မျက်ကွင်းညိုသူတွေအတွက်

မမ အညာသူJuly 24, 20121min26223

မျက်ကွင်းညိုသူတွေအတွက်တကယ်ကောင်းတဲ့ဆေးနည်းလေးပါ

ဒီနေ့ညာဖတ်မိလို့ ထပ်ပြီးရှဲလိုက်ပါတယ်နော်

 

မျက်ဝန်းတဝိုက် ညိုပြီ အကြည့်ရဆိုးနေလို့ မိတ်ကပ်လိမ်းရင်လဲမျက်ကွင်းညိုပြီ ထင်းထင်းကြီးဖြစ်နေလို့

မျက်ကွင်းညို မျက်အိတ်တွဲတာတွေ ပျောက်ဖို့ဈေးကြီးတာတွေဝယ်မသုံးပါနဲ့။

မီးဖိုထဲကအာလူးတစ်လုံးနှင့်တင်ကိစ္စပြီးပါတယ် ။အာလူးကိုအခွံနွာအသားတွေကိုပါးပါးလှီး နုတ်နုတ်စဉ်း

လက်နှင့်ဆုပ်ပြီးအရည်ညှစ်ပြီရင် အားလူးဖတ်တွေကိုမျက်လုံးတဝိုက်အုံပေးပါ။ ဆယ်မီးနှစ်လောက်တော့

ကြာအောင်ထားပါ။ အဲဒါကိုနေ့စဉ်(သို့) ရက်ခြားဆိုသလို အုံပေးရင် မျက်ကွင်းညိုခြင်းကနေ ကင်းဝေးပါလိမ့်မယ်။

 

အားလုံးကိုခင်မင်လျက်ပါ

 

23 comments

  • etone

    July 24, 2012 at 11:29 am

    ကိုယ်တိုင်မျက်ကွင်းတော့မညိုပေမယ့် .. သူများတွေအတွက် နည်းပေးလို့ရပြီ ။
    မျက်ကွင်းညိုတဲ့ လူတွေအတွက်တော့ ဂါနီယာသုံးစရာမလိုပဲ… ပန်ဒါမျက်ဝန်းလေးအဝေးကို ပြေးလို့ အော်လို့ ရပြီနော် မမအညာသူရေ … ။ 🙂

    • pan pan chit

      July 24, 2012 at 11:58 am

      အနော် ဂါနီယာမသုံးဘူး
      ဂျင်ဗဲလား ဂျိတ်ရိုး သုံးနေတာ

      မမအညာသူနည်းပေးတာလေး စမ်းကြည့်အုံးမှ
      လွယ်ကူသက်သာတယ်
      ကျေးဇူးဘာာာ

      • etone

        July 24, 2012 at 1:29 pm

        ပန်ပန် … နီမျက်ကွင်းက ဘယ်နားမှာ ညိုနေလို့တုန်း … ဒီလောက် ဖြူဖွေးနေတာပဲကို … ။
        လှချင်လျှင် လှချင်တယ်ပြော … အဟဲ :mrgreen:

        • pan pan chit

          July 24, 2012 at 2:51 pm

          အမ်
          ညိုပါတယ် မမတုံရဲ့
          လှချင်တာတော့ ဝန်ခံတယ်ဗျို့
          ခုချိန် အလှပြင်မှတော်ကာကျမှာ
          (ရှူး….တိုး..တိုး) ရုံးမှာ မိန်းကလေးထဲ အနော်အသက်အကြီးဆုံးဖြစ်နေလို့ ဟင့် 😥

  • မမ အညာသူ

    July 24, 2012 at 11:36 am

    ဟုတ်ပါတယ်
    ညာတော့ကွန်ပျူတာအကြည့်များလို့ထင်တယ်မျက်ကွင်းနဲနဲညိုနေတယ်လေ
    အရင်ကဘယ်လိုလုပ်ရမလဲမသိဘူးဆိုပြီအခတ်တွေ့နေတာလေ
    ဒီစာကိုတွေ.တော့အဆင်သွားတယ်
    ဒါကြောင့် ရှဲပေးလိုက်တာပါ
    အားလုံးအဆင်ပြေကျပါစေနော်

