Remember Me?

koyin sithuJuly 23, 20121min24935

ချစ်သူရေ…

ကြယ်တစ်ပွင့် လတခြမ်းနဲ့ အလင်းအိုတွေကို

ဖြတ်ရင်းနဲ့ ဉာဥ့်ဦးယံက ဓူဝံကြယ်တောင်

ထွက်လာပြီပေါ့။

ပင်လယ်ကမ်းနံဘေးကနေ

အလွမ်းအဆွေးတွေ မပြောပြချင်ပေမဲ့

ကဗျာတပုဒ် စာတစ်အုပ်ကို

ငါ့နှလုံးသားက ဆွဲထုတ်ပြီးမင်းကို ပေးချင်လိုက်တာ။

 

ချစ်သူရေ…

မင်နဲ့ ပတ်သက်ရင် ငါဟာ

အရှူံးပေးခြင်းကိုသာ ယဉ်ပါးခဲ့ရ

ငါတို့ဟာ မရှာဖွေပဲ တွေ့ရှိကြသူတွေလည်းဖြစ်တယ်။

 

ချစ်သူရေ…

အလွမ်းတွေက ထုတ်ချင်းခတ်လို့

ဒီရာသီ၊ ဒီပင်လယ်ပြင်ကြီးထဲမှာ

ငါလည်း နေသားတကျရှိခဲ့ရပြီ….။

35 comments

  • စိန်ဗိုက်ဗိုက်

    July 23, 2012 at 5:53 pm

    ကိုရင်ရေ..
    ကဗျာလေး ဟတ်ထိတယ်ဗျာ
    ပင်လယ်ထဲမှာ အိုကေပါစေကြောင်းဆုတောင်းလျက်ပါဗျား..
    လက်မထောင်သွားပါတယ်

    • ကိုရင်စည်သူ

      July 23, 2012 at 6:20 pm

      အထာမိုက်၊ ဘီအီးကြိုက်တဲ့ ဆြာဗိုက်ရေ… အားပေးတာကျေးဇူးပါဗျာ..။
      စာသိပ်ရေးဖို့ အချိန်သိပ်မရတာနဲ့ လက်တန်းကဗျာလေးစပ်မိတာပါ။
      ရွာထဲမှာလဲ ဘာပဲဖြစ်ဖြစ်နေနေ ပို့စ်လေးတစ်ပုဒ်တော့ အမြဲသတိရနေ။
      ဖတ်နေကြောင်း သတင်းပို့ချင်လို့ရယ်ပါ။
      ကိုဗိုက်ရေ… ကျနော် အခုရောက်နေတာ ပင်လယ်နီထဲမှာပါ။ အာဖရိကတိုက်နဲ့ အာရပ်နိုင်ငံတွေကြားမှာပါ။
      ဒီကနေ သုံးနာရီလောက် ဆက်မောင်းသွားရင် စူးအက်တူးမြောင်းကို ရောက်ပါတယ်။
      သတင်းထူးအနေနဲ့ကတော့ ကိုရင့်ခမျာ သင်္ဘောပေါ်ရောက်မှ တော်တော်လေး ငါးပါးသီလထိန်းဖြစ်နေပါတယ်။ 🙂 (ဘာမှမရလို့.. ဘာမှမရလို့… ဟီး..)
      ရန်ကုန်မှာတုန်းကတော့ ကိုရင်ခမျာ ဂျိုကာလိုမျိုး ဘာလာလာဒေါင်းဖို့ အသင့်ရှိနေတဲ့ အဖြစ်ကနေပေါ့ဗျာ.. 😀 😀
      ဘီဘီပြတ် စည်ငတ်နေတဲ့ ကိုရင့် အဖြစ်ကို မိမိုးZ သာသိလို့ကတော့ မေခလာနတ်သမီးလို လာကယ်မယ့်
      အဖြစ်ကို မြင်ယောင်မိသေး.. အဟီး.. 😀 😀 😎

      • manawphyulay

        July 23, 2012 at 6:35 pm

        ကောင်းတယ်။ ဒါမှ ဘီယာဗိုက် လေနည်းနည်းလျှော့သွားမှာ… မှတ်ကရော…

      • Moe Z

        July 23, 2012 at 10:05 pm

        ဘာကိစ္စမိမိုးZက ပါလာရပြန်ပြီတုန်း
        ကိုရင်စည်သွပ်တော့ BBQ ဖြစ်ချင်ပြီထင်တယ် 👿

