နောင်ရိုးတိုက်ပွဲဆိုသော ထိုအရပ်

htet wayJuly 22, 20121min20219

နောင်ရိုးတိုက်ပွဲဆိုသော ထို အရပ်

နောင်ရိုးတိုက်ပွဲအကြောင်း ငယ်ငယ်က ကျောင်းသုံးစာအုပ်မှာသင်ရဖတ်ရပါသည်။ အရွယ်ရောက်တော့ စာအုပ်တွေမှာ နောင်ရိုးတိုက်ပွဲအကြောင်း ဖတ်ရင်း ဘုရင့်နောင် ကို သဘောကျနေမိခဲ့သည်။ နောင်ရိုးတိုက်ပွဲတွင် အဓိက အောင်မြင်သူမှာ ဘုရင့်နောင်ဖြစ်သည်။

ငယ်အမည်မှာ သျှင်ရဲထွတ်ဖြစ်ပြီး ဘွဲ့ အမည်မှာကျော်ထင်နော်ရထာလို့စိတ်ထဲစွဲအောင်မှတ်သား ခဲ့ဖူးသည်။ အဘယ်ကြောင့် နည်း နောင်ရိုးတိုက်ပွဲ သည် အိမ်မဲမြို့နယ်တွင် ဖြစ်ခဲ့ သည်ဟူသောဇာတိမာန်ကြောင့် ဖြစ်ပါသည်။

ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် လေးအတွင်းမှာတော့ပါးစပ်ရာဇဝင်လေး တစ်ခု အဖြစ် နောင်ရိုးတိုက်ပွဲ ဆင်နွှဲခဲ့တယ်လို့ပြောရင်း ငယ်ငယ်က အိပ်ယာဝင်ပုံပြင် တစ်ပုဒ်၊ နောက်တော့ ရွှေဘုံသာဘုရားကြီး တန်ဆောင်းကို ဘုရင့်နောင်က ရွှေတစ်ပုံ ငွေတစ်ပုံချပုံ၍ တည်ထားကိုးကွယ်ခဲ့သည်ဟူသော
ပြောဆိုသံတွေ ကြားခဲ့ရဖူးပါသည်။

၂၀၀၅ခုနှစ်တွင် နောင်ရိုးတိုက်ပွဲ သူသေသန အဖွဲ့ ရောက်ခဲ့ဖူးသည်။သမိုင်း အချက်အလက်တွေ ရှာဖွေရန် ဆရာကြီး ဒေါက်တာ သန်းထွန်း နှင့်အိမ်မဲမြို့နယ် အသင်းက ဦးဆောင်၍ ဆွေးနွှေးပွဲ လုပ်သည်ဟုကြားရသည်။အစည်းအဝေးကို သွားပြီး ကိုယ်သိတာ ကိုယ်ပြောချင်စိတ်ကလေးတော့ဖြစ်မိသေးသည်။ ထိုအခါက မရောက်ဖြစ်ခဲ့ ။ ဖိတ်ကြားခြင်း မခံခဲ့ရ ပေ။

ဆရာကြီးဒေါက်တာ သန်းထွန်း က နောင်ရိုး တိုက်ပွဲ အကြောင်း ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်းတွင်ရေးတာ ဖတ်ခဲ့ ဖူးသည်။ ၁၉၈၂ ကထင်ပါသည်။ မြေပုံ
နှင့်တကွ ဇြစ်တန်ခြေ ခန့်မှန်း ထားသည်။ အိမ်မဲမြို့နယ် သံလျှက်စွန်းတဖက်ကမ်း ဟူ၍ မှန်းဆ ဖေါ်ပြ ခဲ့သည်ကို မှတ်သား ဖူးသည်။