    • etone

      July 24, 2012 at 1:32 pm

      ကွန်ပျူတာ အကြည့်များတာနဲ့တော့ မဆိုင်ဘူး ထင်တယ် မမအညာသူရေ … ။
      ကျွန်မလည်း အချိန်တိုင်းနည်းပါး ကွန်ပျူတာရှေ့ရောက်နေတာ … တက္ကသိုလ်တက်ကတည်းက အခုအချိန်ထိပေါ့ … ။ မျက်ကွင်းညိုတာက .. ဘာဓါတ်ချို့တဲ့လို ့ဆိုလားပဲ …. ။
      အိပ်ရေးပျက်တာများလျှင်လည်း ညိုတတ်သတဲ့ …. ။ ဒီခေတ်မှာတော့ အကုန်လုံး ပြုပြင်ပြောင်းလဲယူလို့ ရနေပြီမို့လို့ .. အိမ်တွင်းနည်းပဲသုံးသုံး ၊ ဆိုင်မှာပဲ သွားလုပ်လုပ် … လူတိုင်း လှနိုင်ကြပါပြီ … ။ဟီး 😀

  • mayjuly

    July 24, 2012 at 11:45 am

    ကောင်းလိုက်တဲ့ဆေးနည်းပဲနော် ….

    အကုန်အကျလဲသက်သာ… လွယ်လဲ လွယ်ကူတဲ့အတွက် …

    ရှဲရှဲ ညာရေ …

  • Shar Thet Man

    July 24, 2012 at 12:23 pm

    ကျေးဇူးပါ

  • snow white

    July 24, 2012 at 12:24 pm

    မျက်ကွင်းတော့ ညိုလေ့ရှိတယ် ဒီနည်းလေးကိုမှတ်ထားလိုက်ပါ့မယ်။။။မမညာရေစနိုးကိုနောက်တစ်ခုကူညီပါအုံး မျက်လုံးပြည့်ချင်လို့ ငိုပြီးအိုက် ရင်တော့ မျက်စိမို့တာ ကြုံဖူးတယ် ခုအိပ်ရေးတွေပျက်တာများတော့ ဘယ်လိုမှ မျက်နှာကကြည့်ရအဆင်မပြေဘူး မျက်ကွင်းတော်တောင်လေးချိုင့်နေတယ် ချိုင့်နေတဲ့မျက်လုံးကို ပြန်ပြည့် လာအောင်တဲ့နည်းလေးရှိရင်လည်းပြန်လည်ဝေမျှပေးပါအုံး ချစ်မမရယ်။။

  • မောင်ပေ

    July 24, 2012 at 1:22 pm

    ညာလေးရေ
    အရမ်းကို ပျော်သွားတာဘဲကွယ်
    ဘာလို ့လဲ ဆိုတော့
    ရွာထဲက ကိုပေ့ ချစ်သူလေးတွေခဗျာ
    စာဖတ်လွန်းအားကြီးလို ့
    မျက်ကွင်းလေးတွေ ညိုနေရှာတာ
    ညာလေးပို ့စ်နဲ ့ကွက်တိဘဲ

  • mamanoyar

    July 24, 2012 at 1:22 pm

    အယ် မိုက်သွားပြီ
    နိုရာမျက်ကွင်းညိုတတ်တယ်
    ဒီနည်းလေးကို သုံးကြည့်မယ်
    ညိုသူချော သွားရင်တော့ မမညာသူကို ကျေးဇူးဆပ်မယ်လေ ဟဲဟဲ

    • မမ အညာသူ

      July 24, 2012 at 1:37 pm

      ပါစပ်နှင့်ကျေးဇူးဆက်လို.တော့မရဘူးနော်နိုရာလေး
      တစ်ခုခုတော့လိုက်ကျွေးသင့်တာပေါ့
      ဟဲဟဲ

  • Rose Minn

    July 24, 2012 at 1:36 pm

    အဟား ကောင်းလိုက်တဲ့ နည်း တော်တော်လွယ်တာပဲ။ ပန်တာမျက်ဝန်းလေး နဲ့ ယောင်္ကျားလေး သယ်ရင်းတွေလည်းမှတ်ထားကြနော်။ ကိုယ်တိုင်တော့ မညိုဘူး သယ်ရင်းတွေကိုပေးမယ်။ ဒါကြောင့်ရွှေညာသူရွှေညာသား သဘောကောင်းတယ်ပြောတာ။ ဟီးဟီး မမညာရေ ကျေးကျေး တော့။