        • Solid_Sn@ke

          July 24, 2012 at 4:50 am

          ဟုတ်ပါ့ …
          သည်လူဂျီးဗျာ…
          😀

        • htoosan

          July 24, 2012 at 7:34 am

          BBQ လုပ်စရာ မလိုဘူးလေ … အလေးခံပြီး ကုန်းပေါ်သယ်မလာနဲ့ .. ရေထဲပြန်ပစ်ချလိုက်ရင် ရနေပြီဘဲ .. 😀

      • ကြောင်ဝတုတ်

        July 24, 2012 at 9:47 am

        ကျွန်တော်လာကယ်ပါ့မယ် ကိုရည်စည်သူရယ်… ခင်ဗျားစိတ်ပါရင်နော်…ဟိ
        ရန်ကုန်ရောက်ရင်တော့ ဂျိုကာပြန်လုပ်နော်… ပြန်လာရင်တွေ့ကြတာပေါ့…

        ကြောင်ဝတုတ်

  • manawphyulay

    July 23, 2012 at 6:13 pm

    နေသားကျနေရင်လည်း
    ပြန်မလာပါနဲ့လား… ဂျစ်တူရယ်….. အဟိ

    သိပ်ကျေနပ်တာမဟုတ်ဘူးနော်။ ….. တိတ်တဆိတ်သွားကြတဲ့ နှစ်ယောက်စလုံးကို ပြန်လာရင်တော့
    အကြွေးလာဆပ်ကြဦး ဒါပဲ။ အီးတီလည်း ဂိုးပြီထင်ပါရဲ့…

    • ကိုရင်စည်သူ

      July 23, 2012 at 6:58 pm

      အင်း… အီးတီးလည်း ဂိုးသွားပီ။ ကိုရင်နဲ့ ရက်ပိုင်းပဲ ကွာတယ်။
      သူက အခု ကိုရီးယားဘက်မှာ နှပ်နေတယ်ဆိုလားပဲ။
      တိတ်တဆိတ်မတွားပါဘူး အကုန်သိပါဒယ်… သူဒါ သများတို့ကို
      ဂရုမစိုက်ဘဲ ကန်တော်ကြီးလှိမ့်သွားပီး မသိဖြစ်နေဒါ… အဟီးး 😛 😛
      နေသားမကျရင်လည်း မရတာမို့ နေသားကျအောင် ကြိုးစားနေနေရဒါ.. 🙁 🙁
      သင်္ဘောပေါ်ကနေ လေယာဉ်ဖြတ်တိုင်း ဘီးဖက်လိုက်ချင်နေဒါ…
      ခုတော့.. ခုတော့…
      လေယာဉ်ဖြတ်တိုင်း မျက်ရည်ဝိုင်းနေတဲ့ ကိုရင်လေးအဖြစ်ကို
      အေမီလေးသာသိရင် …….. 😳 😳

  • မဟာရာဇာ အံစာတုံး

    July 23, 2012 at 8:10 pm

    ကဗျာကလည်း လန်းတယ် ..
    ကာတွန်းပုံကလည်း ရှယ်ပဲ …

    ဒါနဲ့ ဒီကဗျာလေးက
    ညအခါ လသာသာမှာ
    ပင်လယ်ပြင်ကြီးရဲ့ လေညှင်းနဲ့အတူ
    ပေါက်ဖွားလာခဲ့တာများလားဗျာ …

  • Moe Z

    July 23, 2012 at 10:01 pm

    ဪ….သနားစရာ ရေမျောကမ်းတင်သင်္ဘောသီးရဲ့ရေတွင်းပျက်ပေါ့ :mrgreen:
    ကာတွန်းကတော့ မိုက်တယ် 😀

  • ဇွဲမာန်(အင်းဝ)

    July 23, 2012 at 10:43 pm

    ကဗျာလေးကလန်းတယ်ဆိုတော့အားပေးသွားပါတယ်ကိုရင်…ရေ..

