ကိုယ် လည်း ကေ ပြော နေ တာ တွေ ၊ သိ ချင် ကြား ချင် စိတ် ၀င် စား လို့ 
ကိုယ့် အ ခန်း ထဲ မှာ နေ ယင်း နဲ့ နား ထောင် နေ မိ တယ် ။
အ ဒေါ် က ကေ့ အ ပေါ် နား လည် ပေး တာ ကို ၊ ကိုယ် လည်း ကြား ရ တော့
တ ကယ် စိတ် ချမ်း သာ သွား ခဲ့ ရ ပါ တယ် ။
အ ရမ်း ချစ် တဲ့ သူ ငယ် ချင်း နဲ့ က ဘယ် လို အ ကြောင်း နဲ့  ကွဲ သွား ရ တာ လည်း ။ စပ် စု တယ် လို့ တော့ မ ထင် နဲ့  နော် ။ ကိုယ် အ ရမ်း သိ ချင်
မိ လို့ ပါ ။ ကေ့ အ ကြောင်း က ပြော ပြ ရ မှာ ရှည် လျှား တယ် ။
တ ထောင့် တ ည ပုံ ပြင် ထက် မ က လောက် လို့  ။ ခ ဏ နေ ဘူ တာ ရုံ ရောက် တော့ မှ ပဲ ၊ အ နည်း အ ကျဉ်း ပြော ပြ ပါ့ မယ် ။
လှေ ခါး အ ဆင်း နှိုက် စ ကား ပြော ယင်း အောက် ထပ် သို့ ရောက် လာ လျှင် …။
အစ် ကို သု ခ ။ ပြော လေ ကေ ။ ဘာ ပြော ချင် လို့  လည်း ။
ဘူ တာ ရုံ က နီး လည်း ကေ တော့ ၊ လမ်း မ လျှောက် ချင် ဘူး ။
အစ် ကို သု ခ တ က္က စီ ငှား ပေး နော် ။ ကိုယ် လည်း ကေ့ ကို လမ်း မ လျှောက် ခိုင်း ပါ ဘူး ။ နီး လည်း တ က္က စီ ငှား ပေး ပါ့ မယ် ။ ကား သ မား က နီး လည်း ကား ခ က တော့ အ တောင်း ကောင်း အောင် ၊ က န္နား လမ်း က နေ ဗိုလ် ချုပ် လမ်း ဘက် တ ပါတ် ပြန် မောင်း ပြ ပြီး မှ တောင်း မယ် နဲ့  တူ တယ် ။
ထင် သည့် အ တိုင်း ပင် ။ ကား တ က္က စီ မောင်း သ မား က တော့ ၊ ကား ခ တောင်း ကောင်း အောင် မောင်း ပြ ပြီး တောင်း ပါ သည် ။ နီး နီး လေး မို့ ဆို ပေ မယ့် လည်း လမ်း လျှောက် ချင် စိတ် မ ရှိ သ ဖြင့် သာ ။
ကား ငှား စီး ခဲ့ မိ ပါ သည် ။
နှစ် ယောက် သား ၊ ဘူ တာ ရုံ သို့ ရောက် လာ ခဲ့ ကြ ပါ သည် ။
ဘူ တာ ရုံ ရောက် လာ တော့ ၊ ဘူ တာ ရုံ ကြီး အား ကြည့် မြင် ပြီး ၊ ငယ် ငယ် တုံး က လိုက် ပို့ ပေး နေ ကြ ။ ဦး ကို အ မှတ် မ ထင် သ တိ ရ ပြီး လွမ်း မိ သွား ပါ သည် ။ ရ ထား ပေါ် တွင် မ ပျင်း စေ ရန် ၊အ ပြင်း ပြေ က စား ရန် အ တွက် ဟု ဆို ခါ ။ က စား စ ရာ အား လက် ထဲ သို့  ဦး ကိုယ် တိုင် ထည့် ပေး ရင်း ။ ဗ ဟု သု တ အ ဖြစ် ပြော ပြ ခဲ့ သည့် စ ကား လေး အား ၊ နား ထဲ ကြား ယောင် လာ မိ ပြန် ပါ သည် ။
