ကျွန်တော်ရယ်…ဦးပေရယ်..ဦးဗိုက်ရယ်.. လူ့တန်းဖိုးရယ်

တစ်နေ့တ၌ ကျွန်ုပ် မောင်ဇောက်ထိုး…. ဦးဗိုက်ကလေး… ဦးပေတို့သည်… မြန်မာနိုင်ငံ၏ ဒုတိယမြို့တော်ရှိ… အလွန်အင်မတန် ကြီးကျယ်ခန်းနား အဆင့်အတန်းမြင့်မားသော… ဟော်တယ်ကြီး တခု၏..

ဘေးနားမှာ ကပ်လျှက်ရှိနေသော အင်တာနက်ကဖေးဆိုင်လေးတွင်… ရေနွေးကြမ်းသောက်ရင်း…
မစပ်နိုင်တာတွေကို စပ်မိစပ်ရာလုပ်ပြီး ပြောဆိုနေကြပေသည်။

““ဦးပေကို ကျွန်တော်ပြောချင်တယ်.. ကျွန်တော် ဗိုက်ကတော့ သေချင်သေပါစေ… အရက်ကို သောက်မှာပဲ။ အရက်သောက်လို့ သေမယ်ဆိုလဲ မတတ်နိုင်ဘူး။ အရက်ကိုတော့ မဖြတ်ဘူး။ အရက်သောက်လို့ သေရင် ငရဲရောက်မှာဆိုလဲ အရက်ကိုတော့ မဖြတ်ဘူး။
ကျွန်တော့်ဘဝမှာ အရက်ဟာ အရေးအကြီးဆုံးလို့ပြောချင်လဲ ပြောကြဗျာ…
ကျွန်တော် အဆုံးစွန်ပြောပြီးပြီပဲ… ကျွန်တော် အရက်မဖြတ်လို့ သေမှာဆိုရင်တောင် အရက်ကိုတော့ ဖြတ်မှာမဟုတ်ဘူး… ဒါ ဦးပေတို့ကို ခင်လို့ ဖွင့်ပြောတာပဲ…””

““အင်း…. ဦးပေအမြင်တော့… မောင်ဗိုက်..အတော်မိုက်တာပဲ.. မင်းဘဝက အရက်လောက်မှ တန်ဖိုးမရှိတော့ဘူးလား….မင်းဘဝ တန်ဖိုးက နည်းလှပါလားလို့ ဦးပေတော့ ပြောချင်တယ်..ဒါလဲ ဦးပေက ခင်လို့ပြောတာနော် …….
မင်းဟာ လူ့ထက် အရက်သောက်မှုကို ပိုပြီး တန်ဖိုးထားနေသလိုပဲ””

““အဲ…ဦးပေကို ကျွန်တော် မောင်ဇောက်ထိုးလဲ ပြောချင်တယ်ဗျာ… ကျွန်တော်ကို ဘယ်လိုပဲထင်ကြထင်ကြ.. ခေတ်မမှီဘူးပဲ ပြောပြော.. လူ့ပြင်ဘက်ကလို့ ဆိုဆို….. ကျွန်တော်ကတော့ အရက်ကို လုံးဝကို မသောက်ဘူး။ ကျွန်တော့်ပါးစပ်ထဲကို အရက်ကလေးဝင်မှကို အသက်က ရှင်မှာဆိုရင်လဲ အသေပဲ ခံလိုက်မယ်… အရက်ကိုတော့ လုံးဝကို မသောက်ဘူး… ကျွန်တော့်သီလကို ဘယ်လိုမှ အပျက်မခံဘူး…. ကျွန်တော့်မှာ ရောဂါလေးရနေလို့ ဆရာဝန်က အရက်တခွက်သောက်မှကို ရမယ်ဆိုရင်တောင် မသောက်တော့ဘူး.. သီလအပျက်မခံတော့ဘူး… အသေပဲ ခံလိုက်တော့မယ်… အဲဒါ ဦးပေအမြင်ကို ခံယူချင်တယ်…””

““အင်း…. ဦးပေအမြင်တော့… မောင်ဇောက်ထိုးလဲ အတော်မိုက်တာပဲ.. မောင်ဇောက်ထိုး ဘဝက အရက်လောက်မှ တန်ဖိုးမရှိတော့ဘူးလား…. မောင်ဇောက်ထိုးဘဝရဲ့ တန်ဖိုးက နည်းလှတယ်လို့ ဦးပေတော့ ပြောချင်တယ်..ဒါလဲ ဦးပေက ခင်လို့ပြောတာနော် …….
မင်းဟာ လူ့ထက် အရက်မသောက်ဘူးဆိုတာကို တန်ဖိုးထားနေသလိုပဲ။””

““ဗျာ… ဦးပေဟာက ဘယ်လိုလဲ… လူသေချင်သေပါစေ..အရက်ကိုလုံးဝမသောက်ဘူးဆိုတဲ့ ဦးဗိုက်ကိုလဲ အတော်မိုက်တယ်တဲ့။ အရက်လောက်မှ တန်ဖိုးမရှိတော့ဘူးလားတဲ့။
ခုကျွန်တော်ကတော့ အရက်ကိုလုံးဝမသောက်ဘူး… အရက်ကလေးဝင်မှကို အသက်ကရှင်မှာဆိုရင်တောင် အသေပဲ ခံလိုက်မယ်။ အရက်ကို လုံးဝမသောက်ဘူးဆိုတော့လဲ… ကျွန်တော့်ကိုလဲ မိုက်တာပဲတဲ့။ ကျွန်တော့်ဘဝက အရက်လောက်မှ တန်ဖိုးမရှိဘူးလားတဲ့။
ဖြစ်ရပ်နှစ်ခု ဆန့်ကျင့်နေပေမယ့် ….. အဖြေက တူနေပါလားဦးပေ..””

““အင်း….ဦးပေကတော့ သောက်ခြင်း…နဲ့ ..မသောက်ခြင်းပဲ…ကွာခြားပါတယ်။ လူအသေခံတာခြင်းကတော့ အတူတူပဲ မဟုတ်လား….

တန်ဖိုးရှိတဲ့ လူ့အသက် ရှင်သန်ဖို့အတွက် အရက်လေးမသောက်တော့ ဘာဖြစ်မှာမို့လဲ…..
တန်ဖိုးရှိတဲ့ လူ့အသက် ရှင်သန်ဖို့အတွက် အရက်လေးသောက်လိုက်တော့
ဘာဖြစ်မှာမို့လဲ….
ကိုယ့်ဘာသာပဲ စဉ်းစားကြပါတော့ ဦးပေတော့ ဒါလောက်ပဲ ပြောတတ်ပါတယ်ကွယ်””တဲ့။

51 comments

  • ဆယာလေး ( အော်စကာ ) အထီး

    July 22, 2012 at 5:11 pm

    ကြည့် သောက်ကြပါ
    အရက်က မသောက်တတ်ရင် ဆိုးကျိုးတွေဖြစ်ပေါ်စေပါတယ်
    ခင်လို ့ပြောတာပါ

    • ဇောက် ထိုး

      July 22, 2012 at 9:02 pm

      ကို ဆယာလေး (သီလရှင်မဟုတ်. .အော်စကာ) အထီး ခင်ဗျာ…..ဟူးးးးးးးးးးးးးးးးးးးးးး
      အရက်က မသောက်တတ်ရင် ဆိုးကျိုးဖြစ်ပေါ်စေတယ်ဆိုတော့…သောက်တတ်ရင်တော့လဲ ကောင်းကျိုးတွေရစေတယ်ပေါ့နော်……ဆယာလေး ပြောတာနော်……ကျေးဇူးနော်…အားပေးလို့

