♥♥ရင်နာဖွယ်♥♥

snow whiteJuly 24, 20121min22519

♥♥ရင်နာဖွယ်♥♥
သူရဲ့အတိတ် ဇာတ်လမ်းကို
ကြိုဖက်ထားဖူး ပါလျှက်နဲ့
သူအလှပေါ် ရစ်မှုး
ဒို့မိုက်မဲစွာ
အချစ်ဦး ဖြစ်လိုက်ပါတယ်
သံသယ အချစ်တွေနဲ့ပါ….
ထင်တဲ့အတိုင်းပါပဲ
အပြစ်မရှိ အပြစ်ရှာပြီ
အပြစ်မရှိတဲ့
ဒို့ကို
သူအပြစ်ဒဏ်ချမှတ်လိုက်တယ်…
“ဒီတသက်လွမ်းစေ” တဲ့
ဒို့မအံ့ဩမိပါဘူး….
ဇာတ်လမ်းကို ကြိုသိနေတယ်လေ…
သစွာမဲ့တဲ့ မိန်းမတွေအတွက်
နှလုံးသားကွဲအက်နေမယ် ထင်သလား?
မေတ္တာမဲ့တဲ့ မိန်းမတွေအတွက်
လွမ်းရက်ရှည်ကြာ နေမယ်ထင်လား?
မာယာများတဲ့ မိန်းမတွေအတွက်
ငိုကြွေးရက်ဆက် ဖြစ်နေမယ်ထင်နေလား?
ဒို့က ခပ်ညံ့ညံ့ ယောင်္ကျားမှ မဟုတ်တာ
သာယာနားတတ်တဲ့ မိန်းမတွေ အတွက်
ခြောက်ကပ်ကပ် ရယ်မောလိုက်မိပြီ
အဲဒါ…….မင်းအတွက်
ငါရဲ့ ငိုကြွေးခြင်းပါပဲ…..

19 comments

  • mamanoyar

    July 24, 2012 at 3:00 pm

    အန် စနိုးရေ
    ပြောင်းပြန်ဖြစ်နေသလားလို့
    အားပေးသွားပါတယ်နော်

    • snow white

      July 24, 2012 at 3:25 pm

      တကယ်လည်းပြောင်းပြန်ဘဲလေ နိုရာ ပြောင်းပြန်ရေးတင်ပေးလိုက်တာ မမသူငယ်ချင်းတော်တော်လေးခံစားနေရလို့ ရေးတင်ပေးလိုက်တာ ဟိဟိ။။

      • မဟာရာဇာ အံစာတုံး

        July 24, 2012 at 9:10 pm

        ဂလိုဆို ..
        ဂျီးဒေါ်ဟာက ကောပီဖီလင်ပေါ့ .. 😀

  • မမ အညာသူ

    July 24, 2012 at 3:22 pm

    မမနိုးရေ
    အရမ်းကောင်းတယ်သိလား
    အားပေးနေပါတယ်နော်

  • ဘဲဥ

    July 24, 2012 at 3:27 pm

    ဥဥ အတွက်များ ရေးဖွဲ့ထားလေသလား စနိုးလေးရယ်…… ဟိဟိ

  • ko khin kha

    July 24, 2012 at 4:00 pm

    ကိုစနိုး အဲ ဟုတ်ပါဘူး မစနိုး ကဗျာက ကောင်းပါ၏

  • shwe kyi

    July 24, 2012 at 4:05 pm

    စနိုးလေး ညီမငယ် မကြံကောင်းမစည်ရာကွယ်
    မိန်းကလေးချင်းများ…။ 😀
    အားပေးဖတ်ရှုသွားပါတယ်။

  • အရင့်ရောင်

    July 24, 2012 at 4:07 pm

    ☻သစွာမဲ့တဲ့ မိန်းမတွေအတွက်
    နှလုံးသားကွဲအက်နေမယ် ထင်သလား?
    မေတ္တာမဲ့တဲ့ မိန်းမတွေအတွက်
    လွမ်းရက်ရှည်ကြာ နေမယ်ထင်လား?
    မာယာများတဲ့ မိန်းမတွေအတွက်
    ငိုကြွေးရက်ဆက် ဖြစ်နေမယ်ထင်နေလား?
    ဒို့က ခပ်ညံ့ညံ့ ယောင်္ကျားမှ မဟုတ်တာ☻
    Verry Good…………….
    ဟြေင်းပြန်ကြီးဖြစ်နေပီနော်……….
    ဟိဟိ…………..