အိမ်မဲမြို့နယ် ထဲတွင် နောင်ပါသော၊ ရိုးပါသော အမည်ပါ ရွာတွေအမြောက်အများရှိသည်။ ရွာဆူရိုး ၊ဖိုးလှော်ရိုး ၊အကယ်ရိုး ၊ရိုးကြီး ၊ငရံရိုး ၊ကန်သင်းရိုး ..စသဖြင့် ရိုးပါသောရွာတွေ ရှိသည်။နောင်ပါသောနောင် အန်းတမိတ် (ယခု အင်းတမိ) ဆိုတာရှိသည်။နောက် ဆင်ကူး၊ ဆင်ဆိပ် ဆိုတာတွေလည်းရှိသည်။
သမိုင်းပညာရှင်ဒေါက်တာတိုးလှက (၁.ရ.၂၀၁၂)ရက်နေ့တွင်အိမ်မဲမြို့နယ် အသင်းနှင့် ဆင်ကူး ဆင်ဆိပ်ကို သမိုင်းဆိုင်ရာ အထောက်အထား
သွားရောက်လေ့လာရန် သွားခဲ့သည်။ အပြန်မှာ အိမ်မဲမြို့ထိပ် ကရွှေအိမ်ရတနာဘိုးဘွားရိပ်သာမှာ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်ပြီး ဆွေးနွှေးပွဲလေး တစ်ခု ပြုလုပ်ရသည်။ကံအားလျှော်စွာ မိမိလည်းတက်ခွင့်ရလိုက်သည်။ဆွေးနွှေးပွဲမှာ ပညာရေးမှူး အငြိမ်းစား တစ်ဦးကနောင်ပါသောရွာများ ၊ ရိုးပါသော ရွာများ အကြောင်းပြောရင်း နောင်ရို့ဆိုသည်မှာ ယခင်က မွန် ကရင်များနေထိုင်ရာမှ ၎င်းတို့ စကား နက်ရှိုင်းသောအင်းဟူအေဓိပါယ်ရကြောင်း ပြောခဲ့သည်။ ဝေါဟရဖွင့်ဆိုချက်မှာ
နီးစပ်မူရှိသည်ကိုတွေ့ရသည်။ အိမ်မဲမြို့နယ်တွင် အင်းလုပ်ငန်းများ ယခင်ကဖွံ့ဖြိုးခဲ့သည်။

တဖန်အိမ်မဲမြို့နယ် ပျဉ်မကုန်းကျေးရွာအနီး ဆရာတော်ကြီးတစ်ပါးတည်ထားသော (၁၀၈)တောင် အမြင့်ဆောင်သော စေတီတော် တစ်ဆူ အနီးတွင်လည်း
ဦးတုံးနှင့် ပဲ့ပိုင်းရှိပြီး အလယ်ဝမ်းကတော့ ပျက်စီးနေသည့် ရှေ့တုန်းကလောင်းလှေကြီးတစ်စင်းတူးဖေါ်ရရှိဖူးသည်ဟု ကြားပြန်သည်။အိမ်မဲမြို့နယ်အင်းတမိကျေးရွာ
တွင်လည်း လွန်ခဲ့သော နှစ်ပေါင်းများစွာက လယ်ထွန်းရင်း လောင်းလှေတစ်စင်း၏ ဦးတုံးကြီးရဖူးသည်ဟု ကျေးရွာနေ သက်ကြီးရွယ် အိုတွေပြောသံကြားဖူးသည်။
နောက် ကြေးပုဂံပြားတွေ ရ၍ သက်ဆိုင်ရာသို့ပို့ဆောင်ခဲ့သည်ဟုလည်း ကြားဖူးပါသည်။

ဦးကုလားရာဇဝင်တွင်လည်း ပန်းမထီးမြစ်ကမ်းဘေးတွင် နောင်ရိုးတိုက်ပွဲဖြစ်ခဲ့သည်ဟူ၍ ဖတ်ဖူးသည်။ပန်းမဝတီမြစ်သည်မြောင်းမြခရိုင်တွင်သာရှိသည်။သိ
ု့ဖြစ်၍ နောင်ရိုးတိုက်ပွဲသည်အိမ်မဲမြို့နယ်တွင်း၌ ဖြစ်ခဲ့သည် ဆိုသည်မှာ သေချာနေသည်။