  • နေဝန်းနီ

    July 22, 2012 at 6:09 pm

    တန်ဆေး
    လွန်ကောင်း
    များ ဘဲရီးဂွတ် ….။ဆိုတာ အရက်ပေါ့…။ ရက်ရုံပဲ ရက် ခိုင်းတဲ့ဟာ မင်းတို့က သောက်သောက်ပစ်နေတာပဲ….။ ဒါကြောင့်လဲ လူတစ်ချို့က မအိုဆေးလို့ ခေါ်ကြသကွဲ့….။

    • ဇောက် ထိုး

      July 22, 2012 at 9:05 pm

      တန်ဆေး….
      လွန်ကောင်း…..
      များ…ဘဲရီးဂွတ်………..
      လွန်များ. ဂန့်……………..
      သေရည်များများသောက်လျှင် သေရက်မြန်မြန်ရောက်တတ်၏။
      ထိုကြောင့် “သေရည် သေရက်ဟုခေါ်ပါသည်”တဲ့
      ကိုနေဝန်းနီ အားပေးလို့ကျေးဇူး………..

  • ko khin kha

    July 22, 2012 at 6:14 pm

    သောက်ခြင်း မသောက်ခြင်း၊
    သေခြင်း မသေခြင်း။
    သောက်လော မသောက်လော၊
    သေလော မသေလော။
    သောက်၏ မသောက်၏၊
    သေ၏ မသေ၏။
    သောက်သည် မသောက်သည်၊
    သေသည် မသေသည်။
    သောက်လား မသောက်လား၊
    သေလား မသေလား။
    သောက်ပါ မသောက်ပါ၊
    သေပါ မသေပါ။
    အင်း အမျိုးမျိုးလှည့်ပြီးစဉ်းစားကြည့်တာ နောက်ကတွဲတဲ့စလုံးဘဲကွဲတာ
    ဘာမှမထူးဘူး အတူတူလိုဘဲ အဲဒီတော့ နောက်တွဲလုံးတွေဖယ်ကြည့်ရင်ရော
    သောက်မသောက် သေမသေ တဲ့။

      • ဇောက် ထိုး

        July 22, 2012 at 9:43 pm

        သောက်ခြင်း…..မသောက်ခြင်း…ထက် လူရပ်တည်ရှင်သန်ခြင်းက ပိုအရေးကြီးတယ်လို့ မြင်မိလို့ပါခင်ဗျာ…

        မကောင်းဘဲနဲ့ အသက်ရှင်သန်နေလဲ ဘာလုပ်မှာလဲလို့ ပြောစရာရှိပါတယ်…
        လူရှင်သန်နေသမျှ…လူမကောင်းတာကို ကောင်းအောင်ပြင်လို့ရနိုင်ပါတယ်…….
        လူမရှင်သန်တော့ဘူးဆိုရင်တော့…..ဘာမှဆက်ပြောစရာမရှိတော့ဘူး မဟုတ်လား……….
        ကျွန်တော် အမြင်လေးပါ……..

        သောက်ချင်လို့သောက်တာမဖြစ်စေချင်ဘူး……..
        သောက်သင့်လို့သောက်တာကိုလဲ …အယူမသီးစေချင်ဘူး……………..

    • ဇောက် ထိုး

      July 22, 2012 at 9:09 pm

      သောက်သော်ငှင်း…. မသောက်သော်ငှင်း….
      သောက်သော်လည်းရှိ…..မသောက်သော်လည်းရှိ………….
      သောက်သည်ဖြစ်စေ….. မသောက်သည်ဖြစ်စေ……………
      သောက်သောက်……မသောက်သောက်…..
      အော်မငေး…မောလိုက်တာ……………………..

      သေသော်လည်းကောင်း……..မသေသော်လည်းကောင်း…….
      သေသော်လည်းရှိ………..မသေသော်လည်းရှိ………..
      သေသည်ဖြစ်စေ………မသေသည်ဖြစ်စေ…………
      သေသေ….မသေသေ…………………..
      ဟီးးးးးးးးးးးးးးးးးးးးးးးးးးးးး
      ဟီသော်လည်းကောင်း……………မဟီသော်လည်းကောင်း…….
      ဟီးသော်လည်းရှိ…………မဟီးသော်လည်းရှိ…………………….
      ဟီးသည်ဖြစ်စေ…………မဟီးသည်ဖြစ်စေ……………..
      ဟီးဟီး ………….မဟီးဟီး………………….

  • သစ် တည်

    July 22, 2012 at 7:03 pm

    လွယ်ပါတယ် ဘီယာသောက်ပါ။
    ညှင်းညှင်းညှင်း ဒါများ။

  • စိန်ဗိုက်ဗိုက်

    July 22, 2012 at 7:22 pm

    သောက်ရင် မူးဒယ်..
    မသောက်ရင် မူးဘူး
    ခုချိန်လောက်ဆို အူးပေလဲမူးပြီး သိုင်းကွက်နင်းနေလောက်ပြီ
    ဘာသိလို ့လဲ..
    ညှင်း..ညှင်း.ညှင်း..
    🙂

    • မောင်ပေ

      July 22, 2012 at 8:24 pm

      တယ်လေ…
      အဆွေဗိုက်
      ငါကိုယ်တော်မောင်ပေသည်
      ည၁ဝနာရီမထိုးမချင်း
      အဝေရာ ဟောတု ကို
      တစ်စက်ကယ်မျှ
      မသောက်သုံးတတ်သည်ကို
      သင်မေ့နေသလော..
      🙂

    • ဇောက် ထိုး

      July 22, 2012 at 9:12 pm

      ဦးဗိုက်ကို ဦးပေက ဝေဘန်သွားလို့ ဒါလက်စားချေလိုက်တာပေါ့လေ……….

      ဟုတ်လား………….ကျွန်တော့်ကိုရော..ဦးဗိုက်ကိုရော… တစ်ယောက်မှကို အကောင်းမပြောသွား ဘူးနော်………………

  • YE YINT HLAING

    July 22, 2012 at 7:35 pm

    ကျွန်တော် ကတော့ အရမ်း များ သွားတဲ့ နေ့ နောက်ရက်ဆိုရင် နောင်တ ရစရာ တခုခု က အိပ်ယာက နိုးလို့ မျက်လုံး လေး ဖွင့်လိုက်တာနဲ့ တွေရတော့ တာဘဲဗျို့ ! ( ၁ ) နှစ်မှာ ဒါမျိုး အခါ ( ၂ဝ ) လောက် ဖြစ်တယ်ဗျာ ! အရက် ကို ကြိုက်လို့ ပျော်ချင်လို့ သောက်ပေမဲ့ အဆုံးမှာ မပျော်ရဘဲ ဝမ်းနည်း ရတာက ပိုများတယ်ဗျ ! ဖြစ်နိုင် ရင် အရက်ဆို တာ တယောက်တည်း ရှိတဲ့ နေရာမှာ သောက်တာ အကောင်းဆုံးပဲ ! ဒါနဲ့ စကားမစပ် အရက် က မွေးစား စကားလုံးဗျ ! မူရင်း က အာရက် ( အင်ဂလိပ် ) လို့ တနေရာမှာ ဖတ်ဘူးတယ် ။

    • အရီးခင်လတ်

      July 22, 2012 at 9:41 pm

      မောင်ရဲ ရေ
      အဲဒီ လို နောင်တ ရ လိုက်တဲ့ စိတ်ကလေး ကို က အင်မတန် ချစ်စရာ နဲ့ လေးစားစရာ ကောင်းပါတယ်။
      ခင်မင်စွာဖြင့်
      အရီး 🙂

      • ဇောက် ထိုး

        July 22, 2012 at 10:00 pm

        အရီး ကျွန်တော်ကိုကြတော့….. ဘာမှကြောမသွားဘူးနော်….
        နေကောင်းလားလို့တောင် ကြောသွားဘူး..ဟီး…. ဟီး…. ဟီး…. ရယ်တာမဟုတ်..ငိုတာ.

