လေလံပွဲ

ခြင် မကိုက်အောင်
ခြင်ထောင် ထောင်ပြီးအိပ်တယ်
လူပြော မခံရအောင်
ဆင်ခြင်ပြီးနေတယ် …
ဒါကို ‘လူလိမ္မာကြီး လုပ်နေတာပေါ့’ တဲ့
အဲ့ဒီလို ပြောခံရပါသေးတယ် …..

ကောင်းကင်ကြီး ငိုနေတယ်
ပန်းလေးတွေ ပြုံးပျော်နေကြတယ် …
အခြားငှက်တွေ အိပ်တန်းဝင်တယ်
ဇီးကွက်တွေ နိုးထလာကြတယ် …
သူများနေ ငိုနေချိန်မှာ
ကိုယ် ပျော်ချင် ပျော်နေတတ်တယ် …
သူများတွေ ပျော်နေချိန်မှာ
ကိုယ် ငိုချင် ငိုနေရတတ်တယ် …
အခြေအနေ အချိန်အခါအလျောက်
ကိုယ့်လမ်းကို လျောက်နေကြသူခြင်း အတူတူ
နေရာဝင်ယူသူတွေက ရှိတတ်ကြသေးတယ် …..

သွားရမယ့်ခရီးက ဝေးတယ်
ကားကလည်း ကြပ်တယ်
ကောင်မလေးတစ်ယောက်
ဘေးနား လာရပ်တယ်
ကျုပ် ထပေးလိုက်ပါတယ် …
Lady First ………
ထပေးလိုက်ခါမှပဲ
ကောင်မလေးရဲ့ ကောင်လေးက
လူကို လာတိုက်တယ်
ပြီးတော့ နေရာဝင်ယူတယ်
ဘုကြည့်တောင် ကြည့်လိုက်ပါသေးတယ်
ကျုပ် အားနာမိတာ
မှားသွားပြီလား အရပ်ကတို့ရယ် …..

တစ်ခါက အိပ်ချင်တာနဲ့
စောစော အိပ်ယာဝင်ခဲ့တယ်
မနက်ကျတော့ အစောကြီး နိုးလာခဲ့တယ်
အလင်းတောင် မရောက်သေးပါဘူး ..
နိုးလာလို့ မျက်လုံးဖွင့်ကြည့်လိုက်တော့
မထင်မှတ်ဘဲ
နီရဲရဲ မီးလေးက
ရမ်းခါနေတာကို တွေ့လိုက်ရတယ် …
မိုးက မလင်းသေး
အမှောင်တွင်းမှာ မီးလေးရမ်းခါ
သရဲမီးရယ်လို့ လန့်ဖြန့်ခါ ကြောက်လိုက်ရတယ် …
မမြင်အောင် ခေါင်းမြှီးခြုံ
ချွေးဇောတွေက လူတစ်ကိုယ်လုံးစို
ဘုရားစာ ရွက်မိတာကလည်း အလိုလို
နောက်ဆုံးတော့ မခံနိုင်
ဖြစ်ချင်ရာဖြစ် ရင်ဆိုင်မယ်လို့ စိတ်ကူး
ဟောဒီလို အော်ချပစ်လိုက်တယ် …
‘ဘယ်သူတုံးကွ’ ……..
ဒီအခါမှ ‘ငါပါကွ’ … တဲ့
ကိုယ့်ဘော်ဒါက ခြင်ကိုက်လို့ ခြင်ဆေးခွေမီးနဲ့
ခြင်တွေကိုရမ်းနေတာတဲ့လေ …
အဲ့ဒီလို စောစောစီးစီးမှာ ယုန်ထင်ကြောင်ထင်နဲ့
ကြောက်တတ်ခဲ့ရပါသေးတယ် အရပ်ကတို့ရယ် …..

အပုပ်နံ့တွေ ဝင်မှာကြောက်လို့
ပြတင်းတံခါးကို ပိတ်ထားရင်
လေညှင်းနဲ့ အတူပါလာတဲ့
ပန်းရနံ့တွေကို
သင် ဘယ်လို
ရှူရှိုက်နိုင်မှာလဲ ……. တဲ့
ဒါကို လက်သင့်ခံလို့
အခန်းရဲ့ ပြတင်းတံခါးကို ဖွင့်ထားလိုက်တယ်
ကိုယ့် အခန်းက အိမ်သာနဲ့ကပ်လျက်
ပန်းခင်းဟာ ဘယ်မှာမှန်း မသိပါဘဲနဲ့
နောက်ဆုံး မခံနိုင်တာနဲ့ပဲ
ပြတင်းတံခါး ပြန်လည် ပိတ်ထားလိုက်ရတယ် …
မိုက်မိတဲ့ ကိုယ့် လုပ်ရပ်အတွက်
စပရေးတောင် ဝယ်ပြီး ဖြန်းလိုက်ရသေးရဲ့ …..

