ကျနော်မှာ အကျင့်တခုရှိတယ်ဗျ ပတ်ဝန်းကျင့်ရဲ့ အသံကို နားထောင်နေတတ်တယ် ဆရာပါရဂူဘာသာပြန်တဲ့ သိဒထလို. မြစ်ရေစီးသံနားထောင်တာကို အားကျတာလည်းပါတယ်။ မိုးရွာရင်လည်း မိုးစက်တွေသွပ်မိုးပေါ်ကျတဲ့အသံ ကိုဂီတသံလိုနားထောင်တတ်တယ်။

တူထုသံ ကားမောင်းသံ ကျေးငှက်သံ လူတွေစကားသံ ဒီအသံ အကုန်ကို တစ်ယောက်တည်းရှိတဲ့ အခါနားထောင်တတ်တယ်ဗျ အခုလည်းကျနော် ခရီးထွက်စရာရှိလို. ရထားစီရမယ် အင်း အခုလိုခေတ်မီဖွံဖြိုးတိုးတတ်လာတော့ လမ်းပန်းဆက်သွယ်ရေးက အတော်ကောင်းဗျ အတော်လည်းအဆင်ပြေတယ် ဒါနဲ့ ကျနော်ရထားကို ဘူတာကြီးကစီးတယ်ဗျ ထုံးစံအတိုင်းအဖော်မပါလာတော့ ပတ်ဝန်းကျင်က အသံတွေနားထောင်ပြီးတော့ အပျင်းဖြေရတာပေါ့ ရထားမထွက်ခင်ကြားရတာတွေက စုံလို.ပေါ့ဗျာ အပြန်အလှန်နှုတ်ဆက်သံတွေ၊ ဈေးရောင်းသူတွေအောင်တဲ့ အသံတွေပေါ့ အံမယ်ရထားက အချိန်မှန်တဲ့ဗျ ၅နာရီ ခွဲဆို ထွက်တာပဲ ကျနော်လည်း စကားပြောဖော်မရှိတာနဲ့ အသံတွေနဲ.ဖော်ပြုနေတာပေါ့ အစကြားတာ ရထားဥသြစွဲသံဗျ ပေါ်ပူပေါ် ……ပေါ် နောက် ရထားဘီးလိမ့်သံကြားရတယ် ဟုတ်………ဟုတ်..ဟုတ်..ဟုတ်..ဟုတ် နဲ့ ရထားအရိုန်စယူတဲ့ အသံပေါ့ဗျာ နောက်အရိုန်လေးလည်းရလာရော ဟုတ်ဟုတ် ………မဟုတ်ဟုတ် ဟုတ်….ဟုတ်ဟုတ် မဟုတ်ဟုတ်လုပ် တဲ့ဗျ ဒီလိုနဲ့ပဲ ကျနော်လည်းခရီးဆုံးရောက်သွားတာပေါ့ ဒါပေမဲ့ နားထဲမှာ ရထားသံက မထွက်ဘူး ဟုတ်ဟုတ်…ဟုတ်ဟုတ်မဟုတ်ဟုတ်လုပ်တဲ့ဗျ :)

About Mg Ogga

Mg Ogga has written 33 post in this Website..

မောင်ဥဂ္ဂါ လူမူဖွံဖြိုးရေးပရဟိတ လုပ်သား ဘလော့ရေးတယ် ဗုဒ္ဓဘာသာလူငယ်ကွန်ရက် အဖွဲ့ဝင် ပုံပြောသူများ အဖွဲ့ဝင် စာရေးတယ် စာဖတ်တယ့် http://ogga.myanmapress.com့ http://storyteller.myanmarsar.org