ရင်ဖွင့်သံ{တွေးမိလေတိုင်း မျက်ရည်ဝိုင်းလို ့}

တွေးမိလေတိုင်း မျက်ရည်ဝိုင်း
——-×××××——–
ချစ်သူ……
င့ါရဲ့ အမြင်လွှာထဲမှာ ဝေဝါးခြင်းတွေနဲ့ နင့်ရဲ့ပုံရိပ်လေး…
အရိပ်လေး အဖြစ် ထင်ဟပ်စေဖို့ ငါမြင်ကြည့်နေတယ်…
မသည်းကွဲသလို မမှန်းဆတတ်ဘူးလေကွယ်…။

ရိုးသားခဲ့ပါတယ် နင့်အပေါ်မှာ…
ဝန်ခံခဲ့ပါတယ်နော် ငါလိမ်ညာမုသားမဆိုခဲ့တာကိုပေါ့…
ဘာလဲဆိုတာ သေချာမသိပေမယ့် ယုံကြည်ခဲ့ပါတယ် နင့်ရဲ့ချစ်ခြင်းတွေကို…
ရဲဝံ့ခဲ့ပါတယ် နင့်အတွက် ငါရဲ့ချစ်ခြင်းတွေနဲ့လေ…
ယုံကြည်ပါလို့တော့ ငါမတောင်းဆိုခဲ့ဖူးဘူးနော်…။

ငါလေ နင့်အတွက်နဲ့ နင်မကြိုက်တဲ့ပုံစံ…
နင်အထင်လွဲမှာတွေ သိပ်ကြောက်ခဲ့တာပါ နင်သဝန်တိုတတ်တာ ငါသိပါတယ်…
ချုပ်ချယ်တယ်လဲ မထင်မိပါဘူး ငါတကယ်ပျော်ပါတယ်…
နင်ပြောသမျှလည်း ငါမဆန့်ကျင်ပါဘူး နင်ကင့ါရဲ့ သခင်မဟုတ်ပေမယ့်လည်း…
နင်ပေးသမျှ အမိန့်တွေကို ငါနာခံချင်ခဲ့မိတယ်…။

နင်မပြောခဲ့တဲ့ အကြောင်းအရာတစ်ချို့က င့ါကိုပြောပြလိုက်လို့…
နင့်စိတ်တွေ ပေါ့ပါးလန်းဆန်း သွားမယ်ဆိုလည်း ပြောပြလိုက်ပါနော်…
င့ါအတွက် ဘာတွေပဲ ကျန်နေခဲ့ပါစေ တိတ်တဆိတ်နဲ့…
နားလည်ဖြေသိမ့် ပေးနေမှာပါ ချစ်သူရယ်…
ငါ့အတွက်က ခံစားချက်တွေ ပေါက်ကွဲလည်း…
မျက်ရည်စီး တစ်ကြောင်း အက်ကြောင်းထပ်လည်း…
စမ်းချောင်းလေး အဖြစ် ပြောင်းလဲလို့ပေးပါ့မယ်နော်….။

နင်ဘာတွေ ခံစားနေရသလဲ ပြောပြလိုက်ပါ ချစ်သူ…
ငါက နင့်ရဲ့ ချစ်သူတစ်ယောက်ဖြစ်လို့ အားနာနေတယ်တဲ့လား အားမနာနဲ့နော်…
ချစ်သူဆိုတဲ့ ခံစားချက်တစ်ခုကို မြိုသိပ် ပေါက်ကွဲခြင်းတွေ အံတုလို့…
တိတ်တိတ်ငိုကြွေး ဆို့နစ်နေလည်း ဘာမှမဖြစ်သလိုနဲ့…
အရင်းနှီးဆုံး အဖြူရောင် သူငယ်ချင်းလေး အဖြစ် နင့်အနားမှာ ရှိနေပေးပြီး…
နင့် ရင်ဖွင့်သံကို နားဆင်လို့ မျှဝေခံစား အားပေး နှစ်သိမ့်ပေးနေမယ်လေ…နော်
နင့်စိတ်တွေ ပေါ့ပါးလန်းဆန်းသွားပြီတဲ့လား ကျေနပ်ပါတယ်…
င့ါကြောင့် နင်ပျော်ရွှင်စေခဲ့ပါပြီ……..။

ရင်ဖွင့်သံ
—***—
ချစ်သူရေ…….
မြင်နေတာကို မမြင်သလို..သိနေတာကို မသိသလိုနဲ့ ဟန်ဆောင်နေခဲ့ရတာ…
အရမ်း ပင်ပန်းပါတယ် နင်ကတော့ မသိနိုင်ဘူးနော်…
မသိတာပဲ ကောင်းပါတယ် င့ါလိုအဖြစ်မျိုး နင်နာကျင်မှာစိုးလို့ပါ…။
နာကျင်လွန်းမယ်ဆိုရင် င့ါနှလုံးသားလေး တစ်ဆစ်ဆစ်နဲ့ နာကျင်ရတယ်…
ချစ်တတ်သူခြင်း အတူတူပါပဲ ချစ်သူရယ်….။

င့ါကို ငါပဲ အံကြိတ်ခံရင်း ကျခဲ့မိတဲ့ မျက်ရည်ကိုပဲ သနားမိတယ်…
ဟို…အရင် အတိတ်က နင့်ရဲ့ ချစ်ခြင်းတွေ …
ဒီတင်မှာပဲ ရပ်နားပေးပါလားဟာ င့ါစိတ်ထဲက တိတ်တိတ်ကလေး…
တောင်းဆိုကြည့်တာပါနော် ငါတစ်ကိုယ်ကောင်းဆန်သွားပြီလားဟင်…
အရမ်းဝမ်းနည်းမိလို့ပါ ချစ်သူရယ် တွေးမိတိုင်းလည်း ငါငိုနေမိတယ်…။