  • ဖိုးထောင်

    July 23, 2012 at 11:12 pm

    အကြိုက်တူသွားပြီ ဗိုက်ပူရေ ခိုက်သူတွေလာရင် ရိုက်ယူကြတာပေါ့နော့ ညွှတ်ညွှတ်ညွှတ်

  • TTNU

    July 24, 2012 at 1:32 am

    ကိုရင်ရေ..
    နေကောင်းရဲ ့လား။
    ပြန်လာပြီလား။
    ပြန်ထွက်သွားပြီလား။
    အိပ်ရာဝင်ဘုရားရှိခိုးအိပ်နော်။

    မေတ္တာဖြင့်
    TTNU.

  • အရီးခင်လတ်

    July 24, 2012 at 4:02 am

    ကိုရင်စည်လေးရေ
    မှတ်မိ ပါတယ်။ သတိလဲ ရပါတယ်။
    ကာတွန်းလေး ကိုကြည့်ပြီး ပြုံးသွားပါတယ်။
    မချိပြုံးပေါ့။
    ဒါပေသည့်
    နှစ်သိန်းတန်ဖုန်း ဆိုလား၊ ရပါတယ်တဲ့။
    ရေကြီးအောင်ကို မိုး လဲ မပြတ် ရွာနေပါတယ်တဲ့။
    ဒုတိယ ပင်လုံ ညီလာခံ လုပ်မှာပါတဲ့။
    ဒီတော့ မေခလာ ကိုပါ တပါတည်း ဆွဲဆောင် ခါ်ခဲ့ လို့ ရပါတယ်။

    လေယာဉ်ဖြတ်တိုင်း ဘီးဖက်လိုက်ချင်နေတဲ့ ဖီလင် ကို ခံစား ခဲ့ဘူးပါရဲ့ ကိုရင် ရယ်။
    ကိုယ်ချင်း တကယ်ကြီး စာပါတယ်၊

    အားလုံး အဆင်ပြေ အောင်မြင်ပါစေကွယ်။ 🙂

    • ကိုရင်စည်သူ

      July 24, 2012 at 12:14 pm

      အရီးလတ်ရေ… ကိုရင့်ဖီလင်ကို အမှီအလျင် ခံစားပေးတဲ့အတွက် ကျေးဇူးပါခင်ည။
      အရီးကွန့်မန့်မှာ အနီကတ်လေးတစ်ခုတွေ့တာနဲ့
      အနော် အသဲကြားက အစိမ်းတစ်ပြားပြန်ပေးခဲ့ပါတယ်နော့်.. 🙂 🙂

  • Shwe Tike Soe

    July 24, 2012 at 9:07 am

    အော် ကရင်စီ ဟိုတစ်ခေါက်က အတူပြန်ရင်း အိမ်ရောက်ပမလားစိတ်ပူနေတာ အခုတော့ သင်္ဘောပေါ်တောင်ရောက်သွားပီကိုး….
    စူးအက်တူးမြောင်းရောက်ရင် ဓာတ်ပုံလေးတွေ ရိုက်တင်ပေးအုံးနော်……… ကရင်စီရေ…

  • mamanoyar

    July 24, 2012 at 9:36 am

    ကိုရင်စည်သူကို ရွာထဲရောက်ကတည်းက တစ်ခါမှမတွေ့ဖူးဘူးထင်တယ်
    အားပေးသွားပါတယ်နော်

  • amatmin

    July 24, 2012 at 9:42 am

    ကိုရင်မိုးတိမ်စည်သူရေ..
    သတိအကြီးကြီး ရပါဒယ်ဗျာ..
    မိုးတိမ်လို ကိုယ့်ရပ်ကိုယ့်ရွာကိုများ ပြန်လွင့်လာခဲ့ရင်..
    ပြန်ဆုံကြသေးသပေါ့လေ.. 🙂
    အခုတော့ အစစအဆင်ပြေပါစေကြောင်း..

  • Ma Ei

    July 24, 2012 at 9:58 am

    သတိရနေသူတွေအတွက်
    ကောင်းလိုက်တဲ့ ကာတွန်းလေး
    အခြေနေတွေကတော့ ဇနက္က မင်းသား
    အားလျှော့သွားလောက်အောင်ပါဘဲနော်…

  • ခပ်မိုက်မိုက် ကောင်မလေး

    July 24, 2012 at 10:48 am

    Remember me?..တဲ့
    မိုက်လေးကတော့ remember you…!