အင်တာနက်ဆိုင် ထိုင်ဖြစ်တယ်
ဂျီတော့ကို ခဏဖွင့်ကြည့်လိုက်တယ် ..
ဒီအခါ ကိုယ် မသိတဲ့ ကောင်မလေးတစ်ယောက်က
လှမ်းပြီး နှုတ်ဆက်တယ် …
Hi …….. တဲ့
ကိုယ်ကလည်း ပြန်ဟိုင်းလိုက်တယ်
နောက်တော့ တော်ကီဝေါ်ကီပွားတယ်
အဲ့ဂလို ပွားနေလိုက်တာ
နောက်ဆုံး ကောင်မလေးက ပြောတယ် …
‘သူ့ကို ချစ်လား’ … တဲ့
အန် …….. ကျနော် ကြောင်သွားတယ် …
ဘေးနားက သူငယ်ချင်းကတော့
တခွိခွိနဲ့ ရီနေပါတော့တယ် ..
ဒါနဲ့ မသင်္ကာလို့
သူငယ်ချင်း ကွန်ပျူတာ လှမ်းကြည့်လိုက်ခါမှ
ဪ .. တရားခံက ဂလိုကိုး ….
ဘေးနားက ကပ်ဖောက်နေတာတောင်
ကျနော့်မှာ မသိ
အ,သော်ရှိ ဤသို့ စနောက်ခံခဲ့ရပါ၏ …..

နှလုံးသားရှိသူတိုင်း ချစ်တတ်တယ် ..
ဒါကြောင့် ချစ်တတ်တယ် …
ချစ်မိသူကို တွေ့ခဲ့တယ် ..
ချစ်ခွင့်ပန်ဖို့ ကြိုးစားခဲ့တယ် ….
ဒါပေမယ့်လို့လည်း
အချိန်တွေသာ ပြောင်းသွား
ဟောင်းမသွားတဲ့ အချစ်ကို
ရောင်းမစားဘဲ ပြန်သိမ်းထားလိုက်တယ် …
ရှေးဟောင်း ပစ္စည်းဆိုတာ
ဈေးကြီးတယ်လို့ ကြားဖူးနားဝရှိတယ် …
ရင်ထဲက တအားကြီး ဟောင်းမသွားသေးတဲ့ ရှေးကအချစ်
ဈေးမဆစ်ဘဲနဲ့ ဘယ်သူ ဝယ်ကြဦးမလဲ ခညာ့ …..
ဒီမှာ လောလောဆယ် ဘိုင်ပြတ်နေလို့ပါ ခညာ့ ….. ။

 

By အံစာတုံး

35 comments

  • မဟာရာဇာ အံစာတုံး

    July 22, 2012 at 12:58 pm

    နောင် … နောင် .. နောင် …
    ကြမ်းခင်းဈေး တစ်ထောင်ပါ ..
    လိုချင်သူများ လေလံပစ်ကြပါ ခင်ဗျာ … 😀

    • mamanoyar

      July 23, 2012 at 12:10 pm

      1000 ငါးမူးပေးပါတယ်
      လေးလံပွဲဆိုတော့ ပိုပေးရတာ
      သူများလက်ထဲပါသွားမှာစိုးလို့ ဟဲဟဲ:P

      • မဟာရာဇာ အံစာတုံး

        July 23, 2012 at 7:23 pm

        ဒီမှာ တစ်ထောင်နဲ့ငါးမူးပါ …
        တစ်ထောင်ငါးမူး တစ်ကြိမ် ..
        တစ်ထောင်ငါးမူး နှစ်ကြိမ် …. 😀

