မေဂျာကင်း…………

သူငယ်ချင်းတွေတစ်ယောက်နဲ ့တစ်ယောက်မျက်စိအောက်ကအပျောက်မခံနိုင်အောင်ခင်တွယ်ခဲ ့ကြသည်…..။

ကျောင်းသွားတူတူ..ကစားတူူတူပင်ရှိခဲ ့ကြသည်။သူငယ်ချင်း၅ယောက်ရဲ ့ဘယ်အိမ်မဆို..ဝင်ထွက်သွားလာခဲ ့ရာ

တံခါးမရှိ…ဓါးမရှိပေ….

ယောကျင်္ားလေးတွေမို ့ပြောမနာဆိုမနာ…အားလုံးကပွင် ့ပွင် ့လင်းလင်း….တပါတ်တခါသူငယ်ချင်းတစ်ယောက်ရဲ ့အိမ်မှာအိပ်ကြသည်။

တက္ကသိုလ်တတ်ကြတဲ ့အခါမှာလည်း…မေဂျာတွေသာပြောင်းခဲ ့ကြတယ်လက်တွဲမဖြုတ်တမ်းလေ….

၅ယောက်ထဲမှာတစ်ယောက်ကဆင်းရဲနွမ်းပါးသည်…

ဒါပေမဲ ့…မာနကတော ့မိုးထိအောင်ပင်…ဟုတ်သည်….

ချမ်းသာတဲ ့သူမှမာနရှိသည်မဟုတ်….ဆင်းရဲသည် ့သူလည်းရှိသင် ့သည် ့အရာမဟုတ်လား…

ဒါပေမဲ ့..သူငယ်ချင်းတွေအပေါ်မှာတော ့….တော်တော်သည်းညည်းခံရှာပေသည်….

ဘယ်ကိစ္စမဆို..တော်ရုံဆိုမပြော…အားလုံးကတော ့ဘယ်သူကသာတယ်နာတယ်ဆိုတာမရှိပေ။…..

ဘဝပေးအကိူးနည်းဆင်းရဲတာလေးကလွဲရင်…ကျွန်တော်တို ့အဖွဲ ့ထဲတွင်ရုပ်အချောဆုံး…

မေဂျာမှာဆိုရင်လည်းသူက…ကင်းတယောက်ပါ…..ဘယ်မိန်းခေလေးကိုမှစတင်ပြီးစိတ်ဝင်စားတယ်မပြော….

မိန်းခလေးကဇါတ်လမ်းစလာရင်လည်း…တုပ်တုပ်မျှမလူပ်…တခါတလေကျတော ့လည်းကျွန်တော်တို ့ကအားမလိုအားမရဖြစ်ရတယ်…..

မင်းနဲ ့ငါတို ့နေရာချင်းလဲလို ့ရရင်လဲချင်တယ်ကွာဆိုတော ့….ဘာအရောင်မှမပါတဲ ့မျက်လုံးနဲ ့ကျွန်တော်တို ့ကိုပြန်ကြည် ့တယ်။

မလုပ်ပါနဲ ့ကွာ…မင်းတို ့လိုပြည် ့စုံတဲ ့ဘဝမဟုတ်တော ့ငြိမ်ငြိမ်နေပါရစေ….တစ်နှစ်တစ်တန်းတတ်ဖို ့တောင်….

ကျောင်းစရိတ်ကအနိုင်နိုင်…ကျောင်ရောက်လို ့ကင်တင်န်းထိုင်ရင်တောင်…မင်းတို ့ကောင်းမှုကြောင် ့…

ငါလာနေရတာကွလို ့ပြောပြန်ပါတယ်…..ဘယ်သူ .ကဘယ်သူ ့ကိုဆင်းရဲတယ်..ချမ်းသာတယ်မပြောပေမဲ ့….

ကျွန်တော်ကိုယ်ချင်းစာလို ့ရပါတယ်…..မဆိုင်ပါဘူးကွာ…ဘာပြောပြောရည်းစားတစ်ယောက်တော ့ထားစမ်းပါကွာ….

လို ့ပြောတော ့…ဟား..ဟားမင်းတို ့တွေအကုန်ထားရင်..ငါလည်းချစ်သူတစ်ယောက်တော ့ရှာမယ်ကွ…….

ဟုတ်တော ့ဟုတ်သား…ကျွန်တော်တို ့အဖွဲထဲမှာတစ်ယောက်မှချစ်သူရည်းစားမရှိကြပေ….မိန်းခလေးသူငယ်ချင်းတွေတော ့ရှိသည်။

အခန်းဖေါ်တွေပေါ ့ဗျာ…ကျွန်တော် ့သူငယ်ချင်း..မေဂျာကင်းကတော ့..စန်းပွင် ့လိုက်တာပြောချင်ပါဘူး…..

