တားဆီးခွင့်ရဲ့တစ်စုံတရာ

တာဆီးခွင့်ရဲ့တစ်စုံတရာ

…………………………

လူကိုလောင်ရယ်ပေမဲ့
နှလုံးသားကိုတော့မထိခိုက်ဖို့
ပြောချင်ပါသေးတယ်ညီမလေး..။
ခံနိုင်ရည်ရဲ့အဆုံးဘက်မှာ
ငါ့ကိုငါရပ်တန့်လို့မရတော့လို့ပါ
ဖြစ်နိုင်မယ်ဆိုရင်ရှင်းပြခွင့်ရဲ့
တစုံတရာကိုအသိမှတ်အနေနဲ့
သိစေချင်ပါသေးတယ်။
တခါတလေညီမလေးရဲ့
လောင်ရယ်မှုတွေက
နာကျင်တဲ့နှလုံးသားကို
ထိုးဆွနေခဲ့မိတယ်ညီမလေးရယ်..။
တားဆီးမှုတစုံတရာမရှိပေမဲ့
တားဆီးနိုင်ခွင့်တစုံတရာကိုတော့
ရချင်ပါသေးတယ်…ညီမလေး..။

4 comments

  • P chogyi

    July 23, 2012 at 8:59 am

    တစ်စုံကို တစ်ရာနဲ့ပေးလိုက်ပါညီမလေးရယ်
    နို့မို့ဆိုရင် တစ်ပုဒ်ပြီးတစ်ပုဒ် ဆက်တင်နေမှာစိုးလို့

  • မောင်ပေ

    July 23, 2012 at 9:38 am

    ကိုဇွဲရေးချင်တာ
    လှောင်ရယ် လို့များလားလို့
    ညီမလေးကိုယ်စား
    ပွားခဲ့ပါအိ

  • mamanoyar

    July 23, 2012 at 9:48 am

    ခေါင်းစဉ်လေးကို အရမ်းသဘောကျပါတယ်
    ကဗျာလေးကိုလဲသဘောကျပါတယ်
    အားပေးသွားတယ်နော်

  • etone

    July 23, 2012 at 11:36 am

    နှုတ်ဖျားမှာတော့ ညီမလေး
    စိတ်ထဲမှာက ကြိတ်ပြီးဆွေး
    အပြင်ပန်းကတော့ ခပ်အေးအေး
    လူမသိ သူမသိတယောက်တည်းငေး
    ပြန်တွေ့ချင်တယ်ကောင်မလေး
    ခိုးပြေးဖို့တော့ လက်မနှေး ………….. ။ :mrgreen:

Leave a Reply