  • ဘဲဥ

    July 22, 2012 at 12:59 pm

    ဟဲ့တောင်မရေ့ ရဒနာသိုက်က ဘယ်ရောက်သွားဒုံးအေ့
    ဘိုင်နေရင် ဘဏ်သွားဖောက်ကြစို့ 😀

    • မဟာရာဇာ အံစာတုံး

      July 22, 2012 at 1:02 pm

      ဟဲ့ …
      ရတနာသိုက်က နောက်တော့လေ ..
      ခု စိတ်ပေါက်တုန်း ရေးထားတာလေး
      အရင်တင်လိုက်တာ …
      ဘဏ်ဖောက်ဖို့ဆို နာဂ အပြင်ဘက်က ကားနဲ့စောင့်မယ် ..
      နင်က ဘဏ်ထဲဝင်ပြီးဖောက် …
      ရဲဒွေလာရင်တော့ နာက ကားနဲ့ လစ်မှာပဲ .. 😀

      • ဘဲဥ

        July 22, 2012 at 1:16 pm

        အဲ့လို အားကိုးရလို့ အံချာဒုံးလေးဂို ရှစ်တာ တိရား 😆
        အာဘွားတောင်ပေးချင်လာဘီ တေနာမ

  • ဆယာလေး ( အော်စကာ ) အထီး

    July 22, 2012 at 1:02 pm

    အကိုလဲ အဂျစ်တွေ လိုနေတာမိုလို ့
    ညီလေး အဂျစ်တွေကို အကြွေး ရောင်းနိုင်မလား သိပါရစေ

    • မဟာရာဇာ အံစာတုံး

      July 22, 2012 at 1:06 pm

      အမလေးဂျာ ..
      လောလောဆယ် ဘိုင်ပြတ်နေလို့ပါ ချိုနေမှ
      အကြွေးလာဝယ်ဒဲ့လူဂ ရှိသေး ..
      အကြွေးဆို ရဘူးဂျို့ ……… 😀

  • ahnyartamar

    July 22, 2012 at 1:36 pm

    မဝယ်ချင်ပါဘူး၊ လေလံတွေက အနာအဆာတွေနဲ့….

    • မဟာရာဇာ အံစာတုံး

      July 22, 2012 at 1:41 pm

      ရှေး .. ရှေး .. ရှေးဟောင်း ပစ္စည်းလေ ဦးညာရဲ့ ..
      ဘီလောက် တန်ဖိုးရှိဒယ် မှတ်လဲဂျ .. 😀

      • jacky tun

        July 23, 2012 at 1:54 am

        တအားကြီး ဟောင်းမသွားသေးတဲ့ ရှေးကအချစ်
        ဈေးမဆစ်ဘဲနဲ့ ဘယ်သူ ဝယ်ကြဦးမလဲ ခညာ့ ….ကိုအံစာကြီးရေသိပ်ခိုက်မိသလို ကျွန်တော်လဲရောင်းချင်မိပါခင်ဗျာ အတွေးလေးကိုနှစ်ခြိုက်မိပါတယ်

  • marblecommet

    July 22, 2012 at 1:45 pm

    ကိုအံစာရေ့…..
    ကျနော်တို့ နေ့စဉ် ရင်ဆိုင်ကြုံတွေ့နေရတဲ့
    အဖုအတည့် မတော်မတည့် ဂွကျရတဲ့အဖြစ်တွေကို
    အစပ်အဟပ်ကောင်းကောင်းနဲ့
    ထိထိမိမိလေး တင်ပြထားပုံ အရမ်းကောင်းပါတယ်
    အံစာရဲ့ ရင်ထဲက နှလုံးသားကိုလည်း ပျပျလေး
    တွေ့ခဲ့ရပါရဲ့…
    လေးစားတဲ့
    ငကမ်း

  • marblecommet

    July 22, 2012 at 1:46 pm

    အဖုအထစ် လို့ ဖတ်ပေးပါဗျား

    • မဟာရာဇာ အံစာတုံး

      July 22, 2012 at 1:50 pm

      ခုလို လာရောက် ဖတ်ရှုအားပေးသွားတာ
      ကျေးဇူးပါ ကိုကမ်းကြီးရေ ..
      ကိုကမ်းကြီးကတော့ ကျုပ်နှလုံးသားကို မြင်ဒယ် ..
      ကိုကမ်းကြီးလိုပဲ တောင်မလေးဒွေလည်း
      ကျုပ်နှလုံးသားကို မျင်ဘာစေ .. မျင်ဘာစေ .. 😀

  • marblecommet

    July 22, 2012 at 1:55 pm

    အာ…..ခင်ဗျား နှလုံးသားကို
    ကျနော်မြင်ရတာက ခင်ဗျား အနုပညာနဲ့
    မျှားထားလို့ဗျ….
    ……ကောင်မလေးဒွေမြင်စေချင်ဒေါ့
    ဘာနဲ့မျှားရမယ်ဆိုတာ
    ကိုယ့်လူ သိဘာဒယ်…..အာဟိ…..
    လစ်ပီ…..
    ဖလပ် …ဖလပ်…..