နောင်ရိုးတိုက်ပွဲသည် ခရစ်သက္ကရစ် ၁၅၃ရ ခုနှစ် တောင်ငူဘုရင်တပင်ရွှေထီး က ဟံသာဝတီ ဘုရင် သုရှင်တကာသူရှင်တကာရွတ်ပိ ကိုတိုက်ခဲ့သော
စစ်ပွဲကြီး တစ်ပွဲ ဖြစ်သည်။ဘုရင့်နောင်ဟု အမည် မခံရသေးသောကျော်ထင်နော်ရထာသည် တိုက်ဆင်ငါးဆယ် ၊မြင်းငါးရာ၊စစ်သူရဲတစ်သောင်း၊ဆင်စီးအမတ်
ငါးဆယ်နှင့်အတူ နောင်ရိုးသို့ ချီတက်ခဲ့သည်။ ကျော်ထင်နော်ရထာတပ်က ရဲမက် တစ်ဦးကို သစ်ပင်ပေါ် တက်၍ ကြည့်စေပြီး တဖက် စစ်အင်အားကို
ခန့်မှန်း ခဲ့သည်ဟု ဆိုသည်။နောင်ရိုးတိုက်ပွဲတွင် အင်အား မမျှသော်လည်းရဲစွမ်း သတ္တိကို အရင်းတည်၍ မြစ်ကို ဖြတ်ကူးခဲ့ကာ ဖေါင်များကို မီးရှို့
ဖျက်စီးပြီး နောက်ပြန်မလှည့်စတမ်း တိုက်ပွဲဆင်ရန်ဖေါင်ဖျက်ခဲ့သည်။ဘုရင့်နောင်ဖေါင်ဖျက် ဟူသော စကားက ကျော်ကြားခဲ့သလိုဘုရင့်နောင်၏ တိုက်ပွဲ ဗျူဟာက
ကမ္ဘာ ကျော်ခဲ့သည်။

ဘုရင့်နောင်သည် တိုက်ပွဲနိုင်တိုင်း အောင်မြေဟုသမုတ်ကာ စေတီတစ်ဆူ တည်ထားတတ်ကြောင်း ဖတ်ရသည့်အခါ အိမ်မဲမြို့က ရွှေဘုံသာတန်ဆောင်းတော် ကြီးမှာ ပါးစပ်ရာဇဝင်တွင်ခဲံ့သည့်အတိုင်း ဘုရင့်နောင် ကျော်ထင်နော်ရထာ စစ်နိုင်၍ တည်ခဲ့သော တန်ဆောင်းတော်ကြီးလားဟု အတွေး ဆင့်ပွားခဲ့မိပါသည်။
မည်သို့ပင်ဖြစ်စေ အိမ်မဲသည် နောင်ရိုးတိုက်ပွဲ ဆင်နွှဲခဲ့ရာနေရာ ၊ ဘုရင့်နောင်၏အောင်မြေ ဖြစ်သည်ကိုဖြင့် ငြင်းပယ်၍ မရနိုင်ပေ။

19 comments

  • jess lin

    July 22, 2012 at 4:52 pm

    ဟင်ဒါလေးပဲလား……သူများကအဟုတ်မှတ်လို့ဝင်ဖတ်မိတယ်။ဂျာနယ်ထဲမှာလည်းဖတ်ပြီးသားဟာ
    ကိုပွင့်တက်အောင်လျှောက်ရေးနေတယ်။သေသေချာချာရေးပေးပါ။ရာဇဝင်နိုင်နိုင်လေးနဲ့တော့ရေးနော်
    မှားသွားရင်ရာဇဝင်ပါပျက်မှာစိုးလို့ပါ။အခုလိုတင်ပြပေးတာကျေးဇူးပါ။

    • water-melon

      July 22, 2012 at 7:06 pm

      jess lin ရေ မနေ့တနေ့ကမှ ဝင်လာပြီး
      သောက်ကြီးသောက်ကျယ်မပြောနဲ့
      သိရင်လဲ ကိုယ်တိုင်ဝင်ရေးပါလား

