သူငယ်ချင်းတွေတစ်ယောက်နဲ ့တစ်ယောက်မျက်စိအောက်ကအပျောက်မခံနိုင်အောင်ခင်တွယ်ခဲ ့ကြသည်…..။

ကျောင်းသွားတူတူ..ကစားတူူတူပင်ရှိခဲ ့ကြသည်။သူငယ်ချင်း၅ယောက်ရဲ ့ဘယ်အိမ်မဆို..ဝင်ထွက်သွားလာခဲ ့ရာ

တံခါးမရှိ…ဓါးမရှိပေ….

ယောကျင်္ားလေးတွေမို ့ပြောမနာဆိုမနာ…အားလုံးကပွင် ့ပွင် ့လင်းလင်း….တပါတ်တခါသူငယ်ချင်းတစ်ယောက်ရဲ ့အိမ်မှာအိပ်ကြသည်။

တက္ကသိုလ်တတ်ကြတဲ ့အခါမှာလည်း…မေဂျာတွေသာပြောင်းခဲ ့ကြတယ်လက်တွဲမဖြုတ်တမ်းလေ….

၅ယောက်ထဲမှာတစ်ယောက်ကဆင်းရဲနွမ်းပါးသည်…

ဒါပေမဲ ့…မာနကတော ့မိုးထိအောင်ပင်…ဟုတ်သည်….

ချမ်းသာတဲ ့သူမှမာနရှိသည်မဟုတ်….ဆင်းရဲသည် ့သူလည်းရှိသင် ့သည် ့အရာမဟုတ်လား…

ဒါပေမဲ ့..သူငယ်ချင်းတွေအပေါ်မှာတော ့….တော်တော်သည်းညည်းခံရှာပေသည်….

ဘယ်ကိစ္စမဆို..တော်ရုံဆိုမပြော…အားလုံးကတော ့ဘယ်သူကသာတယ်နာတယ်ဆိုတာမရှိပေ။…..

ဘဝပေးအကိူးနည်းဆင်းရဲတာလေးကလွဲရင်…ကျွန်တော်တို ့အဖွဲ ့ထဲတွင်ရုပ်အချောဆုံး…

မေဂျာမှာဆိုရင်လည်းသူက…ကင်းတယောက်ပါ…..ဘယ်မိန်းခေလေးကိုမှစတင်ပြီးစိတ်ဝင်စားတယ်မပြော….

မိန်းခလေးကဇါတ်လမ်းစလာရင်လည်း…တုပ်တုပ်မျှမလူပ်…တခါတလေကျတော ့လည်းကျွန်တော်တို ့ကအားမလိုအားမရဖြစ်ရတယ်…..

မင်းနဲ ့ငါတို ့နေရာချင်းလဲလို ့ရရင်လဲချင်တယ်ကွာဆိုတော ့….ဘာအရောင်မှမပါတဲ ့မျက်လုံးနဲ ့ကျွန်တော်တို ့ကိုပြန်ကြည် ့တယ်။

မလုပ်ပါနဲ ့ကွာ…မင်းတို ့လိုပြည် ့စုံတဲ ့ဘဝမဟုတ်တော ့ငြိမ်ငြိမ်နေပါရစေ….တစ်နှစ်တစ်တန်းတတ်ဖို ့တောင်….

ကျောင်းစရိတ်ကအနိုင်နိုင်…ကျောင်ရောက်လို ့ကင်တင်န်းထိုင်ရင်တောင်…မင်းတို ့ကောင်းမှုကြောင် ့…

ငါလာနေရတာကွလို ့ပြောပြန်ပါတယ်…..ဘယ်သူ .ကဘယ်သူ ့ကိုဆင်းရဲတယ်..ချမ်းသာတယ်မပြောပေမဲ ့….

ကျွန်တော်ကိုယ်ချင်းစာလို ့ရပါတယ်…..မဆိုင်ပါဘူးကွာ…ဘာပြောပြောရည်းစားတစ်ယောက်တော ့ထားစမ်းပါကွာ….