ဒီ က စား စ ရာ လေး က ၊ ဂျ ပန် က မိတ် ဆွေ တ ယောက် ဆီ က နေ ဦး မှာ ယူ ပေး ထား တာ ။ သ္မီး ဆော့ ဘို့  အ တွက် ဦး ထဲ့ ပေး လိုက် တယ် ။
က စား စ ရာ လေး ကို နိုင် အောင် ဆော့ နော် ။ က စား နိုင် ရင် ။ ဦး က သ္မီး ကို မုန့် ဘိုး တွေ အ များ ကြီး ပေး မှာ ။ အစ် မ ကြီး ကျယ် အား လည်း ။ နိုင် မ နိုင် ပြန် ပြော ခိုင်း မှာ ဟု ဦး က ဆို ခဲ့ ဘူး ပါ သည် ။
အစ် မ ကြီး ကျယ် အား ဦး က ။
အေး ရေ…
ဒီ က စား စ ရာ လေး က ၊ အ ရှေ့ တောင် အာ ရှ မှာ ၊ ဂျ ပန် နိုင် ငံ က နေ ပ ထ မ ဦး ဆုံး ၊ (၁၂) နှစ် အောက် က လေး ငယ် များ အ တွက် ၊ ဥာဏ် ရည် မြင့် မား ရေး ၊ ဖွံ့ ဖြိုး မှု ဆိုင် ရာ အ တွက် စမ်း သပ် တီ ထွင် ထုတ် လုပ် ထား တဲ့ က စား စ ရာ ပါ ။
ဂ ဏန်း သ ချာင်္ အ က္ခ ရာ အ စဉ် လိုက် ဖော် ဆောင် ပြီး က စား ရ တာ ။
အစ် မ ကြီး ကျယ် အား ၊ အေး ရေ ကိုယ့် အ နား ခ ဏ လေး ပါ ဟု ခေါ် ပြီး က စား သည့် နည်း အား ပြ လည်း ပြ ၊ အ နား အား တိုး တိုး လေး ကပ် ပြီး ပြော ပြ ပါ သည် ။ မီး ရ ထား ပေါ် နှိုက် နိုင် အောင် ဆော့ က စား သွား ရန် ပေး ခဲ့ သည် ကို ၊ စိတ် တွင် သ တိ ရ မိ သွား ခဲ့ ပြန် ပါ သည် ။
လွမ်း ရ သည့် ဦး တ ယောက် က တော့ ၊ ဘယ် ဆီ ဘယ် ၀ယ် ရောက် နေ မှန်း မ သိ ။ ဦး ၏ မေ တ္တာ စေ တ နာ အား ၊ သ တိ ယ ခါ လွမ်း မိ ရင်း အ တွေး ၀င် သွား ခဲ့ မိ ပါ သည် ။
အစ် ကို သု ခ မှ နာ မည် အား ခေါ် လိုက် တော့ မှ ပင် သ တိ ပြန် ၀င် လာ မိ ပါ တော့ သည် ။
ကေ….။
ဘာ တွေ တွေး ပြီး ငေး နေ လည်း ။ ဘာ တွေ စဉ်း စား နေ လည်း ။
ဂေါင်း ထဲ မှာ ဘာ မှ ထည့် ပြီး မ စဉ်း စား နေ ပါ နဲ့ ။
သြော်…ဟု သာ ဆို လိုက် ချင် မိ ပါ တော့ သည် ။
အစ် ကို ခ ထင် နေ သည် က လတ် တ လော ကိစ္စ ။
ကေ အ တွေး ၀င် နေ မိ သည် က ဦး နှင့် ပတ် သက် နေ တာ ။
အစ် ကို သု ခ အား ရှင်း ပြ လို စိတ် မ ရှိ တော့။
ရ ထား က ဆိုက် ခါ နီး ပြီ ကေ ။
အင်း ပါ ။ ခုံ လက် မှတ် က ပြ တင်း ပေါက် ဘက် အ ခြမ်း မှာ စီး ရ မှာ နော် ။