        • အရီးခင်လတ်

          July 22, 2012 at 10:09 pm

          ကိုဇောက်ထိုး
          နေကောင်းလား။
          ဆေးမှန်မှန်သောက်နော်။
          လှုပ်လဲသောက်နော်။။ 😆

      • YE YINT HLAING

        July 23, 2012 at 3:22 am

        အရီး ကိုလည်း ကျွန်တော့ရဲ့ အရီးလေး တယောက်လို လေးစားခင်မင်သွားပါတယ် ။ ရှေမှာရော နောက်နောင်မှာပါ ပြောမှား ဆိုမှား အရေးအသား မှားခဲ့ရင် ကိုယ့် တူလို သားလို နားလည် ခွင့်လွှတ် ပေးပါခင်ဗျာ !

        ချစ်ခင်ရိုသေဦးညွှတ်လျှက်
        ရဲရင့်လှိုင်

    • ဇောက် ထိုး

      July 22, 2012 at 9:49 pm

      ကိုရဲခင်ဗျာ……အရက်ကို ကြိုက်လို့ ပျော်ချင်လို့ သဘောနဲ့ မသောက်သင့်ဘူးထင်ပါတယ်ခင်ဗျာ….. အရက်ကအကြိုက်သောက်ရင် လူ့ခန္ဓာနဲ့ မတည့်ဘူးထင်ပါတယ်…. အပျော်သောက်တာက အပျော်ကနေ အပျက်ကိုကူးသွားတတ်ပါတယ်။

      တစ်ယောက်ထဲရှိတဲ့နေရာလဲ မသောက်သင့်ဘူးလို့ထင်ပါတယ်ခင်ဗျာ….
      တစ်ယောက်ထဲပဲ သောက်သောက်…အများနဲ့ပဲ သောက်သောက်…. လူအတွက် ကောင်းကျိုးရှိမှာဆိုရင်…သောက်ဖို့ပါပဲ….. လို့ယူဆမိပါတယ်ခင်ဗျာ..

      • ဇောက် ထိုး

        July 22, 2012 at 10:25 pm

        ဟေးးးးးးးးးးးးးးးးးး အရီးက နာ့ကို ဂရုစိုက်တယ်ကွ………….ဟေးးးးးးးးးးးးး

      • YE YINT HLAING

        July 23, 2012 at 3:25 am

        ကျေးကျေးပါ ကိုဇောက်ထိုး ရေ !

  • မောင်ပေ

    July 22, 2012 at 8:26 pm

    အူးဘဇင်း စာအရဆိုရင်တော့
    သောက်ခြင်းလဲမရှိ
    မသောက်ခြင်းလဲမရှိ
    လူပဲရှိအိ
    လူပြုလျှင် အဆိုးလဲဖြစ်အိ
    အကောင်းလဲဖြစ်အိ
    ကောင်းသည်ဆိုးသည် ထို၂လီ
    လူအပေါ်မူတည်အိ

    • ဇောက် ထိုး

      July 22, 2012 at 9:27 pm

      ကျွန်တော်ပြောချင်တာကတော့… တချို့က အရက်ကို လူသေတဲ့အထိ သောက်ကြတယ်…. မိုက်ပြီး သောက်ကြတယ်…ဦးပေ…အဲဒီလိုသောက်တာလဲ မကောင်းပါဘူး။ ဒါကတော့ အထူးပြော စရာမလိုပါဘူး။

      အဲ………..တချို့ကတော့လဲ အရက်ကိုလုံးဝကိုမသောက်သင့်ဘူး..လူပဲအသေခံလိုက်မယ်…သီလ အကျိုးမခံဘူးဆိုပြီး…ဘာသာရေးအယူသီးကြတယ်….အစွဲပြင်းထန်ကြတယ်။ တကယ်လို့ အရက်သောက်လိုက်မှကို ရောဂါက သက်သာမယ်…လူသက်သာသွားမယ်ဆိုရင် အရက်မသောက်သင့်ဘူးလား…. ရှေ့တန်းစစ်မျက်နှာတွေမှာ ငှက်ဖျားဒဏ်တွေ အချမ်းဒဏ်တွေ ကာကွယ်ဖို့…လူ လိုအပ်လို့ သောက်တာကို အပြစ်ကြီးတစ်ခုလို ယူဆသင့်ပါသလား……..

      ကျွန်တော်သိထားတာကတော့…… လူ့အတွက် အကျိုးမပြုပဲ.. စိတ်ကဆာလို့သောက်ချင်လို့ သောက်တာဆိုရင်… မကောင်းဘူး….အဲဒါ သောက်ချင်တာဟာ ကိလေသာ……………….

      လူ့အတွက် လိုအပ်လို့…စိတ်ကဆာလို့မဟုတ်ပဲ.. သောက်သင့်လို့ သောက်တာဆိုရင် အပြစ်ပြောဖို့ခက်ပါတယ်လို့ ယူဆပါတယ်။

      ကျွန်တော်ကြားဖူးတယ်။ လူတစ်ယောက်ပဲဆိုပါတော့… အနာကြီးဖြစ်နေတယ်။ လောက်တွေတက်နေတယ်။ အဲဒီအနာက လောက်တွေကိုဖယ်လိုက်ရင် လောက်တွေသေကုန်မှာစိုးလို့ဆိုပြီး လူပဲအသေခံလိုက်တယ်။
      လောက်တန်ဖိုးနဲ့လူ့တန်ဖိုး ညီမျှပါသလား…………
      အဲဒါမျိုးကို တရားရှင်လို့ သတ်မှတ်ကြမလား……………
      လူသာ အသက်ရှင်မယ်ဆိုရင်……လောကကောင်းကျိုးတွေ…အများအကျိုးတွေ မဆောင်ရွက် နိုှု်ဘူးလား….. ကျွန်တော်စဉ်းစားမိတာလေးကို တင်ပြကြည့်မိတာပါဦးပေ…

      စားစား….သွားသွား….ဝတ်ဝတ်….ပြောပြော….ဘာလုပ်လုပ်…လုပ်ချင်လို့လုပ်တာဆိုရင် မကောင်းဘူး….လုပ်ချင်တာဟာ “ကိလေသာ”ပဲ။
      လုပ်သင့်လို့လုပ်တာဆိုရင်…..အမှန်ကန်ဆုံးပဲ…..
      နားမလည်ရင်တော့ ဝေဘန်စရာတွေဖြစ်လာနိုင်ပါတယ်…စဉ်းစားကြည့်ပါဦးပေ…

