ဂေဇက်…ပျော်တော်ဆက်…ကဗျာ(၂)…………

tharli karJuly 21, 20122min16017

ညအခါ

လသာသာ..

ကွန်နရှင်မကောင်းပါ

ကွန်မင့်ဝင်မှာလား

ပို့(စ်)တင်မှာလား……………..။

သာသာ တစ်ယောက်စိတ်ဆိုးနေသည်(ဘာကြောင့်မှမဟုတ်)

ကူ၍ချော့ပေးကြပါ

ရုပ်ဆိုး၍ မချော့ချင်ဘူးလား

ပြိုင်တူချော့လျှင် ပျော့နိုင်ပါသည်(ဒေါသ)…………….။

ဘုရားပုံတော်များ တင်လာကြသည်

ဟိုပုံများ မတွေ့ရသေး(ဘယ်ပုံလဲ..တိရား….သရဲပုံ….ဟုံ..ဟုံ)

ကူ၍ ရှာတင်ပေးပါ

တားထား၍ မတင်ကြတာလား

စောင့်မျှော်သောသူများမည်ထင်သည်………….။ (ကိုယ့်စိတ်နဲ့နှိုင်း….)

တရားများငြင်းခုန်နေကြသည်

အမှား အမှန် မသိကြသေး

ကူ၍ရှုပ်ပေးကြပါ

ငြင်းလွန်း၍ မပြီးနိုင်ဘူးလား

အစွဲကင်းလျှင်ပြီးနိုင်ပါမည်………………။

ရွာသားများစုဝေးနေကြသည်

အလှူခံ မရသေး

ကူ၍ ခံပေးကြပါ

များလွန်း၍မထည့်နိုင်ဘူးလား

ပွိုင့်နှုတ်လိုက်လျှင် ဖြစ်နိုင်ပါသည်………….။

အမှတ်တရပါမိတ်ဆွေ

အမှားတရပ်ဖြစ်ခဲ့ရင်…ဆောရီး……။

အပြောကြီးတာမဟုတ်

စကားကိုက ငှက်ပျောသီးဖြစ်နေရင်

အသားချိုတာကို ယူမလား….

အခွံဖန်တာကိုကောက်မလား…..

အသားဆိုရင်..အား

အခွံဆိုရင်…..ဆေး….လေ…..နော်

သဘောက်မသား သာလိကာဆိုတာ

လောက်လောက်လားလားပညာမဲ့ပေမယ့်

သူများကို…..

ဘဝမှာ စိတ်အနာတရ မဖြစ်စေချင်ခဲ့ဘူး………..

ဒါ့ကြောင့် အရူးလုပ်နေရတာ

ဘာမှမဖြစ်သေးဘူးတော့ မထင်နဲ့

ခေတ်မကောင်းသေးလို့ပါ…..ဟင်း….

အဲ…..

ငါ့ကဗျာဘယ်တွေရောက်

တောက်…………

ဘယ်တော့မှမခေါက်ဘူး…ဟေ့

အရူးအမူးချစ်တဲ့စိတ်က

ဂေဇက်နဲ့ ‘သာသာ ‘  က

လင်မယားလို့  မဆိုလိုပေမယ့်

အိုလည်းပေါင်းပါရစေလား……..ရွာသူတို့ရယ်….ငှဲ့………..။

တောင်းပန်ချက်……………..ပြီးခဲ့တဲ့ကဗျာလေးတုန်းက ဂေဇက် ဆိုသောစာသားမှာ ဝစ်စပေါက်ပါသွားသဖြင့် ဂေးဇက်  ဖြစ်သွားပါသည်။

သို့ဖြစ်ပါ၍ ဂေး ကို မကြိုက်သောရွားသားရွာသူအပေါင်းတို့အား သာသာ့ အပေါ် အငြိုးတော်မထွက်ပဲ အကျိုးသော် အကောင်းယူကာ

ဒိုးတူ ဘောင်ဘက် ဆက်လျှောက်ဖို့ ခွင့်ပြုပေးကြပါရန်…….အန်…အန်……

17 comments

  • tharli kar

    July 21, 2012 at 5:41 pm

    သာသာနဲ့……တစ်ယောက်စိတ်ဆိုးနေသည်ဆိုတာကို
    တွဲဆက်ပြီးဖတ်ပေးပါနော်…..ခင်ဗျ။

  • shwe kyi

    July 21, 2012 at 5:51 pm

    ဖတ်သွားပါတယ် သာသာရှင့်။ ဆက်လက်အာပါကျီးကန်းရှင့် အဲ သာလိကာရှင့်။

  • tharli kar

    July 21, 2012 at 5:55 pm

    ဘာဖြစ်ဖြစ်ဗျာ..ငှက်ဆိုတာယုံတယ်မဟုတ်လား
    ဟို….ကျီးလိုတော့ အမွှေး မမဲပါဘူးနော်…ရွှတ်….
    အာတော့အာမှာပါ။
    ဒါပေမယ့် ကိုယ့်ကျိုက်တဲ့ အလုံးဆိုရင်တော့
    တစ်ပေါက်ထဲထိုးမှာ…ဟွင်း…(နှလုံးထီကို ဆိုလိုသည်ဟုမှတ်ပါ)…