    • ဘုဂလန့်

      July 23, 2012 at 10:02 am

      ဘာလဲကွ Aဘေးကောင်
      ပီးနစ်လိုလို မချ်ရွန်းလိုလိုနဲ့

  • htet way

    July 22, 2012 at 8:19 pm

    ညီလေးjess lin ရေ
    ဂျာနယ်မှာ ဖတ်ရတယ် ဆိုတာ က မန္တလေး အလင်းမှာပါ ကိုယ်ရေးတာပါ
    နောက် ယူနတီမှာက ကိုယ်က ဆရာအောင်စိုးဦးကို မေးခိုင်းပြီးရေးခိုင်းတာပါ
    အဲ့ဒီမှာပါတာတွေနဲ့ မတူပါဘူး
    အခုစာကိုသေသေချာချာ ဖတ်စေချင်ပါတယ်။
    ညီလေး ဖတ်ပေးတာကို ကျေးဇူးပါကွာ။
    ညီလေး ဖရဲရေ …..ကိုယ်က စာရေးသူပဲ ကွာ ပရိသတ်ကို သည်းခံလိုက်ပါနော်။
    ခင်မင်စွာဖြင်
    ထက်ဝေး

  • marblecommet

    July 22, 2012 at 8:36 pm

    ကိုထက်ရေ့….
    စာတိုပဲရေးရေး
    စာရှည်ပဲရေးရေး
    ဘယ်အကြောင်းကိုပဲရေးရေး
    စာရေးသူတို့စိတ်ဟာ စေတနာကို
    အခြေခံပြီးရေးကြတာဖြစ်တဲ့အတွက်
    ဖတ်ရသူအဖို့လည်း မနစ်နာပါဘူးဗျာ…
    အေးဆေးမဖတ်နိုင်လို့ အပြေးအလွှားဖတ်ပြီး
    သက်သေအနေနဲ့ ဝင်မန့်သွားပါတယ်
    မိတ်ဆွေကြီးရေ့….
    ခင်တဲ့…..
    ငကမ်း…..

  • မောင်ပေ

    July 22, 2012 at 8:37 pm

    ဆြာထက်ရေ
    မန်းတလေးအလင်း ဂျာနယ်ကို ဝယ်မဖတ်ဖြစ်တဲ့အတွက်
    မန်းတလေးဂေဇက်မှာပဲ ဖတ်ရှုအားပေးသွားပါတယ် ခင်ဗျ။
    “ဘုရင့်နောင် ဖောင်ဖျက်” ဆိုတဲ့စကားရော ဗျူဟာပါ စီးပွားရေးနယ်ပယ်ထဲမှာလဲ တွင်တွင်ကြီးသုံးနေကြတာကိုလဲ သတိထားမိပါတယ်။

  • htet way

    July 22, 2012 at 8:45 pm

    ကျေးဇူးပါ ဆရာကမ်းဝေးနဲ့ ဆရာမောင်ပေ ခင်ဗျား
    ကျွန်တော့်စာတွေက ဂေဇက်ကို တင်ပြီးမှ ဂျာနယ် မဂ္ဂဇင်းဆီသွားတာပါ တစ်ချို့
    ကြေးမုံ သတင်းစာမှာ ပါတဲ့ နည်းနည်းပါးပါးကလွဲလို့ ပေါ့
    ဆရာတို့ကို ကွှန်တော်က လေးစားပါတယ် တခါလောက်အေးေဆေး ဆုံချင်တယ်ဗျာ

  • သန်းထွဋ်ဦး

    July 22, 2012 at 9:10 pm

    အင် ဆရာထက်ရေ ခုလိုသိခွင့်ရလို ့ကျေးဇူးလဲတင်ပါတယ်ဗျာ။
    အဲ့ဖက်တော့ ရောက်ဖူးချင်ပါဘိ။

