ပဲနှင့် အစေ့ အချို့ ရဲ့ ကျန်းမာရေး

ခင္ခJuly 23, 20121min1209

ပဲ အမျိုးအစားများစွာရှိပါတယ်၊ ကောက်ပဲသီးနှံ၊ အစေ့အဆန်တွေကလည်း လူ့ကျန်းမာရေးကို အထောက်အကူပြုပါတယ်၊ အဲဒီထဲမှက ကျွန်တော်ဖတ်ဖူးတဲ့ တိုလီမိုလီစာပေစုထဲမှာတွေ့တဲ့ ပဲနှင့်အစေ့အချို့မှ ကျန်းမာရေးကိုဘယ်လို အကျိုးဖြစ်စေလဲဆိုတာ ဗဟုသုတအဖြစ်ဝေဌရေးသားပေးပါရစေ။

ပဲတီစိမ်း – ကိုယ်တွင်းအပူအပုပ်ရှင်းထုတ်ပေး၊ ဆီရွှင်ပြီး အဖောအရောင်ကျစေတယ်၊ နေပူလျှပ်တာ၊ စိတ်ဂနာမငြိမ်ဖြစ်တာ သက်သာစေတယ်၊ အသားအရေနဲ့ အတွင်းကလီစာတွေကို ရွှမ်းစိုစေတယ်၊ သရက်ရွက်ကိုအားပေးတယ်၊ သွေးရည်ထဲ ကိုလက်စထရောနဲ့ အဆီဓာတ်တွေစုပုံတာကို ရှင်းထုတ်ပေးနိုင်လို့ နှလုံးနဲ့ သွေးကြောရောဂါများ မဖြစ်အောင်ကာကွယ်ပေးပါတယ်။

ပဲနီလေး – ကျောက်ရောဂါ၊ နှလုံးရောဂါနဲ့ ရေဖျဉ်းစွဲရောဂါတွေကို သက်သာစေတယ်၊ ပဲနီလေးမှအစာအမျှင်ဓာတ်ကြွယ်ဝစွာပါလို့ ဝမ်းမှန်စေတယ်၊ သွေးတွင်းကအဆီဓာတ်နဲ့ အချိုဓာတ်ထိန်းပေးတယ်၊ သွေးတိုးကျစေတယ်၊ ကိုယ်တွင်းအဆိပ်အပုပ်များရှင်းထုတ်ပေးပြီး ကင်ဆာရောဂါ ကာကွယ်ပေးတယ်၊ အဆီချပိန်ကျစွမ်းရှိတယ်၊ ပဲနီလေး အစားများရင် ကိုယ်တွင်းအပူကြီးတတ်လို့ သင့်တင့်စွာသာ စားသင့်ပါတယ်။

ပဲပုပ်ပဲ – သွေးထဲကအဆီကိုထိန်းညှိခြင်း၊ ကိုလက်စထရောချခြင်း၊ အဆီဓာတ်ရဲ့ဇီဝဖြစ်စဉ် အားပေးခြင်းစတဲ့ အစွမ်းသတိ္တရျီလို့ နှလုံးနဲ့ သွေးကြော ရောဂါတွေ ကာကွယ်ပေးနိုင်တယ်၊ အိုမင်းရင့်ရော်မှု့ကို တုံနှေးစေတယ်၊ မှတ်ဉာဏ်ကောင်းစေတယ်၊ သက်ကြီးသူငယ်ပြန်ရောဂါနဲ့ သက်ကြီးအမည်းစက် ထွက်တာတွေ ကာကွယ်ပေးတယ်၊ သွေးဆုံးကိုင်တဲ့ရောဂါ လက္ခဏာသက်သာစေနိုင်လို့ သွေးဆုံးကိုင်အမျိုးသမီးတွေအတွက် အထူးသင့်လျော်တယ်၊ ပဲပုပ်ပဲက အစာအမျှင်ဓာတ်ဟာ အူထဲ အစာဖြတ်သန်းရချိန်ကို တိုစေလို့ ဝမ်းချုပ်သက်သာစေတယ်၊ အဆီကျပိန်လျစေပါတယ်။

ပဲနက် – ဗီတာမင်အီးကြွယ်ဝစွာပါရှိတယ်၊ အရေပြားအရစ်အကြောင်းထတာ လျော့စေတယ်၊ အသားအရေ စိုပြေလှပစေတယ်၊ တရုပ်တိုင်းရင်းဆေးပညာမှာ ကျောက်ကပ်အားနည်းတာကို ပဲနက်နဲ့ ကုသလေ့ရှိတယ်၊ ဆီးချိုရောဂါ၊ ဆီးခဏခဏသွားရတာ၊ ခေါင်းမူးပြီး မျက်စိပြာဝေတာ၊ ခြေဖောရောင်တာ သက်သာစေတယ်၊ ပဲနက်ကို မှန်မှန်စားပေးခြင်းဖြင့် သွေးတိုးတာ သွေးလွှတ်ကြောမာတာ ကာကွယ်ပေးနိုင်ပါတယ်။

နှမ်းစေ့ – မပြည့်ဝဖက်တီးအက်ဆစ်ပါလို့ ကိုလက်စထရောနဲ့ သွေးထဲက အဆီဓာတ်တွေကို ထိန်းပေးရာမှ နှလုံးသွေးကြောရောဂါနဲ့ သွေးလွှတ်ကြောမာတာ ကာကွယ်ပေးနိုင်တယ်၊နှမ်းစေ့မှာ ကယ်လစီယမ်၊ ဖော့စဖရပ်၊ မဂ္ဂနီစီယမ်စတဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာပါလို့ သွားနဲ့ အရိုးတွေရဲ့ ကြီးထွားမှုကို အားပေးတယ်၊ သံဓာတ်ချို့တဲ့မှု့ကြောင့်ဖြစ်ရတဲ့ သွေးအားနည်းရောဂါကို ကာကွယ်ပေးတယ်၊ ဆံပင်မဲနက်ပြောင်လက်စေတယ်၊ အသားအရေကို ရွှမ်းစို၊ကြွကန်အား သန်စေပြီးချောမွတ်လှပစေပါတယ်။

