**ချစ်ခြင်းတစ်ခုမှာ
ခမ်းနားတဲ့ အလွှာတွေ ကပ်ပါလိမ့်မယ်လို့
ငါသတိမထားမိလိုက်ဘူး…။

~~ချစ်ခြင်းတစ်ခုမှာ
မာယာများတဲ့ လှည့်ကွက်တွေ နင့်ဆီမှာ ရှိနေလိမ့်မယ်လို့
ငါမထင်ထားလိုက်မိဘူး…။

>>ချစ်ခြင်းတစ်ခုမှာ
ဟန်ဆောင် လိမ်ညာပြောတတ်တဲ့ အပြောချိုချိုလေးတွေ
ရှိနေတတ်တာ သတိလက်လွတ်နဲ့ ငါမေ့ထားခဲ့မိတယ်…။

@@ ချစ်ခြင်းတစ်ခုမှာ
ဖြူစင်သန့်ရှင်းတဲ့ ချစ်ခြင်းတွေရှိနေလိမ့်မယ်လို့
အကြွင်းမဲ့ ငါယုံကြည်ခဲ့မိတယ်…။

**ချစ်ခြင်းတစ်ခုမှာ
အရမ်းဂရုစိုက်တတ်ပြီး အလေးထားတတ်တဲ့ နင့်ကို
မျှော်လင့် ချက်ကြီးကြီး ထားခဲ့တာ ငါပဲမှားတာပါ…။

~~ချစ်ခြင်းတစ်ခုမှာ
ငါထင်ထားသလို မဟုတ်ဘဲ နောက်ဆုံးတော့လည်း
ဥပေက္ခာတွေ ငါပဲရခဲ့တာပါ နင်ပြောင်းလဲသွားခဲ့တယ်နော်…။

@@ ချစ်ရတဲ့သူရေ လူကြုံလည်း မပါး
စာလွှာလည်း မရောက် မက်ဆေ့လည်းမပြန်တော့ဘူးနော်
ငါက ဆင်းရဲသားလေးမို့လားကွယ်
ဆင်းရဲသားလေးမှာလည်း ချစ်တတ်တဲ့ နှလုံးသားနဲ့ ဖြူစင်ခြင်းတွေအပြည့်နဲ့ပေါ့…။

>> နင့်အတွက်နဲ့ ငါဘယ်လောက်မျှော်လင့်ထားရလဲဟာ
နင်ကတော့ သိမှာမဟုတ်ပါဘူး အပျော်ကြီး ပျော်နေနိုင်သူပဲလေ
ငါမပျော်လည်း ငါချစ်တဲ့သူတွေ ပျော်နေရင် ကျေနပ်ပါတယ်…။

** နင်ကတော့ င့ါကို နည်းနည်းလေးမှ ကိုယ်ချင်းမစာဘူး ငဲ့မကြည့်ဖူးဘူးနော်
ရပါတယ် နင့်ကြောင့် ငါမပျော်ရွှင်ရပေမယ့် င့ါကြောင့်တော့
နင့်ကို ဝမ်းမနည်းစေချင်ပါဘူး။ နင်မသိနိုင်ပေမယ့် ငါမပျော်လည်း
နင့်ကိုပဲဆုတောင်းပေးလိုက်ပါတယ် နင်တစ်ယောက် ပျော်ရွှင်ပါစေလို့ပေါ့…။

~~ ချစ်ရတဲ့သူရေ
ငါက မြေကပ်ပန်းဆိုတော့
မိုးထိပန်းကိုမှ နမ်းချင်တဲ့
နင့်အတွက်တော့ ဘယ်အသုံးဝင်မလဲနော်…။

@@ ဘာပဲဖြစ်ဖြစ်ပါ
အရာအားလုံးနဲ့ထပ်တူ
နင့်ရဲ့…ဘဝ
နင့်ရဲ့…ကမ္ဘာလေး
သာယာပျော်ရွှင်လို့
ကျန်းမာပါစေလို့
ငါ………..
တောင်းဆုတစ်ခုပြုရင်းသာ………….။ ။

ခင်မင်လျှက်….မိုက်လေး။။။။။။။။။ (* _ *)

About ခပ်မိုက်မိုက် ကောင်မလေး

ခပ်မိုက်မိုက် ကောင်မလေး has written 36 post in this Website..