  • ညလေး

    July 22, 2012 at 3:54 pm

    အံစာတုံးလေးရယ်…..ဝယ်မယ်ဗျာ…
    လွမ်းပိုင်ရဲ. ….တစ်ရာတန်နဲ.လေ…..
    ဘိုလဲရောင်းမလားပြော…….အကျွေးနဲ.နော်….

  • မောင်ပေ

    July 22, 2012 at 3:58 pm

    သွေးအမျိုးစား နဲ့ မယ်ဒီကယ် ချက်အပ်လေး မြင်ရရင်တော့
    ဈေးပေးချင်မိသဗျား
    🙂

  • htet way

    July 22, 2012 at 4:26 pm

    ကိုယ့်လူ အချစ်အကြောင်း ပြောပြနေတယ် ပေါ့
    နောက်ဆုံး ကောင်မလေးက ပြောတယ် …
    ‘သူ့ကို ချစ်လား’ … တဲ့
    အန် …….. ကျနော် ကြောင်သွားတယ် …
    ကိုယ့်လူ ဒုက္ခမရှာနဲ့ နော် ..ဟာဟ

    • မဟာရာဇာ အံစာတုံး

      July 23, 2012 at 8:43 pm

      @ဆရာထက်
      ဆရာထက်ခင်ဗျာ ..
      ခုလို လာရောက် အားပေးတာ ကျေးဇူပါ ..
      ဒုက္ခ မရောက်အောင် နောက်တစ်ခါ လာပြီး ဟိုင်း ရင် မသိချင်ယောင် ဆောင်နေလိုက်တော့မယ် … 😀
      _______________________
      @ကိုကမ်းကြီး
      တောင်မလေးဒွေကို ဘာနဲ့မျှရတာဒုံး ..
      လူဇိုး … ပြောလည်း ပြဘဲနဲ့
      သိဘာဒယ် .. လုပ်တွားဒယ် .. 😀
      _______________________
      @ညလေး
      ဝယ်မယ်ဆို လက်ငင်းပါ ..
      မှတ်ချက် … အကြွေး မရောင်းဘာ .. 😀
      _______________________
      @ရောင်းရင်းကြီး
      ခင်ဗျားကိုတော့ ရောင်းပါဘူး …
      တော်ကြာ ခင်ဗျား နဖူးဂျီးနဲ့ ပွတ်ဖို့ဆိုရင်
      ဘယ့်နှယ် လုပ်မလဲ … 😀
      _______________________
      ခင်မင် လေးစားစွာဖြင့်
      အံစာတုံး

  • maung khinmin

    July 22, 2012 at 4:57 pm

    ဆြာ..အံစာကြီးရဲ့…အတ္တုပ္ပတ္တိ …

    ကဗြုတ်ဖတ်မိတော့….

    အဟုတ်..ဟပ်ထိသွားပါရဲ့

  • water-melon

    July 22, 2012 at 6:59 pm

    မင်းလည်း လေလံ နာလည်း လေလံ အားလုံး လေလံ
    လေ လေ လေ လေလံ
    ့တုန် ချမ်း တုန် ချမ်း
    ၂၀၁၂ ခုနစ်ရဲ့ လေလံပွဲစပါပြီ
    ကိုပေရဲ့ နဖူးပြောင်လေးကို ဒေါ်လာ၂၀၀၀…..နဲ့ လေလံခေါ်ပါတယ် နဖူးပြောင်လေးကို ချစ်တဲ့ရွာသူတွေဆက်သွယ်ပါ
    ရွာထဲက အူးကြောင်ကြီးအား ကျပ်ငွေ ၁၀၀၀၀၀… အလကား ယူပါဗျာ
    ဘဲဥအား ကြိုက်သူတွေအတွက် ဘတ် ၁၅၀… မွှေကြော် ပြုတ်ကြော် အကုန်ကြော်လို့ရတယ်နော်
    ဗိုက်ကလေးရဲ့ ဘီအီးပုလင်းအား ရူပီး ၂ဝ
    မျက်နှာများတဲ့၆မျက်နှာအံဇာတုံးလေးအား ယွမ် ၁၂၃၁ ဖြင့် ဝယ်ယူနိုင်ပါတယ်

