ရွှေတောင်မြို့မှ ရှေးဟောင်း သမိုင်းဝင် ရဟန္တာ (၈၀) နှင့်မှဲ့ရှင်ဆရာတော်ကြီး

kpJuly 23, 20121min2629

ရဟန္တာ (၈၀)

ရဟန္တာ (၈၀)ရှေးဟောင်းသိမ်တော်ကြီးသည် ပဲခူးတိုင်း အနောက်ပိုင်း၊ ပြည်ခရိုင် ၊ရွှေတောင်မြို့နယ် ၊နွားမယံကျေးရွာ အုပ်စု ဖိုးသိန်တန်ရွာအနီး၊ရွှေတောင်ချည်မျှင်နှင့်အထည်စက်ရုံ အရှေ့တည့်တည့်
ရန်ကုန် ပြည်ကားလမ်းနဘေးတွင်တည်ရှိသည်။ဆရာတော်ကြီး ၏သိမ်အနောက်ဘက် ပေ၂၀၀ဝခန့်
အကွာတွင် ဧရာဝတီမြစ်ကြီးက တစ်သွင်သွင်စီးဆင်းနေပါသည်။

ဆရာတော်အားလာရောက် စတင်လျှောက်ထားအပ်နှံခြင်း။

၂၀၀၄၊ ဧပြီလ ၁၈ ရက် နေ့တွင်ပြည်မြို့ မှဦးဌေး ရွှေတောင်မြို့မှ ဦးဖေချစ်၊ ဦးပုနှင့် ထန်းကုန်းရွာမှ ဦးသိန်းအောင် တို့သည် မြို့နယ်သံဃနာယကအဖွဲ့၏တာဝန်ပေးချက်အရ သာသနာပြုအဖွဲ့များကို
ဦးစီးဦးဆောင်ပြုပြီး မှဲ့ရှင်ဆရာတော်အားလာရောက်လျှောက်ထားကြပါသည်။ ထိုအချိန်မှ မှဲ့ရှင်ဆရာတော်သည်ပဲခူးတိုင်း အနောက်ပိုင်း၊ ရွှေတောင်မြို့နယ် ၊မယားမာန်ကျေးရွာ ၊ကဉ္စနာဂီရိရွှေတောင်၊ငါးဆူ တောင်ဓမ္မရိပ်သာတွင် သာသနာပြုနေစဉ်ဖြစ်ပါသည်။အဆိုပါအဖွဲ့၏လျှောက်ထားချက်အရ သိရသည်မှာ တောင်ကြီးမြို့မှ ဘိုးတော်ဦးအေး သည်အိမ်မက်အရ ပြည်မြို့သို့ ရောက်ရှိလာပြီးနောက် ပြည်တော်ဝင် ဦးအေးဟုအမည်ခံကာ ထန်းကုန်းရွာနှင့် နောင်လာသောအခါ ရဟန္တာ (၈၀)ဟုအမည်တွင်မည့်တောချုံတောင်ကုန်းကြီး နေရာတွင် စေတီတစ်ဆူကိုတည်ဆောက်ပြုပြင်ခဲ့သည်ဟုဆိုပါသည်။
ပြည်တော်ဝင်ဦးအေးသည် အသားလွတ်စားပြီးသာသနာပြုခဲ့သော်လည်း တစ်နှစ်နဲ့သုံးလခန့်ကြာပြီးနောက် သာသနာခရီးမတွင်ဘဲလာဘ်လာဘနှင့် လှူဒါန်းသူနည်းပါးလာသောအခါ အသားလွတ်အကျင့်ကိုဖျက်ပြီး အသားစုံချက်စားခဲ့ပြီး ရက်အနည်းငယ်အကြာတွင် ခန္တာကိုယ်အတွင်းပိုင်း မှ
အောင့်သော ဝေဒနာဖြင့် ပြည်ဆေးရုံကြီး မှရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်ကုသခဲ့သော်လည်း ရောဂါရှာမရဘဲ
ရက်ပိုင်းအတွင်း မှာဘဲအနိစ္စရောက်သွားခဲ့ပါသည်။ပြည်တော်ဝင်ဦးအေးအနိစ္စရောက် ခဲ့ပြီးနောက်ပြုပြင်လက်စရှစ်ထောင့်ပုံစေတီငယ်မှာ အလျား၁၅ပေ၊အမြင့် ၉ပေခန့်သာပြီးစီးပါသေးသည်။သို့ပါသော်ကြောင့် ဦးဌေး ဦးဆောင်သော အဖွဲ့ မှမြို့ နယ်သံဃနာယကအဖွဲ့နှင့်တိုင်ပင်လျက် ရာသက်ပန်အသားလွတ်စားသောအကျင့်ကိုကျင့်သုံးနေသော မှဲ့ရှင် ဆရာတော်ထံ ပြည်တော်ဝင်ဦးအေးပြုပြင်လက်စစေတီတော်အားပြီးမြောက်အောင် ဆက်လက်ပြုပြင်ပေးရန်လာရောက်လျှောက်ထားခဲ့ပါသည်။

