ပေါက်ကရအတွေးများ-၂

Mg OggaJuly 3, 20101min530

တစ်နေ့ က ထိုင်းကနေပြန်လာတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ တွေ့ကြတယ်။ သူက သူထိုင်းသွားခဲ့ရတဲ့ အတွေအကြုံ တွေကို ကျွန်တော်ကိုပြောပြပါတယ် နောက်ပြောရင်းနဲ့ ထိုင်းမိတ်ဆွေတစ်ဦးပြောတဲ့ စကားတစ်ခုကို သူစိတ်ထဲ ဘဝင်မကျကြောင်း ပြောတယ်။

ထိုင်းမိတ်ဆွေက သူကို မင်းတို့ နိုင်ငံက ရွှေတိဂုံဘုရားက ရွှေတွေက ထိုင်းနိုင်ငံရွှေတွေဖြစ်ကြောင်း မြန်မာနိုင်ငံအနံတလျားက ဘုရားတွေကရွှေငွေရတနာတွေက ထိုင်းနိုင်ငံကရတာဖြစ်ကြောင်း မင်းတို့ မြန်မာဘုရင်တွေက စစ်နိုင်တော့  တို့ဆီက ရွှေတွေရတနာတွေယူသွားတာတဲ့

ဒီလိုပြောတော့ သူငယ်ချင်းက မခံနိုင်ဘူး ပြန်ပြောရအောင်ကလည်း အကြောင်းရှာမရတော့ ဒီအတိုင်းလေး ငြိမ်ပြီး ဘာမှပြန်မပြောပဲ နေခဲ့ရတာ စိတ်ထဲ အခုထိအခဲမကျေဖြစ်နေတယ်ဆိုတာကို ကျွန်တော်ကို ရင်ဖွင့်ပြောပြတယ်။

ရှေးက စစ်တိုက်တဲ့က နိုင်သူစားကြေး တောတွင်းဥပဒေကြီးစီုးလေတော့ နိုင်သူက ရှုံးသူဆီက ရသမျှမောင်ပိုင် စီးတာ ထုံးစံပါ။ ဒါပေမယ် မတရားယူလာတဲ့ ရွှေတွေကို လောကီ စည်းစိမ်တွေမဟုတ်တဲ့နေရာ ဌာနတွေမှာ အသုံးမပြုပဲ တရားတဲ့ ကျောင်းကန်ဘုရားမှာ လှူတန်းတဲ့ ရှေးလေုခတ်မြန်မာ ဘုရင်တွေရဲ့ စိတ်ဓာတ်က ချီးကျူးစရာပါ။ ထိုင်းတွေအစား ကုသိုလ်ပြုပေးတာလို့ မြင်ရင် အပြစ်တင်မဲ့အစား ကျေးဇူးတောင် တင်သင့်ပါသေးတယ်လို့ သူငယ်ချင်းကို ပြောပြလိုက်တော့ သူက ဒီအကြောင်းကို သူ့ရဲ့ ထိုင်းမိတ်ဆွေကို အီးမေလ်းပို့လိုက်မယ်ိုပြီး ပျော်ရွှင်စွာထွက်သွားလေရဲ့…………………