      • မောင်ပေ

        July 22, 2012 at 9:32 pm

        ကျုပ်တို ့နိုင်ငံမှာပေါ့
        အရက်ကို လုံးဝ မသောက်သုံးသင့်ဘူး
        အသေခံပစ်လိုက်မယ်လို ့ပြောနေတဲ့လူတွေ ရှိသလို
        ငါးပါးသီလ ကို များသောအားဖြင့် ဆောက်တည်ကြတဲ့ လူတွေခဗျာလဲ.. ရံဖန်ရံခါ အရက်နဲ ့ဖော်စပ်ထားရတဲ့ အနောက်တိုင်းဆေး ၊ အရှေ ့တိုင်းဆေး တွေ ကို ကင်းလို ့မရကြပြန်ဘူးဗျ ။
        မြန်မာတိုင်းရင်းဆေး အချို ့ဆိုရင် တောအရက်စစ်စစ် ( ထနောင်းခေါက်နဲ ့ထန်းလျက် နဲ ့ချက်ထားတဲ့ အရက် ) နဲ ့တွဲသုံးမှ ပို အစွမ်းထက်တာကလား

        • ဇောက် ထိုး

          July 22, 2012 at 9:56 pm

          ဦးပေရေ….ကျွန်တော်ပြောချင်တာ ဒါပဲ….
          အဓိကက တစ်ခုထဲရယ်….လူ့ဘဝရှင်သန်ရပ်တည်ဖို့…
          အရက်က လူ့ဘဝရှင်သန်ရပ်တည်ဖို့အတွက် ကောင်းကျိုးမပြုဘူးဆိုရင် လုံးဝမသောက်နဲ့..
          အရက်က လူ့ဘဝရှင်သန်ရပ်တည်ဖို့…ခုပြောသလို ကျန်မာရေးအတွက်ဆေးမျိုးဆိုရင်… ကျန်းမာရေးအတွက် အရက်သက်သက်ပဲဖြစ်ပါစေ….ဥပမာ..နေပူထဲမှာ ခရီများလို့ ဆီးအတွက်လိုအပ်လို့ ထန်းရေသောက်လိုက်တာမျိုးကို အယူသီးနေမှာကို အမှန်လို့ယူဆမှာစိုးလို့ တင်ပြတာပါ.

  • tharli kar

    July 22, 2012 at 8:47 pm

    အစွန်းနှစ်ပါးကို ပြောလိုက်တယ်ထင်ပါ့….အူးပဇင်းဇောက်ဖလာ့….
    သာသာ့ရင်မှာ…အရက်အကြောင်းဆိုရင် ချိတ်ဝင်ဂျားလို့ပါ…ဖလာ့….
    သန္တတိအမတ်ကြီးကို တွားတဒိရတယ်……
    မူးနေရင်းနဲ့…ဘုရားကတရားဟောလိုက်တာ…..ဓရားရတွားဒယ်ဒဲ့…….
    ဦးပေတို့…..
    ဦးဗိုက်တို့…..ရေ…ဓတိထားတောက်မယ်မဟုတ်ရား…ဟင်……

    • ဇောက် ထိုး

      July 22, 2012 at 9:37 pm

      သာလိကာလေးရေ….. သာလိကာလေးပြောသလို….
      မလိုအပ်ပဲ နင်းကန်သောက်နေခြင်းဟာလဲ…မကောင်းပါဘူး…….
      လိုအပ်နေတာကို …နင်းကန်ငြင်းဆန်နေတာလဲ မကောင်းပါဘူး…………

      တချို့ဆရာတော်ကြီးတွေက ဆေးရုံတွေပေါ်ရောက်ရင် ညဆေးသောက်ဖို့…အစာခံလိုလို့ ကပ်တာကို အသေသာခံမယ်မဘုဉ်းဘူးဆိုတာတွေ တွေ့ဖူးတယ်။
      ဘုရားကတော့ ဂိလာန..ဆိုရင်ခွင့်ပြုတယ်ထင်ပါတယ်။

      အဲဒါမျိုးတွေကို လူတွေက သဘောကျကြတယ်…………..
      ဘုရားကတော့ စားတဲ့ ဝတ်တဲ့ကိစ္စတွေမှာ… ဒီခန္ဓာကိုယ်တည်တံ့ဖို့ဆိုတာ အရေးတကြီး မပါ မဖြစ်ပုံစံနဲ့ကို မှာခဲ့တာ…ကျွန်တော်ရဲ့ ဝတ်နည်းနဲ့စားနည်းစာစုမှာတင်ပြခဲ့ပြီးပါပြီ.. အားပေးတာ ကျေးဇူးပါ သာလိကာလေးရေ….

  • htet way

    July 22, 2012 at 8:48 pm

    ဒီကိစ္စကတော့ ကျွန်တော် ဝင်ပြောဖို့ ့ ခက်တယ်
    အရက် ကို …ကျွန်တော်က မ…သောက်…ခဲ့ ..လို့..ပါဆရာ

    • ဇောက် ထိုး

      July 22, 2012 at 10:22 pm

      ထက်ရေ….. ကျွန်တော်လဲ တသက်လုံးမှတ်မိသလောဆိုရင်… ဘီယာ တွေခေတ်စားလှတယ် ဆိုပြီး လူတစ်ယောက် ဘီယာကို ကြွတ်ကြွတ်အိပ်နဲ့ ဝယ်လာတာမြင်လို့ ငါ့တစ်ခါမှ မသောက်ဖူးလို့ နဲနဲဆိုပြီး တောင်းသောက်ကြည့်ဖူးတယ်။..

      ကျွန်တော် ခါးတာနဲ့ ပန်းကန်ပါ လွင့်ပစ်မိပါတယ်… အရက်တို့ ထန်းရေ တို့ဆိုရင် လုံးဝမှ လုံးဝ မသောက်ဖူးတာပါခင်ဗျာ…. ဘီယာလဲ ဆီးဖြူသီးလောက်လေးဝင်ဖူးတာပါ…
      ကျွန်တော်သိလိုက်တာတော့ ခါးတာပဲ….
      ဒါပေမယ့် ကျွန်တော် သီလရှိချင်လို့ မသောက်တာတော့ မဟုတ်ပါဘူး…
      ကျွန်တော့်အတွက် သောက်ဖို့ မလိုအပ်လို့ပါ….
      တကယ့်ကိုယ် ကျန်မာရေးစတဲ့ လိုအပ်ချက်ဖြစ်လို့ သောက်သင့်ပြီဆိုရင် သောက်မှာပါ…
      သောက်သင့်မှနော်……
      သောက်ချင်လို့တော့ မသောက်ဘူး…… ဒီနေ့အထိ…ဟီးးးးး

  • အရီးခင်လတ်

    July 22, 2012 at 9:38 pm

    ကိုဇောက်ထိုး ရေ

    အကယ်၍များ တစ်စုံတစ်ယောက် က ကိုယ့် ကို လက်ပစ်ဗုံးတစ်လုံး ပေး။
    အဲဒါကို လူကြားထဲမှာ ဖောက်ခွဲ။
    မဟုတ်ရင် မင်းကိုသတ်မယ် လို့ ပြောခဲ့ရင် ဘယ်လို လုပ်သင့်သလဲ။