မှဲ့ရှင်ဆရာတော်ကြီးသည် အမှတ်(၉၂၉) အထူးမော်တော်ယဉ်တပ် မှတပ်ရင်းမှူးဗိုလ်မှူးသန်းထွန်းဦးအားခေါ်ပြီး သွားရောက်ကြည့်ရှူ့စစ်ဆေးရာ ချုံနွယ်ပိတ်ပေါင်းများထူထပ်စွာပေါက်ရောက် လျက် ညောင်ပင်ကြီး၄ပင်နှင့်ကုန်းကြီး ၁ကုန်းရှိသောချုံကြီးကိုတွေ့လျင်တွေ့ချင်းပင် ဤနေရာ ဤ ဌာနသည် သာသနာပြုရန်အိမ်မက်မက်ခဲ့ဖူးသော မြင့်မြတ်သောနေရာ ဘဲဟုမိန့်တော်မူခဲ့သည်။

ထို့နောက်ဆရာတော်ကြီးသည် တောရှင်းခြင်းနှင့် အုတ်ကုန်းကြီးအားစတင်တူးဖေါ်ခဲ့ပါသည်။ပထမပိုင်းတွင် တောခြုံထူထပ်ခြင်းကြောင့် အနည်းငယ်သာရှင်းလင်းနိုင်ခဲ့ရာ ပထမနေ့တွင် လူအင်အား ၈၀၊ ဒုတိယနေ့တွင် အင်အား ၁၂၀၊တတိယနေ့တွင် အင်အား ၁၈၀၊
၂၀ဝ ကျော်တို့ဖြင့် ၁ဝရက်တိုင်တိုင် ရှင်းလင်းပြီးမှ ညောင်ပင်ကြီး၄ ပင်နှင့် ကုန်းမြေပြင်ကြီးတစ်ခုပေါ်လာပြီး လေးဖက်လေးတန်
ပတ်ပတ်လည် တံတိုင်းဟုထင်ရသောအနေအထားများပေါ်ပေါက်လာပါသည်။တံတိုင်းကြီးကိုရာဟုဒေါင့်မှ စတင်တူးဖေါ်ရာ ၁ဝ ရက်
မြောက်ဖြစ်သော ၂၈-၄-၂၀၀၄ တွင် ပထမဦးစွာသျှောင်မပါသော ဦးခေါင်းရုပ်ပွားတော် တစ်ဆူကိုစတင်တွေ့ရှိရပါသည်။ထို့နောက်
ဆက်လက်တူးဖေါ်ခဲ့ ရာ ၂၉-၄-၂၀၀၄ တွင် ရဟန္တာ ရုပ်တုတော်ပေါင်း ၈ဝ ကိုတူးဖေါ်ဖူးတွေ့လိုက်ရပါသည်။အုပ်ပုံတွင်းမှလည်း
မြွေအမျိုးစားပေါင်းစုံ အကောင်ကြီး ၉ကောင် တွေ့ရှိရပါသည်။ထိုမြွေများမှာ အန္တာရယ်မပြုဘဲ မှဲ့ရှင်ဆရာတော်မှ မေတ္တာပို့လိုက်ရာ
မည်သို့မျှအန္တရာယ်မပြုဘဲ ညောင်ပင်ကြီးဆီသို့ထွက်ခွာသွားကျတာကိုအံဩစွာတွေ့ရှိရပါသည်။

ယခုအခါ မှဲ့ရှင်ဆရာတော်ကြီး ၏ ရဟန္တာ ၈ဝ ကျောင်းဝင်းကြီးမှာ ယခင်ကနဲ့မတူတော့ဘဲ ရေကန်များ ၊ ဥယာဉ်ကြီးများ ၊ဘုရားပုထိုးစေတီများပြန်
လည်ပြုပြင်မွမ်းမံပြီး ၊ လာသမျှ ဒကာဒကာမများကို သက်သက်လွတ် များနဲ့ ချက်ကျွေးဧည့်ခံနေပါတယ်။

ယခုအခါမှဲ့ရှင်ဆရာတော်ကြီး သည် ရွှေတောင်မြို့ တွင် ဉာဏ်တော် ၁၈ဝ ပေခန့်မြင့်သော ကမ္ဘာလုံး ပုံပေါ်တွင်မတ်တတ်ရပ်
ရုပ်ပွားတော် ကိုတည်ထားလျက်ရှိနေပါတယ်။

မည်သူမဆို ဆရာတော်ကြီးဆီကိုသွားရောက်ဖူးမျှော်နိုင်ပါတယ်။ရွှေတောင်မြို့ ချည်မျှင်နှင့်အထည်စက်ရုံရှေ့ ရဟန္တာ ၈ဝ ဆို
ရင်ရွှေတောင်တစ်မြို့လုံးလူတိုင်းသိပါတယ်။မှဲ့ရှင်ဆရာတော်ကြီး သည် ၁၃နှစ်သားမှ စပြီး သာသနာ့ဘောင်
ဝင်ကာ ၂ရ နှစ်တိုင်တိုင်တောထဲမှာကျင့်ကြံပြီး မှယခုလို ဘုရားများတည်ပြီးသာသနာပြုနေရခြင်းဖြစ်ပါသည်။