    လိုချင်သူများ လေလံဥက္ကဌဖရဲထံဆက်သွယ်နိုင်ပါသည်
    Water-Melon ကော်ပတေးရှင်းအီမိတက်ချင်း

  • အရီးခင်လတ်

    July 22, 2012 at 9:35 pm

    မောင်အံရေ

    အရမ်းသဘောကျတယ်။

    { အပုပ်နံ့တွေ ဝင်မှာကြောက်လို့
    ပြတင်းတံခါးကို ပိတ်ထားရင်
    လေညှင်းနဲ့ အတူပါလာတဲ့
    ပန်းရနံ့တွေကို
    သင် ဘယ်လို
    ရှူရှိုက်နိုင်မှာလဲ ……. တဲ့}
    အဲဒီနောက်မှာ ဆက်ရေးထားတာ ဟာ အကြိုက်ဆုံး စာစုပါ။
    အတွေး က အတော်ကို ကောင်းကြောင်း ပြောပါရစေ။
    ကြည့်ရတာတော့ ဒီကဗျာ ကို လဲ ပေါ့ပေါ့လေး နဲ့ ရေးခဲ့ပုံဘဲ။

    ဒါထက် ဟောင်းလက်စနဲ့ ပိုဟောင်းအောင် ထားရင် နောင်ကျ ပိုဈေးရမယ်။
    အခုတော့ ရေလေးသောက်နေပေါ့။ 😀

  • TTNU

    July 22, 2012 at 11:18 pm

    မောင်အံစာရေ…
    Good writing ပါတော်။ 🙂
    နောက်ဆိုရင် ကောင်မလေးတွေကို Lady first တွေဘာတွေသွားမလုပ်နဲ့။
    သူရဲကြောက်တတ်ရင် ဘုရားရှိခိုးအိပ်။
    အပုပ်နံ့နဲ့ ပန်းရနံ့ တစ်ခုကိုပဲရွေး၊ နှစ်ခုလုံးယူဖို့ မကြိုးစားနဲ့တော့။
    ပြီးတော့ အင်တာနက်ဆိုင်မှာ Hi Hi Hi! လုပ်လွန်းလို့များ
    လေလံတင်ယူရလောက်အောင် ဟိုင်းသွားတာလား လူကလေးရယ်။ 😛

    • မဟာရာဇာ အံစာတုံး

      July 23, 2012 at 8:50 pm

      @တီချယ်ကြီး
      ခုလို လာရောက် အားပေးတာ ကျေးဇူးပါ ခင်ဗျာ ..
      သားသားဂ ဟိုင်း .. ဟိုင်း .. လုပ်ပါဘူးဂျာ ..
      သူရို့ဂ လာလာလုပ်တာ .. ဟိုင်းကို ပြောဘာဒယ် ..
      သို့ပေသိ အပြင်မှာကျတော့ ဘူမှ ဟိုင်းကြဘူး .. 😀
      ______________________________
      @မောင်ခင်မင်
      အကိုရေ ..
      ကဗျာလေးနဲ့
      လာရောက် အားပေးသွားတာ ကျေးဇူးပါဗျ ..
      ______________________________

      @ဗြဲသီး
      အောင်မာ .. အောင်မာ
      သူဂ လေလံ အုတ်ကထ ဖရဲ ဆိုဘဲ ..
      ဒါနဲ့ နာ့ဂို လာဝင်ရင်
      ချောချောလေးဒွေဆို လဂါးလည်း လိုက်ခံလိုက် … 😀
      ______________________________

      @အရီးလတ်
      အရီးရေ ကျေးဇူး …
      အရီး ပြောသလိုပဲ
      ဒီကဗျာလေးကို ဘာရယ်မဟုတ်
      တောင်တွေးမြောက်တွေးနဲ့ ပေါ့ပေါ့လေး ရေးခဲ့တာပါခင်ဗျာ ..
      သို့ပေမယ့် ဟောင်းလက်စနဲ့ ထပ်ဟောင်းအောင်တော့
      ထားပါရစေနဲ့ အရီးရေ … 😀
      ______________________________