ဒါပေမယ့်လေ….
နင်က င့ါအသဲ ကို ခွဲကြည့်ချင်သတဲ့လား…
င့ါနားကိုတောင် ငါမယုံရဲဘူး ငါကြောက်နေခဲ့မိတယ်…
ငါ အသဲကွဲမှာ ကြောက်လို့တော့ မဟုတ်ဘူးနော်…
ယုံကြည်မှု ဆိုတဲ့ လေးနက်တဲ့ စကားလုံးလေး …
င့ါ အတွေးစိတ်ကူး ဝိညာဉ်ကနေ အပြီးအပိုင်…
ငါကိုယ်တိုင် ကျောခိုင်းမိမှာကိုပဲ ကြောက်မိတာပါ…။

နင်ပြောလိုက်တဲ့ စကားလေးတစ်ခွန်းက နင့်အတွက် အရာမထင်ပေမယ့်…
ကြားရတဲ့သူအဖို့ င့ါအတွက်တော့ နှလုံးသားနာကျင် ကျေကွဲရတယ်လေ…
နင်ပြောပါတယ် စတာပါ ချစ်သူရယ်တဲ့ နောက်ထပ်တွေမှာ…
ဘယ်လို စကားလုံးမျိုးကို ငါနားဆင် ကြားရဦးမလဲ ချစ်သူရယ်…။

စာနာတတ်လို့ ခံစားကြည့်မယ်ဆိုရင် င့ါနေရာ နင်ဝင်ကြည့်လှည့်ပါ…
ဘယ်လိုနေမလဲ ကိုယ်ချင်းစာကြည့် နင်သိမှာပါနော်…
အစက ငါရေးထားတဲ့ စကားလုံးများစွာက ဘယ်ကိုရောက်သွားတယ်ဆိုတာ…
ငါကိုယ်တိုင်တောင် နားမလည်တော့ဘူး ချစ်သူ…။

နင့်ဘက်ကတော့ ရယ်နိုင်ပါတယ်…
နင် လှည့်မကြည့်တမ်း ပြောခဲ့လိုက်တာ…
င့ါအတွက်ကတော့ ဟာသတစ်ခု ဖြစ်မလာခဲ့ဘူးလေ…
(နင်က င့ါအတွက် ထားရာနေ စေရာသွား…တဲ့)…
တကယ်တမ်းတော့ ချစ်သူရေ….
(ငါက မင်းအတွက် နဲ့ ထားရာနေ စေရာသွား..နေရတဲ့သူပါနော်)…။။။။။။။

[ဘာပဲဖြစ်ဖြစ် သီးခံပေးလို့ {ရင်ဖွင့်သံ} လို့သဘောထားပြီး နားလည်ပေးပါလို့ တောင်းဆိုချင်ပါတယ်
ဟိုရောက် ဒီရောက် ရေးခဲ့မိတဲ့ အရေးအသားကြောင့် စိတ်ပျက်သွားမယ်ဆိုလည်း မိုက်လေး ဒီထက်ပိုပြီး မပြောပြတတ်တော့ပါဘူး..။]

ခင်မင်လျှက်..××..မိုက်လေး

4 comments

  • ဘုဂလန့်

    July 24, 2012 at 6:02 pm

    စိတ်ပျက်နေဒါ တော်တော်ကြာဘီပေါ့ဗျာ 👿
    အားမနာတမ်းဝေဘန်ရရင် ……
    အဲ့လိုပေါကြောင်ကြောင် ဂေါက်တောက်တောက် စကားလုံးတွေကို မခံစားတတ်ဘူး

    လူ ဆိုဒါ သရီးရှဲဒိုးနားလည်ရဒယ် (သရီးရှဲဒိုး = အရိပ်သုံးပါး) မသိမှာစိုးလို့ ဘာသာပြန်ပေးထားဒယ်
    ဝက်သားဒုတ်ထိုးသည်လို အထူအပါးနားမလည်ရင် အရှုံးပေါ်တတ်တယ်၊
    ဒီနောက်ပိုင်း မျက်စိနောက်တဲ့စာရင်းထဲမှာ ဒင်းလည်းပါဒယ်။
    Name နဲ့လိုက်အောင် ဘုဂလန့်မန့်ခဲ့ဒယ် ဘာဖြစ်လဲ

  • may flowers

    July 24, 2012 at 9:44 pm

    ရူး…တိုးတိုး မိုက်လေးရေ…ကိုုပေမသိစေနဲ့..မျက်ရည်ဝိုင်းတာ သူသိရင် မျက်ရည်လာသုတ်ပေးရမလား မေးနေအုံး

    မယ်…အလကားပါ(ချစ်လို့နောက်တာနော် မိုက်လေး စိတ်ဆိုးနဲ့)

  • ခပ်မိုက်မိုက် ကောင်မလေး

    July 25, 2012 at 1:58 pm

    စိတ်ပျက်တယ်…စိတ်ပျက်တယ်…
    နားလည်ပေးပါဗျာ….
    ————–
    ပျော်ပျော်လေးပဲ ကောင်းတယ်…
    ပျော်ရွှင်ပါစေ မန်းဂေဇက်မှ သူငယ်ချင်းတွေ…

Leave a Reply