  • အရီးခင်လတ်

    July 22, 2012 at 9:58 pm

    ဗဟုသုတယူရင်း အားပေးသွားပါတယ် ဆရာထက်ရေ။ 🙂

  • TTNU

    July 22, 2012 at 11:09 pm

    ဆရာထက်ရေ…
    တီချာလေ ဒီ “ဘုရင့်နောင်ဖောင်ဖျက်” ဆိုတဲ့ စကားလေးကို
    ကြိုက်လွန်းလို့ လက်သုံးစကားနည်းပါးကို သုံးမိတယ်။
    ကလေးတွေ Discussion အတန်းမှာ စာဖတ်သလိုကြီးပြောနေရင်တောင်
    သတင်းဖတ်သလိုမပြောနဲ့၊ အခု ဆွေးနွေးနေတာ၊ ဘုရင့်နောင် နောင်ရိုးတိုက်ပွဲ
    မှာဖောင်ဖျက်သလို မင်းတို့ရေးထားတဲ့ စာရွက်တွေ အရမ်းအားမကိုးပါနဲ့၊ ဖောင်ဖျက်ပါ၊
    အရဲစွန့်ပြီးဆွေးနွေးပါ၊ စိတ်ထဲမှာအချက်ကိုတွေးပါ၊ နှုတ်က ဝါကျရအောင်ဆောက်ပါ၊
    စသဖြင့်တွေ အင်္ဂလိပ်လိုပြောပြီး “ဘုရင့်နောင်ဖောင်ဖျက်” ကိုတော့ ဗမာလိုပြောတော့
    သူတို့က ရယ်ကြတယ်လေ။

    ဟုတ်ပါ့ဆရာထက်ရယ်၊ ဒီစကားလေးက ဗမာလို တစ်ထွေးကြီးပြောလိုက်ရမှ အားရတာလေ။
    အိမ်မဲနယ်ကဆိုတာ တီချာလည်း အရင်က ဝါးတားတားပဲသိခဲ့တာတော့။
    ကျေးဇူးတင်ပါတယ်နော်။

    • TTNU

      July 22, 2012 at 11:22 pm

      Edit စာလုံးပေါ်မလာလို့ Reply ကနေပဲ စာလုံးပေါင်းပြင်လိုက်ပါတယ်နော်။
      လက်သုံးစကားနည်းပါးကို သုံးမိတယ်။ဆိုတဲ့ ဝါကျမှာ (နီးပါး) လို့ ပြင်ဖတ်ပေးပါနော်။
      ကျေးဇူး။

  • ahnyartamar

    July 22, 2012 at 11:28 pm

    သမိုင်းအချက်အလက်တွေမို့ စိတ်ဝင်တစား ဖတ်ရှုသွားပါကြောင်း ဆရာထက်ရေ………

  • သကြားလုုံးကြော်

    July 23, 2012 at 5:26 am

    မရောက်ဖူးပေမဲ့ ငယ်ငယ်တုုန်းက ကြားဖူးနားဝရုုံမကလိုု့ အိမ်နီးချင်းတွေလို့ အမြဲသိထားတဲ့ အိမ်မဲ မြောင်းမြ ရွှေလောင်းပန်းတနော် တိုု့ထဲက အိမ်မဲက သမိုုင်းရာဇဝင်နဲ့ဆိုုတော့ အိမ်မဲသားတွေအတွက် ဝမ်းသာမိပါတယ်။ အိမ်မဲသားတွေ ဂုုဏ်ယူစရာပါပဲ

