♥♥♥နှလုံးသား ဇာတ်ညွှန်း♥♥♥

ချစ်သူ……

ကျောချင်းကပ်နေတဲ့

ခေါင်း နဲ ့ပန်းလို

အမြင်ချင်း မတူတဲ့

ကို တို ့နှစ်ယောက်က

လေနှင် ရာမှာ လွင့်တဲ့

ရော်ရွက်ဝါလို

မျှော်လင့်ချက်တွေက

အပိုင်းပိုင်းအပြတ်ပြတ်ပါလား…………….

ဆင်တူယိုးမှား

အသတ်ခံရတဲ့

ကို့ ရဲ့   နှလုံးသားလေးက

ထင်သလို

မမာကျောသေးတော့

ဒီဘဝမှာလည်း

အလူးလူး အလဲလဲပါ

ချစ်သူ……..…..

အလွမ်းတောင်မှာ

အလွမ်းပင်တွေက

ခပ်ဆိုင်းဆိုင်းနဲ ့…

အချစ်တောင်မှာတော့ ကြေကွဲပင်တွေ

ငိုနေရှာပြီ

ချစ်သူရေ…………………..

လောကရဲ ့ နိယာမလား

သဘာဝရဲ့    ပြုစားချက်တစ်ခုလား

ကောက်ချက်မချချင်ပေမဲ့

အပြစ်တင်မိတယ်ကွယ်……

မုန်တိုင်း သင့်နေတဲ ့

ကို့ နှလုံးသားလေး

အမည်မဖော်နိုင်ခင်မှာ

မင်း  တစ်ယောက်

လျှောက်တဲ ့လမ်း

ဖြောင့်တန်းပါစေ….………

သံသယတွေကြားက

အမုန်းဒဏ်

မင်း….. မသိနိုင်သရွေ့   တော့

ကို…….တစ်ယောက်

ငိုနေရအုံးမယ်….

ချစ်သူ………….

ချစ်သူ ရေ…

ကို့   နှလုံးသားဇာတ်ညွှန်းကို

ကို…..ကိုယ်တိုင်ဖတ်

အသက်မပါတဲ့

ရယ်သံတွေနဲ ့

ကို..တစ်ယောက်တည်း

ငိုနေခဲ့တာ

မင်း…မသိနိုင်ပေမယ့်

မင်း…..တစ်ယောက်ကြားနိုင်ပါစေ..

     

ကို့ ရဲ့   အနားကနေ

လေပြေညင်းလေးကတဆင့်

သင်းပျံ့   တဲ့ ရနံ့လေးတစ်ခု

ကို ရှူရှိုက်မိလိုက်ချိန်မှာတော့……….

………နာမည်မသိတဲ့

အဲဒီရေမွှေးရနံ့လေးဟာ

ကျွန်တော်အနားကို သူ ရောက်လာသလိုလို

ကဗျာတိုင်းဟာသူနဲ့ပတ်သက်သလိုလို

ဝေးကွာခံစားမှုသီချင်းတိုင်းဟာ

ကျွန်တော်ခံစားချက်လိုလို

မြင်ကွင်းတိုင်းမှာ သူ့

မျက်ဝန်းတွေလိုလို

တကယ်တော့………

မိုးသဲထဲကို

လမ်းလျှောက်ထွက်ခဲ့တာဟာ

အလွမ်းပြေ စိတ်ကူးယဉ်ဖို့ပါ

ဘယ်လိုမှ ညီမျှခြင်း ထိုးလို့မရတဲ့

ဘဝနှစ်ခုကို

လက်တွေ ့  ဘဝနည်းအရ

ပေါင်းကြည့်လိုက်တော့

မိုးရေတွေတောင်

ခမ်းခြောက်သွားရ

စာအုပ်ပေါ် ချရေးမိတော့

မင်း ရဲ့   အငွေ့   အသက်တွေ

လွှမ်းမိုးထားတဲ့

ကို့ ရဲ့   ရင်ထဲက ကဗျာတစ်ပုဒ်

ဘယ်တော့မှ အဆုံးသတ်မှာ

မဟုတ်ဘူး………ချစ်သူ

 

 

 

12 comments

  • ညလေး

    July 21, 2012 at 3:17 pm

    ဇာတ်ညွန်းအလန်းတွေနဲ….ကောင်မလေးတွေ……..
    .သွေးမျက်ရည်ကျသွားလောက်တယ်နော်
    “ကို့ ရဲ့ အနားကနေ လေပြေညင်းလေးကတဆင့်
    သင်းပျံ့ တဲ့ ရနံ့လေးတစ်ခု ကို ရှူရှိုက်မိလိုက်ချိန်မှာတော့……….
    ………နာမည်မသိတဲ့ အဲဒီရေမွှေးရနံ့လေးဟာ
    ကျွန်တော်.အနားကို သူ ရောက်လာသလိုလို” ဒါလေးကိုတော့…သိပ်ခိုက်မိပါ၏……

