အမြဲတမ်းကြားနေရတဲ့ပုံစံပါပဲ…

ဘယ်နားမှာတော့ ဓါးခုတ်ခံရတယ် (ရန်ညှိုးမရှိပဲ)
ဆေးမူးတယ် ဆေးကွဲတယ်လို့သတ်မှတ်ကြတာပါပဲ
ခုတော့ ကိုယ်တွေ့ဗျာ… ကျုပ်အစ်ကို ခံလိုက်ရပီ…

ရုံးမှအပြန် အစ်ကို အောင်မင်းဦးနှင့် ကျော်ဇင်ဟိန်းတို့ ဆိုင်ကယ်နှင့် အပြန်လမ်းတွင် အနောက်မှ အောင်မင်းဦးဖြစ်သူကို သံတုတ်ဖြင့် ရိုက်ရာ ဆိ်ုင်ကယ်ပေါ်မှပြုတ်ကျသွားပြီး..
လူ၈ ယောက်ခန့် အုပ်စုဖြင့် ဝိုင်းကာ ဆွမ်းကြီးလောင်းကြသည်။

၎င်းတို့တွင်သံတုတ်များ. ဓါးများ အသင့်ပါကြသည်။ ၂ယောက်နှင့် ၈ယောက်..
ဖြစ်သည့်နေရာတွင် လူမှားမည်စိုးသဖြင့် အရိုက်ခံနေစဉ်တွင် အမည် အလုပ်အကိုင်များကို
ပြောပြသော်လည်း သည်းကြီးမဲကြီးသာ ဆော်ကြပါသည်။

ကိုအောင်မင်းဦး ခွေလဲကျချိန်တွင် ၅၊ ၆ ယောက်ခန့်ဝိုင်းပြီး ကန်ကြောက် ရိုက်နှက်ကာ မြောင်းထဲကျသွားသည်ထိပင်. မြောင်းမှာ.. လူတစ်ရပ်စာနီးပါးခန့်ရှိသည်။
ဒဏ်ရာအနေဖြင့်. ဆီးခုံကွဲခြင်း၊ အူမကြီးပေါက်သွားခြင်း၊ နှင့် ဦးခေါင်းတွင် ပြတ်ရှဒဏ်ရာ
တင်ပါးတွင် အချွန်ဖြင့် ထိုးနှက်ဒဏ်ရာရရှိ။

မောင်ကျော်ဇင်သည် ဓါးဖြင့် ခုတ်ခံရပြီး ဦးခေါင်းတွင် ပြတ်ရှဒဏ်ရာ ၃ခု လက်မောင်းတွင်
ပြတ်ရှဒဏ်ရာတစ်ခု လက်တွင် ပြတ်ရှဒဏ်ရာတစ်ခု(ဓါးအား ဆုတ်ကိုက်လိုက်စဉ်)
ဒဏ်ရာရရှိပါသည်။ ယခု လက်ရှိ ကုတင် ၃၀ဝ တွင် ကုသလျက်ရှိ။

ဒီလိုမျိုးတွေ ကျွန်တော်တို့ နိုင်ငံမှာ ရှိနေခြင်းသည် ကောင်းသော လက္ခဏာတည်းမဟုတ်… အထက်ပါကဲ့သို့သော အမှုကိစ္စရပ်များသည် အမြဲတစေ ကြားနေရသော ကိစ္စရပ်အမှုများအဖြစ်
ကြားသိနေရသည်။ ၎င်းကိစ္စအား သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် အလေးထားဆောင်ရွက်ပေးစေလိုပါသည်။

မင်းမဲ့စရိုက်ဖြင့် ဖြစ်ပျက်ခဲ့သော ယခုကိစ္စအပါအဝင် ယခင်ကိစ္စများစွာတို့သည် ကျွန်ုပ်တို့လူမျိုးများ၏ ဂုဏ်သိက္ခာနှင့် မကိုက်ညီဟု ကျုပ်ယူဆသည်။ ကျုပ် ဖင်ခေါင်းကျယ်ပြီး ကြီးကြီးကျယ်ကျယ် မပြောချင်… ကျုုပ်ပြောချင်တာက မန္တလေးမှာ ဒီလိုအမှုတွေ ရှိနေသေးတယ်….. မိတ်ဆွေများ
သင်ဒီ အဖြစ်အပျက်များကို မနှစ်သက်လျင် Share ပါ

အခင်းဖြစ်ရာ သိပ္ပံလမ်း. ၆၉နှင့် ၇ဝ လမ်းကြား NNO ဆိုင်းဘုတ် မျက်နှာခြင်းဆိုင်

မောင်ကျော်ဇင်၏ ဦးခေါင်းဒဏ်ရာမှ သွေးများ

အောင်မင်းဦးအား ရိုက်နှက်ခဲ့သောနေရာနှင့် ကျသွားသော မြောင်း

ကျွန်မတို့ ဒီသတင်းကိုကြားတော့ စိတ်မကောင်းတော်တော်ဖြစ်ခဲ့ရတယ်။ ခင်မင်ပြီးတဲ့ မိတ်ဆွေမို့ရော၊
ရွှေမန္တလေးရဲ့ လုံခြုံရေးအတွက်ရော၊ ခဏခဏဒီသတင်းမျိုးကြားနေပါရက်နဲ့ ဒီ culprits တွေကို
မိပြီ၊ ဖမ်းသွားပြီ စသဖြင့် ဘာသံမှလည်းမကြားရ။ ဆိုတော့ စိတ်တွေ ချောက်ချားမိတာ အမှန်ပါပဲ။
ပို့စ်တင်မလားစိတ်ကူးတော့လည်း ကာယကံရှင်တွေ ဘာဖြစ်ချင်မလဲ မသိတာနဲ့ တွေဝေနေတုန်း
ဖေ့စ်ဘွတ်မှာ ဖြိုးသီဟက Share ပေးပါလို့ တင်ပေးလာတာနဲ့ ဂဇက်မိတ်ဆွေများမဖတ်ရသေးရင်း
သိရအောင် လက်ဆင့်ကမ်းပေးတာပါရှင်။

ဖေ့ဘွတ်မှာကျွန်မ Share ထားပြီး ဒီလိုမန်းထားခဲ့ပါတယ်။

“ကလေးတွေ
အိမ်ပြန်မိုးမချုပ်ကြပါနှင့်။
စိတ်ပူစရာကောင်းလှတယ်။”
“ကူညီပါရစေတွေ” ဘာလုပ်နေကြသလဲ????
ဘယ်တော့မှ ကာကွယ်ကူညီကြမှာပါလိမ့်။”

ကိုယ်တိုင်ရေးပို့စ်မဟုတ်လို့ အားနာပါတယ်။
ကိုဖြိုးသီဟရေ ကျေးဇူးတင်ပါတယ်။ အောင်မင်းဦး နဲ့ ခင်တဲ့ မိတ်ဆွေပါ။
ဒီကလေးနှစ်ယောက်စလုံး အမြန်ကျန်းမာသက်သာလာပါစေရန် ဆုတောင်းမေတ္တာပို့သနေပါတယ်။

About TTNU

has written 88 post in this Website..