတမာပင်တန်းတွေအပြိုင်အဆိုင်ယိမ်းနွဲ့
နေကြတော့ရင်ထဲမှာတစ်မျိုးတော့ခံစားလိုက်ရသလိုပဲ။တမာရနံ့ကိုရှုရှိုက်ချင်ပေမယ့်လည်းကံမကောင်း
အကြောင်းမလှစွာကျွန်တော်နှာစေးနေခဲ့တယ်ဗျာ။လမ်းဘေးတစ်ဘက်တစ်ချက်ကလယ်ယာစိမ်းစိမ်းလေးတွေက
လည်းအတော်သာယာတယ်ဗျ။အညာကိုသဘောကျမိသလိုလိုတော့ဖြစ်သား။တစ်နာရီလောက်ဆိုင်ကယ်စီးလိုက်
တော့ကုန်းကြီးဆိုတဲ့ရွာကိုမှုန်ပြပြလှမ်းမြင်လိုက်ရတယ်။ကွင်းပြင်ထဲမှာသူတစ်ခုတည်းစိမ်းစိမ်းစိုစိုနဲ့ရါာလေးကချစ်
စရာတော့အကောင်းသားဗျ။ဒီလိုနဲ့ရွာဦးကျောင်းကိုဝင်ပြီးဘုန်းကြီးနဲ့တွေ့ကြတယ်..ရောက်ရောက်ချင်းဆောက်နဲ့
ထွင်း “ဟဲ့.သင်္ကြန်ဆံပင်တွေနဲ့ပါလားတဲ့ ” သေလိုက်စမ်းကစ်ကစ်ရေ့…
ကျွန်တော်ရော ကရင်မလေးရောဆံပင်အရောင်ကနည်းနည်းတင်ထားကြတာ..း)
ရှေးရိုးစွဲဘုန်းကြီးနဲ့လာတွေ့နေတယ်ဗျာ..အဲ့လိုကိုကံကောင်းတာ.ဒီလိုနဲ့ဩဝါဒခံယူပြီးထမင်းစားကြတယ်..ဟင်းခွက်ကတော့အစုံပဲ..
ဘယ်ဟင်းခွက်နှိုက်ရမှန်းတောင်မသိဘူး.ထမင်းစားပြီးသူ့ကျောင်းဝန်းလှည့်ပတ်ပြတယ်..ကျောင်းဝန်းကအကျယ်
ကြီးပဲဗျာ..မြေကတလင်းမြေ..ပူလိုက်တာကတော့အော်မငိုမိအောင်သတိထားရတယ်။ဘုန်းဘုန်းကဖိနပ်စီးပြီး
လိုက်ပြတာ.ကျွန်တော်တို့က ဖိနပ်မစီးရဘူး..ပူလိုက်တာလို့ညည်းတော့
ငရဲလောက်မပူပါဘူးဟဲ့ တဲ့..ကောင်းရော
ဟိုပြေးဒီပြေးနဲ့ပဲအောင့်အီးပြီးကျောင်းတစ်ပတ်ကြည့်ခဲ့ရတယ်..ခဏနေတော့ကလေးလေးတွေနဲ့တွေ့ကြည့်ကြ
တယ်။အားလုံးပေါင်း(70)ကျော်တယ်။ ဒီလိုနဲ့ အချင်းချင်းမိတ်ဆက်ကြတာပေါ့။
ကျွန်တော်ကအိဖြိုးပါ လို့မိတ်ဆက်တော့
ကျွန်တော့်နာမည်ကို အိဖြိုးပါ လို့ထင်ကြသေးတယ်။
မိတ်ဆက်ပြီးတော့ညနေစောင်းလုနီးနီးဖြစ်သွားပြီ။လာကြိုတဲ့ဦးကျော်ဆန်းဆိုတဲ့ဦးလေးကြီးအိမ်မှာလိုက်တည်းကြတယ်။