    • အရင့်ရောင်

      July 21, 2012 at 3:30 pm

      သွေးမျက်ရည် ကျရသူက အရင့်ရောင်ပါဗျာ……..
      အနားကို ရောက်လာတယ်ထင်ခဲ့တာ
      တကယ်တမ်းကျတော့ ရောက်မလာခဲ့လူးလေ………..
      နှလုံးသားရဲ့ စွဲလမ်းမှုပေါ့နော်
      ဟိဟိ

  • shwe kyi

    July 21, 2012 at 3:28 pm

    ကိုအရင့် ဒီကိုဂျင်လေးဝယ်ဆောင်ထားနော် မိုးမိရင်နေမကောင်းဖြစ်လိမ့်မယ် 😀

  • အရင့်ရောင်

    July 21, 2012 at 3:58 pm

    ဒီကိုဂျင်လောက်တော့ သနားတယ်နော်
    မတိုုးတော့ဘူး ရွှေကြည်လေးရေ့………..
    ဆေးအာနိသင်ကပဲ အစွမ်းမထက်တော့တာလားတော့ မသိဘူး
    ဟိဟိ

  • snow white

    July 21, 2012 at 5:09 pm

    အသဲကွဲတဲ့ရောဂါလွယ်လွယ်နဲ့လည်းမပျောက်နိုင် အသဲကွဲတဲ့ရောဂါ အချစ်အချစ် တို့အစ်ကိိုကို သွေးမျက်ရည်ပါကျစေပါလားနော် ။။။

  • mamanoyar

    July 21, 2012 at 5:39 pm

    ဒို့အစ်ကိုကြီးအရင့်ရောင် ဟိုနေ့ကတော့ အရမ်းချစ်ကြောင်းတွေရေးပြီး
    အခုတော့ မျက်လုံးထဲက သွေးထွက်နေပြီလားဟင်
    ဟဲ စတာနော် စိတ်ဆိုးရဝူးးးးးးးးးးးးးးးးး

  • ဇောက် ထိုး

    July 21, 2012 at 6:47 pm

    စိတ်ကူးယဉ်ချင်ရင် အိမ်ထဲမှာဖြစ်ဖြစ်… မိုးလုံတဲ့နေရာမှာ ယဉ်ပါကွယ်…. မိုးထဲလျှောက်သွားပြီး မယဉ်ပါနဲ့…ဖျားနာမှာစိုးလို့ပါကွယ်……..

    • အရင့်ရောင်

      July 23, 2012 at 6:23 pm

      ကိုယ်ပူတာ ဖျားနာတာလောက်တော့ မမှုတော့ဘူးဗျို့………..
      ရင်ထဲက အပုတွေက ဖိအားပိုများနေတယ်လေ…………

  • မဟာရာဇာ အံစာတုံး

    July 21, 2012 at 8:27 pm

    “မင်း ရဲ့ အငွေ့အသက်တွေ
    လွှမ်းမိုးထားတဲ့
    ကို့ ရဲ့ ရင်ထဲကကဗျာတစ်ပုဒ်
    ဘယ်တော့မှ အဆုံးသတ်မှာ
    မဟုတ်ဘူး………ချစ်သူ”

    ထောက်ခံပါတယ် ကိုအရင့်ရောင် ရေ …
    ကျနော်လည်း ကဗျာတွေ ရေးခဲ့တယ် ..
    ခုထိလည်း ရေးနေဆဲပါပဲ ..
    သူမ အတွက် ကဗျာတစ်ပုဒ် ဘယ်တော့မှ စပ်လို့ ဆုံးမှာတဲ့လဲ … 🙄

    ကြေကွဲမှု ကလောင်တံက
    ရောင်ပြန်ဟက်ခဲ့လို့
    ငိုကြွေးမိတဲ့ လက်ချောင်းများဟာ
    စာရွက်ဖြူတွေကို မျက်ရည်တွေနဲ့ ပြည့်စေခဲ့ပေါ့ …….

    • အရင့်ရောင်

      July 23, 2012 at 6:01 pm

      သူကျတော့ တစ်မျိုးနော်……..
      လက်ချောင်းလေးတွေက ငို တယ်တဲ့……
      အဟိ

  • မောင်ပေ

    July 21, 2012 at 9:25 pm

    နှလုံးသား ဇါတ်ညွှန်း
    အပုန်းများ တက်ပွန်း
    ကျုံးနား ဆက်ယွန်း

  • ဘဲရှုပ်

    July 21, 2012 at 9:42 pm

    ကမ္ဘာကြီးထဲမှာ
    ကမ္ဘာငယ်လေးတစ်ခု
    အလွမ်းတွေ မလာရ
    တိမ်တွေပွင့်ဖို့
    ရင်ကွဲမြစ်တစ်စင်းမှာ
    ချစ်ခြင်းတွေ ခမ်းခြောက်လာတယ်
    ကောင်မလေးရေ…
    မင်းမျက်ဝန်းရဲ့
    အငွေ့ပျံမှုအားနှင့်
    ငါ့နှလုံးသားလေး..
    စိမ်းလန်းပါရစေ….

    နှောင်ကြိုးနွယ်

Leave a Reply