ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များအား ရည်စူးပြီး အန္တရာယ်ကင်း ပရိတ်တရားနာခြင်းနှင့် ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းခြင်း

anybodyJuly 22, 20121min793

ဇူလိုင်လ (၁၉)ရက်နေ့၊ နံနက် ဝ၉၀ဝ နာရီအချိန်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစည်းအဝေးခန်းမတွင် အမျိုးသားခါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များအား ရည်စူးပြီး အန္တရာယ်ကင်း ပရိတ်တရားနာခြင်းနှင့် ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ပါတီအတွင်းရေးမှူး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်လင်း၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်ပါတီကော်မတီဝင်များ၊ ခရိုင်ပါတီကော်မတီဝင်များ၊ တောင်ကြီးမြို့နယ် အတွင်းရေးမှူးနှင့် ပါတီကော်မတီဝင်များ၊ စုစုပေါင်း အင်အား(၅၀)ဦး တက်ရောက်ကြပါသည်။
www.royalcherry.blogspot.com မှကူးယူဖော်ပြပါသည်။

3 comments

  • သစ် တည်

    July 22, 2012 at 9:50 pm

    တကယ်လဲပဲ နင်မချစ်ဘဲနဲ…..
    လာပြီးတော့ညာ ချွဲမနေနဲ ့…..

  • Ko out of...

    July 23, 2012 at 7:44 am

    ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့ လူသေသွားပေမဲ့..နာမည် မသေတာ ဗိုလ်ချုပ်ကကောင်းတာလုပ်ခဲ့လို့…

    အခုလည်း ဗိုလ်ချုပ်ကို မမှီတာရင်တောင်မှ ဗိုလ်ချုပ်လိုနာမည်ကောင်းအောင် .. ကောင်းမွန်တဲ့အ

    လုပ်ကို ဗိုလ်ချုပ်ကဲ့သို့များများ လုပ်နိုင်ပါစေ..

Leave a Reply