အ ဒေါ် က လက် မှတ် မှာ က တည်း က ၊ ကေ က ရ ထား စီး ရင် ရှူ ခင်း တွေ ကြည့် ပြီး စီး တတ် တာ လို့ ကိုယ့် ကို ပြော ပြ ထား တယ် ။ ပြ တင်း ပေါက် နား မှ မ ရ ရင် မ စီး ဘူး ဆို ။ ဟု တ် လား ကေ ။
ဟုတ် တယ် လေ ။ အစ် ကို သု ခ ။
ဒါ က ကေ ငယ် ငယ် ထဲ က အ ကျင့် လေ ။ ကား စီး ရင် လည်း ပြ တင်း ပေါက် ဘက် က နေ ပဲ စီး တာ။
လယ် ခင်း ရှူ ခင်း လှ လှ တွေ ကို ၊ အ ရမ်း နှစ် သက် သ ဘော ကျ တယ် ။
ငယ် ငယ် က လည်း ၊ လယ် သူ မ လေး သီ ချင်း ကို အ ရမ်း နှစ် သက် ခဲ့ မိ တယ် ။
ရွှေ ရောင် xxxxx စ ပါး ခင်း များ အ လယ် xxxx လေ အ လာ ယိမ်း နွဲ့  နွဲ့ ရယ် xxxx ဆို တဲ့ သီ ချင်း စာ သား အ ပိုဒ် လေး ပါ တဲ့ သီ ချင်း ကို ပါ ။
အ ဖေ တို့ ရဲ့ မိတ် ဆွေ ရဲ့ သား ပါ ။သူ က….၊ မြန့် မာ့ အ သံ အ င်္ဂ လိပ် အ စီ စဉ် ပိုင်း မှာ သီ ချင်း ၀င် ဆို တဲ့ ဧည့် အ ဆို တော် တ ယောက် ပါ ။
သူ က ကေ တို့ မြို့ က ကျိုက် ထီး ဘု ရား ဖူး အ လည် လာ ရင်း နဲ့ ပေါ့ နော် ။
သီ ချင်း ဆို ပြ ဘို့  ရင်း နှီး လွန်း တဲ့ မိတ် ဆွေ တွေ က တောင်း ဆို ခဲ့ တော့ သီ ချင်း ဆို ပြ တာ ၊ အ ပိုင်း ထဲ က ကာ လ သ္မီး အ ပျို မေ တွေ အား လုံး မ ကျန် လာ နား ထောင် ကြ တယ် ။ ဧည့် အ ဆို တော် ဘေး နား မှာ ပတ် ပတ် လည် ကို ၀ိုင်း နေ တော့ တာ ပဲ ။ နှ မြော တာ က အ င်္ဂ လိပ် သီ ချင်း သံ အ စီ စဉ် ပိုင်း မှာ ဧည့် အ ဆို တော် အ နေ နဲ့ ပဲ ၀င် ဆို ပေး တဲ့ အ ဆို တော် ဖြစ် နေ လို့ ပါ ဘဲ ။
ဂျင် မီ ဂျက် အ သံ ထက် ကို ပို ကောင်း တယ် ။ ကေ့ ကိုယ် ပိုင် အ မြင် လေး ပါ ။ မိ ဘ တွေ က လူ ကုံ တန် မျိုး ရိုး ပါ ။ မိ ဘ တွေ က အ ဆို တော် ပေး မ လုပ် ဘူး လို့ သိ ရ တယ် ။ ဒါ တောင် မြန် မာ့ အ သံ အ င်္ဂ လိပ် အ စီ အ စဉ် အ ပိုင်း မှာ ။ ၀ါ သ နာ အ ရ အ ချိန် ပိုင်း ဧည့် အ ဆို တော် ပဲ ၀င် လုပ် တာ လို့ သိ ရ တယ်။
ကေ တို့ ဆီ မှာ လာ တုံး က သီ ချင်း ဆို ပြ တဲ့ အ ချိန် ၊ ကေ က အ သက် (၇) နှစ် ပဲ ရှိ သေး တယ် ။