သမီးနှစ်ယောက်နဲပ့သားတယ်ယောက်ရှိတဲ့သူတို့အိမ်လေးကကျွန်တော့်အတွက်တော့ပျင်းစရာမကောင်းခဲ့ဘူး.း)။သားအငယ်ဆုံးလေးက
4နှစ်ပဲရှိသေးတယ်။ ပျင်းရင်အဲ့ကလေးကိုဝိုင်းစလိုက်ကြတာပါပဲ။ရွာကအိမ်ခြေ(၈၀)ကျော်ဆိုတော့သိပ်တော့မကြီးကျယ်ပါဘူး။
မနက်စာကတော့တည်းအိမ်ကပဲအမြဲကျွေးတယ်။နေ့လည်စာကတော့ဟင်းခွက်စုံလင်စွာဖြင့်ဘုန်းကြီးကျောင်း၊
ညနေစာကတော့ဖိတ်တဲ့အိမ်လိုက်စားကြတာပေါ့။
ကုန်းကြီးရွာရဲ့အရှေ့နဲ့အနောက်မှာ ရွှေလောင်းနဲ့ လက်ပံအေးဆိုတဲ့ရွာနှစ်ရွာရှိတယ်။ ကျောင်းသားတွေကအဲ့ရွာနှစ်ရွာကလည်းပါတယ်။
စက်ဘီးနဲ့ပဲလာတက်ကြတယ်။ မိနစ် ၂ဝလောက်တော့ကြာတယ်။ အဲ့ရွာနှစ်ရွာက လည်းထမင်းစားဖိတ် တတ်တယ်။
တစ်ရက်ပေါ့ဗျာ..ရွှေလောင်းကိုထမင်း
သွားစားကြတာပေါ့ဗျာ။ အဲ့မှာတပည့်လေးတွေက
လက်ဖက်ရည်ကြမ်းသောက်ဖို့လာခေါ်ကြတယ်။ ဟိုအိမ်ကခေါ်၊
ဒီအိမ်ကခေါ်နဲ့ ၁၃အိမ်နီးပါးလောက်ရောက်ဖြစ်တယ်။
အညာဆိုတော့ပဲကအပေါသားကိုဗျ။ ဘယ်အိမ်ရောက်
ရောက် ပဲလှော်သုပ်၊ ပဲခြမ်းသုပ်၊ လက်ဖက်သုပ် စသဖြင့်ပေါ့ဗျာ။
လူကမစားနိုင်တော့ဘူး.မစားပြန်တော့လည်းမျက်
နှာမကောင်းကြပြန်ဘူး..အားနာနာနဲ့စားလိုက်တာ ဗိုက်က ထိုင်မရ
ထမရကိုဖြစ်သွားတာ။ အဲ့နေ့ကိုတကယ်မေ့မရ
ခဲ့ဘူး။
4ရက်လောက်လည်းကြာရော..ကရင်မလေးကငိုပါလေရော။ သူကအိမ်နဲ့လည်းမခွဲဖူး၊ အသက်ကလည်းငယ်သေး
တော့အိမ်လွမ်းပြီးတငိုငို တရီရီနဲ့လေ။ နောက်ကျသူကဘားအံပြန်သွားပါလေရော။
ကိုဥဂ္ဂါကတော့စိတ်တွေတိုတာ
ပေါ့နော်။ ကျွန်တော်လည်းစိတ်မကောင်းဘူး..တစ်အားလျော့သွားတာပေါ့ဗျာ။
ဒါနဲ့ပဲကျောင်းသားပေါင်း 90နီးပါး
လောက်ကိုကျွန်တော်တို့နှစ်ယောက်ပဲထိန်းရတာပေါ့ဗျာ။
ကလေးတွေကကျွန်တော်တု့ိကိုသိပ်ချစ်ပါတယ်။ဖြူစင်
ကြတယ်။
ဒီလိုနဲ့လက်ပံအေးဆိုတဲ့ရွာကထမင်းစားဖိတ်ပါလေရော။
