ပေါက်ကရအတွေးများ-၁

Mg OggaJuly 3, 20101min470

တစ်ခါတစ်လေ ကျွန်တော်က ပေါက်ကရအတော်တွေးတဲ့ ကောင်ပါ တွေးလိုက်ရင်လည်း ဘယ်သူမှလက်မခံနိုင်တဲ့ အတွေးမျိုးတွေ ကျွန်တော်တွေးဘူးတဲ့ အတွေးတွေ ထဲက ပေါက်ကရအတွေတွေးကို ပြန်ပြောပြပါရစေဗျာ။

ငယ်ငယ်က ၈တန်းလောက်ထင်တယ် ယဉ်ကျေးမှုသင်တန်းတစ်ခု ကျွန်တော်တက်နေတဲ့ အချိန်ပေါ့။ အဲဒီနေ့က ဆရာမက ကျွန်တော်တို့ကို ဇာတ်ကြီးဆယ်ဘွဲ့ သင်တော့ သုဝဏ္ဏသာမဇာတ်သင်တဲ့အချိန်မှာ ဆရာမကို စိတ်ညစ်အောင်လုပ်ခဲ့ဖူးတယ်ဗျ။ ဆရာမက သုဝဏ္ဏသာမဇာတ်ကိုပြောပြပြီး အဲဒီထဲက ဘယ်ဇာတ်ကောင်ကို အကြိုက်ဆုံးလဲ ဆိုပြီးမေးကော သင်တန်းသားတွေက အလောင်းတော် သုဝဏ္ဏသာမကို ကြိုက်တယ် ဘာဖြစ်လို့လဲဆိုတော့ သူက မိဘကျေးဇူးဆပ်လို့ပါဆိုပြီး တစ်တန်းလုံးနီးပါးဆိုကြတယ်။ အဲဒီအချိန်မှာ ကျွန်တော်က သုဝဏ္ဏသာမကို မြားနဲ့ ပစ်တဲ့ ဘုရင်ကြီးကို အကြိုက်ဆုံးပဲလို့ ပြောလိုက်တဲ့ အခါတစ်တန်းလုံး ငြိမ်သက်သွားတယ်။ ဆရာမက မျက်လုံးပြူး မျက်ဆန်ပြူးနဲ့ ကျွန်တော်ကို ဘာဖြစ်လို့လည်း မေးတယ်။

ကျွန်တော်ကတော့ ခပ်တည်တည်ပဲ သုဝဏ္ဏသာမဟာ အလောင်းတော်ဆိုတော့ ထွေထွေထူးထူး စဉ်စားစရာမဘူး အမြင့်မြတ်ဆုံးပဲလေ။ ဇာတ်လမ်းအရတော့  သုဝဏ္ဏသာမဟာ တောတွင်းသား အဆင့်လောက်ပဲ ရှိတယ်လေ ဒါကို ဘုရင်က သမင်နဲ့မှားပြီးပစ်လိုက်တယ်။ အဲဒီခေတ်ဘုရင်ဆိုတာ သက်ဦးဆံပိုင်စနစ်လေ အကြောင်းပြချက်မရှိပဲ ကြိုက်သလို သတ်လို့ဖြတ်လို့ရတယ်မလား။ ဥပဒေဆိုတာလဲ ဘုရင်ပါးစပ်ထဲမှာပဲရှိတာ ဘုရင်ပြီးရင် ပြီးတဲ့ခေတ်ကိုး။

ဒီဘုရင်ကြီးကတော့ မှားသတ်မိတဲ့ သုဝဏ္ဏသာမကိုတောင်းပန်စကားပြောတဲ့ အပြင် သုဝဏ္ဏသာမရဲ့မိဘတွေကို သွေးမတော်သားမစပ် သုဝဏ္ဏသာမအစား စောင့်ရှောက်ပါမယ့်လိုကတိတောင် ပေးခဲ့သေးတယ်မှလား ကဲ ဒီဘုရင်လို့ အပြုအမူမျိုး ဘယ်ဘုရင်လုပ်ရဲသလဲ လို့ပြောလိုက်တော့ ဆရာမက

ဥဂ္ဂါ တော်တော့