လှူဒါန်းလိုပါကလည်း ဆရာတော်ကြီးထံတွင် ယခုလက်ရှိတည်နေသော ကမ္ဘာလုံးရပ်တော်မူ ကြီးကို ကိုယ်တိုင်
ကိုယ်ကျသွားရောက်လှူဒါန်းနိုင်ပါသည်။

9 comments

  • ဘုဂလန့်

    July 23, 2012 at 11:10 am

    သွားဖြစ်အောင် သွားချင်ပါသေးတယ်

  • kp

    July 23, 2012 at 12:12 pm

    ဟုတ်ကဲ့ ဆရာတော်ကလည်း ဒကာ ၊ ဒကာမတွေအားလုံးကို လာလည်ဘို့ ဖိတ်ခေါ်ပါတယ်။သက်သက်လွတ်
    ထမင်းကျွေးပါတယ်။လူတွေနေထိုင်ဖို့ ကန်ရှေ့မှာအဆောင်လေးတွေနဲ့ ဒန်းတွေပါလုပ်
    ပေးထားတာ တော်တော်လေးကိုသာယာပါတယ်။ခုတည်နေတဲ့ ကမ္ဘာလုံးပေါ်မှာရပ်တော်မူဘုရားက
    ပေ ၁၈ဝ မြင့်ပါတယ်။ရွှေတောင်မြို့ဘယ်နေရာကကြည့်ကြည့် ဖူးမျှော်နိုင်ပါတယ်။

  • mamanoyar

    July 23, 2012 at 12:30 pm

    ဟုတ်ကဲ့ သွားရောက်ဖူးမျှော်ချင်ပါတယ်ရှင်

  • မမ အညာသူ

    July 23, 2012 at 1:35 pm

    ကြည်ညိုဖို့ကောင်းပါတယ်
    တစ်ခါတစ်ခေါက်သွားရောက်ဖူးမျော်ချင်စမ်းပါဘိ

  • shwe kyi

    July 23, 2012 at 2:16 pm

    ရွှေကြည်ကရွှေတောင်မြို့နယ်တွင်းဒေသကပါ။ အခုကမ္ဘာလုံးပေါ်ကရပ်တော်မူဘုရားတည်နေတာကိုအခုမှသိရပါတယ်။
    ရဟန္တာ ၈ဝ ကိုလည်းနာမည်ကြီးနေပေမယ့်သွားမဖူးဖြစ်ဖူး။ မှဲ့ရှင်ဆရာတော်ကိုတော့ဖူးဘူးပါတယ်။
    ရွှေကြည်တို့ ပြည်မှာကျောင်းတက်နေတုန်းကတူးဖော်တွေ့ပြီးကာစပဲရှိသေးတယ်။ ဒီလိုမစည်ပင်သေးဘူး။ နယ်ပြန်ရင်တခေါက်တော့ရောက်အောင်သွားဖူးဦးမှပါ။
    သတင်းပေးလို့ကျေးဇူးပါ။

  • chityimhtoo

    July 23, 2012 at 4:11 pm

    kp ရေ…မှဲ့ရှင်ဆရာတော်ကြီးက ရွှေနတ်တောင်ဘေးက မှဲ့ရှင်ကျောင်းမှာထဲကကျွန်တော်တို့လည်းကိုးကွယ်လာတာ
    ပါ။တစ်ယောက်နဲ့ တစ်ယောက်သိထားရင်တော့နောက်တွေ့ရင်နှူတ်ဆက်လို့ရတာပေါ့။
    ဘုရားထီးတင်ပွဲတိုင်းလည်း ရောက်ပါတယ်။ခုရဟန္တာ ၈ဝ နေရာကအရမ်းသာယာပါတယ်။ကျွန်တော်တို့
    အရမ်းစိတ်ရှူပ်နေရင် ဆရာတော်ကျောင်းမှာဘဲ သွားအနားယူတာပါ။ထမင်းလည်း ကျွေးတယ်..ဟိဟိ။

  • ဆူး

    July 23, 2012 at 5:30 pm

    အဲဒီက ရဟနာ္တ ၈ဝ ဆင်းတုတွေကို နှစ်တိုင်း သီတင်းကျွတ် နားနီးရင် ကြာသင်္ကန်း ဆက်ကပ်လှူဒါန်းတာတွေ ရှိတယ်။

  • ဖိုးထောင်

    July 23, 2012 at 11:52 pm

    ဘုရားတွေလည်းဖူးသွားပါတယ် သာဓုလည်း ခေါ်သွားပါတယ် ကျေးဇူးလည်းတင်ပါတယ်

Leave a Reply