အဲ ဒီ သီ ချင်း နား ထောင် ပြီး အ ရွယ် ထဲ က ၊ လယ် ခင်း တွေ ကို တ အား မြင် ဘူး ချင် တာ ။ စ ပါး ခင်း တွေ ကြည့် ဘူး ချင် ပြီး၊ စိတ် ရုး ထ ခဲ့ တဲ့ သူ လေ ။ ဘယ် ကို ပဲ ခေါ် ခေါ် ၊ ဘယ် ကို ပဲ အ လည် သွား သွား ။
ရ ထား စီး စီး ၊ ကား စီး စီး ၊ ပြ တင်း ပေါက် နား မှာ ပဲ စီး တော့ တာ ။
လယ် ကွင်း တွေ ၊ စ ပါး ခင်း တွေ ကြည့် ယင်း နဲ့ ၊ ရှူ မျှော် ခင်း တွေ ကို ကြည့် ရ တာ စိတ် ထဲ မှာ အ ရမ်း နှစ် သက် စွဲ လမ်း နေ မိ တယ် ။ ကေ ခ ရီး သွား တဲ့ အ ခါ ။ တတ် တဲ့ သီ ချင်း နဲ့ လည်း ကေ က ညီး တတ် တယ် ။
အစ် မ ကြီး ကျယ် က ၊ ကေ့ ကို ဘာ ပြော လည်း သိ လား ။
သွား တဲ့ ခ ရီး က ဒီ တ လမ်း ခ ရီး ထဲ ဘဲ ပေါ့ နော် ။
တ ခါ လာ လည်း ဒီ မြင် ကွင်း တွေ ချည်း ပဲ ။ နင် က မ ရိုး ကို မ ရိုး နိုင် တာ ငါ အံ့ သြ ပါ တယ် တဲ့ ။ ကြည့် ဘူး ပြီး သား မြင် ကွင်း တွေ ကို ထပ် ခါ တ လဲ လဲ ကြည့် နေ တာ မ ရိုး အီ နေ ဘူး လား တဲ့ ။
အစ် မ ကြီး ကျယ် က ။ ကား စီး စီး ၊ ရ ထား စီး စီး မူး ဝေ အော့ အံ တတ် တဲ့ အ ကျင့် ရှိ တယ် ။ အံ ချင် တတ် တော့ ပြ တင်း ပေါက် နား ပဲ နေ ချင် ခဲ့ တာ လေ ။
နောက် ဆုံး ကေ့ ကို ပဲ အ ရှူံး ပေး ပြီး ၊ ဦး စား ပေး စီး ရ တော့။
အစ် မ ကြီး ကျယ် က ကေ့ ကို တ အား အ မြင် ကပ် တာ ၊ အဲ လို ဂေါင်း ကြော မာ တယ် ။
ရက် စက် တယ် ဆို ပြီး ၊ ကေ့ ကို ကွန် မြူ နစ် မ လို့  ပဲ ခေါ် တော့ တာ လေ ။ တစ် ခါ တုံး ရွှေ စာ ရံ တ ပေါင်း ပွဲ တော် ကျင်း ပ တဲ့ အ ချိန် ။ အ မေ က ရ ထား နဲ့ သ ထုံ ကို အ လည် ခေါ် သွား တယ် ။ ရ ထား က ဘု ရား ပွဲ ကျင်း ပ တဲ့ ရက် ဆို တော့ ၊ လက် မှတ် က အ ရမ်း ကြပ် တယ် ။
ပြ တင်း ဘေး ခုံ နား မ ရ လို့ အ သည်း အ သန် ငို တာ ။ ဘေး က လူ ကြီး နေ ရာ ချင်း ပြောင်း စီး ပေး တော့ မှ ပဲ အ ငို တိတ် တော့ တယ် ။ အ မေ က ကေ့ ကို အ ရမ်း ဂေါင်း ကြော မာ လို့  လက် လန် ခဲ့ ရ တယ် ။
ဒါ ကြောင့် လည်း တ အိမ် လုံး မှာ ကေ က နာ မည် ပြောင် နဲ့ ပဲ နေ ခဲ့ ရ တယ်။