လို ့ပြောတော ့…ဟား..ဟားမင်းတို ့တွေအကုန်ထားရင်..ငါလည်းချစ်သူတစ်ယောက်တော ့ရှာမယ်ကွ…….

ဟုတ်တော ့ဟုတ်သား…ကျွန်တော်တို ့အဖွဲထဲမှာတစ်ယောက်မှချစ်သူရည်းစားမရှိကြပေ….မိန်းခလေးသူငယ်ချင်းတွေတော ့ရှိသည်။

အခန်းဖေါ်တွေပေါ ့ဗျာ…ကျွန်တော် ့သူငယ်ချင်း..မေဂျာကင်းကတော ့..စန်းပွင် ့လိုက်တာပြောချင်ပါဘူး…..

ဒုတိယနှစ်ကုန်ဆုံးလို ့နွေရာသီကျောင်းပိတ်ရက်မှာတော ့…ကျောင်းပြီးလို ့…ဘွဲ ့ရပြီးရင်….

ဘယ်သူကဘာလုပ်မယ်..ဆိုပြီးတိုင်ပင်ခဲ ့ကြသေးတယ်….

မေဂျာကင်းကတော ့..သူ ့အမေရောင်းနေတဲ ့…ကုန်ဆုံဆိုင်လေးကူလုပ်ရင်း…ကျွန်တော်တို ့ဆီကိုပြေးပြေးလာတတ်ပါတယ်…

တစ်နေ ့…မနက်အစောကြီးကျွန်တော်တို ့ဆီကို..မေဂျာကင်းရောက်လာပါတယ်….ဟေ ့ကောင်တွေ….ငါပြည်ကိုသွားပြီးကုန်သွားကြိုရမယ်…

ဟိုမှာတစ်ညအိပ်ပြီးမှပြန်လာမယ်….မင်းတို ့ငါ ့ကိုလာရှာမှာစိုးလို ့လာပြောတာကွ…လို ့မေဂျာကင်းကဆိုလာပါတယ်…..

ဒီနေ ့တော ့လဘ္ကက်ရည်ဖိုးငါရှင်းခဲ ့မယ်လို ့လည်းပြောလာပါတယ်…..

ကျွန်တော်လက်မခံနိုင်သောစကားကို…ကျွန်တော် ့သူငယ်ချင်းက….ငိုသံနှင် ့ပြောသည်….

မေဂျာကင်းဆုံးသွားပြီတဲ ့…မနေ ့ကပြည်ကပြန်လာတဲ ့ကုန်တင်ကားမှောက်တဲ ့အထဲမှာပါသွားတာတဲ ့…….

ဒီလိုစကားနဲ ့တော ့မနောက်နဲ ့ကွာလို ့…ကျွန်တော်ထပ်ပြောတော ့…ကျွန်တော် ့သူငယ်ချင်းတွေအားလုံးကမျက်ရေတွေကျရက်နဲ ့ကျွန်တော် ့ကိုစိုက်ကြည် ့နေကြသည်….

ပြီးတော ့သူငယ်ချင်းတစ်ယောက်ကရှိုက်သံနဲ ့အတူ““မင်းကိုနောက်စရာလားကွာ”””တဲ ့

မေဂျာကင်း…ဟေ ့ကောင်…မင်းငါတို ့ကိုဒီလိုအနိူင်ယူသွားတာမကောင်းပါဘူးကွာလို ့…

ကျွန်တော်မျက်ရည်ကြားမှ…ပြောလိုက်မိပါတော ့သည်……..။

ချစ်ခြင်းမေတ္တာဖြင် ့

About မိုး မင်းသား

မိုး မင်းသား has written 48 post in this Website..

သတိ ရခြင်း ငှက်... အချစ်ပင် ထက်မှာ ရောက်နေတယ် ။