အလွမ်းရဲ့ ..လှိုင်း

maung khinminJuly 23, 20121min1427

***အလွမ်း ရဲ့ … လှိုင်းးးး ***

ချစ်သူ နားမထောင်ဖြစ်တဲ့

ရင်ခုန်သံ ….   ကို

ကဗျာတွေ ထဲ …

ပစ်ပစ်ထည့် ….ရင်း

အချိန် တွေကို ….

ရင့်မှည့်ပစ်လိုက် ရ ….

 

သတိရ မိတိုင်း ……

အလွမ်း ရဲ့ …  လှိုင်းတွေက ဘဲ

နှလုံးသား ကမ်းစပ်ကို ….

ဝင်ဝင်ဆောင့် တာ ခံရတယ် …

 

အချစ်ဆိုတဲ ့ ….

သဘောက်မသား လေ

သက်သက်မဲ ့…

နှလုံးသား ကို … အရူးလုပ်သွား တာ …

 

အဲဒီက … စပြီး …

ငါ့ … အိပ်မက်ကို …နင်

အပိုင်စား ရသွားတယ် ….

 

ဒါပေမယ့် …

ကောင်မလေးရေ

အိပ်မက်ထဲ မှာ …

ယောင်လို ့တောင်မှ …နင်

ငါ့ကို လှည့်ကြည့်မသွား ခဲ့ပါဘူးးးး ။။။

 

 

 

 

 

 

 

 

 

 


7 comments

  • မောင်ပေ

    July 23, 2012 at 11:04 am

    ဆြာခင်ရေ ကဗျာလေးဖတ်အပြီး
    ကြေငြာလေးဝင်ချင်လာမိတယ်ဗျာ…
    ဒီလိုပါ ။
    “အိပ်မက်ထဲတင်မက
    အပြင်မှာ ထပ်တွေ ့ခဲ့ရင်
    လှည့်ကြည့်ဖြစ်အောင် ကြည့်စေဖို ့
    ရှင်မတောင် သနပ်ခါးကို လူးကြဘာစို ့..။”
    🙂

    • maung khinmin

      July 23, 2012 at 11:12 am

      ရှင်မတောင်က အတုအပ တွေများနေတယ် ပ….ဆြာပေ..
      တခြားကောင်းရာကောင်းနိုး… သနပ်ခါးဆိုတော်သေးရဲ့ ဗျာ…
      ချစ်သူ ့မျက်နှာ … ဘုပိမ့်တွေထွက်လာပါ့မယ်ဗျ

  • ခပ်မိုက်မိုက် ကောင်မလေး

    July 23, 2012 at 11:43 am

    ဝါးးးးးးးကဗျာလေး မိုက်တယ်ဗျာ…
    ——
    ရင်ခုန်သံ …. ကို
    ကဗျာတွေ ထဲ …
    ပစ်ပစ်ထည့် ….ရင်း
    ရင်ခုန်သံတွေလည်း ကဗျာတွေအဖြစ်ပြောင်းလဲကုန်ပြီပေါ့..။
    ——
    အလွမ်း ရဲ့ … လှိုင်းတွေက ဘဲ
    နှလုံးသား ကမ်းစပ်ကို ….
    ဝင်ဝင်ဆောင့် တာ ခံရတယ် …
    ကစားချင်သလို ကစားတော့တာပေါ့…။
    ——
    အားပေးသွားတယ်ဗျို့……။

  • မမ အညာသူ

    July 23, 2012 at 1:38 pm

    လှည့်မကြည့်ပေမယ့်မြင်နေရတယ်လေ……….
    အားပေးသွားပါတယ်နော်
    အရမ်းကောင်းပါတယ်

  • ခပ်မိုက်မိုက် ကောင်မလေး

    July 23, 2012 at 2:37 pm

    ကျွန်တော် မန့်ထားတဲ့…
    ခင်ဗျား ကဗျာလေးနဲ့ စာလေးကို …
    ကော်ပီကူးလိုက်ပြီနော်…
    အရမ်းကြိုက်လို့…။

  • mamanoyar

    July 23, 2012 at 2:44 pm

    အားပေးသွားပါတယ်ရှင်

Leave a Reply