ညီမလေးအတွက်

ညီမလေးအတွက်

…………………….

ဖြူစင်ရိုးရှင်းလှတဲ့

ဘဝနေထိုင်မှုအောက်မှာ

ချစ်စရာပုံရိပ်တစ်ခုကို

၅၂၈မေတ္တာပေးစွမ်းနေလေရဲ့..။

နွေးထွေးသောအကိုယ့်ရင်ခွင်မှ

စီးဆင်းမှုမေတ္တာစမ်းရေကို

ရည်ရွယ်သူ“ညီမလေးအတွက်”

စီးဆင်းလာခဲ့ပြီ………။

လှပတဲ့နံနက်ခင်းမှာ…….

ရနံ့သင်းတဲ့ရောင်စုံပန်းဥယျာဉ်တစ်ခု

ကြည်လင်တောက်ပတဲ့ရေကန်လေးတစ်ကန်

ပျော်ရွှင်မြူးကြွလှတဲ့ကျေးငှက်မျိုးစုံ

စိမ်းစိုလှပသန့်ရှင်းလှသောမြက်ခင်းပြင်

အားလုံးဖြစ်တည်ရာပေါင်းဆုံစု

ရယူပိုင်ဆိုင်မှုတွေရမယ်ခဲ့မယ်ဆိုရင်….

အဲဒါ………………………..

ညီမလေးအတွက်………..။

11 comments

  • etone

    July 23, 2012 at 11:01 am

    ၅၂၈ဆိုတဲ့ ဂဏန်းသုံးလုံးရဲ့နောက်
    ရင်ခုန်သံတွေကိုဖျောက်ခဲ့ပေမယ့်
    ဟန်ဆောင်မှု တွေရဲ့ အကြား
    မနက်ဖြန်များစွာ ခါးလွန်းတယ် ။
    မဝေးခင်လည်း နွမ်း …
    အတွေးမှာတောင်လွမ်းတဲ့
    အတ္တတွေကိုမြိုသိပ်
    အရာရာ တိတ်ဆိတ်ခဲ့တယ် ….. ။
    (ဘင်္ဂလား ညီမလေးအတွက်နော် ………. အဟီး …. 😛 ပါဝင်အားဖြည့်သွားပါတယ် )

    ☺♣♦:♪♫♪♫◘► ပျော်ရွှင်ပါစေ ကိုယ့်ရဲ့ ညီမလေး ၊ အိပ်မက်လေးလည်း လှပါစေ ၊ တောင်းတဲ့ဆုနဲ့ ပြည့်ပါစေ…. အဟီး ကြားဖူးတဲ့ သီချင်းကစာသားတချို့ပါ … ။

  • မောင်ပေ

    July 23, 2012 at 11:07 am

    ညီမလေးအတွက်
    ပီယဆေးတစ်ခွက်
    ကီမရသွေးပျက်
    ဆီကျဈေးထွက်
    အီကြာကွေးတစ်ဝက်..။

  • mamanoyar

    July 23, 2012 at 11:09 am

    စာရေးသူက ညီမလေးချစ်တယ်တယ်ထင်တယ်နော်

  • ko khin kha

    July 23, 2012 at 11:23 am

    အကို နဲ့ ညီမ
    မောင်နှမနှစ်ယောက်ထဲရှိတာလား၊ဒါမှမဟုတ် အကိုတွေအများကြီးမှာ ညီအတစ်ယောက်ထဲ
    ရှိတာလား၊ ဒါဆိုရင်တော့ စာရေးသူက ညီမကို အတော်ချစ်တယ်ဆိုရမယ်နော်၊
    အဲဒါမှမဟုတ်ဘဲ ညီမတွေအများကြီးရှိတဲ့ အကိုတစ်ယောက်သာဖြစ်မယ်ဆိုရင်ဖြင့်—–

  • ko khin kha

    July 23, 2012 at 11:24 am

    အကို နဲ့ ညီမ
    မောင်နှမနှစ်ယောက်ထဲရှိတာလား၊ဒါမှမဟုတ် အကိုတွေအများကြီးမှာ ညီမတစ်ယောက်ထဲ
    ရှိတာလား၊ ဒါဆိုရင်တော့ စာရေးသူက ညီမကို အတော်ချစ်တယ်ဆိုရမယ်နော်၊
    အဲဒါမှမဟုတ်ဘဲ ညီမတွေအများကြီးရှိတဲ့ အကိုတစ်ယောက်သာဖြစ်မယ်ဆိုရင်ဖြင့်—–

    • etone

      July 23, 2012 at 1:45 pm

      ကိုခင်ခရေ .. စာရေးသူ ပြောတဲ့ ညီမလေးက ….. ဘင်္ဂလား ညီမလေးဖြစ်မယ် …. ။
      နောက်ကဗျာတပုဒ်ကို ဖတ်မှပဲ သိသွားတာ အဟိ … ။ 😛

  • ခပ်မိုက်မိုက် ကောင်မလေး

    July 23, 2012 at 11:52 am

    528 ရဲ့နောက်ကွယ်မှာ…
    ရင်ခုန်သံတွေ ပြောင်းလဲ…
    အဖြူရောင်ပါးပါး…..
    ဆေးရောင်ခြယ်မိခဲ့လေသလား…?
    ညီမလေး အတွက်ဆိုပြီး…
    972 ချစ်ခြင်းတွေ ထပ်ဖြည့်နေမိပြီလား…?
    ——
    ကဗျာလေး ကောင်းပါတယ်…
    အားပေးသွားပါတယ်ဗျာ….
    ပျော်ရွှင်ပါစေ….။ ။

    • ဘဲဥ

      July 23, 2012 at 12:08 pm

      ချဲဂဏန်းပေးနေတာလား ဘွားဒေါ်မိုက်

  • ခပ်မိုက်မိုက် ကောင်မလေး

    July 23, 2012 at 1:15 pm

    ဟုတ်ပါဘူး …
    ပြောင်းလဲခြင်း ချစ်ခြင်းတွေကို…
    ရေတွက်ပြတာပါ….
    ဘဘဥဥ ရယ်….:P

  • Shar Thet Man

    July 23, 2012 at 5:26 pm

    မဆိုးပါဘူး…ဖတ်လို့ကောင်းပါတယ်…………..ကဗျာဆိုတာစကားလုံးလှလှနဲ့တင်ပြချင်တဲ့အကြောင်းအရာတွေကိုတိုတိုနဲ့လိုရင်းရေးသားနို်င်ရင် ကဗျာကောင်းလေးဖြစ်လာမှာပါ….ကြိုးစားပါဦး…

  • ဇွဲမာန်(အင်းဝ)

    July 23, 2012 at 9:25 pm

    ညီမလေးမရှိလို့ကဗျာညီမလေးအဖြစ်ဖန်တီခဲ့တာပါ၊ ခုလိုအားပေးကြတာကျေးဇူးတင်ပါတယ်
    လိုအပ်တာရှိရင်လည်းလမ်းညွွှန်ပြပေးနော်

Leave a Reply