  • ကြောင်ကြီး

    July 23, 2012 at 7:30 am

    ငယ်ငယ်တုန်းက သမိုင်းဖတ်စာမှာ အော်ကျက်ခဲ့ဖူးတယ်။ ဘဝင်မကျမိတာ တဖက်ရန်သူအင်အား ဖော်ပြတာ သိပ်ယုတ္တိတန်လွန်းနေဂျင်းပါ။ အဲတုန်းက ခလေးညဏ်နဲ့တောင် ပိုလွန်းတယ် တွေးမိခဲ့ပါတယ်။ စာအတိအကျတော့ မေ့သွားပီ၊ မှတ်မိသလောက် ရန်သူအင်အား တိုက်ဆင်ထောင်ဂဏန်း၊ မြင်းသောင်းဂဏန်း၊ ခြေလျင်စစ်သည် သိန်းဂဏန်းတဲ့…။ ဒီလိုနဲ့ တပ်မဒေါ်ကြီးဖွဲ့လာလိုက်နာ အင်္ဂလိပ်နဲ့တိုက်တဲ့အခါ မြန်မာ့စစ်သည်အင်အားစာရင်းမှာ သောင်းဂဏန်းပျော့ပျော့ရယ်၊ မြင်းတပ်ဆိုတာအဖြစ်လောက်၊ ဆင်ဆိုတာ လက်ချိုးရေလို့ ရမယ်ထင်ဒယ်။ သဂျီးအမျိုးတွေ အကြောင်းပြောရင် တထောင့်တညပုံပြင်ဖြစ်ကုန်လိမ့်မယ်။ 😆

    • ဘုဂလန့်

      July 23, 2012 at 10:15 am

      ဟုတ်တယ် အူးကြောင်ရဲ့
      ရှေးဒုံးဂ သမိုင်းဆြာဒွေဂ မင်းလိုလိုက် မင်းကြိုက်ဆောင်ပီး ရေးတာများတော့ သမိုင်းလိမ်တွေက အများသား

  • htet way

    July 23, 2012 at 2:43 pm

    ခုလို ဖတ်ရှု့ ကြတဲ့ ဆရာ/ဆရာမများကို ကျေးဇူးတင်ပါတယ်
    ဆရာမကြီး TTNU ခင်ဗျား ဝင်ရောက်ဆွေးနွေးပေးတာ ဂုဏ်ယူမိပါတယ်
    ကျွန်တော်တို့ မြို့မှာ နောင်ရိုး အထိမ်း အမှတ်ကျောက်တိုင် စိုက်ပြီးရင်
    ဂေဇက်က စာရေးဆရာတွေကို ဖိတ်ပါ့မယ်ခင်ဗျား။

  • shwe kyi

    July 23, 2012 at 3:22 pm

    ဖတ်ရှုမှတ်သားသွားပါတယ်။ သမိုင်းမှာပါဝင်လို့သိခဲ့ပေမယ့် ယ္ခုလက်ရှိဘယ်အရပ်တွင်တည်ရှိသည်ကိုမလေ့လာဖြစ်ခဲ့ပါဘူး။ အခုတော့သိရပြီမို့ကျေးဇူးပါ။

  • ကြည်ဆောင်း

    July 23, 2012 at 3:29 pm

    နောင်ရိုးတိုက်ပွဲ သုတေသနအဖွဲ့က သုတေသနလုပ်တာပြီးသွားပြီလား ၊ ဆက်ပြီး သုတေသနလုပ်နေတုန်း ဘဲလား …
    တိတိကျကျသေချာသလောက်တော့ ရှိနေပြီပေါ့နော်…
    ပန်းမထီးမြစ်ကမ်းဘေးတွင် နောင်ရိုးတိုက်ပွဲဖြစ်ခဲ့တယ်ဆိုတော့
    အခုရောမြစ်နာမည်က ပန်းမထီး လို့ဘဲခေါ်သလား …သိချင်လို့ပါ။
    ဗဟုသုတ အတွက် ကျေးဇူးတင်လျှက်..

  • Ma Ei

    July 23, 2012 at 3:36 pm

    ဘုရင့်နောင် ဖောင်ဖျက် တိုက်ပွဲသမိုင်းဝင်ခဲ့သလို
    အိမ်မဲသည် နောင်ရိုးတိုက်ပွဲ ဆင်နွှဲခဲ့ရာနေရာ ၊
    ဘုရင့်နောင်၏အောင်မြေ အဖြစ်သမိုင်းဝင်နေရာဖြစ်ကြောင်း
    သိခွင့်ရလို့ ကျေးဇူးပါ ဆရာထက်ရေ…

Leave a Reply