ပဲ အမျိုးအစားများစွာရှိပါတယ်၊ ကောက်ပဲသီးနှံ၊ အစေ့အဆန်တွေကလည်း လူ့ကျန်းမာရေးကို အထောက်အကူပြုပါတယ်၊ အဲဒီထဲမှက ကျွန်တော်ဖတ်ဖူးတဲ့ တိုလီမိုလီစာပေစုထဲမှာတွေ့တဲ့ ပဲနှင့်အစေ့အချို့မှ ကျန်းမာရေးကိုဘယ်လို အကျိုးဖြစ်စေလဲဆိုတာ ဗဟုသုတအဖြစ်ဝေဌရေးသားပေးပါရစေ။

ပဲတီစိမ်း – ကိုယ်တွင်းအပူအပုပ်ရှင်းထုတ်ပေး၊ ဆီရွှင်ပြီး အဖောအရောင်ကျစေတယ်၊ နေပူလျှပ်တာ၊ စိတ်ဂနာမငြိမ်ဖြစ်တာ သက်သာစေတယ်၊ အသားအရေနဲ့ အတွင်းကလီစာတွေကို ရွှမ်းစိုစေတယ်၊ သရက်ရွက်ကိုအားပေးတယ်၊ သွေးရည်ထဲ ကိုလက်စထရောနဲ့ အဆီဓာတ်တွေစုပုံတာကို ရှင်းထုတ်ပေးနိုင်လို့ နှလုံးနဲ့ သွေးကြောရောဂါများ မဖြစ်အောင်ကာကွယ်ပေးပါတယ်။

ပဲနီလေး – ကျောက်ရောဂါ၊ နှလုံးရောဂါနဲ့ ရေဖျဉ်းစွဲရောဂါတွေကို သက်သာစေတယ်၊ ပဲနီလေးမှအစာအမျှင်ဓာတ်ကြွယ်ဝစွာပါလို့ ဝမ်းမှန်စေတယ်၊ သွေးတွင်းကအဆီဓာတ်နဲ့ အချိုဓာတ်ထိန်းပေးတယ်၊ သွေးတိုးကျစေတယ်၊ ကိုယ်တွင်းအဆိပ်အပုပ်များရှင်းထုတ်ပေးပြီး ကင်ဆာရောဂါ ကာကွယ်ပေးတယ်၊ အဆီချပိန်ကျစွမ်းရှိတယ်၊ ပဲနီလေး အစားများရင် ကိုယ်တွင်းအပူကြီးတတ်လို့ သင့်တင့်စွာသာ စားသင့်ပါတယ်။

ပဲပုပ်ပဲ – သွေးထဲကအဆီကိုထိန်းညှိခြင်း၊ ကိုလက်စထရောချခြင်း၊ အဆီဓာတ်ရဲ့ဇီဝဖြစ်စဉ် အားပေးခြင်းစတဲ့ အစွမ်းသတိ္တရျီလို့ နှလုံးနဲ့ သွေးကြော ရောဂါတွေ ကာကွယ်ပေးနိုင်တယ်၊ အိုမင်းရင့်ရော်မှု့ကို တုံနှေးစေတယ်၊ မှတ်ဉာဏ်ကောင်းစေတယ်၊ သက်ကြီးသူငယ်ပြန်ရောဂါနဲ့ သက်ကြီးအမည်းစက် ထွက်တာတွေ ကာကွယ်ပေးတယ်၊ သွေးဆုံးကိုင်တဲ့ရောဂါ လက္ခဏာသက်သာစေနိုင်လို့ သွေးဆုံးကိုင်အမျိုးသမီးတွေအတွက် အထူးသင့်လျော်တယ်၊ ပဲပုပ်ပဲက အစာအမျှင်ဓာတ်ဟာ အူထဲ အစာဖြတ်သန်းရချိန်ကို တိုစေလို့ ဝမ်းချုပ်သက်သာစေတယ်၊ အဆီကျပိန်လျစေပါတယ်။

ပဲနက် – ဗီတာမင်အီးကြွယ်ဝစွာပါရှိတယ်၊ အရေပြားအရစ်အကြောင်းထတာ လျော့စေတယ်၊ အသားအရေ စိုပြေလှပစေတယ်၊ တရုပ်တိုင်းရင်းဆေးပညာမှာ ကျောက်ကပ်အားနည်းတာကို ပဲနက်နဲ့ ကုသလေ့ရှိတယ်၊ ဆီးချိုရောဂါ၊ ဆီးခဏခဏသွားရတာ၊ ခေါင်းမူးပြီး မျက်စိပြာဝေတာ၊ ခြေဖောရောင်တာ သက်သာစေတယ်၊ ပဲနက်ကို မှန်မှန်စားပေးခြင်းဖြင့် သွေးတိုးတာ သွေးလွှတ်ကြောမာတာ ကာကွယ်ပေးနိုင်ပါတယ်။

နှမ်းစေ့ – မပြည့်ဝဖက်တီးအက်ဆစ်ပါလို့ ကိုလက်စထရောနဲ့ သွေးထဲက အဆီဓာတ်တွေကို ထိန်းပေးရာမှ နှလုံးသွေးကြောရောဂါနဲ့ သွေးလွှတ်ကြောမာတာ ကာကွယ်ပေးနိုင်တယ်၊နှမ်းစေ့မှာ ကယ်လစီယမ်၊ ဖော့စဖရပ်၊ မဂ္ဂနီစီယမ်စတဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာပါလို့ သွားနဲ့ အရိုးတွေရဲ့ ကြီးထွားမှုကို အားပေးတယ်၊ သံဓာတ်ချို့တဲ့မှု့ကြောင့်ဖြစ်ရတဲ့ သွေးအားနည်းရောဂါကို ကာကွယ်ပေးတယ်၊ ဆံပင်မဲနက်ပြောင်လက်စေတယ်၊ အသားအရေကို ရွှမ်းစို၊ကြွကန်အား သန်စေပြီးချောမွတ်လှပစေပါတယ်။

သီဟိုစေ့ – အရသာ ချိုစိမ့်တယ်၊ ဝမ်းမှန်စေတယ်၊ အသားအရေ စိုပြေပြောင်လက်စေတယ်၊ အိုမင်းရင့်ရော်မှု့ကို တုံနှေးစေတယ်၊ မျက်စိခြောက်တာ ကာကွယ်ပေးတယ်၊ သွေးကြောသန်စွမ်းစေနိုင်လို့ နှလုံးသွေးကြောရောဂါနဲ့ လေဖြတ်တာ သက်သာစေတယ်၊ ရောဂါခုခံအားတိုးစေတယ်၊ နှလုံးသွေးကြောမာတာနဲ့ နှလုံးရောဂါဖြစ်တာတွေ ကာကွယ်နိုင်ပါတယ်။

ဖတ်ရှု့အားပေးခြင်းအတွက်ကျေးဇူးပါ။

 

 

About ခင္ခ

ခင္ ခ has written 458 post in this Website..