TV​ ​ကြ​ည့်​ခြင်း​နှင့်​ ​နှ​လုံး​ရော​ဂါ​ဖြစ်​နိုင်​ခြေ

introJuly 2, 20101min590
alt

TV​ ရှေ့တွင် ထိုင်နေသည့် အချိန်​ တိုင်းသည် နှလုံး ရောဂါ ဖြစ်နိုင်ခြေ မြင့်တက် လာအောင် အားပေး အားမြှောက် ပြုနေခြင်း ပင်​ ဖြစ်ကြောင်း ဆရာဝန်များက ပြောကြား​ ခဲ့သည်။လေ့လာမှုများက TV ရှေ့ ထိုင်နေသည့် တစ်နာရီ​ တိုင်းသည် နှလုံး ရောဂါကြောင့် သေဆုံး​ နိုင်ခြေ (၇) ရာခိုင်နှုန်း မြင့်တက် လာစေ​ သည်ဟု ဖော်ပြ​ နေကြောင်း သိရှိရသည်။ ဗြိတိန်တွင် လူ​ အတော်များများသည် ၎င်းတို့​ ကြိုက်​ နှစ်သက်သည့် TV​ အစီအစဉ်များ​ အတွက် နေ့စဉ်​ (၄)​ နာရီမျှ အချိန်​ ကုန်ခံ​ နေရာ နှလုံးနှင့်​ ဆိုင်သော ရောဂါများ ဖြစ်ပေါ်နိုင်ခြေ (၂၈)​ ရာခိုင်နှုန်းမျှ တိုးမြင့်လာသည့် အနေအထားနှင့် ရင်ဆိုင်နေရကြောင်း ဗြိတိန်​ ဆေးသုတေသန ကောင်စီမှ ထုတ်ပြန်​ ကြေညာခဲ့သည်။၎င်းတို့က ဗြိတိန်တွင်
လူပေါင်း(၁၉၃၀၀၀)ကျော် နှလုံးရောဂါဖြင့် နှစ်စဉ်သေဆုံးနေပြီး နိုင်ငံ၏ သေနှုန်း​ အမြင့်ဆုံး ရောဂါအဖြစ် ရပ်တည်နေကြောင်း သိရသည်။ ယခုသုတေသန ပြုလုပ်မှုတွင် အဓိက ဦးဆောင်ပါဝင်ခဲ့သူ တစ်ဦးဖြစ်သော ဒေါက်တာကက်ထရီယန် ဝစ်ဂျင်ဒေလီက လူသားများ၏ ခန္ဓာကိုယ်သည် အချိန်ကြာရှည်စွာ ထိုင်နိုင်ရန် သဘာ​အလျောက် တည်ဆောက်ထားသည့် အနေအထား မဟုတ်ကြောင်း သတိပေးခဲ့သည်။သုတေသီများသည် နှလုံးရောဂါဖြင့်
သေဆုံးသူ (၃၇၃)​ ဦး၏ နေထိုင်မှု စရိုက်များကို အပြန်အလှန် လေ့လာပြီးနောက် ယခုတွေ့ရှိချက်အား အတည်ပြု ထုတ်ပြန်​ လိုက်ခြင်းဖြစ်သည်။ အချိန်ကြာမြင့်စွာTV​ ရှေ့ထိုင်သော အလေ့အထကို ရှောင်ကြဉ်ခြင်းသည် နှလုံးရောဂါ ဖြစ်နိုင်ခြေကို (၈)ရာခိုင်နှုန်းမျှ လျော့ကျ​ သွားစေ​ နိုင်ကြောင်းလည်း ပညာရှင်များက ပြောကြား​ သွားသည်။

http://peoplemediavoice.com