    တစ်ချို့ က ကိုယ့် အသက် ကိုတန်ဖိုးထား မယ်။
    အများအသက် ကို ဂရုမစိုက် ဘဲ ဗုံးခွဲ လိုက်မှာဘဲ။
    ဒီတော့ ကိုယ့်ရဲ့ တန်ဖိုး ရှိတဲ့ အသက် မသေရင်ပြီးရောပေါ့။

    တစ်ချို့ ကတော့ လဲ ကိုယ့်က အပြင်မှာ တန်ဖိုး ဘယ်လောက်ရှိရှိ အများရဲ့ အသက် ကို တန်ဖိုး ထားပြီး ကိုယ့် အသက် ကို စွန့်လိုက်တယ်။

    တကယ် ဆိုရင်လဲ လူတစ်ယောက် အသက် နဲ့ အများ အသက် ဘယ်ဟာ ပိုရွေးသင့်လဲ။
    ဒါပေမဲ့ ကိုယ့်ကိုယ်ကို ဘဲ လွတ်အောင် ကယ်ထုတ် သွားတဲ့ သူတွေလဲ ရှိတတ်ပါတယ်။

    ကိုဇောက်ထိုး ပြောတဲ့ အရက်ပြသနာ ထက် တော့ ပိုပြီး ဒီဂရီ မြင့်ပါတယ်။
    ဆိုင်ချင်မှလဲ ဆိုင်မလားဘဲ။
    ဒါပေမဲ့ လူတစ်ယောက် ရဲ့ တစ်စုံတစ်ရာကို တန်ဖိုးထားပုံ နဲ့ တစ်ခြားတစ်ယောက် ရဲ့ တန်ဖိုးထားပုံ ဟာ ကွဲပြားတာ ကို ပြောချင်တာပါ။
    တစ်ချို့ အရာ တွေ က အားလုံး ကို တူညီစွာ လိုက်နာဖို့ ပုံသေနည်း လို ချပြီး လိုက်နာစေဖို့ ခက်ခဲ တတ်ပါတယ်။
    ကန့်လန့်တိုက် ပြီး ပြောတယ် မထင်ကြပါနဲ့ လို့ တောင်းပန်ပါတယ်။
    ရှုဒေါင့် တစ်နေရာ ကို လှည့်ပြီး ထပ်မြင်နိုင်အောင်ပါ။
    မတူသော အမြင်ပေါ့။ 😀

    • ဇောက် ထိုး

      July 22, 2012 at 10:10 pm

      ဟေးးးးးးးးးးးး…နာ့ကိုပြောပြီကွ….
      အရီးရေ… အတိုချုံးပြီး အနော့် အမြင်ကိုပြောမယ်နော်….
      အခုကျွန်တော်တင်ပြခဲ့တာတွေက…. လူ့နဲ့ သက်မဲ့ အရက်ရယ်… လူနဲ့ ပိုးလောက်ရယ်..ကို တင်ပြခဲ့တာပါ….

      လူ..လူချင်းထဲမှာဆိုရင်တော့… လူမကောင်းတာနဲ့ လူကောင်းတာကို ခွဲရမယ်ထင်ပါတယ်။
      တရွာလုံးကို မီးတိုက်တော့မယ့် ဓားပြတစ်ဦးကို… တရွာလုံးကလူတွေအတွက် ကိုယ့်အသက် အသေခံပြီး ဓားပြကို သတ်သင့်ရင် သတ်ရမှာပါ….. အဲဒါကို ပါဏာတိပါတ..ဆိုရင် ဒီနေ့စစ်သားတွေ …….စဉ်းစားရပါလိမ့်ပါမယ်……

      လူသားတစ်ယောက်ဟာ လူ့ကောင်းကျိုး လောက ကောင်းကျိုးတွေကို သည်ပိုးနိုင်ဖို့ အဓိက လိုအပ်ချက်က ဒီလူခန္ဓာ ရှင်သန်ရေးဟာ အဓိက လိုအပ်ပါတယ်…
      ကျွန်တော် အာရုံပြုတာကတော့ ဘုရားမှာခဲ့တဲ့…စားနည်း. နဲ့ ဝတ်နည်း… နေနည်းတွေမှာ… ဒီခန္ဓာကိုယ်တည်တံ့ဖို့ဆိုတာ နေရာတိုင်းမှာ ဂရုစိုက်ခိုင်းခဲ့ပါတယ်။
      အဲလိုလုပ်စမ်းပါ….. အထက်မှာ အနော့်ကိုနှုတ်ဆက်မသွားတော့ ငိုပစ်လိုက်တယ်… မှတ်ကရော့ဗျာ…. ဟီးးးးးးးးးးးးးးးးးးးးး(ဒါကရယ်တာ)

      • အရီးခင်လတ်

        July 22, 2012 at 10:18 pm

        အများအတွက် အသက်အိုးအိမ် စည်းစိမ် ကာကွယ်ပေးတဲ့ စစ်သားကျတော့ “ရဲဘော်မသေ၊ သေသော် ငရဲမလား” တဲ့ ကိုဇောက်ထိုး ရဲ့။
        လူရိုးရိုး ကို အဲလိုမပြောဘူး လေ။ 😛

        • Foreign Resident

          July 23, 2012 at 4:14 am

          “ ရဲဘော် မသေ၊ သေသော် ငရဲမလား ”

          ၁ ။ တကယ့် အမှန်က ” ရဲသော် မသေ ” ပါ ။
          ၂ ။ တရားမျှတစွာပဲ သတ်သတ် ၊
          ကာကွယ် ခုခံပိုင်ခွင့် အရပဲ သတ်သတ် ၊
          စစ်သားကပဲ သတ်သတ် ၊

          ဗုဒ္ဓ ဘာသာရဲ့ အလိုအရတော့ ၊
          သတ်တဲ့သူ ငရဲပြည် သွားရမှာပါ ။
          နည်းတာ ၊ များတာ သာ ကွာပါလိမ့်မယ် ။

  • ဇောက် ထိုး

    July 22, 2012 at 10:33 pm

    ကျွန်တော်ပြောချင်တာကလဲ… လူ့ကောင်းကျိုး လောကကောင်းကျိုးသည်ပိုးနိုင်ဖို့အတွက် လူဟာ အသက်ရှင်သန်ဖို့လိုအပ်ပါတယ်…. အဲဒီလိုအသက်ရှင်သန်ဖို့အတွက်.. အရက်တခွက်လိုအပ်နေတယ်ဆိုရင် သောက်သင့်တယ်လို့ယူဆပါတယ်။ အသားတစ်တုံး လိုအပ်နေတယ် ဆိုရင်လဲ စားသင့်ပါတယ်။

    ကျွန်တော် အသက်ရှင်သန်နေဖို့… ကျွန်တော် ကောင်းစားနေဖို့… အခြားလူတစ်ယောက် အနစ်နာခံပေးရမယ်ဆိုရင်တော့ .. လူလူခြင်းဖို့ မဖြစ်သင့်ပါဘူး….

