1 ဆင်များရှင်ဘုရား…………………….

2
သီတဂူ ဆန်ချီစေတီတော်……………..

3 အစိမ်းထဲက အဝါ

4 အနီအစိမ်းအဝါ အဝေးမှာ မူံပြပြ ကောင်းမူ့တော်

5ကိုပေါက်လက်ဆောင်အမြင်ဒေါင့်စောင်းစောင်း

7မူံပြာရီမိူင်း တဲ့ကောင်းကင်အောက်က တံတားနှစ်စင်း

 

 

9 ဧရာမြစ်ရေပြင်ကျယ်……………………

10 စကားပန်းဝါဝါ လှလှ

11အရှေ့ဘက်က စေတီရှင်ဖြူရှင်လှ

 

12 သောင်ထွန်းနေသေးတဲ့ဧရာဝတီ

 

13 ဟိုးအရှေ့ဘက် ထိရေတွေဝင်နေတာလေ…………………….

14 အရှေ့ဘက်တောင်ကြောကစေတီ

 

15 စောင်းတန်းအသွယ်သွယ်

16 တရုပ်စကားပင်ကြားကအလှ

17 ဆီမီးမသေတောင်ပေါ်မှမြင်ရတာ

18 တံတားနှစ်စင်းဆုံတဲ့မန်းလေးဘက်ကမ်းအစ

19 သစ်ပင်ကြိုကြား ဝိုးတဝါး

20 စစ်ကိုင်းတံတားအဟောင်းနဲ့မြစ်ငယ်မြစ်

21 အရှေ့တလွှားမြင်ကွင်း

22 ဆီမီးမသေစေတီ

23 ဥမင်ကိုးဆယ် မဝင်ဖြစ်ခဲ့တဲ့ဘုရား

ဆွမ်းဦးပုညရှင်အနီးမှ အပေါ်စီး ကြည့် မြင်ကွင်းအစုံ

 

 

 

စစ်ကိုင်းတောင်လို့ပြောလိုက်တာနဲ့ ဆွမ်းဦးပုညရှင်ကိုပြေးမြင်မိတာအမှန်ပါဘဲ။

ဒီဆွမ်းဦးပုညရှင်ရင်ပြင်တော်ပေါ်ကနေ အရှေ့ဘက်မှာမြစ်ပြင် ရွှေတောင်ဦးမော်

မြောက်ဘက်ကိုကြည့်ရင်ရှင်ဖြူရှင်လှနဲ့ဥမင်ကိုးဆယ်။

တောင်ဘက်ကိုကြည့်မယ်ဆိုရင် အင်းဝဘက်ကမ်း

အနောက်ဘက်ကိုကြည့်မယ်ဆိုရင် ကောင်းမူ့တော် သီတဂူ ဆင်များရှင် ငါးထပ်ကြီး အစရှိတဲ့ဘုရားများအပြင်

စစ်ကိုင်းတံတား(ခ)အင်းဝတံတားဟောင်းနဲ့ဧရာဝတီ တံတား အသစ်ကြီးကိုနှစ်စင်းယှဉ်လျက်တွေ့နိုင်ပါသေးတယ်။

ရှေးကတည်းက စာဆိုရှိခဲ့တာတော့ ဆွမ်းဦးပုညရှင်ကို ဘယ်သူတစ်ဦးတစ်ယောက်မှ ဆွမ်းဦးအောင်ကပ်လို့မရ။

မနက်ဘယ်လောက်စောစော ဆွမ်းကပ်ပြီးသားဖြစ်နေတယ်လို့ တစ်ဆင့်စကားတစ်ဆင့်နားနဲ့ကြားဘူးခဲ့ရ။

ဝါဆိုလပြည့်နေ့တိုင်းမှာဘုရားပွဲကျင်းပလေ့ရှိပါတယ်။

 

ဟိုအရင်ကဆိုရင်တော့ စစ်ကိုင်းတောင်ကို ခြေလျင်တက်ကြရပါတယ်။

မန္တလေးကထိန်နဲ့စစ်ကိုင်းတောင်ခွဲခြားလို့မရတဲ့အချိန်များမှာတော့ တန်ဆောင်မုန်းလပြည့်မတိုင်ခင်

အဖိတ်နေ့ညများမှာ ဒီဆွမ်းဦးပုညရှင်အရှေ့ဖက်ရင်ပြင်ကနေ လရောင်အောက်က ဧရာဝတီမြစ်ညရူ့ခင်းကိုခံစား

တတ်ကြပါတယ်။

မြစ်မင်းက တငြိမ့်ငြိမ့် သူ့ကျောပေါမှာ မီးဖောင်လေးတွေမျောလျက်။

အဝေးက ရွာလေးတွေက မီးလေးတွေမှိတ်တုတ်တုတ်။

လရောင်ပြိုးပြက်လက်နေတဲ့ ကောင်းကင်ကြီးအောက်မှ ရေတွက်မဆုံးနိုင်တဲ့ပုထိုးဘုရားတွေ

ကထွက်ပေါ်လာတဲ့ မီးရောင်လေးတွေက တလက်လက်။

တကယ့်လွမ်းစရာ။

ဒါပေမယ့် တစ်နှစ်တစ်ကြိမ်နှစ်ကြိမ်ရောက်အောင်မနည်း ကြိုးပမ်းရပါတယ်။

 

အခုချိန်လို စစ်ကိုင်းတောင် တက်ကားလမ်းဖောက်ပြီးချိန်မှာတော့ ဒီဆွမ်းဦးပုညရှင်ကို စိတ်ကူးပေါက်တိုင်းရောက်ပါတယ်။

ဒီနှစ်ထဲမှာတင်သုံးကြီမ်ရှိသွားပါပြီ။

ဒီတစ်ခေါက်ကတော့ ထူးထူးခြားခြား ဆွမ်းဦးပုညရှင်ဘုရားရဲ့မြောက်ဘက် တောင်ကုန်းမှာတည်ထားတဲ့

ဆီမီးမသေဘုရားပေါ်ကိုရောက်သွားပါတယ်။

ပိုမိုလှပသောမြင်ကွင်း ပိုမိုလွတ်လပ်ကျယ်ပြန့်သောမြင်ကွင်းတွေကိုမြင်တွေ့ခံစားလိုက်ရပါတယ်။

သဘာဝအလှအပဆိုတာက ကျနော်တို့အားလုံးရဲ့လက်တကမ်းမှာရှိတာပါ။

ကျနော့်တို့က ခံစားတတ်ဘို့ဘဲလိုပါတယ်။

ကဲကျနော်မြင်ခဲ့တာလေးကိုတော့ ပြန်လည်ဝေငှချင်ပါသေးတယ်။

 

 

 

ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ

(26-7-2012)

 

 

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1612 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။