အ မြန် ရ ထား က စီး ရ မည့် စ င်္ကြန် အ တွင်း ဆိုက် ရောက် လာ သ ဖြင့် ၊ ကေ မှ ပြော လက် စ ၊စ ကား ရပ် သွား ပါ သည် ။ အစ် ကို သု ခ သိ လို သည့် ကေ အ ရမ်း ချစ် ရ သည့် သူ ငယ် ချင်း အ ကြောင်း က ပြော ပြ ဘို့  အ ချိန် မ ရှိ တော့ ။
အ စ် ကို သု ခ က စာ မှန် မှန် ရေး မည် ဟု ဆို ပါ သည် ။
စာ ရေး တာ ကို အိမ် က လုံး ၀ လက် ခံ မှာ မ ဟုတ် ဘူး ။ ဒါ ပေ မယ့် စာ တိုက် မှူး ရဲ့ သ္မီး က ကေ့ နဲ့ အ တန်း ဖော် သူ ငယ် ချင်း ပါ။ သူ က လည်း ဟီ ရှာ တ ယောက် ပဲ ။ ကေ တို့ နဲ့ က တွဲ လို့ ရ တော့ အ ရမ်း ခင် တယ် ။
ကေ့ နာ မည် နဲ့ စာ ထည့် မယ် ဆို ရင် တော့ အိမ် က လုံး ၀ သိ လို့ ရ မှာ မ ဟုတ် ဘူး ။
ပြ ဿ နာ အ ကြီး ကျယ် တက် သွား လိမ့် မယ် ။
အ ဖေ က တ အား လည် တယ် ။
ကေ မွန် ပြည် နယ်ကိုယ် စား ပြု ၊ ကြက် ခြေ နီ စံ ပြ ရွေး ချယ် ခံ တဲ့ အ ဖွဲ့  ၀င် အ ဖြစ် နဲ့ 
လ သာ (၂) မှာ စ ခန်း ချ တည်း ခို ပြီး ၊ အောင် ဆန်း အား က စား ကွင်း မှာ လာ ပြိုင် ဘူး တယ် ။ မွန် ပြည် နယ် အ တွက် တော့ ဂုဏ် ဆောင် ပေး နိုင် ခဲ့ ပါ တယ် ။ တစ် နိုင် ငံ လုံး နဲ့  ယှဉ် ပြိုင် ရ တာ ဆို တော့  ။ အဖွဲ့  လိုက် က နှစ် သိမ့် ဆု ။ တ ဦး ချင်း ၀င် ပြိုင် တဲ့ ဆု မှာ လည်း အ ဖွဲ့ ထဲ က ရ ခဲ့ တော့။
င ပ လီ ကို ပါ အ လည် ရောက် ဘူး သွား ခဲ့ ရ တယ်။
အဲ ဒီ တုံး က တော့ ၊ ၁၉၇၄ /၁၉၇၅ ခုနှစ် လောက် က ပါ ။
လ သာ (၂) မှာ စ ခန်း ချ တည်း ခို နေ တဲ့ အ ချိန် ။ မိုး ကုတ် က ကြက် ခြေ နီ အ သင်း သူ အ သင်း သား အ ဖွဲ့ တွေ နဲ့ က ရေ ချိုး ရင် လည်း ဆုံ ။ ထ မင်း စား တဲ့ အ ချိန် လည်း ဆုံ ။ မြင် တာ တွေ့  တာ များ လာ တော့ တ အား ခင် သွား ကြ တာ ။ ရက် ပေါင်း နှစ် ဆယ် လောက် နီး ပါး အ တူ နေ လိုက် ရ တယ် လေ။
တ ယောက် ကို တယောက် က ဇွန်း ရွက် နဲ့ ပေါက် ပေါက် ဆုပ် ( လိပ် စာ) တွေ ပြန် အ လှန် ယူ ထား ခဲ့ ကြ ပြီး ၊ စာ လွှာ ပေ လွှာ ငှက် ခါး လေး တွေ အ သွား အ ပြန် ပါး ခဲ့ ကြ တယ် ။
