ချစ်သူ……

ကျောချင်းကပ်နေတဲ့

ခေါင်း နဲ့ ပန်းလို

အမြင်ချင်း မတူတဲ့

ကို တို့ နှစ်ယောက်က

လေနှင် ရာမှာ လွင့်တဲ့

ရော်ရွက်ဝါလို

မျှော်လင့်ချက်တွေက

အပိုင်းပိုင်းအပြတ်ပြတ်ပါလား…………….

ဆင်တူယိုးမှား

အသတ်ခံရတဲ့

ကို့ ရဲ့   နှလုံးသားလေးက

ထင်သလို

မမာကျောသေးတော့

ဒီဘ၀မှာလည်း

အလူးလူး အလဲလဲပါ

ချစ်သူ……..…..

အလွမ်းတောင်မှာ

အလွမ်းပင်တွေက

ခပ်ဆိုင်းဆိုင်းနဲ့ …

အချစ်တောင်မှာတော့ ကြေကွဲပင်တွေ

ငိုနေရှာပြီ

ချစ်သူရေ…………………..

လောကရဲ့  နိယာမလား

သဘာဝရဲ့    ပြုစားချက်တစ်ခုလား

ကောက်ချက်မချချင်ပေမဲ့

အပြစ်တင်မိတယ်ကွယ်……

မုန်တိုင်း သင့်နေတဲ့ 

ကို့ နှလုံးသားလေး

အမည်မဖော်နိုင်ခင်မှာ

မင်း  တစ်ယောက်

လျှောက်တဲ့ လမ်း

ဖြောင့်တန်းပါစေ….………

သံသယတွေကြားက

အမုန်းဒဏ်

မင်း….. မသိနိုင်သရွေ့   တော့

ကို…….တစ်ယောက်

ငိုနေရအုံးမယ်….

ချစ်သူ………….

ချစ်သူ ရေ…

ကို့   နှလုံးသားဇာတ်ညွှန်းကို

ကို…..ကိုယ်တိုင်ဖတ်

အသက်မပါတဲ့

ရယ်သံတွေနဲ့ 

ကို..တစ်ယောက်တည်း

ငိုနေခဲ့တာ

မင်း…မသိနိုင်ပေမယ့်

မင်း…..တစ်ယောက်ကြားနိုင်ပါစေ..

     

ကို့ ရဲ့   အနားကနေ

လေပြေညင်းလေးကတဆင့်

သင်းပျံ့   တဲ့ ရနံ့လေးတစ်ခု

ကို ရှူရှိုက်မိလိုက်ချိန်မှာတော့……….

………နာမည်မသိတဲ့

အဲဒီရေမွှေးရနံ့လေးဟာ

ကျွန်တော်အနားကို သူ ရောက်လာသလိုလို

ကဗျာတိုင်းဟာသူနဲ့ပတ်သက်သလိုလို

ဝေးကွာခံစားမှုသီချင်းတိုင်းဟာ

ကျွန်တော်ခံစားချက်လိုလို

မြင်ကွင်းတိုင်းမှာ သူ့

မျက်ဝန်းတွေလိုလို

တကယ်တော့………

မိုးသဲထဲကို

လမ်းလျှောက်ထွက်ခဲ့တာဟာ

အလွမ်းပြေ စိတ်ကူးယဉ်ဖို့ပါ

ဘယ်လိုမှ ညီမျှခြင်း ထိုးလို့မရတဲ့

ဘ၀နှစ်ခုကို

လက်တွေ့   ဘ၀နည်းအရ

ပေါင်းကြည့်လိုက်တော့

မိုးရေတွေတောင်

ခမ်းခြောက်သွားရ

စာအုပ်ပေါ် ချရေးမိတော့

မင်း ရဲ့   အငွေ့   အသက်တွေ

လွှမ်းမိုးထားတဲ့

ကို့ ရဲ့   ရင်ထဲက ကဗျာတစ်ပုဒ်

ဘယ်တော့မှ အဆုံးသတ်မှာ

မဟုတ်ဘူး………ချစ်သူ

 

 

 

About အရင့်ရောင်

အရင့်ရောင် အရင့်ရောင် has written 56 post in this Website..