      ခင်မင် လေးစားစွာဖြင့်
      အံစာတုံး

  • flamingo

    July 23, 2012 at 2:51 am

    ဆရာ၊ဆရာမတို့ရေ
    ကူညီပါအုံးဗျာ၊ကျွန်တော်ပို့စ်တင်ဖို့အတွက် NEW နှိပ်လိုက်တိုင်း၊ ဘာမှမပေါ်ဘူူူးဖြစ်နေတယ်၊
    ကျွန်တော်သုံးတဲ့ WINDOW က FIREFOX ပါ ၊ ဘယ်ဟာကိုနှိပ်နှိပ်အဖြူကွက်ဘဲပေါ်နေတယ်..
    ကျေးဇူးတင်ပါတယ်….

    • အရီးခင်လတ်

      July 23, 2012 at 3:06 am

      ကျွန်မ လဲ ကူချင် သော်ငြား မမြင် ရတော့ ဘာဖြစ်နေမှန်း ပြောရခက်တယ်။

      ကျွန်မ လဲ Firefox Browser ဘဲ သုံးပါတယ်။
      ဒီတော့ Browser နဲ့တော့ မဆိုင် လောက်ဘူး ထင်ရဲ့။

      အောက်က Link လေးတွေ ကို ဖတ်ပြီး Post အသစ်တင် တဲ့ Link ကို ကလစ် လုပ်ကြည့်ပါလား။ ထူးလားလို့။
      နောက်ပြီး Browser မှာ တစ်ခြား ဖွင့်ထား တဲ့ site တွေ ကို လဲ လိုလိုမယ်မယ်ပိတ်ကြည့်လိုက်ပါလား။
      ကျွန်မ ဆရာမ တော့ ဟုတ်ဘူးနော်။ အရီး။
      ဆရာ တွေရဲ့ Link ကို ပေးတာ။;-)
      All the best!!! 🙂

      http://myanmargazette.net/64188/education/learn-how-to-do-just-about-everything
      http://myanmargazette.net/wp-admin/post-new.php

      http://myanmargazette.net/103358/computers-technology

      • flamingo

        July 23, 2012 at 5:26 am

        ကျေးဇူးတင်ပါတယ်အစ်မရေ
        ကျွန်တော်ကတော့ဘာမှကိုနားမလည်တာပါ၊
        အစ်မပြောတဲ့ LINK ကိုတော့ လုပ်ကြည့်ပါတယ်၊ မရဘူးခင်ဗျ
        ထပ်ကြိုးစားကြည့်ပါအုံးမယ်၊
        ကျေးဇူးတင်ပါတယ်အစ်မရေ….

  • မဟာရာဇာ အံစာတုံး

    July 23, 2012 at 11:35 am

    ယခုကဲ့သို့ လာရောက်ကာ အားပေးကြပါကုန်သော
    ချစ်စွာသော ရွာသူားအပေါင်းအား
    အထူး ကျေးဇူး တင်ရှိပါကြောင်း …

    နောက်တော့မှ အေးဆေး ရီပလိုင်း လုပ်မယ်နော် .. 😀

  • pooch

    July 23, 2012 at 4:03 pm

    အဲ့လို အေးဆေး လုပ်တတ်လို့လဲ သူငယ်အံ အခုလို လေလံပစ်ရတဲ့ ဘဝကို ရောက်သွားရှာတာနေမှာ။ 😀

    ဒီလေလံကို စာအုပ်တိုက်တခုကို မရောက်ရောက်အောင် ပစ်ဖို့လည်း မမေ့နဲ့ အုန်း ။
    လေလံဆွဲမည့်သူတွေ အဲ့ဒီ စာအုပ်တိုက်တွေမှာ ရှိလောက်တယ်။

    _________________________
    I added cool smileys to this message… if you don’t see them go to: http://s.exps.me

  • ခပ်မိုက်မိုက် ကောင်မလေး

    July 23, 2012 at 4:18 pm

    ဝိုးးးးးးးးးးးးးမိုက်တယ်ဗျ..
    ရေးထားတာ တော်တယ်…
    ဖတ်လို့လည်း ကောင်းတယ်…
    အားပေးသွားတယ်ဗျို့…။