သီဟိုစေ့ – အရသာ ချိုစိမ့်တယ်၊ ဝမ်းမှန်စေတယ်၊ အသားအရေ စိုပြေပြောင်လက်စေတယ်၊ အိုမင်းရင့်ရော်မှု့ကို တုံနှေးစေတယ်၊ မျက်စိခြောက်တာ ကာကွယ်ပေးတယ်၊ သွေးကြောသန်စွမ်းစေနိုင်လို့ နှလုံးသွေးကြောရောဂါနဲ့ လေဖြတ်တာ သက်သာစေတယ်၊ ရောဂါခုခံအားတိုးစေတယ်၊ နှလုံးသွေးကြောမာတာနဲ့ နှလုံးရောဂါဖြစ်တာတွေ ကာကွယ်နိုင်ပါတယ်။

ဖတ်ရှု့အားပေးခြင်းအတွက်ကျေးဇူးပါ။

 

 

9 comments

  • မောင်ပေ

    July 23, 2012 at 10:55 am

    အိုခေ
    ကြိုက်သွားဘီဗျာ
    ဒီကနေ ့ကစပြီး
    ဒီပို ့စ်ထဲကပါတဲ့ ပဲတွေ ကို ပိုစားတော့မယ်

    • water-melon

      July 23, 2012 at 12:15 pm

      ကိုပေပြောပြောနေတဲ့
      ပဲနီတဆုပ် ရေစိမ်ဝါးစားရင်
      ဘာကောင်းတယ်ဆိုလား
      နောက်မှမေးကြည့်အုန်းမယ် 😆

  • mamanoyar

    July 23, 2012 at 12:23 pm

    အခုလို ပြောပြပေးတာ ကျေးဇူးတင်ပါတယ်
    နှမ်းစေ့ကို တော့ လက်ဖက်သုပ်ထဲထည့်စားတာ ကြိုက်တယ်

  • ဘဲဥ

    July 23, 2012 at 12:26 pm

    ဇဂါးမစပ် ………
    သီဟိုစေ့က ဘီဘီလေးနဲ့ဆို လွှတ်ကောင်းတာဗျ
    အခုလို မိုးအေးအေးလေးနဲ့ဆိုတော့ ဘာပြောကောင်းမလဲမောင်တို့ရာ..
    ရာသီဥတုက အခုဆို ဒို့ဘက်ပါတယ် ………… 😆

  • etone

    July 23, 2012 at 1:22 pm

    ပဲဆိုလျှင်လည်းစား ဖူးသမျှတော့ အကုန်ကြိုက်တာပါပဲ …
    ပဲကြီး ၊ ပဲနီလေး ၊ ပဲကုလား ၊ ပဲဝါ ၊ စားတော်ပဲ ၊ ဘိုပဲ ၊ ပဲပိစပ် ၊ ပဲငပိ … အကုန် ကြိုက်တယ် …. ။ အဟီး 😛

    ပဲဆိုလို့ မဆီမဆိုင် မနက်က ဖတ်ရတဲ့ သတင်းတစ်ခုမျာ … မြန်မာနိုင်ငံက ပဲ ကုန်သည်တွေ အမြတ်စွန်းများစွာရတယ်လို့ ပြောသံကြားရတယ် … ပဲတန်ချိန်တွေကို ဈေးကျချိန်မှာ ကောက်ထားပြီး အခုလို ဒေါ်လာဈေးပြန်မြင့်နေချိန်မှာ ပိုတဲ့အတွက်တဲ့ …… ။

    • water-melon

      July 23, 2012 at 1:47 pm

      ပဲကုန်သည်တွေမြတ်ပေမဲ့
      ပဲစိုက်တဲ့တောင်သူတွေမမြတ်လို့
      စိတ်မကောင်းဖြစ်မိပါ၏
      အဲသတင်းက eleven ထဲမှာလေ

  • မမ အညာသူ

    July 23, 2012 at 1:43 pm

    ဒီနေ့ကစပြီးပဲများများစားတော့မယ်……….
    တော်ကြာပဲရုပ်ပေါက်နေမှဖြင့်အခတ်

  • ကြည်ဆောင်း

    July 24, 2012 at 9:05 am

    တခြားပဲတွေသိပေမဲ့ ပဲနက်ကိုမသိဘူး…
    တခြားခေါ်တဲ့ နာမည်များရှိလားမသိဘူး?
    သီဟိုစေ့ ကများများစားရင် သွေးတိုးသမားတွေ မတည့်ဘူးလို့တော့ကြားဖူးတယ် …
    တကယ်ဟုတ်မဟုတ်တော့မသိဘူး

  • ko khin kha

    July 24, 2012 at 9:42 am

    စီတီးမက်တို့မှာ ပဲနက်ဆိုပြီး အထုပ်လေးတွေနဲ့ ရောင်းပါတယ်၊
    သီဟိုစေ့က များများစားရင် သွေးတိုးတက်စေတာဟုတ်ပါတယ်၊ ဒါကြောင့် ကျော်ပြီးစားရင်တော့ သွေးတိုးစေနိုင်တဲ့ဓာတ်လျော့သွားတယ်လို့သိရပါတယ်။

Leave a Reply