  • ဇောက် ထိုး

    July 21, 2012 at 6:25 pm

    ဝင်ရောက်……ဖတ်ရှု ……ခံစား …….စိတ်ပေါ့ပါးသွားရပါဂျောင်း…

    • tharli kar

      July 21, 2012 at 9:41 pm

      အူးဂျင်း ဇောက် ဖလာ့……………
      ဓယား ရတွားဒယ်နဲ့ တူဒယ်……………….
      အော်…….အဲ့သလိုသာ လွတ်မြောက်မှုတွေနဲ့ လူတွေကို
      ရသ ပေးချင်တယ်…ဦးပဇင်းရယ်………….
      ” ဒါပေမယ့်…..သာသာ့ ကဗျာရယ်……….ချစ်နိဗ္ဗာန်စခန်းကို
      တကယ်နီးသလားကွယ် ” လို့တောင် ဖြစ်လိုက်ချင်စမ်းပါဘိ…..အိ….အိ………….တုန်….
      (ကာရံယူလိုက်မိသောကြောင့် ဖြစ်ပါ၏)

  • maung khinmin

    July 21, 2012 at 7:50 pm

    သာလိကာ စကားတတ်လွန်းသည်
    ဖတ်ရင်းနဲ ့မှင်သက်မိပါသည်…

  • မဟာရာဇာ အံစာတုံး

    July 21, 2012 at 7:58 pm

    သူပေါင်းချင်ဒါဂ
    ရွာသူတွေဆိုတော့ ..
    တော်ဒေးဒယ် ကျုပ်တို့ ပါဘူး .. 😀

    • tharli kar

      July 21, 2012 at 9:34 pm

      အမှန်ပြောရရင်….ကြောက်လို့ပါ။
      သာသာက ရွာသားလည်း ပေါင်းချင်တာပါပဲ……………….လို့ ….ဟင့်….
      ” တကယ်တမ်းတော့ သာ့ ရဲ့အဖြစ်ဟာ …………
      မကျင်နာလေသူကိုမှ သွားချစ်မိနေတာ…….”

      • Moe Z

        July 21, 2012 at 10:11 pm

        ရွာသူ/သားဖြိုးကိုများလား :mrgreen:

        • tharli kar

          July 22, 2012 at 8:22 pm

          ဘယ်လိုလဲဟင် ဖြိုးကိုဆိုတာ…..
          နှုတ်သီးချင်းဆိုရင်…..အကုန်ငြိကုန်မှာနော်….ဒတိထားမှ…..

  • မောင်ပေ

    July 21, 2012 at 9:16 pm

    ကိုအောင်ပု နဲ ့အမြန်ဆုံး ပေးတွေ ့မှ ဖြစ်မှာပါဘဲ
    ဟုတ်သလားဗျ ကိုသာလိကာ
    🙂

    • tharli kar

      July 21, 2012 at 9:30 pm

      ုပု….ပု….ရှည်…ရှည်…………
      ကိုပေရေ…….
      အကျိုးမယုတ်ဘူးထင်ရင်
      ရွာစား…………….အခု……ထုတ်………။

  • ညလေး

    July 22, 2012 at 9:35 am

    စပေးမိသာမှားသွားသလားမတိ……
    ဂယ်ချလာတယ်တော်…..ညအခါလသာသာတဲ……
    အားပေးသွားပါတယ်နော်…..

    • tharli kar

      July 22, 2012 at 8:10 pm

      မမှားဘူးဆိုတာကို ကွန်မင့်ဖတ်ကတည်းက
      နှုတ်..အဲ….ရိပ်မိပါတယ်….ညလေးရယ်….နော်
      ဟပ်တယ်မရား……ငှား…ငှား…..

    • ဘဲဥ

      July 22, 2012 at 11:48 am

      ဘယ်ရို ဂဂျားမှာယဲ ငယ်ငယ်ဒုံးဂလို ……………… လား အဟိ 😆

    • tharli kar

      July 22, 2012 at 8:05 pm

      ကိုဖိုးထောင်ရေ……………
      အဆင်ပြေတဲ့နေရာမှာ ကစား……
      ကွန်နရှင်တော့ ကောင်းပါစေနော်……တိရား………
      တော်ကြာ….လိုင်းပြုတ်ကျနေလို့….ကွန်မင့်လေးတောင်မတင်ရပဲ နေအုံးမယ်….ငှဲ…ငှဲ…..

Leave a Reply