  • ခပ်မိုက်မိုက် ကောင်မလေး

    July 24, 2012 at 4:43 pm

    စနိုင်း ဘယ်လိုဖြစ်တာလဲဟင်…
    မိုက်လေး နားမလည်ဘူးနော်…
    ဒါကဘယ်သူ့အတွက်လဲ…။

  • snow white

    July 24, 2012 at 4:50 pm

    ယောကျင်္ားလေးဘက်ကရေးပေးတာပါဆို ဟင့်အင်း မီးမီးငိုချင်လာပြီ သူငယ်ချင်းတစ်ယောက် သူခံစားနေရလို့ အားပေးပြီးရေးပေးလိုက်တာပါဆို ။။

    • shwe kyi

      July 25, 2012 at 2:10 pm

      မငိုနဲ့ပါနဲ့နော် စတာပါစနိုးရဲ့ ဘွာတေး 😀

  • maung khinmin

    July 24, 2012 at 4:59 pm

    ဟုတ်ကဲ့ ….

    ရယ်မောလိုက် .. ငိုကြွေးလိုက်

    လူဖြစ်ခိုက်ပေါ့ ဗျာ

  • Kyithur Tun

    July 24, 2012 at 5:07 pm

    အရမ်းကောင်းတယ်ကဗျာနော်…ယောက်ကျားလေးတွေဘက်ကရေးပေးထားတာ…နောက်ဆုံးစာကြောင်းလေးကမိုက်တယ် …ငါရဲ ့ငိုကြွေးခြင်းပါပဲ

  • ဇောက် ထိုး

    July 24, 2012 at 9:57 pm

    ဝင်ရောက်ခံစားပြီးဖွဲ့တာက အားတွေ မာန်တွေ အပြည့်ဘဲရှင်… အဲဟုတ်ပေါင်..ဗျာ…
    ကောင်းလိုက်တဲ့ကဗျာ… တကယ်ပါ… သိရက်နဲ့ ဝင်ကလိုက်တယ်။ ထင်တဲ့အတိုင်းဖြစ်လာခဲ့တယ်။ ဒါပေမယ့် ကိုယ့်ကိုယ်တော့ အားမန်အပြည့်နဲ့ ပြန်ရင်ဆိုင်လိုက်တယ်…. ကဗျာအသွားအလာလေးကိုလဲ ..ကြိုက်မှ ကြိုက်….

  • မောင်ပေ

    July 24, 2012 at 10:01 pm

    စနိုးလေးရယ်
    မောင်ပေ မျက်ရည်တွေ တောက်တောက်ကျရအောင် ကို
    ရေးတတ်လှချီလား

  • လူ ဟား

    July 25, 2012 at 1:02 pm

    ” ခြောက်ကပ်ကပ် ရယ်မောလိုက်မိပြီ
    အဲဒါ…….မင်းအတွက်
    ငါရဲ့ ငိုကြွေးခြင်းပါပဲ…..”
    ကောင်းလိုက်တာကွာ .. အဲလိုလေးတွေ ရေးတတ်ချင်နေတာ..။
    အငှါး ဖီလင် သာပြောတယ်..။ တော်တော်လေးကို ထဲထဲဝင် ” ဖီး ” ဖြစ်ပေးလိုက်တာပဲ..။
    ဒီ ဖီလင်မျိုး ဘယ်ကတည်း ရေးချင်နေမှန်းမသိဘူး…။ လူဟားရဲ့ ဖီလင်တွေကိုလည်း ပြောပြမယ်လေ..
    အဲလို ကဗျာလေး ရေးပေးပါလား စနိုးရယ်…

  • ခပ်မိုက်မိုက် ကောင်မလေး

    July 25, 2012 at 3:02 pm

    အော်..ဒီလိုလား…
    မသိလို့ပါစနိုးလေးရယ်…
    မငိုနဲ့နော်….
    ပျော်ပျော်လေးပဲနေရအောင်…
    အိုကေ….:D

Leave a Reply