ဒုတိယနှစ်ကုန်ဆုံးလို ့နွေရာသီကျောင်းပိတ်ရက်မှာတော ့…ကျောင်းပြီးလို ့…ဘွဲ ့ရပြီးရင်….

ဘယ်သူကဘာလုပ်မယ်..ဆိုပြီးတိုင်ပင်ခဲ ့ကြသေးတယ်….

မေဂျာကင်းကတော ့..သူ ့အမေရောင်းနေတဲ ့…ကုန်ဆုံဆိုင်လေးကူလုပ်ရင်း…ကျွန်တော်တို ့ဆီကိုပြေးပြေးလာတတ်ပါတယ်…

တစ်နေ ့…မနက်အစောကြီးကျွန်တော်တို ့ဆီကို..မေဂျာကင်းရောက်လာပါတယ်….ဟေ ့ကောင်တွေ….ငါပြည်ကိုသွားပြီးကုန်သွားကြိုရမယ်…

ဟိုမှာတစ်ညအိပ်ပြီးမှပြန်လာမယ်….မင်းတို ့ငါ ့ကိုလာရှာမှာစိုးလို ့လာပြောတာကွ…လို ့မေဂျာကင်းကဆိုလာပါတယ်…..

ဒီနေ ့တော ့လဘ္ကက်ရည်ဖိုးငါရှင်းခဲ ့မယ်လို ့လည်းပြောလာပါတယ်…..

ကျွန်တော်လက်မခံနိုင်သောစကားကို…ကျွန်တော် ့သူငယ်ချင်းက….ငိုသံနှင် ့ပြောသည်….

မေဂျာကင်းဆုံးသွားပြီတဲ ့…မနေ ့ကပြည်ကပြန်လာတဲ ့ကုန်တင်ကားမှောက်တဲ ့အထဲမှာပါသွားတာတဲ ့…….

ဒီလိုစကားနဲ ့တော ့မနောက်နဲ ့ကွာလို ့…ကျွန်တော်ထပ်ပြောတော ့…ကျွန်တော် ့သူငယ်ချင်းတွေအားလုံးကမျက်ရေတွေကျရက်နဲ ့ကျွန်တော် ့ကိုစိုက်ကြည် ့နေကြသည်….

ပြီးတော ့သူငယ်ချင်းတစ်ယောက်ကရှိုက်သံနဲ ့အတူ““မင်းကိုနောက်စရာလားကွာ”””တဲ ့

မေဂျာကင်း…ဟေ ့ကောင်…မင်းငါတို ့ကိုဒီလိုအနိူင်ယူသွားတာမကောင်းပါဘူးကွာလို ့…

ကျွန်တော်မျက်ရည်ကြားမှ…ပြောလိုက်မိပါတော ့သည်……..။

ချစ်ခြင်းမေတ္တာဖြင် ့

18 comments

  • ဆယာလေး ( အော်စကာ ) အထီး

    July 22, 2012 at 4:15 pm

    မေဂျာကင်းတစ်ယောက် သနားစရာပဲဗျ
    ဇာတ်သိမ်းမလှရှာပေဘု

    ဪ..လောကလောက..အနိစ္စ

    ချစ်ခြင်းများစွာဖြင့်

    မေကြာကွင်း

  • မိုး မင်းသား

    July 22, 2012 at 4:23 pm

    ဟဲ ့….သောက်ပလုပ်တုပ်….

    ဖြေးဖြေးလုပ်ပါ…အော်စကာရယ်…..ဪ…လောကလောက…အနိစ္စ….

    ကြည် ့လည်းလုပ်ပါအော်စကာ…..

    ခင်တဲ ့

  • မောင်ပေ

    July 22, 2012 at 8:34 pm

    မနက်ဖန် တွေ ့ဖို ့ရောက်အောင်လာဘာ…
    မင်းမမေ့နဲ ့အုန်း…တဲ့
    လက်ပြပြီးတော့ ကားပေါ်တက်သွား…
    နောက်တစ်ခါဘယ်တော့မှ…
    ပြန်မတွေ ့ရတော့တဲ့ သူငယ်ချင်းတစ်ယောက်…
    မိုးမင်းသားရေ.. ဒီအန် ့ရဲ ့သီချင်းလေးကို ဆိုပြီး အားပေးသွားပါတယ်

