ဦးအောင်သိန်းလင်း ယနေ့ထွက်ပြီ

the bestJuly 24, 20121min29319

ကျွန်တော် ဒီအကြောင်းကိုဖတ်ပြီးနောက် ့ကူးတင်လိုက်ပါတယ်။

တနင်္လာနေ့ထုတ် ကြေးမုံသတင်းစာ စာမျက်နှာ ၁၄ မှာ ပါဝင်တဲ့ ကြော်ငြာပါ။
အသစ်ထွက်Envoyဂျာနယ်မှာ
ဦးအောင်သိန်းလင်း နဲ့ တရုတ်စာစောင် အင်တာဗျူးအကြောင်း ဖတ်ရမယ် လို့ ကြော်ငြာ ထားတာပါ။

ဦးအောင်သိန်းလင်း ယနေ့ထွက်ပြီ လို့ ဒီကြော်ငြာကို Facebook မှာ ထပ်ဆင့်ဖြန့်ဝေသူတို့က ဆိုနေကြပါတယ်။

စာအထားအသိုအရ ဆိုရင် အဲဒီလိုလည်း ဖတ်လို့ရနေပါတယ်။

ဘာထွက်တာလဲ၊ ဘယ်ကနေ ထွက်တာလဲ ဆိုတာကိုတော့ ရေးမထားပါ။

ဦးအောင်သိန်းလင်းဟာ ကြံ့ခိုင်ရေးပါတီကြီးရဲ့ အထင်ကရ ခေါင်းဆောင်ကြီးတယောက် ဖြစ်ပါတယ်။

သူ့ရဲ့သတင်းစာရှင်းလင်းပွဲ၊ အင်တာဗျူးတွေဟာ မှတ်သားစရာတွေနဲ့ ပြည့်နေတာကို တွေ့ရပါတယ်။

ဦးအောင်သိန်းလင်းဟာ စစ်တပ်မှာ တာဝန်ကြီးကြီး ယူခဲ့သူဖြစ်ပြီး ရန်ကုန်မြို့တော်ဝန်အဖြစ်လည်း ခန့်အပ်ခံရသူ ဖြစ်ပါတယ်။

စစ်ဗိုလ်ချုပ်ကြီးတွေ တည်ထောင်ခဲ့တဲ့ ကြံ့ခိုင်ရေးပါတီကြီးမှာ ဦးအောင်သိန်းလင်းလို ခေါင်းဆောင်မျိုး ဘယ်နှစ်ဦး ရှိသလဲမသိရပါ။

Envoy မှာ ဖော်ပြမယ် ဆိုတဲ့ အင်တာဗျူးကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အွန်လိုင်းမှာ ဖတ်ရှု သုံးသပ်သူ အများအပြား ရှိခဲ့ပါတယ်။

ဦးအောင်သိန်းလင်းရဲ့ ပြောဆိုချက်တွေဟာ ပါတီရဲ့ မူဝါဒလား ဆိုတာလည်း မသိရသေးပါ။
ခုချိန်ထိ တရားဝင် ဖြေရှင်းချက် မထုတ်သေးတဲ့အတွက် ပါတီရဲ့ မူဝါဒအတိုင်း ပြောဆိုတယ်လို့ ယူဆရပါတယ်။

http://blog.irrawaddy.org/2012/07/blog-post_24.html

19 comments

  • etone

    July 24, 2012 at 10:45 am

    Envoyဂျာနယ်မှာ သူနဲ့ အင်တာဗျူးလုပ်ထားတာတွေ အပြည့်စုံပါတယ်လို့ပြောတယ် …. ။
    ခဏလေးဖတ်ရတာတော့ … ဖတ်ရင်းဒေါကီးစရာတွေချည်းပဲ …. ။
    အဲ့ဂျာနယ်တော့ ဒီတပတ်ရောင်းကောင်းဦးမယ်

  • ဂဂျီဂဂျောင် ပျိုတို့မောင်

    July 24, 2012 at 10:46 am

    ချီးထွက်တာပဲ ဖစ်ရမယ် . . ဒါကြီးက ကို အံစာတုန်းရဲ့ ရတနာသိုက်ကိုရထားတယ် တဲ့
    လက်ရှိနေရာက ထွက်ရင် မြေမြိုမယ်စိုးလို့ ထွက်မယ်ထင်ပု
    ထွက်ခြင်းထွက် ချီးထွက်တာပဲဖစ်မယ်..

