!!..နင်တစ်ယောက် ပျော်ရွှင်ပါစေ..!!

**ချစ်ခြင်းတစ်ခုမှာ
ခမ်းနားတဲ့ အလွှာတွေ ကပ်ပါလိမ့်မယ်လို့
ငါသတိမထားမိလိုက်ဘူး…။

~~ချစ်ခြင်းတစ်ခုမှာ
မာယာများတဲ့ လှည့်ကွက်တွေ နင့်ဆီမှာ ရှိနေလိမ့်မယ်လို့
ငါမထင်ထားလိုက်မိဘူး…။

>>ချစ်ခြင်းတစ်ခုမှာ
ဟန်ဆောင် လိမ်ညာပြောတတ်တဲ့ အပြောချိုချိုလေးတွေ
ရှိနေတတ်တာ သတိလက်လွတ်နဲ့ ငါမေ့ထားခဲ့မိတယ်…။

@@ ချစ်ခြင်းတစ်ခုမှာ
ဖြူစင်သန့်ရှင်းတဲ့ ချစ်ခြင်းတွေရှိနေလိမ့်မယ်လို့
အကြွင်းမဲ့ ငါယုံကြည်ခဲ့မိတယ်…။

**ချစ်ခြင်းတစ်ခုမှာ
အရမ်းဂရုစိုက်တတ်ပြီး အလေးထားတတ်တဲ့ နင့်ကို
မျှော်လင့် ချက်ကြီးကြီး ထားခဲ့တာ ငါပဲမှားတာပါ…။

~~ချစ်ခြင်းတစ်ခုမှာ
ငါထင်ထားသလို မဟုတ်ဘဲ နောက်ဆုံးတော့လည်း
ဥပေက္ခာတွေ ငါပဲရခဲ့တာပါ နင်ပြောင်းလဲသွားခဲ့တယ်နော်…။

@@ ချစ်ရတဲ့သူရေ လူကြုံလည်း မပါး
စာလွှာလည်း မရောက် မက်ဆေ့လည်းမပြန်တော့ဘူးနော်
ငါက ဆင်းရဲသားလေးမို့လားကွယ်
ဆင်းရဲသားလေးမှာလည်း ချစ်တတ်တဲ့ နှလုံးသားနဲ့ ဖြူစင်ခြင်းတွေအပြည့်နဲ့ပေါ့…။

>> နင့်အတွက်နဲ့ ငါဘယ်လောက်မျှော်လင့်ထားရလဲဟာ
နင်ကတော့ သိမှာမဟုတ်ပါဘူး အပျော်ကြီး ပျော်နေနိုင်သူပဲလေ
ငါမပျော်လည်း ငါချစ်တဲ့သူတွေ ပျော်နေရင် ကျေနပ်ပါတယ်…။

** နင်ကတော့ င့ါကို နည်းနည်းလေးမှ ကိုယ်ချင်းမစာဘူး ငဲ့မကြည့်ဖူးဘူးနော်
ရပါတယ် နင့်ကြောင့် ငါမပျော်ရွှင်ရပေမယ့် င့ါကြောင့်တော့
နင့်ကို ဝမ်းမနည်းစေချင်ပါဘူး။ နင်မသိနိုင်ပေမယ့် ငါမပျော်လည်း
နင့်ကိုပဲဆုတောင်းပေးလိုက်ပါတယ် နင်တစ်ယောက် ပျော်ရွှင်ပါစေလို့ပေါ့…။

~~ ချစ်ရတဲ့သူရေ
ငါက မြေကပ်ပန်းဆိုတော့
မိုးထိပန်းကိုမှ နမ်းချင်တဲ့
နင့်အတွက်တော့ ဘယ်အသုံးဝင်မလဲနော်…။

@@ ဘာပဲဖြစ်ဖြစ်ပါ
အရာအားလုံးနဲ့ထပ်တူ
နင့်ရဲ့…ဘဝ
နင့်ရဲ့…ကမ္ဘာလေး
သာယာပျော်ရွှင်လို့
ကျန်းမာပါစေလို့
ငါ………..
တောင်းဆုတစ်ခုပြုရင်းသာ………….။ ။

ခင်မင်လျှက်….မိုက်လေး။။။။။။။။။ (* _ *)

19 comments

  • မိုးမှောင်

    July 23, 2012 at 4:23 pm

    ဘင်္ဂလီအရေးတွေး
    ငေးမှိုင်ကာ
    မောင်ကြီးမပျော်နိုင်
    ဖြစ်နေရပါတယ်
    ကောင်မလေးရယ်