    • အရီးခင်လတ်

      July 23, 2012 at 2:26 am

      ကိုဇောက်ထိုး

      ကျွန်မ ပြန်လာပြန်ပြီ။ 😉
      အကြောင်းလေး တစ်ခု ကို သတိရလို့ပါ။
      ဒါကို အရင် Post မှာမန့် ခဲ့ဘူးတယ်။
      သတိမပြု မိခဲ့နိုင်လို့ ပြန်ပြောချင်ပါတယ်။

      ကျွန်မ သိဘူးတဲ့ ရဟန်းမယ်တော်ကြီး ရှိပါတယ်။
      သူရောဂါ ရတော့ ရောဂါသက်သာအောင်လို့ ဆေးတွေထိုးတယ်။
      ကိုဇောက်ထိုး ညီ ဖြစ်တုန်းက လို ဖြေဆေးပေါ့။
      ဖြေဆေး လဲ ဖြစ်နိုင်တယ်။ ရောဂါ ကို ကုဖို့လဲ ဖြစ်နိုင်တယ်။
      တစ်ချို့ ဆို အဲဒီ တဒင်္ဂသက်သာ မှုဆေး အတွက် ဘေးထွက်ဆိုးကျိုးရှိလဲ အတင်းထိုးခိုင်းပါတယ်။
      နာတဲ့ ဝေဒနာ သက်သာရင်ပြီးရော ဘဲ မဟုတ်လား။
      ဒါပေမဲ့ သာမာန်လူ မဟုတ်တဲ့ ဘာဝနာကို အတော်အားသန် သူ မယ်တော်ကြီး ကတော့ အဲဒီလို မူးယစ်ဆေး ပါတာ ဆို တွင်တွင် ငြင်းပါတယ်။
      အဲဒါတွေ ထိုးပြီး၊ သောက်ပြီးရင် စိတ်က မူးယစ်ပြီး အိပ်ချင် သတဲ့။
      ဒီတော့ တရားမှတ် လို့ မရဘူးတဲ့။
      သူက တရား အမှတ် ကောင်းကောင်း လေး နဲ့ ဘဲ နေချင်တယ်တဲ့။
      ရောဂါ မပျောက်လဲ နေ။ ဝေဒနာကို မကုဘူး။ ဝေဒနာကို ရှု မယ်တဲ့။
      ဘယ်လောက်တန်ဖိုး ရှိတဲ့ စကားပါလဲ။
      သူ့ကိုယ် အတွက် သူ့ဟာသူ စိတ်တိုင်းကျ ဆုံးဖြတ်နိုင်ပါတယ်။
      ဘေးက ဝင်ပြီး မဆုံးဖြတ်ပေးသင့်ပါဘူး။

      တကယ်ဝေဒနာ ခံစားပြီး သေလောက်တဲ့ ဝေဒနာဖြစ်လာရင်
      “အရက်သောက်လိုက်ရင်တော့ သေဖို့ လွတ်မယ်”
      ဆိုပြီး သေချာပေါက် ဘယ်သူတာဝန်ခံနိုင်သလဲ။
      ဒါပေမဲ့ ရီဝေဝေ ဖြစ်သွားမှာတော့ သေချာတယ်။
      ဒီတော့ သူတို့ရဲ့ နောက်ဆုံးအချိန် တွေ မှာ နာရင် နာတဲ့ ဝေဒနာ လေး နဲ့ ဖြစ်လိုက်၊ ပျက်လိုက် မမြဲ တဲ့ တရား အကြောင်းကို သတိမပြတ် မှတ် နေနိုင် တဲ့အမှတ်တရားလေး ပျောက်မှာ တော့ ရာနှုန်းပြည့် သေချာပါတယ်။
      အဲဒီလို အချိန်မှာ တရား အမှတ်ကောင်းကောင်း နဲ့ အေးငြိမ်းစွာ ဘဝ ကို ကူးသွားချင်တာ အမှန်တရား ပါဘဲ။

      သေမဲ့ ဝေဒနာ မဟုတ်ရင်တော့ အရက်မသောက်လဲ ပြန်နာလန်ထူမှာပါ။
      ဒီတော့ သူတို့ တန်ဖိုးထားတဲ့၊ သူတို့ တစ်ချိန်လုံး စောင့်ရှောက် လာတဲ့ သီလ ကို အရက်တစ်ခွက် နဲ့တော့ အပျက်ခံစရာ မလိုပါဘူး။
      တစ်ခြား ဆေးတွေ အများကြီး ရှိမှာပါ။

      ကျွန်မ ပြောတာ ဘာဝနာအား ပြင်းသူ တွေ ကို ပြောတာနော်။

      တရားမှတ်နိုင်စွမ်း မရှိဘဲ ဝေဒနာမှာ အမေကယ်ပါ၊ အဘ ကယ်ပါ လို့ နာကျင်စွာ အော်နေရတဲ့ သူတွေ ကိုတော့ ဘေးထွက် ဆိုးကျိုး ဖြစ်မှဖြစ် ရော၊ အော်နေရလို့ အမောသက်သာအောင် တော့ ဆေးတွေ မပြတ်ထိုး ပေးနေရင် သူ့အတွက် ပိုပြီး ဘဝ ကူးကောင်းမလား။
      တွေးကြည့်တာပါ။

      ဒါကြောင့် တစ်ချို့ ဆို တော်ရုံ ခေါင်းနဲနဲ ကိုက်တာ နဲ့ အမြန်ပျောက်အောင် ဆေးသောက်တယ်။
      သောက်ရင်း ပိုပိုပြီး ပြင်းတဲ့ ဆေး လိုလာတယ်။
      ဒီတော့ နာတာ ကို ဆေးမကူရင် ဘယ်လိုမှ မခံနိုင်တော့ဘူး။

      တစ်ချို့ ကတော့ နာတာကို ဆေးမသောက်ဘဲ အကျင့်လုပ်ပြီး တရားမှတ်တယ်။
      တစ်ချိန် ဘာဆေးကိုမှ မတိုးနိုင်ဘဲ ဖြစ်လာနိုင်တဲ့ အချိန်မှာ အမှတ် နဲ့ နေလို့ ရဖို့ အတွက်တဲ့။

      ဒါဟာလဲ ကိုဇောက်ထိုး ပြောခဲ့ဘူး တဲ့ ဖြေဆေး ကို အားမကိုး ရဖို့ တတိယအရွယ်မတိုင် တင်ကထဲ က ဘာဝနာ ကို မမြဲခြင်းတရား လေးနဲ့ ယှဉ်ပြီး ကျင့်ကြံကြဖို့ သင့်ပါတယ်။

      ဒီတော့ သူတော်စင်များ အရက်ကို မသောက် ဘဲ ဝေဒနာ ကို ကြံ့ကြံ့ခံပြီး ဘဝ ကူး မယ် ဆိုတာ မြင့်မြတ် တဲ့ စိတ်ထားပါ။
      သောက်သင့်တယ်လို့ မပြောသင့်ပါ။
      သာမာန်လူတွေ နာကျင်တဲ့ ဝေဒနာပျောက်အောင် ဖြေဆေး တွေထိုးပြီး ဘဝ ကူးလဲ အပြစ်မတင်သင့်ပါ။
      သူတို့ ရဲ့ စိတ် အခံ အခြေအနေခြင်း၊ သူတို့ ရဲ့ ရှင်သန်နေထိုင် ခဲ့တဲ့ လူ့တန်ဖိုးခြင်း မတူတာကို ကျွန်မ တို့ မြင်လို့ ရပါတယ်။
      မဟုတ်လား။

      သူကြီး စကား ယူသုံးရရင် ကျွန်မ လဲ ကိုဇောက်ထိုး ကို သာသနာပြု မိနေလားတောင် မသိတော့ပါဘူး။
      နောက်တာပါနော်။
      စိတ်မရှိဘူး လို့ တော့ ထင်ပါရဲ့။
      အပြန်အလှန် လို့ သဘောထားပေါ့ရှင်။ 😀

