အိမ်မက်ရဲ့မနက်ဖန်

အိမ်မက်ရဲ့မနက်ဖန်

………………………

ကောင်းကင်ယံမှာပျံဝဲနေတဲ့

ငှက်တစ်ကောင်……….

အဖော်ကင်းစွာပျံသန်းခဲ့ရပြီ..။

နက်ရှိင်းစွာတင်ကျန်ရစ်တဲ့

ရိုးမတောင်………..

ခြောက်ခြားမှုတွေရင်ဆိုင်ခဲ့ရပြီ..။

နင်………..

လမ်းခွဲသွားတဲ့   ငါ

လွမ်းတေးတွေသီဆိုနေဆဲ

နက်ရှိင်းစွာချစ်ခဲ့တဲ့ငါ့နှလုံးသား

တုန်လှုပ်နေဆဲပါ…။

ခုတော့………..

အတိတ်မဟုတ်တဲ့ပစ္စုပ္ပုန်မှာ

မျှော်လင့်ချက်တွေစောင့်မျှော်ရင်း

အိပ်မောကျခဲ့ရလေပြီ……။

3 comments

  • မောင်ပေ

    July 22, 2012 at 2:15 am

    ဘာရယ်ညာရယ်လို့တော့ မဟုတ်ဖူးပေါ့နော်
    အိပ်မက် လို့ရေးကြတာကိုပဲ မြင်ဖူးခဲ့တာပေါ့နော်
    ခင်မင်စွာဖြင့်

  • Shar Thet Man

    July 24, 2012 at 1:55 pm

    ကြိုးစားထားကောင်းတယ်

Leave a Reply