နှစ် နှစ် လောက် အ ထိ ။ စာ အ သွား အ လာ မ ပြတ် ခဲ့ ကြ ဘူး ။ နောက် ပိုင်း မှာ တော့ စာ ပို့ စ် မင်း ကို စာ တွေ လာ ရင် အ ဖေ့ က သူ့  လက် ထဲ ထည့် ခိုင်း ခဲ့ တာ ကို ကေ မ ရိပ် မိ ခဲ့ ဘူး ။ လာ တဲ့ စာ တိုင်း ကို အ ဖေ က ဖောက် ဖတ် နေ ခဲ့ တာ ။ နောက် တော့ ကေ လည်း ၊ သူ တို့ မ ဆက် သွယ် လာ ဘူး ထင် ပြီး ၊ စာ မ ရေး တော့ ပဲ အ ဆက် ပြတ် သွား ခဲ့ ကြ တယ် ။ စာ ပို့  တဲ့ ဦး လေး ကို စာ တွေ ဘာ လို့  မ လာ ရ လည်း ဆို ပြီး သ တင်း သွား သွား မေး နေ ခဲ့ တာ ။ စာ ပို့ တဲ့ ဦး လေး က မျက် နှာ မ ကောင်း ဘူး ။ စာ မျှော် နေ တတ် တဲ့ ကေ့ ကို လည်း သ နား နေ တယ် ။
ဘာ ဖြစ် လို့ လည်း ဆို တာ ။
ကေ တ ကယ် ကို ဘဲ နား မ လည် နိုင် ခဲ့ ဘူး ။
တ ရက် တော့ မ ထင် မှတ် ပဲ ၊ ကျောင်း က အ ပြန် ၊ စာ တိုက် မှာ ၀င် ရင်း နဲ့ စာ တွေ သွား ၀င် ရှာ ဖွေ နှောက် မိ ခဲ့ တယ် ။ အ ဖေ က သူ့ ရဲ့ အိမ် လိပ် စာ (Register) နဲ့ ရောက် လာ တဲ့ စာ တွေ ကို လက် မ ခံ ခိုင်း တော့ ပဲ ပြန် ပို့ နေ ခဲ့ တာ တဲ့ ၊ စာ တိုက် မှူး ကိုယ် တိုင် က ပြော ပြ လို့ သိ လိုက် ရ တယ် ။
စာ ပို့ တဲ့ ဦး လေး နဲ့ အ ဖေ က အ ရမ်း ခင် မင် ရင်း နှီး တာ ။ စာ ပို့ တာ ၀န် ယူ ရ တဲ့ ဦး လေး ရှင်း ပြ တာ က ၊ စာ တစ် စောင် ထဲ မှာ ဘာ တွေ ရေး လာ တယ် တော့ မ သိ ဘူး ။
အဲ ဒီ စာ ဖတ် ပြီး က တည်း က ၊အ ဖေ က စာ တွေ ပြန် ပို့ ခိုင်း ခဲ့ တာ လို့ ပြော ပြ မှ ပဲ သိ လိုက် ရ တယ် ။
နောက် ပြောင်း လာ တဲ့ ၊ စာ တိုက် မှူး သ္မီး က ။ ကေ့ နဲ့ တစ် ခန်း တည်း အ တူ တူ ဆို တော့ အ ရမ်း ခင် တယ် ။ သူ့  ကို မှာ ထား မယ် ။
စာ ထဲ့ ချင် ရင် တော့ သူ နာ မည် နဲ့  သာ ထည့် လာ ပါ ။ ကေ မှာ ထား လိုက် ပါ့ မယ် ။
အ မြန် ရ ထား က ထွက် ဘို့ငါး မိ နစ် အ လို ပြ နေ ပြီ ဖြစ် ပါ သည် ။
အစ် ကို သု ခ…..။
ကေ သွား တော့ မယ် နော် ။ ကံ ကြုံ ရင် တော့ ပြန် ဆုံ အုံး မှာ ပါ ။
ကေ ရ ထား ပေါ် ရောက် ပြီး ထိုင် လိုက် သည့် အ ချိန် နှိုက် ၊ အစ် ကို သု ခ မှ လှစ် က နဲ ပင် ။
စ င်္ကြန် ပ လက် ဖောင်း တ ဆုံး ပြေး သွား ပါ သည် ။ ဘာ အ တွက် မှန်း မ သိ ၊ ရုတ် တ ရက် ပြေး သွား သ ဖြင့် ကေ မှ စဉ်း စား မ ရ ဖြစ် ခါ စိတ် ပူ သွား မိ ပါ သည်။ လိုက် ပို့ သည့် ဧည့် သယ် များ သွား ခွင့် မ ရှိ သည့် ကန့်  သတ် နေ ရာ ဖြစ် နေ ပါ သည် ။