မိုးတွေကရွာတော့ဆိုင်ကယ်နဲ့သွားလို့မရဘူး။ လက်ပံအေးရွာက
ဆရာမနှစ်ယောက်ကစက်ဘီးနဲ့လာခေါ်တယ်။ ကျွန်တော်နဲ့ကိုဥဂ္ဂါတစ်စီး၊ သူတို့နှစ်
ယောက်ကတစ်စီးသွားကြတယ်။ ကိုဥဂ္ဂါက ကျွန်တော့်ကိုတင်နင်းတယ်။
ရန်ကုန်သားဆိုတော့သိတယ်ဟုတ်။
ဟိုယိုင်ဒီယိုင်နဲ့…ကျွန်တော်လည်းလိုက်ရဲတော့ဘူး။
လာကျွန်တော်တင်နင်းမယ်ဆိုပြီး သူ့ကိုတင်နင်းရတယ်။
သူကလည်းကျွန်တော့်ကိုယုံကြည်ပါတယ်..မလို်က်ရဲဘူးတဲ့..မလိုက်ရဲလည်းမရူဘးဆိုပြီးဇွတ်တင်နင်းရတယ်။
ထင်တဲ့အတိုင်းပါပဲ..ရွွှံ့ထဲခဏခဏပစ်လဲကြတာပေါ့ဗျာ၊
လမ်းကကျဉ်းပါတယ်ဆို.နွားလှည်းလာရင်ရှောင်ပေး
ရသေးတယ်။ မိုးကလည်းတစ်ဖွဲဖွဲဆိုတော့
ကြွက်စုတ်ရုပ်တွေနဲ့ရောက်သွားကြတယ်လေ။ထမင်းစားနေတုန်း
မိုက်ခရိုဖုန်းထဲကဟစ်သံကြားလိုက်ရတယ်..”
ရွာတောင်ပိုင်းကကိုမြင့်နိုင်ဖုန်းလာတယ်တဲ့” ဪသူတို့ဖုန်းခေါ်
ပုံကဒီလိုကိုး ဆိုပြီးမှတ်သားခဲ့ရသေးတယ်။
ထမင်းစားပြီးခြေကျင်ပဲပြန်လိုက်ကြတယ်..ဆရာမနှစ်ယောက်ကရွာ
ထိပ်ထိလိုက်ပို့ရှာပါတယ်။ အညာရဲ့အလှကိုအသိအမှတ်ပြုမိတာအဲ့ညနေပဲဗျ။
ပုဇွန်ဆီရောင်ထနေတဲ့ နေလုံးကြီး
အောက်မှာ ထန်းပင်စီစီရီရီလေး ၊ တမာတန်းွ ၊ လယ်ကွင်းစိမ်းစိမ်းလေး ၊
လမ်းသေးသေးသွယ်သွယ်လေးရယ်က
သိပ်ကိုပနံရနေတဲ့ အညာရဲ့ပန်းချီကားတစ်ချပ်ပါပဲ။
ဒီလိုနဲ့လျှောက်လာလိုက်ကြတာ..လမ်းဘေးတစ်နေရာမှာ အုတ်တံတိုင်း
တစ်ခုတွေ့လိုက်ရတယ်။ အလာတုန်းကတော့ကိုယ့်ဇောနဲ့ကိုယ်မမြင်ခဲ့ဘူး။
ဘာကြီးတုန်းဟဆိုပြီး
စပ်စုလိုက်တော့…အုတ်ဂူတွေဗျို့..ကျောချမ်းလိုက်တာဗျာ..နေဝင်ရီတရောအချိန်ကိုးဗျ။
ခံစားနေတဲ့ အညာအလှ
တောင်ဘယ်ရောက်သွားမှန်းမသိလိုက်ဘူး။
နောက်နေ့လက်ပံအေးရွာကဝေဖန်သံတွေပြန်လာတယ်။
“ရန်ကုန်ကလာတဲ့ဆရာ၊ဆရာမတွေကလည်း ငါတို့ရွာသူရွာသားတွေလောက်တောင်မလှဘူးတဲ့
