***အလွမ်း ရဲ့ … လှိုင်းးးး ***

ချစ်သူ နားမထောင်ဖြစ်တဲ့

ရင်ခုန်သံ ….   ကို

ကဗျာတွေ ထဲ …

ပစ်ပစ်ထည့် ….ရင်း

အချိန် တွေကို ….

ရင့်မှည့်ပစ်လိုက် ရ ….

 

သတိရ မိတိုင်း ……

အလွမ်း ရဲ့ …  လှိုင်းတွေက ဘဲ

နှလုံးသား ကမ်းစပ်ကို ….

ဝင်ဝင်ဆောင့် တာ ခံရတယ် …

 

အချစ်ဆိုတဲ့  ….

သဘောက်မသား လေ

သက်သက်မဲ့ …

နှလုံးသား ကို … အရူးလုပ်သွား တာ …

 

အဲဒီက … စပြီး …

ငါ့ … အိပ်မက်ကို …နင်

အပိုင်စား ရသွားတယ် ….

 

ဒါပေမယ့် …

ကောင်မလေးရေ

အိပ်မက်ထဲ မှာ …

ယောင်လို့ တောင်မှ …နင်

ငါ့ကို လှည့်ကြည့်မသွား ခဲ့ပါဘူးးးး ။။။

 

 

 

 

 

 

 

 

 

 


About maung khinmin

maung khinmin has written 85 post in this Website..

   Send article as PDF