      • kai

        July 23, 2012 at 4:50 am

        ရဟန္တာတပါးရှိရင်.. လူတွေအတွက်အကျိုးများတယ်ဆိုတာ… ဒီလိုဆုံးဖြတ်ရခက်တာတွေမှာ.. ရဟန္တာကိုမေးလျှောက်ရင်.. တရားတဲ့အဖြေ.. ဒေါက်ကနဲ့.. ထွက်လာမှာမို့ပဲ..
        အဲလိုတွေးပါတယ်..
        =
        ဆိုတော့…
        အရီးလတ်ရဲ့.. အပေါ်က..အဖြစ်မျိုးမှာ.. (ကျုပ်အနေနဲ့ဝေဖန်ကြည့်ရရင်တော့.).. သူ့ကိုကုနေတဲ့.. .. ဆရာဝန်က..ရောဂါအခြေအနေ.. ပိုတတ်သိနားလည်မှာမို့.. ဆရာဝန်သဘောအတိုင်းလွှဲစေ..ဖြစ်စေချင်တာပါ…
        လူနာရဲ့ဆန္ဒနဲ့.. ဖြစ်သင့်တာကို.. ချိန်ဆလုပ်ကြမယ်လို့ထင်ပါတယ်..
        နောက်ဆုံးကုမရတဲ့.. ဝေဒနာဆိုရင်တော့.. ထွက်သွားခါနီး.. အနေသက်သာအောင် မော်ဖင်းမျိုးထိုးတာလုပ်သင့်လုပ်မယ်လို့.. ထင်မိတယ်..
        လူနာကိုယ်တိုင်က… (အရိယာမဟုတ်ရင်)… အသိ..သတိ.. ပုံမှန်မဖြစ်နိုင်တော့မှာလို့.. နားလည်မိပါတယ်..

        • ဇောက် ထိုး

          July 23, 2012 at 7:28 am

          ဦးခိုင်ရေ… ကျွန်တော့်အမြင်ကပဲ လွဲနေသလားတော့မသိဘူး… ဒီကိစ္စက ရဟန္တာထိ ရှင်းရမယ့် ပြဿနာ မျိုးတော့ မဟုတ်ဘူးထင်တာပါပဲ… ကျွန်တော့် အသိထဲမှာတော့ ရှင်းနေအောင် မြင်နေသလိုပါပဲ…

          အောက်အပိုဒ်ကတော့ ရောဂါရလာတဲ့အခါ ရောဂါကိုတတ်သိနားလည်တဲ့ ဆရာဝန်နဲ့ပြပြီး သူရဲ့ လမ်းညွှန်မှုကို ယူရပါမယ်။ သေချာပေါက် သေမယ့်လူကို ထည့်ပြောစရာမလိုပေမယ့်
          အရက်တစ်ခွက်နဲ့ အဆုံးအဖြတ်ယူရမယ့်သူကိုတော့ ………………

          အဲဒီအောက်အပိုဒ်တော့ တိုရှင်းလိုရင်းပဲ… ကွက်တိ ဒက်တိပဲ…

        • ဇောက် ထိုး

          July 23, 2012 at 8:04 am

          တန်ဖိုးရှိတဲ့ လူ့အသက် ရှင်သန်ဖို့အတွက် အရက်လေးမသောက်တော့ ဘာဖြစ်မှာမို့လဲ…..

          တန်ဖိုးရှိတဲ့ လူ့အသက် ရှင်သန်ဖို့အတွက် အရက်လေးသောက်လိုက်တော့
          ဘာဖြစ်မှာမို့လဲ….

          ကိုယ့်ဘာသာပဲ စဉ်းစားကြပါတော့ ဦးပေတော့ ဒါလောက်ပဲ ပြောတတ်ပါတယ်ကွယ်””တဲ့။

          ဦးခိုင်ရေ… ကျွန်တော်အဓိကတင်ပြခဲ့တာက.. လူ့အသက်ရှင်သန်ဖို့ရဲ့တန်ဖိုးကိုရေးခဲ့တာပါ။
          ခုကျွန်တော်တို့က… သေမယ့်လူတွေ.. ရှင်မယ်လူတွေ ကိုပါ ထည့်ပြီးပြောလာခဲ့တော့…. ရှင်းရတာ ခက်လာပါတယ်….
          ဒါပေမယ့်လဲ မျက်စိလည်လေ….ဆွမ်းဆံရလေပေါ့နော်……….

      • ဇောက် ထိုး

        July 23, 2012 at 7:17 am

        ဟဲဟဲ… ကျွန်တော်ကိုတင် သာသနာပြုတာ ဘယ်ဟုတ်မှာလဲ အရီးရယ်.. အများကို သာသနာပြုနေတာပေါ့…. ဒီစာကို ဖတ်သူတိုင်းကို သာသနာပြုနေတာလို့ပြောရမှာ…
        လူတိုင်းမှာ သူ့သဘောနဲ့သူ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်ဆိုတာ ဘယ်သူမှ ငြင်းမရတဲ့သဘောပါ။

        ဒါပေမယ့် အမှားအမှန်လေး ဝေဘန်အကြံပြုပေးဖို့ဆိုတာ ဘေးလူမှာတာဝန်ရှိတယ်လို့ယူဆပါတယ်။
        အရက်မသောက်လဲ သေမှာပဲ။ အရက်တစ်ခွက်သောက်ရုံနဲ့လဲ ပြန်ရှင်မလာတော့ဘူး သေမှာပဲဆိုတဲ့ သူအတွက်တော့ ဘာပြောစရာရှိမှာလဲ သူ့သဘောအတိုင်းပေါ့…..

        နိုင်ငံနဲ့ လူသားတရပ်လုံးကို သိပ်ကျေးဇူးပြုနိုင်တဲ့ပုဂ္ဂိုလ်ကြီးတစ်ဦး…
        ရောဂါတစ်ခုရလာတဲ့အခါ…
        အရက်နဲ့ ဘိန်းရောထားတဲ့ဆေးတိုက်မှကို ရတော့မယ်… အဲဒီဆေးတိုက်ရင်တော့ အသက်ရှင် ဦးမယ်….. အဲဒီဆေးမှ တိုက်မရတော့ဘူးဆိုရင်တော့လဲ မရှင်နိုင်တော့ဘူး…..

        ၁=သတ်မှတ်ထားတဲ့ သူ့ယုံကြည်ချက်နဲ့ သီလ…
        ၂=နိုင်ငံနဲ့လူသားထုအများနဲ့ အကျိုတရား….

        ကျွန်တော်တင်ပြခဲ့တာတွေက တဖြည်းဖြည်းဘေးရောက်ရောက်လာခဲ့ပါတယ်….
        စကားပုံက… ပျံ့လာခဲ့ရင်.. ဆိုလိုချက်တွေ ပျံ့ကားလာရင်တော့ ပြန်စုဖို့သိပ်ခက်သလို…..
        အဲဒီပျံ့နေတဲ့ စကားတွေထဲမှာ ဆိုလိုချက်ဆိုတာလဲ ပြန်ရှာရရင် မလွယ်တဲ့ အတွက်…. ကျွန်တော်လဲ ဒါထက် ပိုမပြောတတ်သလိုဖြစ်သွားခဲ့ပါပြီ………………
        ဟီးးးးးးးးးးးးး မပြောတတ်ဘဲနဲ့ ပြောရမလားဆိုပြီး အပြစ်တင်ရင်လဲ ခံရတော့မှာပါပဲ အရီးရယ်… ရိုက်တော့ မရိုက်နဲ့နော်……..

