***ကြိုး***

maung khinminJuly 22, 20121min11910

***ကြိုး****

မမြင်နိုင် တဲ့ ကြိုးနဲ ့ ….

ရိုးရိုးလေး ချည်ခဲ့မိ တာပါ

ငါ့ … မိုနာလီဇာ လေးရေ…၊

ပဉ္စလက် နှုတ်ခမ်းနှစ်လွှာပေါ်မှာ

လျှို ့ဝှက်ချက် ရှာချင်တဲ့ သူတော့မဟုတ်ရပါဘူး

လေးနက်မှု မှာ အိပ်မက်ကွန်ယက် ကို

ဆွဲဆန် ့…. ဖြန် ့ကျက် လိုက်မိတာလေ …၊

ဒီလို နဲ ့…..

ဂမီ ္ဘရဆန်ဆန် အပြုံး ကို ခေါင်းအုံးလို ့

အလိုလိုက် ခဲ့မိတဲ့ နှလုံသား

ခုတော့…..မိန်းကလေးရေ

သူ ့နေရာ သူ …. ပြန်ထားလို ့ ..

မရတော့ဘူးးး…။။။

10 comments

  • ညလေး

    July 22, 2012 at 10:26 am

    မမြင်ရတဲ့ကြိုးရဲ. ချည်နှောင်မှုက…….ပိုပြီးခိုင်မြဲနက်နဲကြောင်း
    သက်သေပြလိုက်တဲ့ ကဗျာလေးပါနော်……
    အားပေးသွားပါတယ်…….
    လူတိုင်းလွန်ဆန်လို.မရနိုင်တဲ့….သံယောစဉ်ကြိုးလေးရဲ…..ချည်နှောင်ခြင်း

  • ဇောက် ထိုး

    July 22, 2012 at 12:30 pm

    အပြုံးကိုခေါင်းအုံးမိတော့လဲ… ခေါင်းနဲ့အုံးတားနဲ့ဆောင့်မိတာပေ့ါနော်…. ဒီတော့လဲ နှလုံးသားက ရွှေ့သွား တာနေမှာပေါ့…
    ရွှေသွားတော့လဲ….သူ့နေရာသူ ပြန်ရောက်ဖို့က ခဲယဉ်းမှာပါ….
    အကြောလေးလွဲသွားရင်ကို နေရာမှန်အောင် အတော်အနာခံပြီးလုပ်ရတာ…. ဟီးးးးးးးးးးးးးးးးးးးးးးးးးးးး

  • မဟာရာဇာ အံစာတုံး

    July 22, 2012 at 12:51 pm

    ကြိုးထဲမှာတော့
    အဲ့ဒီကြိုးက အဆိုးဆုံး …
    အားပေးသွားပါတယ် မောင်ခင်မင်ရေ ..
    ကဗျာလေးက အရမ်းကောင်းသဗျို့ ..

  • htet way

    July 22, 2012 at 8:42 pm

    ပြဿနာပဲဆရာရေ့
    ကြိုးဆိုတာ ရစ်ပတ်လွယ်တယ်ဆိုပေမယ့် ညှိရင်တော့ အင်…

  • မောင်ပေ

    July 22, 2012 at 8:44 pm

    မိန်းခေးရယ်
    နင့်ပခုံးနှစ်ဘက်ပေါ်က
    ပိန်သေးသေး
    ပလက်စတစ်ကြိုးလေးနှစ်ချောင်းကို
    ငါ တစ်ကယ်မဖြုတ်ခဲ့ရပါလေ…။
    အားပေးသွားပါတယ် ဆြာခင်ရေ

  • marblecommet

    July 22, 2012 at 11:04 pm

    ဆရာခင်က
    သမုဒယ ကြိုးလေး
    ချည်နှောင် ရစ်ပတ်
    ခံလိုက်ရတာကိုး…
    ငြိမ်းချမ်းအေးမြပါစေဗျို့..

  • mamanoyar

    July 23, 2012 at 9:43 am

    နှလုံးသားကို သူ့နေရာသူပြန်ထားလို့မရရင်
    လွှင့်ပစ်လိုက်တာလား

  • etone

    July 23, 2012 at 11:57 am

    အရှက်နဲ့သိက္ခာကို
    ပခုံးနှစ်ဖက်မှာကြိုးတပ်
    ခပ်တင်းတင်းချိတ်ဆက်လို့
    နေ့ရက်တိုင်းကိုကျော်ဖြတ်
    ခရီးဆက်ခဲ့ရတယ် ။

    လူသာလဲချင်လဲမယ်
    ပခုံးထက်ကကြိုး
    နည်းနည်းမှမလွဲ
    မမြဲလို့ မဖြစ်ဘူးပဲ …. ။

    နွေမိုးဆောင်းကိုအံတု
    ဘာကိုမှ မမှူတတ်လည်း
    ဘော်လီကြိုးလေး မြဲဖို့
    အရေးကြီးပါတယ် …. ခွိခွိ 😛 😛 😛

    (အားဖြည့်ပေးတာပါ …. အပျော်လေးနှောပြီးတော့ပေါ့ …. )

    😀 😀 😀

  • ခပ်မိုက်မိုက် ကောင်မလေး

    July 23, 2012 at 3:54 pm

    ဒီကြိုးပဲဗျ ဖြတ်ရခက်တာ…
    မမြင်ရတာလဲ ဒီကြိုးပဲ…
    မြင်ရတာလဲ ဒီကြိုးပဲ…..(မြင်တော့ မမြင်ရဘူးပေါ့ကွယ် စကားအရပြောလိုက်တာ..ဟဲ)
    သိမ်းထားရခက် ပြန်ထားရခက်နဲ့….
    ရစ်ပတ်အောင် သူတမင်ဆွဲဆောင်တာလဲ မဟုတ်ဘူး…
    အင်းးးးးးးးးပြန်ကြည့်လိုက်တော့…..
    ငါကိုယ်တိုင်က ရိုးရိုးလေး ချည်ထားခဲ့မိတဲ့…
    ကြိုးလေး တစ်ချောင်းဖြစ်နေတော့….
    လေးနက်မှုတွေ ပါလာခဲ့တော့တာပေါ့နော်…
    ဟိဟိ …ကဗျာက မိုက်တယ်ဗျ…
    အားပေးသွားပြန်ပါတယ်….။

  • tharli kar

    July 24, 2012 at 8:31 am

    ကြိုးတဲ့……..
    မကောင်းလည်း..ဒီကြိုး….
    ကောင်းလည်း…ဒီကြိုး…..
    ကြိုးမိန့်ကျထားသူအတွက်
    ရက်စက်တဲ့..ကြိုး…….
    တောင်တက်ခရီးလမ်းအတွက်
    တမ်းတတတ်တဲ့…ဒီကြိုး….
    အမျိုးမျိုးဆိုပေမယ့်…….
    ကြိုးကတော့….ကြိုးပဲလေ…..
    ဒါပေသည့်……
    ရိုးသားမှုနဲ့….မရိုသားမှုကြားမှာ…
    ကြိုးဟာ….
    နာမည်ပျက်စရာ…ဖြစ်နေရတာတော့…အထင်းသား……..
    (ကဗျာများနှင့် မွေ့လျော်သော ဆရာမောင်ခင်မင်…..အား..အလေးပြုပါ၏)

Leave a Reply