မည်းလိုက်ကြတာတဲ့…အသားပြောပါတယ်.း)” အဲ့လိုလူချစ်လူခင်ပေါတာ။
တစ်ခုသောနေ့လည်ပေါ့ဗျာ..မနုဇာလီဆိုတဲ့အစ်မကြီးကရွာကိုအလည်လာရင်းကျွန်တော်တို့အတွက်မုန့်တွေဝယ်
လာတယ်။ နာနတ်သီးလည်းပါတယ်။ကျွန်တော်တို့စာသင်ပြီးရင်နေ့လည်ကိုတည်းတဲ့အိမ်ကိုပြန်နားလေ့ရှိတယ်။
ဦးကျော်ဆန်းက” မအိတို့ပျင်းရင်နာနတ်သီးခွဲစားလေတဲ့”..ကျွန်တော်လုံးဝမခွဲတတ်ဘူးဗျ..ဒါနဲ့
မကြိုက်ဘူးလို့ရင်
နာနာနဲ့ပြောလိုက်ရတယ်။ အလိုက်မသိတဲ့ကိုဥဂ္ဂါက “ကျွန်တော်ကြိုက်တယ်တဲ့”
..ဒါနဲ့ခွဲဖို့အကြောင်းဖန်လာတယ်
လေ။ ကျွန်တော်လည်းကိုဥဂ္ဂါ ခွဲဆိုပြီးပေးလိုက်တယ်။
သူလည်းခွဲတတ်ဘူးတဲ့..နှစ်ယောက်သားတိုးတိုးကြိတ်ကြိတ်
နဲ့ခွဲလိုက်ကြတာ နာရီဝက်ကျော်ကြာသွားတယ်။
အသားတော်တော်များများအခွံ့နွှာရင်းပါသွားတော့နာနတ်သီး
လည်းခွဲပြီးရောမစားရက်လောက်အောင်သေးသေးလေးပဲကျန်တော့တယ်။
အဲ့လိုအိမ်မှုကိစ္စတော်တာ..း)
နောက်တစ်ရက်ကလေးတွေနဲ့သရက်သီးသုပ်စားဖြစ်သေးတယ်။ကလေးတစ်ယောက်ကိုသရက်သီးနှစ်လုံးစီ
ယူလာကြတယ်5တန်း6တန်းကလူနှစ်ဆယ်ဆိုတော့အလုံး40ပေါ့ဗျာ..လိုအပ်တဲ့အဆာပလာကတော့ဘုန်းကြီးရဲ့
ဂိုဒေါင်ထဲကသွားဆွဲလိုက်တာပဲ။ ဇလုံကြီးနဲ့နှစ်လုံးတိတိသုပ်စားကြတာ။
တစ်ချို့ကလေးတွေကငပိနံ့မခံနိုင်ဘူးတဲ့
သူတို့မစားကြဘူး။ ကြိုက်တဲ့သူကတော့စားလိုက်ကြတာ။အကုန်ကုန်ရောပဲ။
ဘုန်းကြီးကတောင်အံ့ဩလို့….
နေကတော်တော်ပူတယ်ဗျ..နေစရာနေရာတောင်မနည်းလိုက်ရှာရတယ်။
သရက်သီးကုန်မှကျွန်တော် လန့်သွားတယ်။
ကလေးတွေဝမ်းလျောရင်ငါ့ခေါင်းပေါ်ဟဆိုပြီးလေ။ကံကောင်းထောက်မစွာနောက်နေ့အေးဆေး
ပါပဲ။အဲ့ကျမှရင်ထဲကအလုံးကြီးကျသွားတော့တယ်။
လူဆိုတာကအမြဲတမ်းကံကောင်းနေတာတော့မဟုတ်ဘူးဗျ..ဂြိုလ်ဆိုးဝင်တဲ့နေ့လို့ဆိုရမလားပဲ..
