***မြေလွှာသို ့ကျင့် ပညာရင့်***

maung khinminJuly 23, 20121min1016

***မြေလွှာသို ့ကျင့်….ပညာရင့်***

 

 

 


သတင်းစာ ဂေဇတ် …. ညီနောင် မြတ်တို ့

အပျင်းလည်းပြေ….ရင်းနှီးစေရေး

စာပေရေးသား….မျှခံစားရန်

ရိုးသားစိတ်ရင်း….ဝေဖန်ခြင်းမှာ

စေတနာမှန်ဖို ့…လိုလိမ့်မယ်…၊

 

သုတ၊ရသ……ကြွရွလှပ

ပညာရစေ….ကဗျာ၊စကားပြေ

ဆောင်းပါးတွေနှင့်….ယဉ်ကျေးပညာ

လိမ္မာတတ်သိ….ထွန်းညှိမီးစာ

ရင်ထဲပါအောင်…ဖော်ဆောင်အတတ်

ဉာဏ်ဖြင့်စွက်ပြီး….ရေးတတ်ပါစေ

ဝမ်းစာဖွေရျ်….မြေသို ့ကျင့်အပ်

ရေးသောလက်သည်….ထက်မြက်ကလောင်

နာမည်ပြောင်မည်…၊

 

ငါသာတတ်၏…..ငါပဲသိသည်

ငါ၏ဂုဏ်ဖော်….မသူတော်တည့်

စာပေကဝိ….မာန်မရှိပါ

ပညာဉာဏ်သိ….သူ၏လက်မှာ

မြေလွှာလိုကျင့်….အမြင့်မမျှော်

ထင်ပေါ်မှာကြောက်….မြှောက်ရျ်စင်ပေါ်

ရောက်ရျ်ကျော်လည်း….ငါပဲဆရာ

မလုပ်ပါတည့်….ပညာရှိတို ့

ကျင့်ထုံးတည်းးး။။။။

 

 



 

 

 

 

 

 

 

 

 

 

 

 

 

 

6 comments

  • ko khin kha

    July 23, 2012 at 12:13 pm

    ကောင်းသောကဗျာအဖြစ် မှတ်သားဖတ်ရှု့အားပေးပါတယ်။

  • mamanoyar

    July 23, 2012 at 12:30 pm

    ဖတ်ရှုအားပေးသွားပါတယ်ရှင်

  • မမ အညာသူ

    July 23, 2012 at 1:33 pm

    ကဗျာလေးကကောင်းပါတယ်
    သေချာဖတ်တော့ ပိုပြီတော့လေးနက်မှု့ရှိပါတယ်

  • ကိုရင်မောင်

    July 23, 2012 at 8:10 pm

    မှတ်သားလောက်တဲ့ ကဗျာလေးမို့
    ဖတ်ရှု့မှတ်သားသွားပါတယ်…….

    • maung khinmin

      July 23, 2012 at 9:40 pm

      မန် ့သွား ထောက်ငဲ့ ဆရာလေးတို ့

      မပု ကြက်သားစားပါတယ် ….

  • အရီးခင်လတ်

    July 24, 2012 at 4:04 am

    ကဗျာ ဆိုတာ စာနည်းနည်း နဲ့ ဖွဲ့ ရပေမဲ့ အတော် ပညာပါရ ပါတယ်။
    အနှစ်တွေ နဲ့ ပြည့်နေတဲ့ စာတွေကို ဖတ်ရင်း လိုက်နာ နိုင်ဖို့ ကြိုးစားပါ့မယ်။
    ကျေးဇူးတင်ပါတယ် ဆရာမောင်ခင်မင် ရှင့်။ 🙂

Leave a Reply