ထားရစ်ခဲ့တဲ့

အလွမ်း လက်ကျန်တွေနဲ့

ဘ၀ကို……..

ပြစ်စလက်ခတ် နေပြစ်လိုက်တယ်

စိတ်ပျက်ခြင်းနေ့ရက်တွေကြား

နာရီသံတွေကိုနာကျည်းမိတယ်…….

နေ၀င်….နေထွက်

မင်းရဲ့  မျက်ဝန်းတွေက

ကို့ ရဲ့  အတွေးတွေကိုထိုးနှက်

နှိုးစက် ကကြားလိုက်ရတဲ့

ငှက်ကျေးသံတွေကို မုန်းမိတယ်…...

ပလက်ဖောင်းပေါ်မှာ

အလွမ်းဝန်ထုပ်နဲ့

ဒုက္ခတွေကိုရင်ဝယ်ပိုက်ရင်း

နေမင်းကိုအန်တုနေတဲ့

နှလုံးသားတေလေသမားပါ………

အဲ့ဒီအတွက်……..

ငါ့…နာကျည်းချက်တွေ

ဘယ်အရာကို

ကောက်ချက်ချပြီး

အပြစ်တင်ရမလဲ

ရှိစေတော့…..

မနက်ဖြန်မှာလွမ်းဖို့….အိပ်စက်လိုက်ပါဦးမယ် ။

နာကျင်စရာတွေ

ပြည့်လျှံလာတဲ့အခါ

ငါ...ဆိုတဲ့အတ္တရှင်တွေကြား

ကံကြမ္မာလှောင်ပြုံးတွေနဲ့

အချစ်ကံကလည်းဆိုးပါ့……

နုံချာမှုတွေနဲ့ ငါ့ဘဝ

ဝန်းကျင်တစ်ဝိုက်မှာ

ဘယ်လိုလွင့်ရပါ့…..

သဘာဝအတိုင်းရှိနေတဲ့ခွန်အားနဲ့

လောကဓံကပေးတဲ့

ပြစ်ချက်တွေ….ဟာ

မမျှတတော့……

မိုးလင်းမိုးချုပ်

အတွေးဆိုးတွေနဲ့ပဲ

အာရုဏ်လင်းခဲ့ရတယ်……….

မုန်တိုင်းထန်တဲ့ ကို့ ဘဝ

ပျက်စီးခြင်းတွေပဲ

ရင်ဆိုင်နေရတဲ့နှလုံးသားရဲ့  ဒုက္ခ

အိပ်မက်ဆိုးတွေ ကိုကြောက်လို့

ရောင်ခြည်ရယ်….

မြန်မြန်သမ်းပေးပါ……….။

အရင့်ရောင်

 

About အရင့်ရောင်

အရင့်ရောင် အရင့်ရောင် has written 56 post in this Website..