  • သစ် တည်

    July 22, 2012 at 10:44 pm

    အရက်က သက်မဲ ့မဟုတ်ဘူးဗျ….
    သူ ့ကိုဖြစ်အောင် ဘတ်တီးရီးရား တွေ
    အများကြီး သေပေးရသေးတယ် လေ…….

  • ဇောက် ထိုး

    July 23, 2012 at 6:50 am

    ဟုတ်ကဲ့…. သစ်တည်ရေ….

    အရက်က သက်မဲ့ မဟုတ်ဘူးဆိုတာကို..မှတ်သားသွားပါတယ်ခင်ဗျာ..

    ခုလို ဝင်ရောက်ဖတ်ရှုတာ ကျေးဇူးနော်….

  • မမ အညာသူ

    July 23, 2012 at 9:43 am

    ငါတို.ကဆေးဖြစ်ဝါးဖြစ်သောက်တာလို့တော်တော်များများက လူကြားကောင်းအောင်ပြောတက်ကျပါတယ်
    တကယ်တော့အရက်ကိုဆေးဖြစ်ဝါးဖြစ်သောက်တယ်ဆိုတာ
    အရက်ကိုတုံးတိကြီးမဖြတ်နိုင်တဲ့သူတွေရဲ့ဆင်ခြင်တုန်တရားပါ

    • ဇောက် ထိုး

      July 23, 2012 at 10:12 am

      ဟဲ့ ..အညာသူ… ဘယ်ပျောက်နေတာလဲ… အန်ကယ်ဇောက်ပြောတာလေးကို သေချာဖတ်နော်….

      တန်ဖိုးရှိတဲ့ လူ့အသက် ရှင်သန်ဖို့အတွက် အရက်လေးမသောက်တော့
      ဘာဖြစ်မှာမို့လဲ…..

      တန်ဖိုးရှိတဲ့ လူ့အသက် ရှင်သန်ဖို့အတွက် အရက်လေးသောက်လိုက်တော့
      ဘာဖြစ်မှာမို့လဲ….

      ကိုယ့်ဘာသာပဲ စဉ်းစားကြပါတော့ ဦးပေတော့ ဒါလောက်ပဲ ပြောတတ်ပါတယ်ကွယ်””တဲ့။
      အညာသူ..တာ့တာ..

  • mamanoyar

    July 23, 2012 at 9:51 am

    အန်ကယ်ဇောက်ရေ ကြားထဲက ဟိုဘက်ပါဒီဘက်ပါ
    ဦးပေကိုယ်တိုင်က အရက်သမားလေ
    ဟဲဟဲ

  • ဇောက် ထိုး

    July 23, 2012 at 10:15 am

    မမရေ…. ဦးပေကိုယ်တိုင်က အရက်သမားဖြစ်ပြီး သူများကို ခုလိုပြောတာတော့ ကောင်းပါဘူးနော့…
    နေကောင်းတယ်နော်…… ဝင်ရောက်အားပေးတာ… ကျေးဇူးပါ။

  • အလင်းဆက်

    July 23, 2012 at 7:47 pm

    နောင်ကြီး.ဇောက်ထိုးရေ…
    အရက်…အကြောင်း..လေး…ရေးပေးလို ့ကျေးဇူးပါ ။

    အရက်ကို..ကျွန်တော် ကိုယ်တိုင်လည်း.မကြိုက် သလို…အခြားသူများကိုလည်း..မသောက်စေချင်မိဘူးဗျာ။

    အထူးသဖြင့် လူငယ်တွေပေါ့ ။ အခုတလော..တော့ လပြည့် နေ့
    တွေ လို နေ့တွေမှာတောင်..မရှောင်ကြတော့ဘူး…ဗျာ.။

    လုပ်ပါဦး..ဆက်ရေးပါဦး.။

    ခင်မင်လေးစားစွာ..

    • ဇောက် ထိုး

      July 24, 2012 at 2:57 pm

      ကိုအလင်းဆက်လဲ ကူပြီးရေပါဦးလို့ ကျွန်တော်တောင်းဆိုချင်ပါတယ်။
      စိတ်ညစ်တာရယ်…. စတိုင်လို့ခံစားမိတာ..စိတ်ကထင်တာတွေရယ်နဲ့……
      နောက်ပြီး ပတ်ဝန်းကျင်ကလဲ အဲဒီအရက်ကို အများဆုံးသောက်သုံးနေသူတွေများရာကနေ….
      လူငယ်တွေ သောက်သောက်လာကြတယ်ထင်ပါတယ်။

  • မဟာရာဇာ အံစာတုံး

    July 23, 2012 at 7:57 pm

    ကျုပ်ကို အဲ့ဒီ နဖူးပြောင်ပြောင်နဲ့ လူဂျီးက
    မိုက်တယ်ပြောလည်း ခံရမှာပဲ ..
    ကျုပ် မိုက်တာက အရက်ကို မသောက်လို့ မိုက်တဲ့ အမိုက် ..
    ဘယ်လို တိုက်တိုက် သောက်မှာ မဟုတ်ဘူး …
    ( သောက်မိရင် ဖြတ်မရတော့မှာ စိုးလို့ .. 😀 )

    • ဇောက် ထိုး

      July 24, 2012 at 3:00 pm

      ( သောက်မိရင် ဖြတ်မရတော့မှာ စိုးလို့ .. ဆိုတဲ့ စကားကတော့ ကျွန်တော့်ခံယူချက်နဲ့ တထပ်တည်းပဲလို့ မပြောချင်ပါဘူး… တသားထဲပဲလို့ပဲပြောလိုက်ချင်ပါတယ်။
      ပုံ…ရတနာသိုက်ပိုင်ရှင် သူဋ္ဌေးကြီး ဦးဇောက်ထိုး…

  • အရီးခင်လတ်

    July 24, 2012 at 4:11 am

    ကိုဇောက်ထိုး ရေ
    မျက်စိလည်လေ ဆန်ပိုရလေ ဆိုတဲ့စကားကို သဘောကျမိပါရဲ့။
    လမ်းများများ ကို မပင်မပန်း လျှောက်နိုင်ဖို့ စိတ်ဓာတ်အား သက်လုံကောင်းဖို့ တော့ လိုမယ်။ 🙂

    ကျေးဇူး ပါ မောင်ရဲရေ။
    တူလေး လောက် ဆိုရင်ကိုဘဲ အတော်လေး လုံလောက်ပါပြီ။ 😀

    • ဇောက် ထိုး

      July 24, 2012 at 3:02 pm

      အရီးရေ… အရီးသဘောကျတယ်ဆိုတဲ့ စာကြောင်းလေးကို ဖတ်လိုက်ရတော့…
      အရီးထက် အဆများစွာပိုလွန်တဲ့ သဘောကျနှစ်သက်ကြည်နူးမှုလေး ခံစားလိုက်ရပါတယ်လို့…

  • YE YINT HLAING

    July 24, 2012 at 4:50 am

    ဒါဆိုလည်း အဒေါ် တယောက် တိုးပြီပေါ့ ခင်ဗျာ ! ကြုံရင် မုန့်ဖိုး တောင်းပါဦးမယ် ။

Leave a Reply