  • Ma Ei

    July 24, 2012 at 10:58 am

    Envoy က
    ကြော်ငြာပုံလေး
    မိုက်တယ်… . ..အသက်…
    ဆိုတာလေး ကိုက်ညီအောင် ထည့်လိုက်ရင်
    ပိုမိုက်သွားမှာနော်…

  • ချာလီဂဇက်ဒလဝမ်

    July 24, 2012 at 11:07 am

    နိုင်ငံ ကို အကျိုးမဲ့စေတဲ့ ဒီလိုလူမျိုး ( အရှုပ်ထုပ် ) အမြန်ဆုံးသာထွက်
    နားအေး ပါးအေးလေး နေချင်လှပြီကွယ်

  • surmi

    July 24, 2012 at 11:09 am

    နံမည်ကိုက လမ်းတစ်ခြမ်းခင်းအောင်သိ်န်းလင်း တဲ ့
    ဆိုတော ့ တစ်လမ်းမောင်းသမားပေါ ့
    သူ ့အတွက်သွားစရာလမ်းကလည်း တစ်လမ်းထဲပါ
    ကြွ ကြွ မြန်မြန်ကြွ

  • နေ ့သစ်/ ဘဝသစ်

    July 24, 2012 at 11:48 am

    အသက်ထွက်ရင်ထွက် ဒါမှမဟုတ် အီးထွက်တာဘဲဖြစ်ရမယ်။

  • ko khin kha

    July 24, 2012 at 11:49 am

    ကျွန်တော်ဆို သူတို့ပြောတာမယုံလို့ ဖတ်ကိုမဖတ်တာဗျာ။
    နှစ်ပေါင်းများစွာ ပြည်သူတွေကို ဟိုလိုလိမ်လိုက် ဒီလိုညာလိုက်နဲ့ ပြောနေတာ၊
    အခုထိကို မရပ်နိုင်ကြသေးဘူးဗျို့။

  • အရင့်ရောင်

    July 24, 2012 at 12:07 pm

    လမ်းတစ်ခြမ်းခင်း အောင်သိန်းလင်း………
    ထွက်သွားတာ အသက်လားဟင်……….
    ဟိဟိ

  • သစ် တည်

    July 24, 2012 at 12:29 pm

    ဂယ်လဲဟုတ်ဘဲနဲ့
    သေအောင်သတ် မယ်ဆိုတောင်
    ထွက်မှာဟုတ်ဘူး…….

  • PaLote Tote

    July 24, 2012 at 12:33 pm

    အသက်ထွက်သွားရင် အကောင်းဆုံးပေ့ါ ။

  • thureinmaung

    July 24, 2012 at 12:41 pm

    ကုပ်နဲ့ကော်ရင်တောင်ထွက်မယ့်အစားမဟုတ်ဘူး
    သောက်ရှက်မှမရှိတာ

  • ဘဲဥ

    July 24, 2012 at 2:01 pm

    ဇော်ပိုင်နဲ့ မေခလာ ဆိုထားတဲ့သီချင်းလေးကို သတိရမိသဗျ…
    မေရေ …အဲ့ဒီလောက်တောင်ချစ်ရသည် 😆

  • မောင်ပေ

    July 24, 2012 at 2:04 pm

    စဉ်းစားမိတာ တစ်ခုရှိတယ်
    ဝက်ဆိုက်ပေါင်းစုံမှာ
    သူ ့အတွက် ဒီလောက် ဝိုင်းမေတ္တာပို ့နေကြတာ
    မေတ္တာ မထိသေးဘူးလားလို ့
    🙂

  • shwe kyi

    July 24, 2012 at 4:39 pm

    မျက်နှာပြောင်တိုက်တာကတော့လွန်ပါရော။
    ထွက်သင့်သူတွေ(အသက်)အများကြီးရှိပေမယ့်နိုင်ငံလှည့်ပြီး
    အရှက်မရှိတဲ့အဲဒီလူကြီးအရင်ထွက်သွားအေးရော။

  • snow white

    July 24, 2012 at 4:47 pm

    စနိုးလည်းလန့်သွားတာဘဲ ဦးအောင်သိန်းလင်း ယနေ့ထွက်ပြီ ဆိုတော့ သေတာလားပေါ့ယတြာတော့ကျေသွားပြီ ဟိဟိ။။

  • snow white

    July 24, 2012 at 4:48 pm

    စနိုးလည်းလန့်သွားတာဘဲ ဦးအောင်သိန်းလင်း ယနေ့ထွက်ပြီ ဆိုတော့ သေတာလားပေါ့ယတြာတော့ကျေသွားပြီ ဟိဟိ

  • R Ga

    July 24, 2012 at 5:44 pm

    မြန်မြန်ထွက်တော့ တစ်ခြမ်းခင်း အောင်သိန်းလင်းရေ

  • ဘုဂလန့်

    July 24, 2012 at 6:11 pm

    ထွက်ပီဆိုလို့ အားရဝမ်းသာ ဝင်ဖတ်လိုက်တာ
    အဲ့မှာ စလွဲဒါဘဲ 👿

  • သန်းထွဋ်ဦး

    July 24, 2012 at 7:05 pm

    အမူးလွန်ပြီး ပေါက်ကရတွေကြော အသက်ထွက်သွားပီထင်တာပါဗျာ။

Leave a Reply