  • shwe kyi

    July 23, 2012 at 4:30 pm

    ကိုအံစာလေးနက်ခြင်းတွေကိုပေါ့ပျက်အောင်လုပ်လို့ဒါဏ်ငွေဆောင်စေ..။ 😀
    ကိုအံစာ ခံစားနေရရင်ခံစားနေရတယ်ပေါ့ ပြောင်ချော်ချော်နဲ့ ကဲဘယ်သူကို့ဝယ်စေချင်နေတာလဲ။
    ဝယ်စေချင်သူကရှိပြီးသားမို့လား။ ချစ်ခဲ့ဘူးပြီး ဖွင့်မပြောရဲခဲ့ဘူးအတွေးအခေါ်နဲ့ စာရေးတာကျတော်ပြီး
    သတ္တိကျမရှိဘူး (ဟိ ဟိ ဆရာလုပ်ကြည့်တာ)
    ကောင်းပါတယ်ဆိုတာကတော့ အထူးပြောနေစရာမလိုတော့ဘူးထင်ပ။

  • manawphyulay

    July 23, 2012 at 6:32 pm

    အဟောင်းဆိုတော့ အဟောင်းတန်းထဲသွားတိုးရင်တောင်
    အဟောင်းဈေးနဲ့ရမှာမဟုတ်တော့
    အလိုက်ပေးပြီး ချရောင်းကြည့်ပါလား..
    ဒါမှမဟုတ် ဒဏ္ဍာရီဆံပင်ဆိုင်လို
    လူတွေငှားပြီး လမ်းမှာ ကြေငြာကမ်းကြည့်ပါလားဟင်…. 😛

  • မဟာရာဇာ အံစာတုံး

    July 23, 2012 at 8:58 pm

    @အမပုချ်
    အမပုချ် ကလည်းဂျာ ..
    အမှန်ဒွေ ကြောနေဂျန်ဘာဘီ … 😀
    အမ ပြောသလိုပဲ ..
    စာအုပ်ထဲကနေ လေလံတင်လိုက်ဦးမယ်ဗျာ ..
    _____________________________
    @မိုက်လေး
    မိုက်လေးရေ ..
    အားပေး ဖတ်ရှုသွားတဲ့အတွက်
    ကျေးဇူးပါနော့ ..
    _____________________________
    @မရွှေကြည်
    အမနော် ..
    ဒီမှာ ဘိုင်ပြတ်နေလို့ပါဆိုမှ ဒဏ်ငွေ ဆောင်ခိုင်းနေသေးဒယ် ..
    ပြီးတော့ စာရေးတာက လက်နဲ့ ခေါင်းဘဲ စိုက်ရတာဂျ
    ဟိုဟာက တကယ့် လက်တွေ့ ပြောရဒါ ..
    ချက်ချရာ၊ ရင်တုန်ချရာဂျီးဂျ ….. အဟီးးးးးး 😀
    _____________________________
    @မနော
    အမလေး …
    မနောနဲ့တွေ့မှ ပိုတောင် ဆိုးတွားပီ ..
    လက်ကမ်း ကြော်ငြာတောင် လုပ်ရတော့မယ် … 😀
    _____________________________

    ခင်မင် လေးစားစွာဖြင့်
    အံစာတုံး

  • padonmar

    August 14, 2012 at 7:35 pm

    ဒေါက်ဒေါက်ဒေါက်
    အီလက်ထရစ် ချန်ပီယံ မဟာအံရေ၊

    ဖိတ်စာပို့ပါတယ် (စာပို့သမားမအားလို့ နောက်ကျတာခွင့်လွှတ်ပါ)
    လေလံပစ်ပြီးရင် ဆက်ဆက်လာခဲ့ပါ။
    မီးထိုးကူပါအုံး။
    http://myanmargazette.net/143974
    http://myanmargazette.net/143981

    နှစ်သက်သူတွေရဲ့ မှတ်ချက်တွေဖတ်ပြီး ပီတိလေး ခံစားရဖို့ရယ်။
    အခြားသူတွေလည်း အလွယ်တကူဖတ်မိကြဖို့ ရည်ရွယ်ပါတယ်။

  • TNA

    November 4, 2013 at 9:42 pm

    ကဗျာဖတ်ပြီးကွန်မင့်တွေပါဖတ်လိုက်တာ့ လဘက်ရည်ကော မုန့်ကောစုံသွားပမို့ ပြန်ဘီအေ။ တစ်ထောင်နဲ့ တကျပ်ပေးသွားတယ်။

Leave a Reply