  • Khaing Khaing

    July 24, 2012 at 2:34 pm

    မျက်ကွင်းညိုတာ မမတုံပြောသလို ဘာဓာတ်ချို့တဲ့တယ်ဆိုတာ ထောက်ခံပါတယ် ……
    ဒါပေမယ့် ဘာပဲပြောပြော မမညာပြောတဲ့ နည်းလေးစမ်းဦးမှပဲ ………

  • manawphyulay

    July 24, 2012 at 2:37 pm

    နေ့တိုင်းလုပ်ရမှာလားညာ…. သေချာပြောဦးနော်…
    ညာရဝူးနော် ညာ…
    မနော လုပ်ကြည့်ချင်တယ်ညာ…
    မညိုလည်း လုပ်လို့ရလား
    ဘယ်လိုအာနိသင်ဖြစ်မှာလဲညာ…

    • မမ အညာသူ

      July 24, 2012 at 3:15 pm

      အဲဒါကိုနေ့စဉ်လုပ်နိုင်ရင်နေ့စဉ်ပေါ့
      နေ့စဉ်မလုပ်နိုင်ရင်တော့ ရက်ခြားလုပ်ပေးပေါ့
      ညာလဲမလုပ်ရသေးဘူးလေ
      ခုမှစမ်းလုပ်ရမှာ မမနှေားရဲ့
      ဆေးနည်းလေးတွေ.တာနှင့်အားရဝမ်းသာသင်လိုက်တာလေ

  • ဇောက် ထိုး

    July 24, 2012 at 2:46 pm

    ဟဲ့… မိညာ… ဈေးတွေတက်ကုန်တော့မှာပဲ….အသားဖြူဆေးတွေ့ရင်လဲ ပြောဦးနော်…

    • မမ အညာသူ

      July 24, 2012 at 3:17 pm

      အန်ကယ်ဇောက်ရဲ့နဂိုမဲတဲ့အသားကတော့
      ဘာလိမ်းလိမ်းရမှာမဟုတ်ပါဘူးနော်
      မိန်းမမရမဲ့အတူတူ
      စိတ်လျော့စိတ်လျော့…………..
      ဟီးးးးးးးးးးးးးးးးးးးးးခင်လို.စတာနော် စိတ်မဂျိုးရဘူး
      ခစ်ခစ်

  • ခပ်မိုက်မိုက် ကောင်မလေး

    July 24, 2012 at 4:19 pm

    ညာရေ…မှတ်သွားပါတယ်နော်…
    ရွာက မမတွေကို လှပသွားအောင်…
    ဒီနည်းလေးသုံးပါလို့….
    ကျေးကျေးပါရှင်….။

  • ညလေး

    July 24, 2012 at 4:49 pm

    မမညာရယ်…မျက်ကွင်းတော့မညိုဝူးးးးး
    ခက်တာက…..မျက်နှာတစ်ပြင်လုံးကို ညိုနေတာ
    အဲ.နည်းက.မျက်နှာတစ်ပြင်လုံးအတွက်ကော…..
    အဆင်ပြေလားနော်……
    လှချင်သူလေး……စုန်းမ

  • မွန်မွန်

    July 24, 2012 at 5:46 pm

    ကျေးဇူးပါ ညာရေ…မွန်မွန်လည်း မျက်ကွင်းညိုတယ်။ မျက်မှန်တပ်ရတာလည်း ပါတာပေါ့။ သဘာဝနည်းလမ်းဆိုတော့ စမ်းလုပ်ကြည့်လိုက်မယ်။

  • မဟာရာဇာ အံစာတုံး

    July 24, 2012 at 8:10 pm

    မမညာရေ ..
    သားသား မျက်ကွင်းဒွေက
    မညိုဘဲနဲ့ မဲနေဒယ်ဂျ .. (အိုးမဲ သုတ်ထားလို့)
    အဲ့ဒါ ဘိုလုပ်ရမလဲဆိုတာ ကြောဘာအုံး …

  • သန်းထွဋ်ဦး

    July 24, 2012 at 10:21 pm

    မမညာရေ ကျနော်က ညှက်မှနမတမားဆိုတော့ ညှက်တွင်းညိုတယ်ရေ။

Leave a Reply