  • P chogyi

    July 23, 2012 at 9:06 am

    မေဂျာကင်းဆိုလို
    အင်္ဂလိပ်ဗိုလ်မှူးမှတ်နေတာ
    ဟုတ်လဲ ဟုတ်ဘူး

  • မမ အညာသူ

    July 23, 2012 at 10:12 am

    မေဂျာကင်းရဲ့သတင်းကို
    ကြားရတာစိတ်မကောင်းပါဘူး
    အနစ္စ ဒုက္ခ အနတ္တ

  • ကြောင်ကြီး

    July 23, 2012 at 10:44 am

    မေဂျာကင်း
    သေရှာဒင်း
    မြေမှာထွင်း
    ပြည်ရွာလင်း..။

  • ကြောင်လေး

    July 23, 2012 at 10:56 am

    ဒီကင်းက ကင်းမြီးကောက်လား၊ ကင်းခြေများလားလို့ မေးဖို့ဝင်လာတာ….
    ဪ…….အခုတော့စိတ်မကောင်းစရာ ………

  • ကြောင်လေး

    July 23, 2012 at 11:04 am

    ရည်းစားလည်းမထားခဲ့ရဘူး၊ အချစ်ရဲ့ ချိုမြိန်ခါးသက်မှုကိုလည်းမခံစားခဲ့ရဘူး

    တင့်တယ်ရုပ်ဆင်းလှပခြင်းကား အိုမင်းနောက်ဆုံးရှိခဲ့ပြီ…..ဆိုတဲ့အဆင့်တောင်မရောက်ရရှာ
    တွေ့ဆုံပေါင်းသင်း မိတ်ဖက်ခြင်းကကွေကွင်းနောက်ဆုံးဖြစ်ရပြီ၊
    ချစ်ခင်ပေါင်းသင်းဆက်ဆံခြင်းက သေခြင်းနောက်ဆုံးဖြစ်ရပြီပေါ့………

  • mamanoyar

    July 23, 2012 at 11:55 am

    ဟင် ဒါတကယ့်ဖြစ်ရပ်မှန်ပဲလား မိုးမင်းသားရယ်
    စိတ်မကောင်းဖြစ်လိုက်တာ
    အစကတော့ဖတ်ရင်းတကယ့်အဖြစ်လို့ထင်တယ်
    ဇာတ်သိမ်းကျတော့ တကယ့်အဖြစ်မှန်မဟုတ်ပါစေနဲ့လို့
    ဆုတောင်းမိတယ်

  • etone

    July 23, 2012 at 1:15 pm

    နေ့မြင်ညပျောက်တဲ့ လောကကြီးပါ
    ဘယ်အရာမှ မမြဲပါဘူး ။
    ဪ … အနိစ္စ … အနိစ္စ …. 🙁

  • Thu Wai

    July 23, 2012 at 2:32 pm

    ဒုက်ခ ဆိုတာ တစ်ခါတစ်လေ ကျတော့ အဖော်တွေပါခေါ်ပြီးလာလည်တတ်တယ် အဲဒီလူကိုခင်သွားရင်
    တစ်ခါတည်း အပိုင်ခေါ်သွားရော။

  • Ma Ei

    July 23, 2012 at 3:59 pm

    လိမ္မာရင်များ အသေစောတတ်လားမသိနော်…

  • မိုး မင်းသား

    July 23, 2012 at 7:06 pm

    ‘ဒီပိုစ် ့လေးက….ကျွန်တော် ့သူငယ်ချင်းလေးကို..သတိယလို ့ရေးမိတာပါ…..

    အားလုံးက..စိတ်မကောင်းဖြစ်သွားတယ်ဆိုလို ့…..

    ကျွန်တော်တောင်တော်တော်စိတ်မကောင်းဖြစ်ရပါတယ်လေ

    ဒါပေမဲ ့…အားလုံးကိုကျေးဇူးတင်ပါရစေ……..

    မအိ…မမနိုရာ..သုဝေ..ကိုကြောင်..ကြောင်ကလေး…ကိုပေ…..

    နာဂရ…မမအညာသူ…ရွှေမင်းသား….အိတုန်…pခိူကြီး…

    အားလုံးကိုကျေးကျေးပါခင်ဗျ……

    ချစ်ခြင်းမေတ္တာဖြင် ့

  • အလင်းဆက်

    July 23, 2012 at 7:10 pm

    ကျွန်တော်..တော့ ဝတ္ထုတိုလေးတစ်ပုဒ်အဖြစ် ခံစားသွားပါပြီ..။

    လေးစားပါတယ်…မိုးမင်းသမီး..အဲ..မိုးမင်း…သား..

  • မိုး မင်းသား

    July 23, 2012 at 7:37 pm

    အလင်းဆက်….

    မြင်ပြင်းကက်စရာကောင်းအောင်တော ့….

    မလုပ်ပါနဲ ့ရှင်….အဲလေ….ဗျာ

    ဟိ..ဟိ

  • မဟာရာဇာ အံစာတုံး

    July 23, 2012 at 8:38 pm

    အဲ့ဒီလိုပါပဲ …
    မျက်တောင်တစ်ခတ်အတွင်းမှာ
    ပြောင်းလဲသွားတတ်ပါတယ် …
    အော် .. အနိစ္စ …

Leave a Reply