  • snow white

    July 23, 2012 at 4:36 pm

    စာပြန်ဘူးလား တို့မိုက်လေးကို ဘယ်သူက စာမပြန် message မပို့ ဘူးလားဘယ်သူလည်းပြော စနိုး ဖြေရှင်းပေးမယ်။။။

  • maung khinmin

    July 23, 2012 at 4:38 pm

    ထပ်တူခံစား အားပေးသွားတယ်ဗျာ

  • ခပ်မိုက်မိုက် ကောင်မလေး

    July 23, 2012 at 4:39 pm

    မိုက်လေး မရှိလဲ ပျော်နေနိုင်သူပဲမို့…
    ပျော်ပါစေလို့ပဲ ဆုတောင်းပေးနေမှာပါ စနိုးရယ်…။

  • ညလေး

    July 23, 2012 at 6:35 pm

    မို်က်လေးပျော်ရင်………..
    ကိုကိုညလေးလည်းပျော်ပါတယ်နော်……
    မိုက်လေးရယ်……..ဝင်ရောက်ခံစားသွားပါတယ် …..

  • မောင်ပေ

    July 23, 2012 at 6:58 pm

    ချစ်ရတဲ့သူတွေ
    မိန်းခလေးချော
    အပျိုလေးတို ့ရေ
    မင်းတို ့လေးတွေ
    အလန်းစားတွေ
    နေ ့စဉ်တွေ ့ရပေ
    အသက်ရှူမဝ
    စိတ်ချမ်းမြ
    ငါ့မှာ ရင်ပူလှ

  • အလင်းဆက်

    July 23, 2012 at 7:17 pm

    ရှယ်ပဲ.။ အချစ်ကို…စာဖွဲ့တဲ့နေရာမှာတော့…
    ရှယ်..ပါပဲ..မိုက်လေးရေ..။

    အချစ်ဆိုတာ…ဘာလဲ..လို့မသိသေးတဲ့ တားတားတောင်..အချစ်ကို စိတ်ဝင်စား..လာအောင်
    ရေးနိုင်ပါပေ့…။

    ချစ်ရတဲ့သူရေ
    ငါက မြေကပ်ပန်းဆိုတော့
    မိုးထိပန်းကိုမှ နမ်းချင်တဲ့
    နင့်အတွက်တော့ ဘယ်အသုံးဝင်မလဲနော်…။ တဲ ့
    တင်စားချက်က..လှ ရက်နိုင်လွန်း….

    ခင်မင်စွာ

  • မဟာရာဇာ အံစာတုံး

    July 23, 2012 at 8:35 pm

    အကျန်ပေးရရင်ဖြင့်
    အဲ့လို မဖြစ်ရလေအောင်
    မြန်မာ ဗီဒီယို ဇာတ်ကားတွေ များများကြည့်ဗျ .. 😀
    နောက်တာပါနော့ …
    ကဗျာလေးကို အားပေးသွားပါတယ် ..
    အသည်းကွဲ ကဗျာတွေဆိုရင် သိပ်မဖတ်ချင်ဘူးဗျာ ..
    မိအေး နှစ်ခါ ထပ်မနာချင်လို့ … 🙁

  • သန်းထွဋ်ဦး

    July 23, 2012 at 9:54 pm

    @@ ချစ်ခြင်းတစ်ခုမှာ
    ဖြူစင်သန့်ရှင်းတဲ့ ချစ်ခြင်းတွေရှိနေလိမ့်မယ်လို့
    အကြွင်းမဲ့ ငါယုံကြည်ခဲ့မိတယ်…။

  • ဖိုးထောင်

    July 23, 2012 at 11:32 pm

    ချစ်ခြင်းတစ်ခုမှာ ကိုအောင်ပုကြီးတင်ထားတဲ့(အီးပုံ) ဓါတ်ပုံကြီးတွေ ပါတာ ငါသတိမထားမိဘူး
    ချစ်ခြင်းတစ်ခုမှာ ဝါးကျည်တောက်နဲ့ထည့်လာတဲ့ ပဲပုပ်ပျော့တွေ ပါလာတာ ငါမသိလိုက်ဘူး
    ချစ်ခြင်းတစ်ခုမှာ ဖရဲသီးနဲ့ဘဲဥ စားလို့ ဝမ်းလျှောမှာ ငါတွေးမပူဘူး
    ချစ်ခြင်းတစ်ခုမှာ မမ etone စီးလာတဲ့ဘတ်စ်ကားတစ်စီး ရှိရင် လုံလောက်မှန်း ငါမတွေးလိုက်မိဘူး
    ချစ်ခြင်းတစ်ခုမှာ ကိုပေလို ၂ လုံးဒိုင်ကိုအပီဖမ်းရမှန်း ငါမစဉ်းစားမိခဲ့ဘူး
    ချစ်ခြင်းတစ်ခုမှာ ညွှတ်ညွှတ်ညွှတ်…