    ပြောချင်ပါတယ်…
    Don’t you forget me?…လို့
    ———-

    ကဗျာလေး ကောင်းတယ်ဗျ..
    အားပေးသွားပါတယ်…။

  • ချာလီဂဇက်ဒလဝမ်

    July 24, 2012 at 11:18 am

    ကိုရင်စည်သူ ( တောကကိုရင် )
    ပျောက်ချင်သားကောင်းလိုက်တာ
    လွမ်းတောင်လွမ်းသကွဲ့

  • Khaing Khaing

    July 24, 2012 at 11:19 am

    ကိုစည်သူရေ ……. ပင်လယ်ထဲမှာနေလို့ရတုန်းနေထားပါ …… ကုန်းပေါ်ရောက်ရင် သင်္ဘောတက်ချင် သင်္ဘောရောက်တော့ ကုန်းကိုလွမ်း ……. ဒါကသဘာဝပါပဲ စကားတခွန်းပြောလိုက်ပါမယ် … ငါးတွေကို ကုန်းပေါ်တင်ရင် ငါးတွေက ဖျတ်ဖျတ်ကိုလူးနေတာပဲတဲ့ ဒါကြောင့် လူတွေလည်းရေထဲဆင်းတော့ ခံစားနေရ တာမဆန်းပါဘူး ……. စိတ်ညစ်တိုင်း ရန်ကုန်ရောက်ရင် ငါဘာတွေလုပ်မယ်ဆိုပြီးဖြေသိမ့်လိုက်ပေ့ါ အားလုံး အိုကေသွားမှာပါ …… မြန်မာတွေဘယ်နှစ်ယောက်ရှိပါသလဲ …..

    ခင်မင်လျှက်
    ခိုင်ခိုင်

  • မမ အညာသူ

    July 24, 2012 at 11:32 am

    ဟဟ
    ပုံရောစာရောတကယ်မိုက်တယ်ဗျာ
    ခေပါတယ် ခေပါတယ်

  • maung khinmin

    July 24, 2012 at 11:36 am

    ကိုရင် ….လိုချင်နေတာ …ဘာလဲတော့မသိသလို နဲ ့သိသလိုပဲ

  • နှင်းဆီ ငုံ

    July 24, 2012 at 3:06 pm

    အော် ကိုရင်က သဘောင်္သီးလား .. အဲ အဲ မှားလို့ … သင်္ဘောသားလား …
    ကာတွန်းလေးရော ကဗျာလေးရော ကြိုက်ပါတယ် … အားပေးသွားပါတယ်နော် …

  • pooch

    July 24, 2012 at 3:59 pm

    Remember me ဆိုလို့ ရောဘတ်ပတ်တင်ဆန် ဇာတ်လမ်းများလား ဆိုပြီး ဝင်လာတာ ။
    လတ်စသတ်တော့ ကိုရင် လွမ်းနေရှာတာကိုး။

    အဲ့ဒီဇာတ်ကားထဲမှာ ရောဘတ်ကတော့ အလွမ်းတွေနဲ့ ဇာတ်သိမ်းသွားတယ်။

    ကိုရင်ကတော့ အပျော်တွေနဲ့ ဇာတ်သိမ်းပြီး ကိုကမ်းကြီး စကား ငှားပြောရရင် ပျော်ရွှင်ခြင်း ပွဲတော်ကို ရောက်နိုင်ပါစေလို့ ပါ။ 😀

  • min min san

    July 25, 2012 at 11:14 pm

    ko yin

    Still good shape and nice poem!!