ကြားစကားတွေကအနှောင့်အယှက်ဖြစ်စေခဲ့တယ်။
ကျွန်တော်အင်္ဂလိပ်ကဗျာသင်လို့ခရစ်ယျာန်ဆိုပြီးဘုန်းကြီးက
ကောက်ချက်ချတယ်။ ကိုဥဂ္ဂါကို မူစလင်လို့အထင်ခံရတယ်။
ကံဆိုးချင်တော့သူကဘာသာရေးစာအုပ်ယူလာမိ
တယ်။ အဖွဲ့အစည်းတစ်ခုခုကလို့လည်းသံသယဝင်တယ်။
အားလုံးကိုရှင်းလင်းပြပေမယ့်ရှေးရိုးစွဲနေတဲ့သူ့အတွက်
အဲ့သံသယကိုကျွန်တော်တို့မချေဖျက်နိုင်ခဲ့ဘူး။
နောက်ကျကျွန်တော်တို့ကိုမယုံကြည်တဲ့အရိပ်အမြွက်ပြလာတယ်။
ကျွန်တော်တို့လည်းသံသယအောက်မှာ အလုပ်မလုပ်နိုင်တော့ဘူး။ သင်ရမှာက (၁)လ။
ဒါပေမယ့် ၁၅ရက်နဲ့ပဲအ
ဆုံးသတ်လိုက်တယ်။ဘုန်းကြီးကိုဦးချခဲ့ပြီးပြန်ဖို့ပြင်ဆင်ကြတယ်။
ညနေကျောင်းဆင်းချိန်ကျကလေးတွေကျွန်တော်
တို့တည်းတဲ့အိမ်ကိုရောက်လာကြတယ်။
အဲ့ညနေကိုလုံးဝမေ့မရပါဘူး..ကလေးတွေငိုပြီးကန်တော့ကြတယ်။
အိမ်ရှင်အန်တီလည်းမျက်ရည်ဝဲလို့။ ကလေးတွေက သူတို့ရဲ့
လက်ယက်ခြင်းတောင်းလေးတွေ၊ ယာထွက်သီးနှံ
ခြောက်တွေ၊ အညာသနပ်ခါးတုံးလေးတွေလက်ဆောင်လာပေးတယ်။ ဒါတွေဟာသူတို့ရဲ့
ဂုဏ်ပကာသနမနှောတဲ့
စေတနာလက်ဆောင်တွေလေ။ ဘယ်တုန်းကမှ
မခံစားဖူးတဲ့မြင်ကွင်း..ကလေးတွေရဲ့သံယောဇဉ်မျက်ဝန်းတွေ..
ကျွန်တော်တို့ကြားကမမြင်နိုင်တဲ့မေတ္တာတရားတွေ..လုံးဝမခံစားနိုင်သလိုဖြေဆည်လို့လည်းမရခဲ့ဘူး။
ကျွန်တော်ဒီအသိုက်အဝန်းလေးကိုရုတ်တရတ်ခွဲခွာနိုင်ဖို့သတ္တိတွေရှိမနေခဲ့ဘူး..ကျွန်တော်သတိမထားမိခဲ့တဲ့
သံယောဇဉ်တွေဝုန်းဆိုထွက်ပေါ်လာခဲ့တာအံ့ဩဖို့တော့အကောင်းသား။ အဲ့ညကအိပ်လို့မရခဲ့ဘူး။
အိပ်ယာကအစောကြီးထတော့ကျောင်းသူလေးတွေတွေ့လိုက်တယ်။သူတို့ကိုယ်တိုင်သီကုံးထားတဲ့စံပယ်ကုံးဖွေး
ဖွေးလေးတွေလက်မှာကိုင်လို့လေ။
အမျိုးအမည်မသိတဲ့ဝေဒနာတစ်မျိုးကျွန်တော့်ရင်ထဲမှာ ဖြတ်သန်းသွားတယ်။
ကျွန်တော်တို့အမှတ်တရအနေနဲ့ ဓာတ်ပုံတွဲရိုက်ကြတယ်။ ဟန်ဆောင်အပြုံးတွေနဲ့ပေါ့…
ကျွန်တော်တို့အန်တီနဲ့ဦးလေးကိုကန်တော့ပြီး
ကုန်ကြီးရွာကနေထွက်ခွာရပါပြီ…………………………..