  • ခပ်မိုက်မိုက် ကောင်မလေး

    July 24, 2012 at 10:06 am

    အခုလို မိုက်လေး ရေးတဲ့စာလေးကို…
    အားပေးသွားတဲ့ မန်းဂေဇက် သူငယ်ချင်းများအားလုံးကို…
    ကျေးဇူးတင်ပါတယ်ရှင်….။

    ခင်မင်လျှက်….မိုက်လေး

  • မမ အညာသူ

    July 24, 2012 at 11:19 am

    မိုက်လေးရဲ့စားသားကခံစားချက်အပြည့်နှင့်ဆိုတော့
    တကယ်ပဲဖတ်လို့ကောင်းပါတယ်
    မိုက်လေးရဲ့စာကိုဖတ်ပြီရင်ထဲမှာခိုးလို့ခုလုခံစားလိုက်ရသလိုပါပဲလား 😛

  • Solid_Sn@ke

    July 24, 2012 at 11:23 am

    ဟာဂျာ … မေးဇိ အကွဲလေးကို ပြောင်း ဂျစ် မိတာ ကျုပ်အပြစ်လားဗျာ…
    :mrgreen:

  • ခပ်မိုက်မိုက် ကောင်မလေး

    July 24, 2012 at 2:17 pm

    လင်းလင်း ပြောသလိုဆို…
    င့ါဘက်ကမှားတာပါ…
    အကုန်လုံးမှန်ပါတယ်…။
    ———
    အားပေးခံစားသွားတဲ့အတွက်…
    ကျေးကျေးပါ….ညာ

  • သန်းထွဋ်ဦး

    July 24, 2012 at 10:35 pm

    ဖြူစင်သန် ့ရှင်းတဲ့ မေတ္တာက ရောင်ပြန်ပါတယ် မိုက်လေးရေ။

  • ခပ်မိုက်မိုက် ကောင်မလေး

    July 25, 2012 at 9:02 am

    ဟုတ်ကဲ့..အဲ့လိုဖြစ်ရင် ကောင်းမှာပဲနော်…။

  • Naing Ngan Kyaw

    September 21, 2012 at 3:23 pm

    Action ရှိမှ Reaction ဆိုတာပြန်တာလာပါ။
    ခပ်မိုက်မိုက်ကောင်မလေးကိုတစ်ခုလောက်တော့ အကြံပေးချင်တယ်။။။။။။။။
    ကိုယ်ကပေးထားပါတယ်…………..အချစ်တွေကို လေ………
    သူကမှမယူတော့တာ…………အဲဒီအချစ်တွေကိုပဲလေ…………..
    အဲဒီမှာ သူကမှမယူချင်တော့တာပဲလေ………..အချစ်တွေကို သူ့အတွက်အဆုံးသတ်လိုက်ပါတော့။။။။။။။။။။
    ဇာတ်သိမ်းလိုက်ပါတော့……….ခပ်မိုက်မိုက်ကောင်မလေးရဲ့ အချစ်တွေက သူနဲ့မထိုက်တန်တော့လို့……..
    ပဲသတ်မှတ်လိုက်ပါတော့။။။။။။။။။။

  • mayjuly

    September 21, 2012 at 4:15 pm

    အမုန်းဆို တာ အချစ်မဟုတ်ပေမယ့် ..

    အချစ်ကတော့ တစ်ခါတစ်လေ အမုန်းဖြစ်လာတတ်တယ်..

    အဲဒီ့ အမုန်းဆိုတာကြီးကို ခံနိုင်ရှိမှ အချစ်ဆိုတာကိုလက်ခံလိုက်ပါ ..

    ဘာလဲတော့မသိ .. ဝင်ပွားကြည့်တာ :kwi:

  • mayjuly

    September 21, 2012 at 4:16 pm

    အမုန်းဆို တာ အချစ်မဟုတ်ပေမယ့် ..

    အချစ်ကတော့ တစ်ခါတစ်လေ အမုန်းဖြစ်လာတတ်တယ်..

    အဲဒီ့ အမုန်းဆိုတာကြီးကို ခံနိုင်ရည်ရှိ မှ အချစ်ဆိုတာကိုလက်ခံလိုက်ပါ ..

    ဘာလဲတော့မသိ .. ဝင်ပွားကြည့်တာ :kwi:

Leave a Reply