မီး ရ ထား လည်း ဘီး စ တင် လှိမ့် စ ပြု ခါ ၊ ရန် ကုန် မှ စ တင် ထွက် ခွါ ပါ တော့ သည် ။
စ င်္ကြန် ပ လက် ဖောင်း တ ဆုံး ကျော် လွန် နေ သည့် နေ ရာ အ ရောက် ။
မ ထင် မှတ် ထား သည့် ၊ မီး ရ ထား သံ လမ်း ဘေး ပ လက် ဖောင်း ပေါ် အ နီး နှိုက် ။
အစ် ကို သု ခ အား ဘွား က နဲ မြင် လိုက် ရ သ ဖြင့် အံ့ အား သင့် သွား ခဲ့ မိ ရ ပါ သည် ။
အစ် ကို သု ခ မှ ကေ့ အား အ နီး ကပ် နှုတ် ဆက် စကား ပြော နိုင် ရန် အ တွက်
ကြိုး စား ခဲ့ ခြင်း ဖြစ် သည် ကို လည်း ။ စိတ် ထဲ တွင် ရိပ် စား မိ လိုက် ပါ သည် ။
ရ ထား လည်း အ ရှိန် ဖြင့် ခုတ် မောင်း နေ ပြီ ဖြစ် ပါ သည် ။
အစ် ကို သု ခ တ ယောက် ကေ ရှိ သည့် ၊ မီး ရ ထား ပြ တင်း ပေါက် နှင့် အ နီး ကပ် သည် အ ထိ နီး အောင် ပြေး လိုက် လာ ယင်း မှ ပင် ။
ကေ ဟု အော် ခေါ် ပြီး ။ ကေ ပြော တဲ့ အ တိုင်း သူ ငယ် ချင်း နာ မည် နဲ့  ပဲ ဆက် သွယ် ပြီး စာ တိုက် ကို ပို့  ထား လိုက် မယ် ။
စာ ဆက် ဆက် ရေး ပြီး ဆက် သွယ် လိုက် မယ် ။
ကေ ….လည်း ၊ စာ ပြန် ဆက် သွယ် လာ နော် ဟု အော် ပြော လိုက် သည့် နှုတ် ဆက် စ ကား ။
မ ကြား ကြား အောင် အော် ပြော သည့် အစ် ကို သု ခ ၏ အ သံ ။ ကြား နေ ရ သည့် အ ချိန် စ က္ကန့် အ တွင်း နှိုက် မှာ ပင် ။
မီး ရ ထား ဘီး များ လည်း အ ရှိန် အား ပြင်း စွာ လှိမ့် ပြီး ၊ တ ဂျုံး ဂျုံး ဖြင့် အ သံ မည် ဟီး ကာ ၊ ခုတ် မောင်း အော် မြည် နေ လျှက် ။ ရန် ကုန် ဆိုင်း ဘုတ် မှတ် တိုင် ပြ ထား သည် အား ၊ ကျော် လွန် ၍ ထွက် ခွါ ခဲ့ ပြီ ဖြစ် ပါ တော့ သည် ။
အစ် ကို သု ခ တ ယောက် ။ ရန် ကုန် ဘူ တာ အ မြန် စ င်္ကြန် ပ လက် ဖောင်း တ ဆုံး ကျော် လွန် လျှက် ရှိ သည့် နေ ရာ နှိုက် ။ လက် ပြ ဝှေ့ ရမ်း နှုတ် ဆက် ပြ နေ ခါ ။ တ ဖြေး ဖြေး ဝေး ကွာ သွား သည် အ ထိ ပင် ။ မီး ရ ထား ကြီး အား တ ဆုံး ကြည့် နေ ရင်း ကျန် ရစ် ခဲ့ ပါ သည် ။။

aye.kk

About aye.kk

has written 247 post in this Website..