  • blackchaw

    July 25, 2012 at 11:25 pm

    ညီလေးရေ…။
    ကိုယ်တို့လည်း ဝေးသွားမှ
    သတိရနေကြတာဗျ…။
    နီးတကျက်ကျက် ဝေးတစ်သက်သက်
    ဆိုတဲ့ စကားလို့ပေါ့..။
    သမီးရီးဇားတွေ ဆိုရင်တော့
    ဒီသီချင်းလေးနဲ့ လွမ်းလို့အတော်ကောင်းမှာဗျ..။
    ဂျေမောင်မောင် သီချင်းလေးလေ…။

    နေနိုင်ရက်နဲ့ မင်းရဲ့အနား
    မနေဖြစ်ခဲ့တဲ့ အချိန်လေးတွေ
    ကိုယ်အများကြီး လွှတ်ပစ်မိခဲ့
    အခုမှ ပြန်နှမြောနေ
    သတိရနေတယ် အချစ်ရယ်..
    သတိရနေတယ် အချစ်ရယ်…
    အရင်အချိန်တွေထက် ပိုချစ်နေသလိုပဲ.. အချစ်ရယ်

    ကိုယ်တို့လည်း
    ညီလေးကို
    တကယ် သတိရနေပါတယ် ကိုရင်ရေ..။
    ဖင်ပိတ်ညင်းတယ်ဆိုတဲ့
    ညီလေးရဲ့ စာသားလေးကိုလည်း လွမ်းနေပါတယ်..။
    သတိရနေတဲ့
    ဘလက်…။

  • Foreign Resident

    July 26, 2012 at 3:02 am

    ကိုရင် Red Sea ဆိုတော့ ၊
    Gulf of Aden ဘက်ကောထွက်သေးလား ။
    အဲဒီဖက်ထွက်ရင် Security ဘယ်နှစ်ယောက်တက်လဲ ။
    Container, Reefer, RORO, GC, Bulk, Tanker ဘာသင်္ဘောလဲ ။

    • ကိုရင်စည်သူ

      July 26, 2012 at 11:46 am

      အဘရေ… ပင်လယ်နီတကြောသွားတာပါ။ အေဒင်ဘက်လည်းရောက်ပါတယ်။
      သင်္ဘောက F.O Tanker ပါ။ ဆီတင်ပီး ပတ်ပို့နေပါတယ်ခင်ည။
      လှေသကြီးကလည်း မူဆလင်အဘရဲ့… အင်တာနက်လေး သုံးလို့ရတာကလွဲရင် ကျန်တာတော့
      သိပ်နေလို့မကောင်းဘူးရယ်… အဘရေ… 😥 😥

      • Foreign Resident

        July 26, 2012 at 11:54 am

        အေဒင်ဘက်ကိုရောက်ရင်တော့ Pirate ဂရုစိုက်ပေါ့ကွယ် ။
        Tanker လိုက်တာကောင်းပါတယ် ။
        အရာရှိဖြစ်ရင်တော့ Chemical Tanker လိုင်း ဝင်ကြည့်ပေါ့ ။
        လစာ အရမ်းများတယ်လေ ။
        Crew ဘဝမှာတော့ Chemical Tanker လိုင်း မ ဝင်ကြည့်နှင့် ။
        အန္တရာယ် အရမ်းများတယ် ။

  • kai

    July 26, 2012 at 4:30 am

    ပင်လယ်ကြီးနဲ့လက်ထပ်ထား..
    သဲသောင်ကမ်းနား..
    သားသမီးရနေပြီလား..။

  • MaMa

    July 26, 2012 at 6:39 am

    ကိုရင်တစ်ယောက် ရွက်လွှင့်သွားတာကို မသိလိုက်ဘူး။
    ဘဝရေအလျှင်တကြောမှာ ရေစုန်လေစုန်နဲ့ တက်စုံလက်စုံဖွင့်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။
    သဘောင်္သီးလေးရဲ့ Remember me အဖွဲ့အနွဲ့က အိသဒ္ဒါမိုးလေးတောင် မျက်ရည်လည်လောက်တယ်။ [♥]
    ကျိတ်ကျိတ်ပြီး တောင်းတဲ့ဆုတွေ ပြည့်ပါစေနော်။
    (ခရက်ဒစ်တူ မောင်ဂီ)

  • Shwe Ei

    July 26, 2012 at 1:59 pm

    အော် ကိုရင် ကိုရင် အမှန်တကယ်ခံစားနေရတာပါလား။ မအားတဲ့ကြားက ကဗျာတင်ပေးနိုင်သေးတဲ့ ကိုရင်အတွက် ပင်လယ်ကြီးထဲမှာ မေခလာအစစ်နဲ့ သဘောင်္စီးရင်း (ရေကူးရင်းမဟုတ်ပါ) တွေ့ပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်။ 😉

Leave a Reply